Wednesday, March 12, 2014

ေတာ္လွန္ေရး သတင္းသမားတဦးရဲ့ ဒုိင္ယာရီ (အပုိင္း ၁)

ထက္ေအာင္ေက်ာ္ 
http://www.htetaungkyaw.net/
(၁၃-၀၃-၂၀၁၄။ ၾကာသပေတး)

ျမန္မာနုိင္ငံလုံးဆုိင္ရာ ေက်ာင္းသားမ်ားဒီမုိကရက္တစ္တပ္ဦး (ABSDF) ဟာ သူပုန္အဖြဲ႔နဲ႔ သိပ္မတူပဲ ေတာတြင္းတကၠသိုလ္တခုနဲ႔မ်ား ပုိတူခဲ့ေလသလားလုိ႔ က်ေနာ္ျပန္စဥ္းစားေနမိပါတယ္။ ဘာေၾကာင့္လဲ ဆုိရင္ ABSDF အဖြဲ႔၀င္အေတာ္မ်ားမ်ားဟာ တဖက္မွာစစ္တုိက္ေနသလုိ တျခားတဖက္မွာလည္း ပညာ ဗဟုသုတေတြ ရသမွ်ဆက္လက္သင္ယူေလ့လာေနခဲ့လုိ႔ ျဖစ္ပါတယ္။ က်ေနာ္ ဒီလုိေျပာလုိက္လုိ႔ တျခားသူပုန္အဖြဲ႔ေတြက ပညာမရွာဘူးလုိ႔ မဆိုလုိပါ။ အားလုံး ပညာရွာၾကတာခ်င္းတူေပမယ့္ ABSDF က ေက်ာင္းသားသူပုန္ျဖစ္တဲ့အတြက္ ပညာပုိရွာတယ္လို႔ ဆုိလုိျခင္းသာျဖစ္ပါတယ္။

(ABSDF ေက်ာင္းသားေတြ ေတာတြင္းစတူဒီယုိမွာ DVB အစီစဥ္တခု အသံသြင္းေနစဥ္။)

၁၉၈၈ ခုနွစ္တုန္းက ျဖစ္ပြားခဲ့တဲ့ ၈ ေလးလုံးအေရးေတာ္ပုံကုိ စစ္တပ္က ပစ္ခတ္ၿဖိဳခြဲၿပီးတဲ့ေနာက္ အဲဒီ စစ္တပ္ကုိ လက္နက္ကုိင္ေတာ္လွန္မွရမယ္ဆုိတဲ့ ဆုံးျဖတ္ခ်က္နဲ႔ တကၠသိုလ္ေက်ာင္းသားေတြအပါ ၀င္ ေထာင္-ေသာင္းခ်ီတဲ့ လူငယ္ေတြဟာ နယ္စပ္ေဒသေတြဆီ ေတာခုိခဲ့ၾကပါတယ္။ ကရင္နယ္ေျမ၊ ကရင္နီနယ္ေျမ၊ မြန္နယ္ေျမ၊ ရွမ္းနယ္ေျမ၊ ကခ်င္နယ္ေျမ စသျဖင့္ လူမ်ဳိးစုေတာ္လွန္ေရးအဖြဲ႔ အသီး သီးက ထိန္းခ်ဳပ္ထားတဲ့နယ္ေျမေတြဆီ ေရာက္သြားတဲ့ ေက်ာင္းသားေတြဟာ ABSDF ေခၚ ျမန္မာ ႏုိင္ငံလုံးဆိုိင္ရာေက်ာင္းသားမ်ား ဒီမုိကရက္တစ္တပ္ဦးကို ၁၉၈၈ ခုႏွစ္ ႏုိ၀င္ဘာလ ၁ ရက္ေန႔မွာ စ တင္ဖြဲ႔စည္းခဲ့ပါတယ္။

အဲဒီလုိေတာခုိခဲ့တဲ့ ေက်ာင္းသားလူငယ္ ေထာင္၊ ေသာင္းခ်ီတဲ့အထဲမွာ က်ေနာ္လည္း တဦးအပါ၀င္ ျဖစ္ပါတယ္။ ယုံၾကည္ခ်က္အတြက္ ေတာခုိၿပီး လက္နက္ကုိင္တုိက္ပဲြ၀င္ခဲ့တဲ့ က်ေနာ္ဟာ မေတာ္တ ဆနဲ႔ သတင္းေထာက္ ျဖစ္သြားတယ္လုိ႔ေျပာရမလား။ သမုိင္းရဲ့ေတာင္းဆုိခ်က္အရ၊ သမုိင္းေပးတာ၀န္ အရ သတင္းေထာက္ျဖစ္သြားတယ္လုိ႔ေျပာရမလား မသိပါ။ ေသခ်ာတာကေတာ့ က်ေနာ္ဟာ သူပုန္ ဘ၀ကေန သတင္းေထာက္ဘ၀ဆီ ၁၉၉၅ မွာ ေရာက္သြားခဲ့ပါတယ္။

နွစ္ေပါင္း ၂၅ နွစ္ၾကာၿပီးတဲ့အခ်ိန္၊ ABSDF က အစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထုိးၿပီး ရန္ကုန္ၿမိဳ့ဆီ၀င္လာတဲ့အခ်ိန္မွာ တပ္ဖြဲ႔၀င္အင္အား သိပ္မမ်ားေတာ့ေပမယ့္ သူတုိ႔ရဲ့ တပ္ဖြဲ႔၀င္ေဟာင္း ေတြက ျငိမ္းခ်မ္းေရးစင္တာကေန သမၼတအႀကံေပးအထိ၊ ကုန္စုံဆုိင္ပုိင္ရွင္ကေန စီးပြားေရးပါေမာကၡ အထိ၊ သတင္းေထာက္ကေန အယ္ဒီတာအထိ၊ ဆုိရွယ္လုပ္သားကေန NGO ညႊန္ၾကားေရးမွဴးအထိ၊ သာမန္ႏုိင္ငံေရးသမားကေန လႊတ္ေတာ္အမတ္ေနရာအထိ ရွိေနၿပီျဖစ္ပါတယ္။

တဖက္မွာ နွစ္ ၂၀ လုံးလုံး စစ္တုိက္ခဲ့သလုိ တျခားတဖက္မွာလည္း ရသမွ် ပညာရပ္နယ္ပယ္ေတြကို ရတဲ့နည္းနဲ႔ ေလ့လာသင္ယူၾကၿပီး ၂၅ နွစ္ၾကာၿပီးတဲ့အခါ ကုိယ္ကြ်မ္းက်င္ရာ ဘာသာရပ္အလုိက္ တာ ၀န္ယူ ေနၾကတယ္ဆုိတဲ့ သေဘာပါ။

ဒါေၾကာင့္ ABSDF ကုိ သူပုန္အဖြဲ႔နဲ႔မတူပဲ ေတာတြင္းတကၠသိုလ္နဲ႔ ပုိတူတယ္လို႔ က်ေနာ္ဆုိလုိတာပါ။ အဲဒီေတာတြင္းတကၠသိုလ္မွာ က်ေနာ္ သတင္းစာပညာ စတင္ေလ့လာခြင့္ရခဲ့တာကေတာ့ ၁၉၉၅ ခုႏွစ္ ေအာက္တုိဘာလမွာ က်င္းပတဲ့ (ေဒါက္တာႏုိင္ေအာင္ဘက္ျခမ္း) စတုတၱအႀကိမ္ ညီလာခံကေန စ တယ္လုိ႔ ေျပာရမွာျဖစ္ပါတယ္။ မာနယ္ပေလာ အပါ၀င္ KNU (ကရင္အမ်ဳိးသားအစည္းရံုး) နဲ႔ ABSDF စခန္းေတြကုိ စစ္အစိုးရတပ္ေတြက သိမ္းပုိက္ထားခ်ိန္ျဖစ္လုိ႔ ထုိင္းႏုိင္ငံေျမာက္ပုိင္းရွိ မယ္စရီယန္းၿမိဳ႕နဲ႔ သံလြင္ျမစ္ၾကား ေတာနက္ႀကီးအတြင္းရွိ ေရာင္နီဦးစခန္းမွာ ဒီညီလာခံကုိ က်င္းပခဲ့တာပါ။

မေတာ္တဆနဲ႔ သတင္းေထာက္ျဖစ္သြားသူ

အမွတ္ ၁ တပ္ရင္း (အမွတ္ ၁၀၁၊ ၂၀၁ နဲ႔ ၂၀၃ တပ္ရင္းေတြကို ျပန္ေပါင္းထားတဲ့တပ္) မင္းသမီးခစန္း ကိုယ္စားလွယ္အျဖစ္တက္လာတဲ့ လူ ၁၀ ဦးထဲမွာ က်ေနာ္က ေတာင္ပုိင္း ဗလဖ (ဗဟုိအလုပ္ဖြဲ႔) ရဲ့ ျပန္ၾကားေရး တာ၀န္ယူထားသူဆုိေတာ့ DVB အတြက္ သတင္းေတြပုိ႔ေပးဖုိ႔ အဲဒီညီလာခံမွာ စတင္ တာ၀န္ေပးအပ္ျခင္း ခံရပါတယ္။ ေတာ္လွန္ေရးကာလအတြင္း သတင္းေထာက္အျဖစ္ တာ၀န္ေပး တယ္ဆုိတာဟာ အခုေခတ္ DVB သတင္းေထာက္ေတြလုိ လစာေငြနဲ႔ သတင္းလုပ္ငန္းသုံးပစၥည္းေတြ ျဖစ္တဲ့ လက္ကုိင္ဖုန္း၊ လက္ကုိင္ကြန္ပ်ဴတာနဲ႔ အသံဖမ္းစက္ေတြ၊ ကင္မရာေတြ ေပးလုိက္တယ္လို႔ မထင္လုိက္ပါနဲ႔။ ခြပ္ေဒါင္းတံဆိပ္ႏွိပ္ထားတဲ့ စာရြက္တရြက္ေပၚ လက္မွတ္ထုိးၿပီး ဒီအတုိင္း တာ၀န္ေပး လုိက္တာသာျဖစ္္ၿပီး လစာလည္းမရွိ၊ ပစၥည္းလည္းမရွိတဲ့ ဘ၀ကေန စရတာမ်ဳိးပါ။

ေနာက္တခါ အဲဒီကာလသတင္းပုိ႔ရတဲ့ အေျခေနကလည္း အခုေခတ္လုိ ကင္မရာေတြ၊ ရီေကာ္ဒါေတြ၊ ကြန္ပ်ဴတာေတြ၊ ဒစ္ဂ်ီတယ္ေတြနဲ႔မဟုတ္ေသး။ ေရွ႕တန္းမွာ ၾကားရသမွ်သတင္းေတြကို ေရွ႕တန္းစစ္ ေၾကာင္း ျပန္ၾကားေရးတာ၀န္ခံေတြက ေနာက္တန္းစခန္းထုိင္ က်ေနာ့္ဆီ ဆက္သြယ္ေရးစက္နဲ႔ သ တင္းပုိ႔။ အဲဒါေတြကို က်ေနာ္က ျပန္စီ၊ ျပန္ေရးၿပီး ကားႀကဳံ လူႀကံဳနဲ႔ ဘန္ေကာက္က ABSDF ႏုိင္ငံျခား ေရးရံုးဆီ စာနဲ႔ပုိ႔။ တပတ္ကုိးသတင္းၾကာမွေရာက္လာတဲ့ အဲဒီစာေတြကုိ ဘန္ေကာက္ရံုးတာ၀န္ရွိသူ ကေန ေအာ္စလုိ DVB ရံုးဆီ Fax နဲ႔ပုိ႔။ ေအာ္စလို အယ္ဒီတာက ဒီသတင္းေတြကို ျပန္ေရး၊ ျပန္စီၿပီးမွ အသံလႊင့္ဖုိ႔ ဖတ္ရတဲ့ အေျခေနပါ။

က်ေနာ္ကုိ အလုပ္ခန္႔သူကေတာ့ အဲဒီကာလက ABSDF ဗဟုိျပန္ၾကားေရးဌာနတာ၀န္ခံလည္းျဖစ္၊ ေနာ္ေ၀းအေျခစုိက္ ဒီမုိကရက္တစ္ျမန္မာ့အသံ DVB အသံလႊင့္ဌာနရဲ့ ABSDF ကုိယ္စားလွယ္လည္း ျဖစ္တဲ့ ကုိခင္ေမာင္၀င္း (အခု DVB ဒုညႊန္မွဴး) ပါ။ အဲဒီအခ်ိန္ဟာ ABSDF ႏွစ္ျခမ္းကဲြေနတဲ့ ကာလ ျဖစ္ျပီး DVB ကုိ ေဒါက္တာႏုိင္ေအာင္တုိ႔ အုပ္စုဘက္က အပုိင္စီးထားတယ္ဆုိၿပီး ကုိမုိးသီးဇြန္တုိ႔ ဗဟုိ ဘက္ကေန အျပင္းအထန္ ေ၀ဖန္ေနတဲ့ကာလလည္း ျဖစ္ပါတယ္။

အလုပ္ခန္႔တယ္လုိ႔ အလြယ္ေျပာလုိက္ေပမယ့္ တကယ္ကေတာ့ က်ေနာ့္ကို ပုဂၢိဳလ္အရ အလုပ္ခန္႔တာ မ်ဳိး မဟုတ္ပါဘူး။ ABSDF ေတာင္ပုိင္းေဒသ တပ္ရင္း ၁၊ မင္းသမီးစခန္း ဗလဖ ျပန္ၾကားေရး တာ၀န္ခံ ျဖစ္တဲ့ က်ေနာ့္အေနနဲ႔ ေတာင္ပုိင္းေဒသက သတင္းေတြကို DVB ဆီ ပုိ႔ေပးဖုိ႔ တာ၀န္ေပးလုိက္ျခင္းသာ ျဖစ္ပါတယ္။ အရင္ကလည္း သတင္းေတြကို DVB ဆီ ပုိ႔ေပးေနတာရွိေပမယ့္ အခုေတာ့ သတင္းေထာက္အမည္တခုခုနဲ႔ ပုိ႔ေပးရမွာျဖစ္တဲ့အတြက္ အမည္တခုခုေရြးပါလုိ႔ ကိုခင္ေမာင္၀င္းက ေျပာပါတယ္။

က်ေနာ္မွတ္မိသေလာက္ဆုိရင္ အဲဒီအခ်ိန္မွာ ဗဟုိျပန္ၾကားေရးတာ၀န္ခံ ကုိခင္မာင္၀င္းက ဗုိလ္မုတ္ ဆိတ္၊ ဘေမာင္ဇင္ ဆုိတဲ့အမည္ေတြန႔ဲ သတင္းေတြေပးပုိ႔ေနၿပီး သုေတသနဌာနမႈး ကုိခင္သန္းက လည္း ေမာင္ပုိင္ထြန္း၊ ေမာင္ဒုိး အပါအ၀င္ ကေလာင္အမည္ နွစ္မ်ဳိးသုံးမ်ဳိးနဲ႔ DVB အတြက္ သတင္း ေပးပုိ႔ေနခ်ိန္ျဖစ္ပါတယ္။ သတင္းေထာက္အားလုံးဟာ အဖြဲ႔စည္းကုိယ္စား သတင္းပုိ႔ရတာျဖစ္လုိ႔ ပုဂၢလိက အမည္ေတြကိုမသုံးဘဲ ကေလာင္အမည္ေတြနဲ႔ ပုိ႔ရမွာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဒီအတြက္ ေတာင္ပုိင္းေဒသ ျပန္ၾကားေရးဌာနကိုယ္စား က်ေနာ္ေရြးလုိက္တဲ့အမည္ကေတာ့ ''ထက္ ေအာင္ေက်ာ္'' ျဖစ္ပါတယ္။ ေဗဒင္ေတြ ဘာေတြနဲ႔ အေသခ်ာေရြးထားတာမ်ဳိးမဟုတ္ဘဲ မဂၢဇင္းေတြမွာ ေတြ႔ဖူးသလုိလုိ၊ ၾကားဖူးသလုိလုိရွိတဲ့ အမည္တခုကုိ စိတ္ထဲေပၚလာတာနဲ႔ လက္တန္းေပးလုိက္ျခင္း သာ ျဖစ္ပါတယ္။ ဒီအမည္ဟာ တခ်ိန္ခ်ိန္မွာ ကိုယ့္အမည္ျဖစ္လာလိမ့္မယ္လုိ႔ အဲဒီအခ်ိန္က လုံး၀ ထင္ မထားခဲ့ပါဘူး။

စင္ၿပိဳင္အစိုးရနဲ႔ သူပုန္သတင္းဌာန

အဲဒီကာလ ABSDF အေျခေန၊ ညြန္႔ေပါင္းအစိုးရနဲ႔ DVB အသံလြင့္ဌာနအေျခေနေတြကို မွတ္မိသ ေလာက္ေျပာရမယ္ဆုိရင္ ၁၉၉၁ ေႏွာင္ပုိင္းမွာ နွစ္ျခမ္းကဲြခဲ့တဲ့ ABSDF ဟာ အင္အားေကာင္းေနဆဲ၊ ၾသဇာႀကီးေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ ေဒါက္တာႏုိိင္ေအာင္ဘက္ျခမ္းက ပုဂၢိဳလ္ေတြဟာ ကုိမုိးသီး ဇြန္တို႔ဘက္ျခမ္းက ပုဂၢိဳလ္ေတြနဲ႔စာရင္ စင္ၿပိဳင္အစိုးရ၀န္ႀကီးေတြနဲ႔ ပုိနီးစပ္ၿပီး DVB လုပ္ငန္းအမ်ားစုကုိ ရရွိထားခ်ိန္ျဖစ္ပါတယ္။







(DVB ကုိ တာ၀န္ယူ ထုတ္လႊင့္ခဲ့တဲ့ NCGUB အမ်ဳိးသားညြန္႔ေပါင္းအစိုးရ မာနယ္ပေလာမွာ စတင္ဖြဲ႔စည္းစဥ္။)




စင္ၿပိဳင္အစိုးရဆုိတာကေတာ့ အားလုံးသိၿပီးျဖစ္တဲ့အတုိင္း ၁၉၉၀ ေမလ ေရြးေကာက္ပဲြမွာ အမ်ဳိးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီက ၈၀ ရာခုိင္ႏႈန္းေက်ာ္နဲ႔ အျပတ္အသတ္ အနုိင္ရခဲ့ေပမယ့္ န၀တ (နုိင္ငံေတာ္ ၿငိမ္၀ပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႔) က အာဏာလႊဲမေပးခဲ့ပါဘူး။ ဒီေရြးေကာက္ပဲြဟာ လႊတ္ေတာ္တက္ဖုိ႔ အမတ္ေရြးတာမဟုတ္ဘဲ အေျခခံဥပေဒဆဲြဖုိ႔ ေရြးတာသာျဖစ္တယ္ဆုိၿပီး အမိန္႔ ေၾကညာခ်က္ေတြ ထြက္လာပါတယ္။

ေနာက္ဆုံးမွာေတာ့ ျပည္တြင္းမွာ ပါလီမန္ေခၚဖုိ႔၊ အစိုးရဖြဲ႔ဖုိ႔ မျဖစ္နုိင္ေတာ့ဘူးလုိ႔ အမတ္အေတာ္ မ်ား မ်ားကဆုံးျဖတ္ၿပီး နယ္စပ္မွာ စင္ၿပိဳင္အစိုးရဖြဲ႔မယ္လုိ႔ ေဒါက္တာစိန္၀င္းနဲ႔ လႊတ္ေတာ္အမတ္တခ်ဳိ႕ မာ နယ္ပေလာေဒသဆီ ေရာက္လာတယ္လုိ႔ သိရပါတယ္။ ဒီလုိနဲ႔ ၁၉၉၀ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ အ မ်ဳိးသားညြန္႔ေပါင္းအစိုးရ (National Coalition Government of the Union of Burma– NCGUB) ကုိ မာနယ္ပေလာဌာနခ်ဳပ္မွာ ဖြဲ႔စည္းလုိက္တယ္လုိ႔ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

အဲဒီအစိုးရအဖြဲ႔မွာ ၀န္ႀကီးခ်ဳပ္၊ ကာကြယ္ေရး၀န္ႀကီးနဲ႔ ျပည္ထဲေရး၀န္ႀကီးအျဖစ္ အမ်ိဳးသားဒီမိုကေရစီ ပါတီဥကၠ႒ ေပါက္ေခါင္း မဲဆႏၵနယ္အမတ္ ေဒါက္တာစိန္၀င္း (အာဇာနည္ ဦးဘ၀င္းရဲ့သား။ ေဒၚေအာင္ ဆန္းစုၾကည္ရဲ့ ၀မ္းကဲြအကို)။ ႏုိိင္ငံျခားေရး၀န္ႀကီးအျဖစ္ ျပင္ဦးလြင္ အမွတ္ ၂ မဲဆႏၵနယ္မွ တသီးပုဂၢ လအမတ္ ဦးပီတာလင္းပင္။ ဘ႑ာအခြန္၀န္ႀကီးအျဖစ္ NLD ေရဦးအမွတ္ ၂ မဲဆႏၵနယ္မွ ဦး၀င္းကုိ။ ကုန္သြယ္ေရးနဲ႔ သမ၀ါယမ၀န္ႀကီးအျဖစ္ NLD ေရြေတာင္ အမွတ္ ၂ မဲဆႏၵနယ္မွ ဦးသန္းႂကြယ္။ တ ရားေရး၀န္ႀကီးအျဖစ္ NLD မႏၲေလးအေနာက္ေတာင္ အမွတ္ ၂ မဲဆႏၵနယ္မွ ဦးသိန္းဦး။ ေဆာက္လုပ္ ေရး၊ သတၱဳတြင္းနဲ႔ စြမ္းအင္၀န္ႀကီးအျဖစ္ NLD မုိးကုတ္ အမွတ္ ၂ မဲဆႏၵနယ္မွ ဦးဘုိလွတင့္။ အလုပ္ သမားနဲ႔ လႈမႈကယ္ဆယ္ေရး၀န္ႀကီးအျဖစ္ NLD ေက်ာက္ႀကီး မဲဆႏၵနယ္မွ ဦးထြန္းဦး စသျဖင့္ ၀န္ႀကီး ၉ ဦးနဲ႔ ဖြဲ႔စည္းထားတာကုိ အဲဒီကာလက မာနယ္ပေလာမွာထုတ္ေ၀တဲ့ စာေစာင္ေတြမွာ ေတြ႔ရိွရပါ တယ္။

ေနာက္ပုိင္းမွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ထပ္ထြက္လာတဲ့အတြက္ အစိုးရအဖြဲ႔ကုိ တုိးခ်ဲ႕ျပင္ ဆင္ဖြဲ႔စည္းတာေတြ ရွိခဲ့ပါတယ္။ အဲဒီေနာက္ပုိင္း တုိးခ်ဲ႕မႈအရ ျပန္ၾကားေရး၀န္ႀကီးျဖစ္လာသူ၊ တနည္း အားျဖင့္ DVB အသံလြင့္ဌာနကုိ ကုိင္တြယ္ရမယ့္သူ ျဖစ္လာတာကေတာ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ ခ်ဳပ္ မႏၱေလးတုိင္း အေရွ႕ေျမာက္ၿမိ့ဳနယ္ အမွတ္ ၁ မဲဆႏၵနယ္မွ ဦးေမာင္ေမာင္ေအး ျဖစ္ပါတယ္။     ။

======================================================


မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဟာ သူပုန်အဖွဲ့နဲ့ သိပ်မတူပဲ တောတွင်းတက္ကသိုလ်တခုနဲ့များ ပိုတူခဲ့လေသလားလို့ ကျနော်ပြန်စဉ်းစားနေမိပါတယ်။ ဘာကြောင့်လဲ ဆိုရင် ABSDF အဖွဲ့ဝင်အတော်များများဟာ တဖက်မှာစစ်တိုက်နေသလို တခြားတဖက်မှာလည်း ပညာ ဗဟုသုတတွေ ရသမျှဆက်လက်သင်ယူလေ့လာနေခဲ့လို့ ဖြစ်ပါတယ်။ ကျနော် ဒီလိုပြောလိုက်လို့ တခြားသူပုန်အဖွဲ့တွေက ပညာမရှာဘူးလို့ မဆိုလိုပါ။ အားလုံး ပညာရှာကြတာချင်းတူပေမယ့် ABSDF က ကျောင်းသားသူပုန်ဖြစ်တဲ့အတွက် ပညာပိုရှာတယ်လို့ ဆိုလိုခြင်းသာဖြစ်ပါတယ်။


(ABSDF ကျောင်းသားတွေ တောတွင်းစတူဒီယိုမှာ DVB အစီစဉ်တခု အသံသွင်းနေစဉ်။)

၁၉၈၈ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံကို စစ်တပ်က ပစ်ခတ်ဖြိုခွဲပြီးတဲ့နောက် အဲဒီ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တက္ကသိုလ်ကျောင်းသားတွေအပါ ဝင် ထောင်-သောင်းချီတဲ့ လူငယ်တွေဟာ နယ်စပ်ဒေသတွေဆီ တောခိုခဲ့ကြပါတယ်။ ကရင်နယ်မြေ၊ ကရင်နီနယ်မြေ၊ မွန်နယ်မြေ၊ ရှမ်းနယ်မြေ၊ ကချင်နယ်မြေ စသဖြင့် လူမျိုးစုတော်လှန်ရေးအဖွဲ့ အသီး သီးက ထိန်းချုပ်ထားတဲ့နယ်မြေတွေဆီ ရောက်သွားတဲ့ ကျောင်းသားတွေဟာ ABSDF ခေါ် မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ စ တင်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီလိုတောခိုခဲ့တဲ့ ကျောင်းသားလူငယ် ထောင်၊ သောင်းချီတဲ့အထဲမှာ ကျနော်လည်း တဦးအပါဝင် ဖြစ်ပါတယ်။ ယုံကြည်ချက်အတွက် တောခိုပြီး လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ ကျနော်ဟာ မတော်တ ဆနဲ့ သတင်းထောက် ဖြစ်သွားတယ်လို့ပြောရမလား။ သမိုင်းရဲ့တောင်းဆိုချက်အရ၊ သမိုင်းပေးတာဝန် အရ သတင်းထောက်ဖြစ်သွားတယ်လို့ပြောရမလား မသိပါ။ သေချာတာကတော့ ကျနော်ဟာ သူပုန် ဘဝကနေ သတင်းထောက်ဘဝဆီ ၁၉၉၅ မှာ ရောက်သွားခဲ့ပါတယ်။

နှစ်ပေါင်း ၂၅ နှစ်ကြာပြီးတဲ့အချိန်၊ ABSDF က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ရန်ကုန်မြို့ဆီဝင်လာတဲ့အချိန်မှာ တပ်ဖွဲ့ဝင်အင်အား သိပ်မများတော့ပေမယ့် သူတို့ရဲ့ တပ်ဖွဲ့ဝင်ဟောင်း တွေက ငြိမ်းချမ်းရေးစင်တာကနေ သမ္မတအကြံပေးအထိ၊ ကုန်စုံဆိုင်ပိုင်ရှင်ကနေ စီးပွားရေးပါမောက္ခ အထိ၊ သတင်းထောက်ကနေ အယ်ဒီတာအထိ၊ ဆိုရှယ်လုပ်သားကနေ NGO ညွှန်ကြားရေးမှူးအထိ၊ သာမန်နိုင်ငံရေးသမားကနေ လွှတ်တော်အမတ်နေရာအထိ ရှိနေပြီဖြစ်ပါတယ်။ 

တဖက်မှာ နှစ် ၂၀ လုံးလုံး စစ်တိုက်ခဲ့သလို တခြားတဖက်မှာလည်း ရသမျှ ပညာရပ်နယ်ပယ်တွေကို ရတဲ့နည်းနဲ့ လေ့လာသင်ယူကြပြီး ၂၅ နှစ်ကြာပြီးတဲ့အခါ ကိုယ်ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် တာ ဝန်ယူ နေကြတယ်ဆိုတဲ့ သဘောပါ။

ဒါကြောင့် ABSDF ကို သူပုန်အဖွဲ့နဲ့မတူပဲ တောတွင်းတက္ကသိုလ်နဲ့ ပိုတူတယ်လို့ ကျနော်ဆိုလိုတာပါ။ အဲဒီတောတွင်းတက္ကသိုလ်မှာ ကျနော် သတင်းစာပညာ စတင်လေ့လာခွင့်ရခဲ့တာကတော့ ၁၉၉၅ ခုနှစ် အောက်တိုဘာလမှာ ကျင်းပတဲ့ (ဒေါက်တာနိုင်အောင်ဘက်ခြမ်း) စတုတ္တအကြိမ် ညီလာခံကနေ စ တယ်လို့ ပြောရမှာဖြစ်ပါတယ်။ မာနယ်ပလော အပါဝင် KNU (ကရင်အမျိုးသားအစည်းရုံး) နဲ့ ABSDF စခန်းတွေကို စစ်အစိုးရတပ်တွေက သိမ်းပိုက်ထားချိန်ဖြစ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်စရီယန်းမြို့နဲ့ သံလွင်မြစ်ကြား တောနက်ကြီးအတွင်းရှိ ရောင်နီဦးစခန်းမှာ ဒီညီလာခံကို ကျင်းပခဲ့တာပါ။ 

မတော်တဆနဲ့ သတင်းထောက်ဖြစ်သွားသူ

အမှတ် ၁ တပ်ရင်း (အမှတ် ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တပ်ရင်းတွေကို ပြန်ပေါင်းထားတဲ့တပ်) မင်းသမီးခစန်း ကိုယ်စားလှယ်အဖြစ်တက်လာတဲ့ လူ ၁၀ ဦးထဲမှာ ကျနော်က တောင်ပိုင်း ဗလဖ (ဗဟိုအလုပ်ဖွဲ့) ရဲ့ ပြန်ကြားရေး တာဝန်ယူထားသူဆိုတော့ DVB အတွက် သတင်းတွေပို့ပေးဖို့ အဲဒီညီလာခံမှာ စတင် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ တော်လှန်ရေးကာလအတွင်း သတင်းထောက်အဖြစ် တာဝန်ပေး တယ်ဆိုတာဟာ အခုခေတ် DVB သတင်းထောက်တွေလို လစာငွေနဲ့ သတင်းလုပ်ငန်းသုံးပစ္စည်းတွေ ဖြစ်တဲ့ လက်ကိုင်ဖုန်း၊ လက်ကိုင်ကွန်ပျူတာနဲ့ အသံဖမ်းစက်တွေ၊ ကင်မရာတွေ ပေးလိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ခွပ်ဒေါင်းတံဆိပ်နှိပ်ထားတဲ့ စာရွက်တရွက်ပေါ် လက်မှတ်ထိုးပြီး ဒီအတိုင်း တာဝန်ပေး လိုက်တာသာဖြစ်ပြီး လစာလည်းမရှိ၊ ပစ္စည်းလည်းမရှိတဲ့ ဘဝကနေ စရတာမျိုးပါ။ 

နောက်တခါ အဲဒီကာလသတင်းပို့ရတဲ့ အခြေနေကလည်း အခုခေတ်လို ကင်မရာတွေ၊ ရီကော်ဒါတွေ၊ ကွန်ပျူတာတွေ၊ ဒစ်ဂျီတယ်တွေနဲ့မဟုတ်သေး။ ရှေ့တန်းမှာ ကြားရသမျှသတင်းတွေကို ရှေ့တန်းစစ် ကြောင်း ပြန်ကြားရေးတာဝန်ခံတွေက နောက်တန်းစခန်းထိုင် ကျနော့်ဆီ ဆက်သွယ်ရေးစက်နဲ့ သ တင်းပို့။ အဲဒါတွေကို ကျနော်က ပြန်စီ၊ ပြန်ရေးပြီး ကားကြုံ လူကြုံနဲ့ ဘန်ကောက်က ABSDF နိုင်ငံခြား ရေးရုံးဆီ စာနဲ့ပို့။ တပတ်ကိုးသတင်းကြာမှရောက်လာတဲ့ အဲဒီစာတွေကို ဘန်ကောက်ရုံးတာဝန်ရှိသူ ကနေ အော်စလို DVB ရုံးဆီ Fax နဲ့ပို့။ အော်စလို အယ်ဒီတာက ဒီသတင်းတွေကို ပြန်ရေး၊ ပြန်စီပြီးမှ အသံလွှင့်ဖို့ ဖတ်ရတဲ့ အခြေနေပါ။

ကျနော်ကို အလုပ်ခန့်သူကတော့ အဲဒီကာလက ABSDF ဗဟိုပြန်ကြားရေးဌာနတာဝန်ခံလည်းဖြစ်၊ နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB အသံလွှင့်ဌာနရဲ့ ABSDF ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကိုခင်မောင်ဝင်း (အခု DVB ဒုညွှန်မှူး) ပါ။ အဲဒီအချိန်ဟာ ABSDF နှစ်ခြမ်းကွဲနေတဲ့ ကာလ ဖြစ်ပြီး DVB ကို ဒေါက်တာနိုင်အောင်တို့ အုပ်စုဘက်က အပိုင်စီးထားတယ်ဆိုပြီး ကိုမိုးသီးဇွန်တို့ ဗဟို ဘက်ကနေ အပြင်းအထန် ဝေဖန်နေတဲ့ကာလလည်း ဖြစ်ပါတယ်။

အလုပ်ခန့်တယ်လို့ အလွယ်ပြောလိုက်ပေမယ့် တကယ်ကတော့ ကျနော့်ကို ပုဂ္ဂိုလ်အရ အလုပ်ခန့်တာ မျိုး မဟုတ်ပါဘူး။ ABSDF တောင်ပိုင်းဒေသ တပ်ရင်း ၁၊ မင်းသမီးစခန်း ဗလဖ ပြန်ကြားရေး တာဝန်ခံ ဖြစ်တဲ့ ကျနော့်အနေနဲ့ တောင်ပိုင်းဒေသက သတင်းတွေကို DVB ဆီ ပို့ပေးဖို့ တာဝန်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ အရင်ကလည်း သတင်းတွေကို DVB ဆီ ပို့ပေးနေတာရှိပေမယ့် အခုတော့ သတင်းထောက်အမည်တခုခုနဲ့ ပို့ပေးရမှာဖြစ်တဲ့အတွက် အမည်တခုခုရွေးပါလို့ ကိုခင်မောင်ဝင်းက ပြောပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီအချိန်မှာ ဗဟိုပြန်ကြားရေးတာဝန်ခံ ကိုခင်မာင်ဝင်းက ဗိုလ်မုတ် ဆိတ်၊ ဘမောင်ဇင် ဆိုတဲ့အမည်တွေနဲ့ သတင်းတွေပေးပို့နေပြီး သုတေသနဌာနမှုး ကိုခင်သန်းက လည်း မောင်ပိုင်ထွန်း၊ မောင်ဒိုး အပါအဝင် ကလောင်အမည် နှစ်မျိုးသုံးမျိုးနဲ့ DVB အတွက် သတင်း ပေးပို့နေချိန်ဖြစ်ပါတယ်။ သတင်းထောက်အားလုံးဟာ အဖွဲ့စည်းကိုယ်စား သတင်းပို့ရတာဖြစ်လို့ ပုဂ္ဂလိက အမည်တွေကိုမသုံးဘဲ ကလောင်အမည်တွေနဲ့ ပို့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီအတွက် တောင်ပိုင်းဒေသ ပြန်ကြားရေးဌာနကိုယ်စား ကျနော်ရွေးလိုက်တဲ့အမည်ကတော့ ''ထက် အောင်ကျော်'' ဖြစ်ပါတယ်။ ဗေဒင်တွေ ဘာတွေနဲ့ အသေချာရွေးထားတာမျိုးမဟုတ်ဘဲ မဂ္ဂဇင်းတွေမှာ တွေ့ဖူးသလိုလို၊ ကြားဖူးသလိုလိုရှိတဲ့ အမည်တခုကို စိတ်ထဲပေါ်လာတာနဲ့ လက်တန်းပေးလိုက်ခြင်း သာ ဖြစ်ပါတယ်။ ဒီအမည်ဟာ တချိန်ချိန်မှာ ကိုယ့်အမည်ဖြစ်လာလိမ့်မယ်လို့ အဲဒီအချိန်က လုံး၀ ထင် မထားခဲ့ပါဘူး။

စင်ပြိုင်အစိုးရနဲ့ သူပုန်သတင်းဌာန

အဲဒီကာလ ABSDF အခြေနေ၊ ညွန့်ပေါင်းအစိုးရနဲ့ DVB အသံလွင့်ဌာနအခြေနေတွေကို မှတ်မိသ လောက်ပြောရမယ်ဆိုရင် ၁၉၉၁ နှောင်ပိုင်းမှာ နှစ်ခြမ်းကွဲခဲ့တဲ့ ABSDF ဟာ အင်အားကောင်းနေဆဲ၊ သြဇာကြီးနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ဒေါက်တာနိုင်အောင်ဘက်ခြမ်းက ပုဂ္ဂိုလ်တွေဟာ ကိုမိုးသီး ဇွန်တို့ဘက်ခြမ်းက ပုဂ္ဂိုလ်တွေနဲ့စာရင် စင်ပြိုင်အစိုးရဝန်ကြီးတွေနဲ့ ပိုနီးစပ်ပြီး DVB လုပ်ငန်းအများစုကို ရရှိထားချိန်ဖြစ်ပါတယ်။


(DVB ကို တာဝန်ယူ ထုတ်လွှင့်ခဲ့တဲ့ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ မာနယ်ပလောမှာ စတင်ဖွဲ့စည်းစဉ်။)

စင်ပြိုင်အစိုးရဆိုတာကတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၁၉၉၀ မေလ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၈၀ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) က အာဏာလွှဲမပေးခဲ့ပါဘူး။ ဒီရွေးကောက်ပွဲဟာ လွှတ်တော်တက်ဖို့ အမတ်ရွေးတာမဟုတ်ဘဲ အခြေခံဥပဒေဆွဲဖို့ ရွေးတာသာဖြစ်တယ်ဆိုပြီး အမိန့် ကြေညာချက်တွေ ထွက်လာပါတယ်။ 

နောက်ဆုံးမှာတော့ ပြည်တွင်းမှာ ပါလီမန်ခေါ်ဖို့၊ အစိုးရဖွဲ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ အမတ်အတော် များ များကဆုံးဖြတ်ပြီး နယ်စပ်မှာ စင်ပြိုင်အစိုးရဖွဲ့မယ်လို့ ဒေါက်တာစိန်ဝင်းနဲ့ လွှတ်တော်အမတ်တချို့ မာ နယ်ပလောဒေသဆီ ရောက်လာတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ၁၉၉၀ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အ မျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma– NCGUB) ကို မာနယ်ပလောဌာနချုပ်မှာ ဖွဲ့စည်းလိုက်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ 

အဲဒီအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ပေါက်ခေါင်း မဲဆန္ဒနယ်အမတ် ဒေါက်တာစိန်ဝင်း (အာဇာနည် ဦးဘဝင်းရဲ့သား။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဝမ်းကွဲအကို)။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြင်ဦးလွင် အမှတ် ၂ မဲဆန္ဒနယ်မှ တသီးပုဂ္ဂ လအမတ် ဦးပီတာလင်းပင်။ ဘဏ္ဍာအခွန်ဝန်ကြီးအဖြစ် NLD ရေဦးအမှတ် ၂ မဲဆန္ဒနယ်မှ ဦးဝင်းကို။ ကုန်သွယ်ရေးနဲ့ သမဝါယမဝန်ကြီးအဖြစ် NLD ရွေတောင် အမှတ် ၂ မဲဆန္ဒနယ်မှ ဦးသန်းကြွယ်။ တ ရားရေးဝန်ကြီးအဖြစ် NLD မန္တလေးအနောက်တောင် အမှတ် ၂ မဲဆန္ဒနယ်မှ ဦးသိန်းဦး။ ဆောက်လုပ် ရေး၊ သတ္တုတွင်းနဲ့ စွမ်းအင်ဝန်ကြီးအဖြစ် NLD မိုးကုတ် အမှတ် ၂ မဲဆန္ဒနယ်မှ ဦးဘိုလှတင့်။ အလုပ် သမားနဲ့ လှုမှုကယ်ဆယ်ရေးဝန်ကြီးအဖြစ် NLD ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးထွန်းဦး စသဖြင့် ဝန်ကြီး ၉ ဦးနဲ့ ဖွဲ့စည်းထားတာကို အဲဒီကာလက မာနယ်ပလောမှာထုတ်ဝေတဲ့ စာစောင်တွေမှာ တွေ့ရှိရပါ တယ်။

နောက်ပိုင်းမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ထပ်ထွက်လာတဲ့အတွက် အစိုးရအဖွဲ့ကို တိုးချဲ့ပြင် ဆင်ဖွဲ့စည်းတာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တိုးချဲ့မှုအရ ပြန်ကြားရေးဝန်ကြီးဖြစ်လာသူ၊ တနည်း အားဖြင့် DVB အသံလွင့်ဌာနကို ကိုင်တွယ်ရမယ့်သူ ဖြစ်လာတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မန္တလေးတိုင်း အရှေ့မြောက်မြိ့ုနယ် အမှတ် ၁ မဲဆန္ဒနယ်မှ ဦးမောင်မောင်အေး ဖြစ်ပါတယ်။     ။

2 comments:

ထားဝယ္​သားႀကီး ကိုဝင္​းထိန္​အတြက္​ ဂုဏ္​ယူပါတယ္​။ အစ္​ကိုျဖတ္​သန္​းခဲ့ရတဲ့ ဆူးခင္​းလမ္​း​ေတြကို ​ေဖၚျပပါphoto ကိုႀကည္​့ရင္​ ခန္​႔မွန္​းလို႔ရပါတယ္​။ အစ္​ကို႔ page က္ိုဆက္​လက္​အား​ေပးလွ်က္​။

ေက်းဇူးတင္ပါတယ္ဗ်။ က်ေနာ္နဲ႔အမည္တူပါလား။

ABSDF နဲ႔ DVB က ရဲေဘာ္မ်ားအပါ၀င္ စာဖတ္ပရိတ္သတ္ရဲ့ အၾကံျပဳခ်က္မ်ားကို ၾကိဳဆုိေနပါေၾကာင္း...။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More