Wednesday, April 8, 2015

စစ်ပွဲကြီးတွေ ပြီးတဲ့အခါ

The Voice Daily, 8-04-2015

အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူချက်ရပြီ

ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေ အကြားမှာ အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ်တခုကို မတ်လ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီလို့ သိရပါတယ်။ MPC မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ သတင်းတပတ်ကျော်ကြာကျင်းပခဲ့တဲ့ ကြိမ်မြောက် ဆွေးနွေးပွဲအပြီးမှာ အခုလို သဘောတူလိုက်တာလို့ အချက် ချက်ပါ ထုတ်ပြန်ကြေညာချက်က ဆိုပါတယ်။

အတိအကျပြန်ပြောရမယ်ဆိုရင် အစိုးရဖက်ကဖွဲ့ပေးထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က ဖွဲ့ပေးထားတဲ့ တနိုင်ငံလုံး အပစ် ခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ကြား အခုလိုသဘောတူညီချက်ရလိုက်တာပါ။ ဒီသဘောတူချက် လက်မှတ် ရေးထိုးပွဲဆီ သမ္မတဦးသိန်းစိန်ကိုယ်တိုင် အသိသက်သေအဖြစ်တက်ရောက်ခဲ့တယ်လို့ လည်း သတင်းတွေထဲ ဖတ်ရပါတယ်။

ရေဘူယျဖတ်လိုက်ရင်တော့ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်ခဲ့ပြီလို လိုထင်စရာပါပဲ။ ဒါပေမယ့် အဲဒီအဆင့်ကိုမရောက်သေးပါ။ ဆွေးနွေးပွဲတက်လာတဲ့ နှစ်ဖက်ကိုယ်စား လှယ်တွေ ကြားမှာရတဲ့ သဘောတူညီချက်အဆင့်သာရှိသေးပြီး ဒီမူကြမ်းကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးရဲ့ ဗဟို ကော်မီတီဆီပြန်လည်တင်ပြ၊ အတည်ပြုချက်ယူကြရ ဦးမှာဖြစ်ပါတယ်။

အဖွဲ့အားလုံးရဲ့ ဗဟိုခေါင်းဆောင်တွေက သဘောတူပြီးမှ ဒီစာချုပ်ကိုလက်မှတ်ရေးထိုးအတည်ပြုနိုင်မှာဆို တော့ အချိန်နည်းနည်းထပ်ကြာဦးမယ်ထင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်ဖြစ် အခုလိုသဘောတူညီချက်ရ တာကိုက လွတ် လပ်ရေးရပြီးကတည်းက တောက်လောင်နေခဲ့တဲ့ နှစ် ၆၀ ကျော် ပြည်တွင်းစစ်မီးကို ငြိမ်းနိုင်ဖို့ ပထမ ခြေလှမ်းပဲ မဟုတ်ပါလား။


ဘာတွေကို ဦးစားပေးအကောင်ထည်ဖေါ်မလဲ

ကြေညာချက် အမှတ်စဉ် မှာပါတဲ့ စာချုပ်မူကြမ်း (က)နဲ့ ရှေ့လုပ်ငန်းစဉ် မူကြမ်း () စတဲ့  အသေးစိပ် အချက်အ လက်တွေကို မထုတ်ပြန်သေးတဲ့အတွက် လက်မှတ်ထိုးပြီးရင် ဘာတွေကိုဦးစားပေးဆောင် ရွက်ကြမလဲဆိုတာ မသိနိုင်သေးပါ။ ငြိမ်း-အဖွဲ့တွေနဲ့နီးစပ်သူတွေအပြောအရတော့ နှစ်ဖက် တပ်တွေ နေရာချထားရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ဦးစားပေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။


(UPWC နှင့် NTTC တို့မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့တဲ့ မူကြမ်းစာချုပ်)

တပ်နေရာချမှု အတိအကျ မသတ်မှတ်နိုင်သေးခင်မှာတောင် ဒေသခံဖွံ့ဖြိုးရေးကိစ္စ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိစ္စတွေက ၀င်လာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျနော်ရောက်ခဲ့တဲ့ KNU တပ်မဟာ ဒေသအခြေစိုက်ရာ ထားဝယ်နယ်မှာဆိုရင် ကျောက်မီးသွေး၊ သတ္တုမိုင်းနဲ့ ခရီးသွားလုပ်ငန်းတွေအတွက် နိုင်ငံခြားကုပ္ဗဏီတွေနဲ့ ဒေသ အတွင်းရှိ အစိုးရနဲ့ ငြိမ်းတွပေါင်းပြီးဆောင်ရွက်နေတာကိုတွေ့ခဲ့ရပါတယ်။

ငြိမ်း အဖွဲ့တွေပိုများတဲ့ မွန်၊ ကရင်၊ ကရင်နီ၊ ရှမ်းပြည်နဲ့ ကချင်ပြည်ဖက်မှာဆိုရင် ငြိမ်းတွေနဲ့ အစိုးရကြား ပူးပေါင်း ဆောင်ရွက်မှုကို ပိုတွေ့ရနိုင်ပါတယ်။ ဒါဟာ အရင်ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ ပူးပေါင်းဆောင်ရွက်မှု ပါပဲ။ တချို့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာကုပ္ဗဏီတွေပါ ပါဝင်တဲ့အတွက် ဒါဟာ ဒေသဖွ့ဖြိုးရေးအတွက် အလားအလာကောင်း လို့ဆိုနိုင်ပါတယ်။

ဒါပေမယ့် ဝေဖန်သူတချို့ကတော့ ဒါဟာ နှစ်ဖက်အာဏာပိုင်တွေနဲ့ နိုင်ငံခြားကုပ္ဗဏီတွေ၊ ခရိုနီ၊ ခရိုပြာတွေ ဝေစား-မျှစားလုပ်တဲ့ စီမံကိန်းတွေသာဖြစ်ပြီး တကယ့်ဒေသခံလူထုကို အကျိုးရှိစေတာအတော်နည်းသေး တယ်လို့ဆိုပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ကလို စစ်တိုက်ပြီး လူတွေသေနေတာနဲ့စာရင်တော့ ဒေသခံလူထု တစုံတရာ သက်သာရာ ရလာမယ်လို့မျှော်လင့်နိုင်ပါတယ်။ နှစ်ဖက်အာဏာရှိသူတွေ စားလို့ဝရင် ဒေသခံတွေဆီ အတိုင်းအ တာတခုအထိ ရောက်လာလိမ့်မယ်လို့မျှော်လင့်နိုင်ပါတယ်။

ဒေသခံတွေဆီ အလှည့်ရောက်လာပြီဆိုရင်တော့ စစ်ပွဲတွေကြောင့် မူရင်းနေရပ်ကနေ ထွက်ပြေးပြီး ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာခုံလုံနေရတဲ့ သိန်းနဲ့ချီရှိတဲ့ စစ်ပြေးဒုက္ခသည်တွေ ပြန်လည်နေရာချ ထားရေးဖြစ်လာနိုင်ပါ တယ်။ လက်နက်ကိုင်တပ်တွေ အားလုံးကို တခုတည်းအဖြစ်ပေါင်းစည်းရေးဆိုတာ ကတော့ နှစ်ပေါင်းများစွာ အချိန် ယူရဦးမယ်ထင်ပါတယ်။


ပေးဆပ်သူတို့ရဲ့ ဒဏ်ရာများ

အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီ၊ ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီဆိုတာနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စကို လူများစုက ပြေးမြင်တာကို အပြစ်မဆိုသာပါ။ ဘာကြောင့်လဲဆိုရင် နှစ် ၆၀ ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းနိုင်ငံတွေနောက်မှာ ကျန်နေခဲ့တဲ့ကိုယ့်နိုင်ငံကို အားလုံးက အမြန်တိုးတက်စေချင်ကြတာကိုး။ ဒါပေမယ့် ဒီပြည်တွင်းစစ်ထဲမှာ ထဲထဲ ၀င်ဝင်ပါဝင်ခဲ့ဖူးသူတွေ၊ နှစ် ၆၀ ကျော်ပြည်တွင်းစစ်အတွင်း ပေးဆပ်ခဲ့ရသူတွေကတော့ သူတို့ဖက်ကိုလည်း တချက်လောက် ငဲ့ကြည့်ပေးသင့်တယ်လို့ ပြောကြမယ်ထင်ပါတယ်။

(ABSDF အဖွဲ့ကကျင်းပတဲ့ ကျဆုံးသူတို့အား ဂုဏ်ပြုပွဲအခန်းနားတခု) ဓာတ်ပုံ-ထက်အောင်ကျော်။

၁၉၄၈ ခုနှစ်၊ ဇန်နာဝါရီလ ရက်နေ့၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကနေ အခု ၂၀၁၅ ခုနှစ် ဇန်နာဝါရီလ ရက်နေ့အထိ ၆၇ နှစ်တာ ပြည်တွင်းစစ်ကာလအတွင်း နှစ်ဖက်ကျဆုံး၊ ထိခိုက်စစ်သည် ဘယ်လောက်ရှိခဲ့သလဲဆို တာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ တပ်မတော်အပါဝင် တော်လှန်ရေးအဖွဲ့ အသီးသီးက သတင်းထုတ်ပြန်ခြင်းမရှိ သေးတဲ့အတွက် ဘယ်သူမှ အတိအကျမသိနိုင်သေးပါ။

ဒါပေမယ့် ၁၉၈၈၊ ရှစ်လေးလုံးအရေးတော်ပုံပြီးမှာမှ ဖွဲ့စည်းခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF တခုတည်းမှာ တင် နှစ် ၂၀ ကျော်ကာလအတွင်း ကျဆုံးစစ်သည် ၈၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ များစွာရှိခဲ့တယ်လို့သိရပါ တယ်။ နှစ် ၂၀ တိုက်တဲ့အဖွဲ့တောင် ၈၀၀ လောက်ကျတယ်ဆိုရင် နှစ် ၆၀ တိုက်နေတဲ့ တခြားအဖွဲ့အားလုံး ဒီထက် များမယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။ 

တဖွဲ့ကို တထောင်ဝန်းကျင်နဲ့တွက်ရင်တောင် တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးညှိနှိုင်းမှုအဖွဲ့ NCCT အဖွဲ့ဝင် ၂၀ လောက်မှာတင် နှစ်သောင်းလောက်ရှိနေပါပြီ။ ဒီအဖွဲ့အားလုံးနဲ့ နှစ် ၆၀ ကျော် ရင်ဆိုင်တိုက်ခဲ့ရတဲ့ မြန်မာ့ တပ်မတော်ဖက်က အကျအဆုံးဆိုရင် တသိန်းလောက်တောင် ရှိမလားမသိပါ။

အခု ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီဆိုတော့ ဒီလူတွေအတွက် ဘာလုပ်ပေးကြမလဲ။ ABSDF အဖွဲ့ကတော့ ကျဆုံးသူ တွေကို ဒီမိုကရေစီသူရဲကောင်းအဖြစ် ဂုဏ်ပြုလက်မှတ်တွေ ဒေသအလိုက် အခန်းအနားတွေ လုပ်ပြီး ပေးအပ်နေ တာကိုတွေ့ရပါတယ်။ ကယန်းပြည်သစ်ပါတီကတော့ သူရဲကောင်းဗိမာန်တခုလုပ်ပြီး ကျဆုံးရဲဘော်တွေအတွက် စစ်သချိုင်းတခုလုပ်ထားတယ်လို့ကြားရပါတယ်။ ကျန်တဲ့အဖွဲ့တွေကကော ဘာတွေလုပ်ပေးဖို့ရှိသလဲ။

ဒါက ပြည်တွင်းစစ်အတွင်း ကျဆုံးသွားပြီးသူတွေရဲ့ တမလွန်ဘ၀အတွက်စဉ်းစားကြည့်တာပါ။ ဒီထက်ပိုအရေးကြီး တာက ကျဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုကို ဘယ်လိုထောက်ပံ့ပေးမလဲ။ မကျဆုံးပဲနဲ့ ဒုက္ခိတဖြစ်ပြီး ကျန်ခဲ့ တဲ့ နှစ်ဖက်စစ်သည်တွေ၊ အခြေနေအမျိုးမျိုးကြောင့် စစ်သားလူထွက်၊ သူပုန်လူထွက်ဖြစ်သွား ရသူတွေရဲ့ အနာ ဂတ်အတွက်ကော ဒီငြိမ်းချမ်းရေးစာချုပ်ထဲမှာ ဘယ်လို လုပ်ငန်းစဉ်တွေပါ သလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။


သူပုန်လူထွက်နဲ့ စစ်သားလူထွက်တို့ရဲ့ အနာဂတ်

နိုင်ငံရေးအပြောင်းအလဲတခုဖြစ်ပြီဆိုရင်၊ တနည်းအားဖြင့် တပ်တွေအားလုံးကို တခုတည်းအဖြစ်ပြန်ပေါင်း တော့ မယ်ဆိုရင် နှစ်ဖက်တပ်အသီးသီးကနေ နှုတ်ထွက်သူတွေ၊ အနားပေးခံရသူတွေအများအပြား ရှိလာနိုင်ပါတယ်။ ဒီလူ တွေအတွက် ဘာလုပ်ပေးကြမလဲ။ သေချာတာကတော့ တပ်မတော်ဖက်ကနေ အနားပေးခံရသူတွေကို နိုင်ငံတော် စရိတ်နဲ့ပင်စင်ထောက်ပံ့ကြေးပေးတာဟာ လုပ်ထုံးလုပ်နည်းဖြစ် ပါတယ်။ ဒါပေမယ့် သူပုန်တပ်ဖက်ကနေ နှုတ်ထွက် လာသူတွေကိုကော ဘာလုပ်ပေးမှာလဲ။

( UPWC နှင့် NTTC မှ ကိုယ်စားလှယ်များ အပစ်ရပ်မူကြမ်း လက်မှတ်ရေးထိုးစဉ်) ဓာတ်ပုံ-ဧရာဝတီ။

တကယ်တော့ အစိုးရတပ်ပဲဖြစ်ဖြစ်၊ သူပုန်တပ်ပဲဖြစ်ဖြစ် တပ်သားအားလုံးဟာ အပေါ်က တပ်မှုးတွေ အမိန့်ပေးတဲ့ အတိုင်း တိုက်ခိုက်ကြ၊ ရှေ့တန်းထွက်ကြရတာပဲမဟုတ်ပါလား။ အခု စစ်ရပ်ပြီဆိုပြီး အမိန့်ပေးပြန်တော့လဲ ရပ်လိုက် ကြရုံပေါ့။ ဒါပေမယ့် ဒီလိုအပေါ်ကပေးတဲ့အမိန့်ကိုလိုက်နာခဲ့ရတဲ့ တပ်သားချင်းအတူတူ၊ စွန့်လွှတ်စွန့်စား အနစ်နာခံ ခဲ့ရတာချင်းအတူတူ အစိုးရစစ်သားက ပင်စင်ရပြီး သူပုန်စစ်သားက ဘာမှမရဘူးဆိုတာကတော့ တခုခု လွဲနေတယ် ထင်ပါတယ်။ တချို့ဆို ဘာမှမရတဲ့အပြင် ဘယ်အချိန် ပြန်ဖမ်းခံရမလဲဆိုပြီး စိုးရိမ်စိတ် တထင့်ထင့်နဲ့။

ပြီးခဲ့တဲ့ ပြည်တော်ပြန်ခရီးစဉ်တွေအတွင်း ကျနော်တွေ့ခဲ့ရတဲ့ ABSDF တပ်မှုးဟောင်းတချို့ဆိုရင် သူပုန်လုပ်တဲ့အတွက် ပင်စင်ရဖို့နေနေသာသာ သူပုန်မလုပ်ခင်က တာဝန်ထမ်းခဲ့ဖူးတဲ့ ကျောင်းဆရာတို့၊ တခြားအစိုးရ၀န်ထမ်း လုပ်အတွက်တို့တောင် ဘာထောက်ပံ့ကြေးမှ မရတော့ပါဘူး။ ဒါပေမယ့် သူတို့နဲ့တတန်းတည်းကျောင်းသားတွေ၊ သူတို့တောခိုစဉ်မှာ တပ်မတော်ထဲဝင်ပြီး စစ်ဗိုလ်ဖြစ်သွား သူတွေကတော့ အခု ၂၅ နှစ်ကြာပြီးလို့ တပ်ကနေ အနား ယူချိန်မှာ ပင်စင်လစာအပြည့်ရတဲ့အပြင် နောက်ထပ် အရပ်ဖက်မှာ အနိမ့်ဆုံးအဆင့် ဌာနမှုးလစာတွေနဲ့ သီးစားရပြီး အဆင်ကိုပြေလို့။

ဒီလိုပြောလိုက်လို့ အစိုးရတပ်ထွက်တပ်သားဟောင်း အားလုံးအဆင်ပြေနေတယ်လို့ မထင်လိုက်ပါနဲ့။ အရာရှိ အဆင့် တပ်ထွက်တွေလောက်ပဲ အဆင်ပြေပြီး သာမန်တပ်သားတွေကတော့ ပင်စင်လစာ အနည်းအကျဉ်းကလွဲ ပြီး တခြားခံစားခွင့်ဘာမှမရကြပါ။ ဒါကြောင့် ဘူတာတွေ၊ ကားဂိတ်တွေ၊ လူစည်ကားတဲ့နေရာတွေမှာ ကွမ်းယာရောင်း တာ၊ သတင်းစာရောင်းတာ၊ စာအုပ်ရောင်းတာ စသဖြင့် သူ့ဘ၀အတွက် သူ့ဘာသာဖြစ်သလိုရုန်းကနေကြရတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ အရင်စစ် အစိုးရခေတ်က လူပြောများခဲ့တဲ့ ‘’ဗိုလ်ကြီးတိုက်ဆောက်၊ ရဲဘော်ဂျိုင်းဒေါင့်’’ ဆို တဲ့ အမြင်ကို ဒီမိုကရေစီအစိုးရခေတ်မှာလည်း မပြောင်းလဲနိုင်သေးဘူးဆိုတဲ့သဘောဖြစ်ပါတယ်။

တကယ်တော့ သူပုန်တပ်ပဲဖြစ်ဖြစ်၊ အစိုးရတပ်ပဲဖြစ်ဖြစ် လက်နက်ကိုင်တပ်တခုခုအတွင်းမှာ ဆယ်စုနှစ်နဲ့ချီပြီး တာဝန်ထမ်းခဲ့ဖူးသူတွေဟာ တပ်အပြင်ကိုရောက်ရင် (တပ်ကထွက်ရင်) အသက်မွေးဝမ်းကျောင်းအလုပ် ဘာမှ မလုပ် တတ် တော့ပါ။ ဒုက္ခိတဖြစ်သွားသူတွေဆိုရင် အခြေနေကပိုဆိုးတာပေါ့။ နောက်တခါ ဒီလူတွေဟာ အရင်က လက်နက် ကိုင်ခဲ့ဖူးသူတွေဖြစ်တဲ့အတွက် သူတို့ကိုအလုပ်ပေးမယ်ဆိုရင်လည်း လုံခြုံရေးနဲ့ဆိုင်တဲ့အလုပ် လောက်သာ လုပ်တတ်လိမ့်မယ်လို့ လူများစုက ထင်နေခဲ့တာကလည်း ပြသာနာတခုပါပဲ။

ရှေ့မှာတင်ပြခဲ့တဲ့ လေးလုံးအရေးတော်ပုံမှာ တောခိုပြီး အခု ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်တော်ပြန်သွား သူ သူပုန်တပ်မှုးဟောင်းတဦးရဲ့ ဘ၀ကိုပဲ ပြန်ညွန်းပါရစေ။ သူဟာ တောမခိုခင်က အထက်တန်းပြကျောင်းဆရာ၊ တောခိုတော့ ABSDF မှာ ဒုတိယ တပ်ရင်းမှုး၊ ၂၀၁၃ ခုနှစ်မှာ ထိုင်းနယ်စပ်ကနေ ပြည်တော်ပြန်သွားတော့ သူပုန် ပင်စင်လည်းမရ၊ ကျောင်းဆရာ ပင်စင်လည်း မရတဲ့အပြင် နေစရာ အိမ်တောင်မရှိတော့ပါ။ ABSDF အဖွဲ့ဆီက လည်း ဘာမှမထောက်ပံ့နိုင်၊ အသက်ကလည်း ၆၀ ကျော်နေပြီဆိုတော့ တခြားလူငယ် တပ်ထွက်တွေလို ရရာအလုပ်ကိုလည်း ၀င်မလုပ်နိုင်တော့ပါ။

နောက်ဆုံးတော့ စားဝတ်နေရေးအတွက် မလွဲမရှောင်သာပဲ ဟိုတယ်တခုမှာ လုံခြုံရေးတာဝန် သွားထမ်းနေရ ပါ တယ်။ ‘’လုံခြုံရေးတာဝန်ဆိုတာက စကားလုံးလှအောင်ပြောထားတာပေါ့ကွာ။ တကယ်က ဒရမ်ဝမ်၊ ညစောင့်ပါ’’ ဆိုတဲ့ သူရဲ့ မချိတင်ကဲပြောလိုက်တဲ့အသံက ရင်ကို အတော်ထိခိုက်စေပါတယ်။ သူလိုဘ၀တူ စစ်ပြန်တွေ ဘယ်လောက် များများရှိနေလေမလဲ၊ ဘယ်လောက်များများ ထပ်ရှိလာဦးမလဲ။


အရင် ငြိမ်းချမ်းရေးစာချုပ်မချုပ်နိုင်ခင်ကတော့ ကာကွယ်ရေးစရိတ်အများစုကို ပြည်တွင်းစစ်မှာ နင်းကန်သုံး နေရ လို့ စစ်မှုထမ်းဟောင်းတွေကို မထောက်ပံ့နိုင်ခဲ့တာကို ထားလိုက်ပါတော့။ အခုလို ပြည်တွင်းစစ်ရပ်ပြီး လက်နက် ခဲယမ်းအတွက် ကုန်ကျစရိတ်နည်းသွားပြီဆိုရင် အဲဒီကနေထွက်လာတဲ့ ဘတ်ဂျက်တွေကို နှစ်ဖက်စစ်သည် ဟောင်းတွေရဲ့ ဘ၀ပြန်လည်ထူထောင်ရေးအတွက် တစုံတရာမျှဝေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More