Sunday, April 12, 2015

ဥရောပ မဲဇာမှ သင်္ကြန်အလွမ်း.../

ဥရောပ မဲဇာမှ သင်္ကြန်အလွမ်း...

မနက်ဖြန် ဧပြီလ ၁၂ ရက်နေ့ကစပြိး သင်္ကြန်ကာလ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ၁၀ ရက်ဆက်တိုက်ရပြီဆိုတာ့ အားလုံး သင်္ကြန်ပွဲနွှဲဖို့ ပြင်ဆင်နေကြပြီထင်ပါရဲ့။ ကျေးလက်ဒေသတွေမှာဆိုရင် အသက်ကြီးသူတွေက ဘုန်းကြီးကျောင်းသွားပြီး ၁၀ ရက်စခန်းမှာ တရားထိုင်၊ အသက်ငယ်တဲ့လူတွေက သင်္ကြန်မှာ ရေပက်ခံထွက်၊ ပင်လယ်ကမ်းခြေ တွေဆီသွား၊ သင်္ကြန်မှာလျောက်လည်ပေါ့။

(ဧပြီလ ၄ ရက်နေ့ကကျင်းပတဲ့ သင်္ကြန်အကြိုပွဲမှ ကလေးငယ်တွေ အက)

မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီပွဲတွေရှိတယ်ဆိုပေမယ့် တခူးလမှာကျရောက်တဲ့ သင်္ကြန်ပွဲ၊ နှစ်သစ်ကူးပွဲလောက် ဘယ်ပွဲကမှ ရင်ခုန်စိတ်လှုပ်ရှားဘွယ်မကောင်းဘူးလို့ ထင်ပါတယ်။ ပိတောက်ပန်းပွင့်ရင် ရင်ခုန်သူ၊ တူးပို့တူးပို့ သံကြားရင် မနေနိုင်သူ၊ တန်ခူးလရောက်ရင် အိမ်ပြန်ချင်သူ စသဖြင့် စသဖြင့် သင်္ကြန်ကို ရင်ခုန်တဲ့မြန်မာအားလုံး ဒီပွဲကိုနွှဲဖို့ ၁၂ လလုံးလုံးစောင့်နေခဲ့ရတယ်မဟုတ်ပါလား။

ဒီလိုစောင့်နေကြတဲ့သူတွေထဲမှာ ပြည်ပရောက်မြန်မာတွေလည်း ဘယ်နည်းပါ့မလဲ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုတူတဲ့၊ သင်္ကြန်ကာလရုံးပိတ်ရက်တူတဲ့ ထိုင်း အပါဝင် အိမ်နီးချင်းနိုင်ငံတွေရှိ မြန်မာအလုပ်သမား အတော်များများ သင်္ကြန်မှာအိမ်ပြန်ကြတာ အစဉ်အလာတောင်ဖြစ်နေခဲ့ပါပြီ။

တကယ်တော့ သင်္ကြန်ဆိုတာ ရေလောင်းပြီးပျော်ပွဲရွှင်ပွဲလုပ်တာတခုတည်းမဟုတ်။ မိဘဆွေမျိုးနဲ့ပြန်တွေ့တာ၊ သက်ကြီးဝါကြီးတွေကိုပူဇော်ပွဲလုပ်တာ၊ သတ္တ၀ါတွေကို ဘေးမဲ့ပေးတာအပါဝင် ရိုးရာတန်ဖိုးတွေကိုလည်း မေ့ထားလို့မဖြစ်ပါ။


ဒါပေမယ့် ယဉ်ကျေးမှုတူတဲ့ အိမ်နီး ချင်းနိုင်ငံတွေကိုကျော်ပြီး၊ အာရှတိုက်ကိုကျော်ပြီး ယဉ်ကျေးမှုမတူတဲ့ အနောက်နိုင်ငံတွေဆီရောက်သွားသူတွေကတော့ သင်္ကြန်ကာလမှာ ရုံးပိတ်ရက်မရတဲ့အတွက် မြန်မာ့နှစ်သစ်ကူးအချိန်မှာ အိမ်ပြန်လည်ဖို့ဆိုတာ မဖြစ်နိုင်သေးပါ....

......

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More