Wednesday, March 26, 2014

ေတာ္လွန္ေရး သတင္းသမားတဦးရဲ့ ဒုိင္ယာရီ (အပုိင္း ၃)

Documentary မွတ္တမ္း-ရုပ္သံ ဆုိတာ

အဲဒီလုိ ေလွစီးလုိက္၊ ေလွက လူကုိျပန္စီးလုိက္နဲ႔ ေမာထာ၊ ေအာင္သာ၀ရရြာေတြကို ျဖတ္ၿပီးတဲ့ေနာက္ KNU တပ္ခြဲတခုအေျခစုိက္တဲ့ ကစီထာရြာဆီ က်ေနာ္တုိ႔ေရာက္လာပါတယ္။ ကစီထာေခ်ာင္းေဘးက ကုန္သည္စခန္းေထာက္မွာ တညအိပ္ျပီးတဲ့ေနာက္ ငါးတက္-ျပည္ျခားရြာေတြဆီ ကုန္းေၾကာင္းေလွ်ာက္ တာက တညအိပ္ ၂ ရက္ ၾကာပါတယ္။ ေခ်ာင္းငယ္အတန္တန္ ကုိျဖတ္ရတာ၊ မုိးထဲေရထဲ ကြ်တ္တြယ္ တာ၊ ေဘာင္းဘီပြန္းလုိ႔ လမ္းေလွ်ာက္ရခက္တာ၊ မုိးရြာထဲ မီးေမြးၿပီး ထမင္းခ်က္ရတာေတြကုိေတာ့ စာ မဖြဲ႔ခ်င္ေတာ့ပါဘူး။  

(ကင္မရာလြယ္ျပိး ေရွ့တန္းသြားေနတဲ့ စစ္ေၾကာင္းမွဴ း သတင္းေထာက္)

က်ေနာ္က စာမဖြဲ႔ခ်င္ဘူးဆုိေပမယ့္ ကုိေရႊသတင္းေထာက္ကေတာ့ ေတြ႔သမွ်အားလုံးကို ဗီြီဒီယုိ ကင္ မရာနဲ႔ မွတ္တမ္းတင္ေနပါတယ္။ မင္းသမီးစခန္းက မထြက္ခင္ စစ္ေၾကာင္းအတြက္ လက္နက္ခဲယမ္း စုကတည္းက က်ည္မေလာက္လုိ႔ က်ည္ေဟာင္းေတြကို သံပတ္နဲ႔ပြတ္တုိက္ေနရတဲ့ပုံေတြ၊ ငွက္ဖ်ားမိ လုိ႔ ေဆးရံုတင္ထားရတဲ့ကေလးငယ္ေတြ၊ ကေလးတြဲေလာင္းနဲ႔ တပ္တြင္းအစည္းအေ၀းဆီ တက္လာ ၾကတဲ့ မိသားစုေတြ။ ၿပီးေတာ့ တနသၤာရီျမစ္ေၾကာင္းတေလွ်ာက္ၾကံဳခဲ့ရတဲ့ ေလွျမဳပ္ေတာ့ မလုိလုိအျဖစ္ ပ်က္ေတြ၊ ဆန္ႀကိဳးထဲက ဆန္ကုိျဖည္ၿပီး ေတာတြင္းမွာျဖစ္သလုိ ခ်က္စားတဲ့အေျခေန၊ ေခ်ာင္းထဲမွာ ငါးဖမ္းတဲ့အေျခေနေတြဟာ သူရဲ့အဓိက ရုိက္ကြက္ေတြေပါ့။

က်ေနာ္က DVB ေတာတြင္းသတင္းေထာက္နဲ႔ ABSDF ေတာင္ပုိင္း ျပန္ၾကားေရးတာ၀န္ခံဆုိေပမယ့္ လြတ္လပ္တဲ့ သတင္းေထာက္တဦးရဲ့အျမင္ကို သိပ္နားမလည္ေသးပါ။ တည့္တည့္ေျပာရမယ္ဆုိရင္ ေတာ့ ဗဟုိသတင္းစဥ္တုိ႔၊ ျမန္မာ့အလင္းတုိ႔နဲ႔ ႀကီးျပင္းလာသူဆုိေတာ့ ကုိယ့္အဖြဲ႔အေၾကာင္း သူမ်ားကို ျပမယ္ဆုိရင္ ဒီလုိအားနည္းခ်က္ေတြကိုမရုိက္သင့္၊ မျပသင့္ဘူးလုိ႔ထင္ေနဆဲပါ။ ဦးဟန္လင္းအပါ၀င္ ဗဟုိျပန္ၾကားေရးအဖြဲ႔က ထုတ္သမွ်ဇာတ္လမ္းေတြထဲမွာလည္း ဒီလုိအားနည္းခ်က္ေတြကို ထည့္သြင္း ရုိက္ျပတာ တခါမွမေတြ႔ဖူးေတာ့ ဒီ ၾသစီသတင္းေထာက္က ဘာေၾကာင္တာလဲဆုိၿပီးေတာင္ ေတြးေန မိပါတယ္။

ဒါေပမယ့္ က်ေနာ္ဘန္ေကာက္ေရာက္ၿပီး သတင္းေထာက္သင္တန္းတက္၊ ႏုိင္ငံျခားသတင္းေထာက္ ေတြ နဲ႔ေတြ႔ခြင့္ရၿပီးမွ Documentary မွတ္တမ္း ရုပ္သံဆုိတာဟာ အျဖစ္မွန္ေတြကုိ အရွိအတုိင္း ရုိက္ျပရေကာင္းမွန္း သိလာပါတယ္။ အဲဒီအခ်ိန္က်မွ ၾသစီသတင္းေထာက္ရဲ့ေတြ႔သမွ် ရုိက္ေနတာကို သေဘာေပါက္ပါေတာ့တယ္။ ေနာက္တခါ ဒီအျဖစ္ပ်က္ေတြက က်ေနာ္တုိ႔အဖုိ႔ ေနစဥ္ႀကံဳေနၾကမုိ႔ ဘာ မွမထူးေပမယ့္ သူ႔လုိႏုိင္ငံျခားသတင္းေထာက္တဦးအတြက္က အခုမွ ပထမဆုံး ထူးထူးျခားျခားျမင္ဖူး တဲ့ ေတာတြင္း အေတြ႔အႀကံဳေတြ မဟုတ္ပါလား။

ဒီလုိနဲ႔ က်ေနာ္တုိ႔ စစ္ေၾကာင္းဟာ ပုေလာၿမိဳ႕နယ္ ငါးတက္ရြာေဘာလုံးကြင္းနဲ႔ သိပ္မေ၀းတဲ့ ေတာ တြင္းတေနရာရွိ တပ္ခြဲမွဴး ဗုိလ္လွဦးအိမ္လည္းျဖစ္၊ တပ္ခဲြရံုးစုိက္ရာေနရာလည္းျဖစ္တဲ့ တဲအိမ္ ၃ လုံး ရွိရာ စမ္းေခ်ာင္းေလးနံေဘးဆီ ေရာက္လာပါတယ္။ ေျခကုန္လက္ပန္းက်ေနတဲ့ က်ေနာ္တုိ႔အားလုံး အဲဒီစမ္းေခ်ာင္းထဲဆင္းျပီး ေရကူး၊ ေရခ်ဳိးလုပ္ေနတာကုိလည္း ဒီသတင္းေထာက္က အလြတ္မေပး။ ဒီေရကုိခ်ဳိး၊ ဒီေရထဲမွာပဲ အ၀တ္ေလွ်ာ္၊ ဒီေရကုိပဲ ေသာက္လာခဲ့တာ နွစ္ေပါင္း ဘယ္နည္းေတာ့မလဲ။ ဒါ ေပမယ့္ ႏုိင္ငံျခားသားတဦးရဲ့အျမင္မွာေတာ့ ေသာက္ေရနဲ႔သုံးေရ တေနရာတည္းျဖစ္ေနတာဟာ အထူး အဆန္းေပါ့။

သူပုန္မွာလည္း နလုံးသားနဲ႔ပါ

သူ႔အတြက္ ပုိထူးဆန္းေနတာက က်ေနာ္တို႔ထဲက ေဆးမွဴးတဦးျဖစ္တဲ့ ကုိခ်ဳိတူး (ပုသိမ္ေကာလိပ္မွ) နဲ႔ ေဒသခံ ကရင္ရြာသူတဦးတုိ႔ရဲ့ မဂၤလာပဲြပါ။ က်ေနာ္တုိ႔ရဲေဘာ္ေတြ ေဒသခံအမ်ဳိးသမီးေတြနဲ႔ ဒီလုိပဲ မဂၤ လာေဆာင္လာတာ ဘယ္နည္းေတာ့မလဲ၊ ဘာထူးလုိ႔လဲေပါ့။ ဒါေပမယ့္ ႏုိင္ငံျခားသားတဦးအျမင္မွာ ေတာ့ က်ေနာ္တုိ႔ဟာ ေတာထဲကလက္နက္ကုိင္သူပုန္ေတြ။ တုိက္မယ္ခုိက္မယ္ဆုိၿပီး စိတ္ၾကမ္း၀င္ေန သူေတြဆုိေတာ့ ဒီလုိ နွလုံးသားကိစၥေတြ၊ အခ်စ္ကိစၥေတြကို အေရးေပးလိမ့္မယ္လု႔ိ သူ ထင္ထားပုံ မရပါ။ ဒီမဂၤလာပြဲကုိ သူက အေသခ်ာမွတ္တမ္းတင္ခ်င္ေပမယ့္ လုံျခံဳေရးအေျခေနအရ သူ႔ကုိ ရုိက္ခြင့္ မျပဳႏုိင္ခဲ့ပါ။

လုံျခံဳေရးအေျခေနဆုိတာက ဒီပဲြကုိမွတ္တမ္းရုိက္ခြင့္ မျပဳႏုိင္တာမဟုတ္။ ႏုိင္ငံျခားသားတဦး က်ေနာ္ တုိ႔နဲ႔အတူရွိေနတယ္ဆုိတာကုိ ေဒသခံေတြျမင္သြားမွာစိုးလုိ႔၊ က်ေနာ္တုိ႔စစ္ေၾကာင္း ေရွ႕တန္းခရီး မထြက္ခင္မွာ သတင္းမေပါက္ၾကားေစခ်င္လုိ႔ ျဖစ္ပါတယ္။ ဒီေတာ့ မဂၤလာပဲြရွိတဲ့ရက္မွာ သူ႔ကုိ ေတာ တြင္းတေနရာမွာ၀ွက္ထားရၿပီး က်ေနာ္က သူ႔ကိုယ္စား ကင္မရာရုိက္ေပးရပါတယ္။ စစ္ေၾကာင္းမွဴး တာ၀န္ယူထားသူဆုိေတာ့ မဂၤလာပဲြမွာလည္း ေရွ႕စားပဲြမွာထုိင္ၿပီး ၾသ၀ါဒေပးရပါေသးတယ္။ အဲဒီလုိ ၾသ၀ါဒေပးရင္းနဲ႔ ကင္မရာကုိင္ရုိက္ေနတာဆုိေတာ့ သိပ္ေတာ့ သဘာ၀မက်လွပါ။

ထုံးစံအတုိင္း ဘာသင္တန္းမွ မရွိေသးဘူးဆုိေတာ့ အရပ္ ၄ မ်က္နွာလွည့္ပတ္ၿပီး ေကာင္းမယ္ထင္တာ ေတြ ရုိက္ခဲ့ေပါ့။ အမွန္တုိင္း၀န္ခံရရင္ ဗီြဒီယုိဆိုတာ ပုံေတြလႈပ္ေနရမယ္လို႔ပဲ အဲဒီအခ်ိန္ထိ က်ေနာ္က ထင္ထားတာဆုိေတာ့ ကင္မရာကုိ တခ်က္မွၿငိမ္ၿငိမ္မထားပါ။ ဒီၾကားထဲ Zoom ကုိလည္း ကစားလုိက္ ပါေသးတယ္။ ေနာက္ပုိင္းက်မွ ျပန္သိရတာက ဗီြဒီယုိဆုိတာ ဒီလုိေလွ်ာက္ရုိက္လုိ႔သင့္တဲ့ အမ်ဳိး မ ဟုတ္။ ပစ္မွတ္တခုကို အနည္းဆုံး ၁၀ စကၠန္႔၀န္းက်င္ၾကာေအာင္ ၿငိမ္ရုိက္ဖု႔ိလုိပါတယ္။ အဲဒီလုိရုိက္ ထားမွ အက္ဒစ္လုပ္တာ၊ ျဖတ္ေတာက္တာ လြယ္တယ္လို႔ ဆရာေတြက ဆုိပါတယ္။ ၿပီးေတာ့ Zoom ကစားတာကို လုံး၀ေရွာင္ဖုိ႔၊ ျဖစ္ႏုိင္ရင္ သုံးေခ်ာင္းေထာက္တုိင္ (Tripod) ကုိ မပ်က္မကြက္သုံးဖုိ႔၊ Tripod မသုံးဘဲ Zoom ကစားတာေတြ႔ရင္ လက္ညိႇဳးျဖတ္ပစ္မယ္လုိ႔ေတာင္ သင္တန္းဆရာတေယာက္ က ေျပာဖူးတာ က်ေနာ္အမွတ္ရေနပါတယ္။

ေနာက္တခါ စတုိရီတခုအတြက္ အေျခခံရုိက္ကြက္ ၅ ခုပါဖုိ႔လုိေၾကာင္း၊ အဲဒါေတြကေတာ့ အနီးကပ္ ရုိက္ခ်က္ (Close up)၊ အလယ္အလတ္ ရုိက္ခ်က္ (Medium shot)၊ ျမင္ကြင္းက်ယ္ရုိက္ခ်က္ (Wide shot)၊ သရုပ္ေဖာ္ရုိက္ခ်က္ (Establishing shot) နဲ႔ ပခုံးေက်ာ္ ရုိက္ခ်က္ (Over the shoulder shot) တုိ႔ ျဖစ္တယ္လို႔ အဲဒီဆရာက ရွင္းျပပါတယ္။

အဲဒါက ေနာက္ပုိင္း ကင္မရာသင္တန္းတက္မွ သိလာတာေတြပါ။ ေလာေလာဆယ္ေတာ့ ဘာမွမသိရင္ ဘာမွမျဖစ္ဘူးဆုိတဲ့အတုိင္း မသိသူအခ်င္းခ်င္းၾကားမွာ ကင္မရာကုိင္ၿပီး ဟန္ေရးျပခဲ့တယ္ဆုိပါေတာ့။ မဂၤလာပဲြေနာက္တရက္မွာေတာ့ ေရွ႕တန္းထြက္မိန္႔ခြန္းေျပာရင္းနဲ႔ လက္ရွိနုိင္ငံေရးအေျခေန ေဆြးေႏြး ပြဲတခုကုိ အဲဒီစမ္းေခ်ာင္းေလးေဘးမွာ က်ေနာ္တုိ႔ျပဳလုပ္ခဲ့ပါတယ္။ သတိဆြဲၿပီး အေလးျပဳခ်ိန္၊ သစၥာ ၄ ခ်က္ဆုိခ်ိန္တို႔မွာ စနစ္က်ခဲ့သေလာက္ ေဆြးေႏြးပဲြလည္းက်ေရာ ရဲေဘာ္ေတြက ေဖာက္ပါေလေရာ။ တကယ္ေတာ့ ေဖာက္တာမဟုတ္ပါဘူး။ လူငယ္ေတြရဲ့သဘာ၀ သုိ႔မဟုတ္ ေက်ာင္းသားေတြရဲ့သဘာ၀ အတုိင္း ေက်ာင္းကအက်င့္ေတြက ေတာထဲကစစ္သားဘ၀ေရာက္တဲ့အထိ မေပ်ာက္ေသးတဲ့ သေဘာ ပါ။

စည္းရံုးေရးမွဴးကုိေက်ာ္ေက်ာ္က န၀တရဲ့ အမ်ဳိးသားညီလာခံကုိ အဆင့္တုိင္း အဆင့္တုိင္းမွာ ဘယ္လို ဘယ္ပုံတုိက္ဖ်က္ရမယ္ဆုိၿပီး အားပါးတရ ေဟာေျပာေနစဥ္မွာ ေနာက္ဘက္နားက ရဲေဘာ္ေတြက တေယာက္ေနာက္ေက်ာမွာ တေယာက္စာကပ္ၿပီး အခ်င္းခ်င္း ေဆာ့ေနၾကပါတယ္။ က်ေနာ္ဆုိ ဒီရုိက္ ကြက္မ်ဳိးကုိ ဘယ္ထည့္ပါ့မလဲ။ ဒါေပမယ့္ နုိင္ငံျခားသတင္းေထာက္တဦးအတြက္ကေတာ့ ဒါဟာ ေက်ာင္းသားစစ္သည္ေတာ္ေတြရဲ့ သရုပ္မွန္ကုိ ေဖာ္ႏုိင္တဲ့ ျပကြက္တခုေပါ့။

ေနာက္တကြက္က ပစ္မထြက္တဲ့ လက္နက္ႀကီးအေၾကာင္း။ အဲဒီ ေဆြးေႏြးပဲြအၿပီးမွာေတာ့ KNU ဆီက ငွားလာတဲ့ ၆၀ မမ လက္နက္ႀကီးတလက္ကုိ က်ေနာ္တုိ႔ စမ္းသပ္ပစ္ၾကည့္ပါတယ္။ အုိေဟာင္းေနတဲ့ ၆၀ မမ ဗုံးသီးက စိန္ေျပာင္းထဲကေန ျပန္ထြက္မလာပါဘူး။ အဲဒါမွ ဒုကၡ။ အျပင္ကိုမထြက္ဘဲ အထဲမွာ ကြဲသြားရင္ ေဘးမွာ၀ုိင္းအုံေနသူေတြ ထိလိမ့္မယ္။ ေဘးကုိဖယ္ၾကလုိ႔ေအာ္ၿပီး တေယာက္က ၆၀ မမ ကုိကုိင္ကာ အသီးကုိ ျပန္ဆဲြထုတ္ရပါတယ္။ ျပီးေတာ့ ေနာက္တလုံးထည့္ေတာ့လည္း ဒီလုိပဲ မကြဲျပန္ ဘူး။ တပ္ရင္းကေန က်ေနာ္တုိ႔သယ္လာတဲ့ ဗုံးသီးအသစ္တလုံးကုိထည့္လိုက္မွပဲ 'ဖ်ဴး'... ဆုိထြက္ သြားၿပီး ေတာင္တန္းေပၚမွာ သြားကြဲတဲ့အသံ ၾကားလုိက္ရပါတယ္။

ဒီျဖစ္စဥ္ကိုလည္း ေမာင္ၾသစီက အေသးစိတ္မွတ္တမ္းတင္ထားပါေလရဲ့။ ေရွ႕တန္းထြက္မယ့္ ေက်ာင္း သားေတြရဲ့ လက္နက္ကလည္း စိတ္မခ်ရပါလား။ ဒီလူေတြနဲ႔အတူလုိက္လုိ႔ စိတ္ခ်ရပါ့မလားလို႔ သူ စိတ္ထဲ ေတြးေနေလမလားေတာ့ မသိပါ။ ဒီလုိနဲ႔ ေနာက္တရက္မွာေတာ့ က်ေနာ္တို႔ရဲ့ အမ်ဳိးသားညီ လာခံဆန္႔က်င္ေရး၊ လူထုစည္းရံုးေရး စစ္ေၾကာင္းခရီးစဥ္ကုိ စတင္ပါေတာ့တယ္။


မင္းသမီးစခန္းမွ အက္ဒမန္ပင္လယ္သုိ႔

က်ေနာ္တုိ႔နဲ႔အတူ နုိင္ငံျခားသတင္းေထာက္ပါလာတယ္ဆုိတာကုိ သတင္းေပါက္မွာစုိးတဲ့အတြက္ ည ေနေစာင္းမွ ခရီးစထြက္ပါတယ္။ ညေန ၄ နာရီမွာ တပ္ခဲြရံုးကေန စခြာၿပီး ငါးတက္ရြာေဘာလုံးကြင္း ကုိ ျဖတ္၊ ေရပူရြာေရာက္တဲ့အထိ မုိးကမခ်ဳပ္ေသး။ ၾသစီသတင္းေထာက္ပုံကုိ လူျဖဴမွန္းမသိေအာင္ မ်က္ ႏွာကုိ အုိးမဲသုတ္၊ ေခါင္းကုိဦးထုပ္ အနက္ေဆာင္းထားေပမယ့္ သူ႔အရပ္က က်ေနာ္တုိ႔အားလုံးထက္ ၁ ေပေလာက္ျမင့္ေနေတာ့ ဘယ္လုိမွ ဖုံးကြယ္ထားလုိ႔မရ။ ''အေ၀းကျမင္ႏုိင္သည္'' ဆုိသလို ျဖစ္ေနပါ တယ္။
( ေရွ႕တန္းေရာက္ ABSDF ရဲေဘာ္တခ်ဳိ႕ DVB ေရဒီယုိ နားေထာင္ဖုိ႔ ႀကိဳးစားေနစဥ္)

ဒီတုိင္းဆုိရင္ေတာ့ မျဖစ္ဘူး။ မုိးခ်ဳပ္တဲ့အထိ ဒီမွာ ခဏေစာင့္မယ္လုိ႔ဆုံးျဖတ္ၿပီး စစ္ေၾကာင္းတခုလုံး ''အုိေခါ့'' (ခဏရပ္တာကို ကရင္စကားနဲ႔ ေခၚတာျဖစ္ျပီး ေရွ႕တန္းမွာ ဒီစကားက အေတာ္ေခတ္စားပါ တယ္) လုပ္လုိက္ရပါတယ္။ ညေန ၆ နာရီေက်ာ္မွ ျပည္ျခားရြာထဲ၀င္ၿပီး ရြာစပ္က ေခ်ာင္းနံေဘးရွိ ကြမ္း သီးပင္ေတာထဲမွာ ေနရာယူလုိက္ပါတယ္။ ေမွာင္ေနလို႔ နုိင္ငံျခားသားပါလာတာကို မျမင္ႏုိင္ဘူးဆုိေပ မယ့္ ေခြးေဟာင္လြန္းလို႔ စိတ္ညစ္ရပါတယ္။ အရင္က က်ေနာ္တုိ႔ေက်ာင္းသားေတြခ်ည္းသြားတဲ့ အခ်ိန္ မွာ ေခြးက ဒီေလာက္မေဟာင္ဘဲ အခုမွပုိေဟာင္ေနတာ ထူးျခားတယ္လို႔ ရဲေဘာ္ေတြက ေျပာပါတယ္။

သိပ္ေမွာင္ေနလုိ႔လား မသိ၊ ကြမ္းသီးပင္ႏွစ္ပင္ၾကား စစ္ပုခက္ဆဲြၿပီး အိပ္တဲ့ပုံေတြ၊ ရဲေဘာ္ေတြ ကင္း ေစာင့္ေနတဲ့ပုံေတြကိုေတာ့ ဒီသတင္းေထာက္က သြားမရုိက္ပါဘူး။ ေနာက္တေန႔ မနက္ ၄ နာရီခဲြ ေလာက္မွာ ျပည္ျခားကေန ထား၀ယ္-ပုေလာ ကားလမ္းမကိုျဖတ္ၿပီး ပင္လယ္ဘက္က ရြာတခုဆီ က်ေနာ္တုိ႔ ခ်ီတက္ခဲ့ပါတယ္။ ေမွာင္ေမွာင္မဲမဲထဲမွာ ဘာမွသိပ္မသဲကြဲ။ ေရွ႕က ေလွ်ာက္သြားတဲ့ ရဲ ေဘာ္ရဲ့ ဦးထုပ္က ေရာင္ျပန္ကိုမွန္းၿပီး ေနာက္ကလူကလုိက္။ တဦးနဲ႔တဦး တလံထက္ ပုိမျပတ္ေစနဲ႔။ ပုိျပတ္လုိ႔ က်န္ခဲ့ၿပီး လမ္းမွားသြားရင္ေတာ့ ဒုကၡေရာက္ၿပီလုိ႔သာ မွတ္ေပေတာ့။

ဒါေတြကုိ ဒီသတင္းေထာက္က ႀကိဳသိထားၿပီး ျဖစ္ပုံရပါတယ္။ ေနေရာင္မလာမခ်င္း လုံး၀ ဓာတ္ပုံ မရုိက္ပါ။ ကားလမ္းမကုိေက်ာ္ၿပီး ေတာတန္းတခုကိုျဖတ္အဆင္း အရုဏ္တက္စအခ်ိန္မွာ သူက အေသခ်ာ ေစာင့္ရုိက္ပါေတာ့တယ္။ ေနလုံးကုိ ေနာက္ခံထားၿပီး အဲဒီေနေရာင္ေရွ႕ကေန စစ္ေၾကာင္း တခုလုံးျဖတ္သြားတဲ့ပုံက အေတာ္အသက္၀င္ပါတယ္။ အဲဒီရုိက္ကြက္အၿပီးမွာေတြ႔ရတဲ့ရြာက ကမာအုိင္ ရြာျဖစ္ပါတယ္။ ရြာလယ္စာသင္ေက်ာင္းေဘးက အဘြားအုိတဦးရဲ့ အိမ္ေဘးမွာ စခန္းခ်ၿပီး မနက္စာ အတြက္ က်ေနာ္တို႔ျပင္ပါတယ္။

ရဲေဘာ္တခ်ဳိ႕ ဆန္ႀကိဳး (ေရွ႕တန္းသြားတဲ့အခါ ဆန္ကုိအထုပ္အပုိးနဲ႔ သယ္ရခက္လို႔ အခ်င္း ၃ လက္ မ။ အရွည္ ၃ ေပေလာက္ရွိတဲ့ ပိတ္စနဲ႔ခ်ဳပ္ထားတဲ့ သုိင္းႀကိဳးထဲ ဆန္ထည့္ၿပီး ရဲေဘာ္တဦးစီက တႀကိဳး စီ သယ္သြားရပါတယ္) ထဲက ဆန္ေတြကို အုိးထဲေလာင္းခ်ေနတဲ့ပုံ၊ ေတြ႔သမွ် သစ္ကိုင္းသစ္ခက္ေတြ ေကာက္ယူမီးေမႊးေနတဲ့ပုံ၊ ငရုပ္္သီးေထာင္း၊ ၾကက္သြန္ႏႊာလုပ္ေနတဲ့ပုံု၊ အဲဒီအခ်ိန္မွာ က်ေနာ္တို႔ တာ ၀န္ရွိသူေတြက ေျမပုံၾကည့္၊ ေရဒိီယုိ နားေထာင္ေနပုံ၊ ဘီဘီစီ ျမန္မာပုိင္းကေန ကုလသမဂၢ အတြင္း ေရးမႉးခ်ဳပ္ ဘုထ႐ို႕ ဘုထ႐ို႕ ဂါလီက ျမန္မာ့ဒီမုိကေရစီအေရးအတြက္ ဘာေျပာတဲ့ဆုိတဲ့ အသံေတြကို ေမာင္သတင္းေထာက္က မွတ္တမ္းတင္ ထားပါတယ္။   

မနက္စာစားၿပီး ခရီးဆက္ထြက္လာေတာ့ လယ္ထဲကုန္းဆုိတဲ့ ရြာငယ္ေလးတခုကုိ ေတြ႔ရပါတယ္။ အဲဒီ ရြာအျပင္က လယ္ကြင္းျပင္ႀကီးတခုကိုျဖတ္ရၿပီး စပါးကို သဘာ၀ေလနဲ႔ သန္႔စင္ေအာင္လုပ္ေနၾကတဲ့ လယ္သူမတစုကုိေတြ႔ရပါတယ္။ အဲဒီစပါးပုံေရွ႕ကေန ေက်ာင္းသားရဲေဘာ္ေတြျဖတ္သြားတဲ့ပုံနဲ႔ စပါး လြင့္ေနပုံ၊ လယ္ေတာေနာက္ခံပုံေတြ ပါေအာင္ရုိက္ႏုိင္တဲ့ သတင္းေထာက္အျမင္ကို က်ေနာ္ခ်ီးက်ဴးမိ ပါတယ္။ အဲဒီလယ္ကြင္းအေက်ာ္မွာေတာ့့ ပင္လယ္ေရတက္ခ်ိန္မို႔ ဗြက္အုိင္ႀကီးျဖစ္ေနတဲ့ လမုေတာလုိ ေနရာတခုကိုျဖတ္၊ ေနာက္ထပ္ရုိးျပတ္လယ္ကြင္းတခုကို ေက်ာ္ၿပီးတဲ့အခါမွာေတာ့ က်ေနာ္တို႔ခရီးစဥ္ရဲ့ ဒီေန႔အတြက္ ဦးတည္ခ်က္ အက္ဒမန္ပင္လယ္ေဘးက လိပ္ဥေသာင္ေက်းရြာကို ေရာက္လာပါတယ္။    ။
...................................................................................



က်ေနာ္တုိ႔နဲ့အတူ ခရီးထြက္ခဲ့သူ ၾသစေတလ်  ဗီြဒီယုိ-ဂ်ာနယ္လစ္ ရုိက္ထားတဲ့ ရုပ္-သံ မွတ္တန္းကို ေဟာဒီမွာ ၾကည့္နုိင္ပါတယ္...



===================================================


Documentary မှတ်တမ်း-ရုပ်သံ ဆိုတာ

အဲဒီလို လှေစီးလိုက်၊ လှေက လူကိုပြန်စီးလိုက်နဲ့ မောထာ၊ အောင်သာဝရရွာတွေကို ဖြတ်ပြီးတဲ့နောက် KNU တပ်ခွဲတခုအခြေစိုက်တဲ့ ကစီထာရွာဆီ ကျနော်တို့ရောက်လာပါတယ်။ ကစီထာချောင်းဘေးက ကုန်သည်စခန်းထောက်မှာ တညအိပ်ပြီးတဲ့နောက် ငါးတက်-ပြည်ခြားရွာတွေဆီ ကုန်းကြောင်းလျှောက် တာက တညအိပ် ၂ ရက် ကြာပါတယ်။ ချောင်းငယ်အတန်တန် ကိုဖြတ်ရတာ၊ မိုးထဲရေထဲ ကျွတ်တွယ် တာ၊ ဘောင်းဘီပွန်းလို့ လမ်းလျှောက်ရခက်တာ၊ မိုးရွာထဲ မီးမွေးပြီး ထမင်းချက်ရတာတွေကိုတော့ စာ မဖွဲ့ချင်တော့ပါဘူး။  


(ကင်မရာလွယ်ပြိး ရှေ့တန်းသွားနေတဲ့ စစ်ကြောင်းမှူ း သတင်းထောက်)

ကျနော်က စာမဖွဲ့ချင်ဘူးဆိုပေမယ့် ကိုရွှေသတင်းထောက်ကတော့ တွေ့သမျှအားလုံးကို ဗွီဒီယို ကင် မရာနဲ့ မှတ်တမ်းတင်နေပါတယ်။ မင်းသမီးစခန်းက မထွက်ခင် စစ်ကြောင်းအတွက် လက်နက်ခဲယမ်း စုကတည်းက ကျည်မလောက်လို့ ကျည်ဟောင်းတွေကို သံပတ်နဲ့ပွတ်တိုက်နေရတဲ့ပုံတွေ၊ ငှက်ဖျားမိ လို့ ဆေးရုံတင်ထားရတဲ့ကလေးငယ်တွေ၊ ကလေးတွဲလောင်းနဲ့ တပ်တွင်းအစည်းအဝေးဆီ တက်လာ ကြတဲ့ မိသားစုတွေ။ ပြီးတော့ တနင်္သာရီမြစ်ကြောင်းတလျှောက်ကြုံခဲ့ရတဲ့ လှေမြုပ်တော့ မလိုလိုအဖြစ် ပျက်တွေ၊ ဆန်ကြိုးထဲက ဆန်ကိုဖြည်ပြီး တောတွင်းမှာဖြစ်သလို ချက်စားတဲ့အခြေနေ၊ ချောင်းထဲမှာ ငါးဖမ်းတဲ့အခြေနေတွေဟာ သူရဲ့အဓိက ရိုက်ကွက်တွေပေါ့။

ကျနော်က DVB တောတွင်းသတင်းထောက်နဲ့ ABSDF တောင်ပိုင်း ပြန်ကြားရေးတာဝန်ခံဆိုပေမယ့် လွတ်လပ်တဲ့ သတင်းထောက်တဦးရဲ့အမြင်ကို သိပ်နားမလည်သေးပါ။ တည့်တည့်ပြောရမယ်ဆိုရင် တော့ ဗဟိုသတင်းစဉ်တို့၊ မြန်မာ့အလင်းတို့နဲ့ ကြီးပြင်းလာသူဆိုတော့ ကိုယ့်အဖွဲ့အကြောင်း သူများကို ပြမယ်ဆိုရင် ဒီလိုအားနည်းချက်တွေကိုမရိုက်သင့်၊ မပြသင့်ဘူးလို့ထင်နေဆဲပါ။ ဦးဟန်လင်းအပါဝင် ဗဟိုပြန်ကြားရေးအဖွဲ့က ထုတ်သမျှဇာတ်လမ်းတွေထဲမှာလည်း ဒီလိုအားနည်းချက်တွေကို ထည့်သွင်း ရိုက်ပြတာ တခါမှမတွေ့ဖူးတော့ ဒီ သြစီသတင်းထောက်က ဘာကြောင်တာလဲဆိုပြီးတောင် တွေးနေ မိပါတယ်။ 

ဒါပေမယ့် ကျနော်ဘန်ကောက်ရောက်ပြီး သတင်းထောက်သင်တန်းတက်၊ နိုင်ငံခြားသတင်းထောက် တွေ နဲ့တွေ့ခွင့်ရပြီးမှ Documentary မှတ်တမ်း ရုပ်သံဆိုတာဟာ အဖြစ်မှန်တွေကို အရှိအတိုင်း ရိုက်ပြရကောင်းမှန်း သိလာပါတယ်။ အဲဒီအချိန်ကျမှ သြစီသတင်းထောက်ရဲ့တွေ့သမျှ ရိုက်နေတာကို သဘောပေါက်ပါတော့တယ်။ နောက်တခါ ဒီအဖြစ်ပျက်တွေက ကျနော်တို့အဖို့ နေစဉ်ကြုံနေကြမို့ ဘာ မှမထူးပေမယ့် သူ့လိုနိုင်ငံခြားသတင်းထောက်တဦးအတွက်က အခုမှ ပထမဆုံး ထူးထူးခြားခြားမြင်ဖူး တဲ့ တောတွင်း အတွေ့အကြုံတွေ မဟုတ်ပါလား။

ဒီလိုနဲ့ ကျနော်တို့ စစ်ကြောင်းဟာ ပုလောမြို့နယ် ငါးတက်ရွာဘောလုံးကွင်းနဲ့ သိပ်မဝေးတဲ့ တော တွင်းတနေရာရှိ တပ်ခွဲမှူး ဗိုလ်လှဦးအိမ်လည်းဖြစ်၊ တပ်ခွဲရုံးစိုက်ရာနေရာလည်းဖြစ်တဲ့ တဲအိမ် ၃ လုံး ရှိရာ စမ်းချောင်းလေးနံဘေးဆီ ရောက်လာပါတယ်။ ခြေကုန်လက်ပန်းကျနေတဲ့ ကျနော်တို့အားလုံး အဲဒီစမ်းချောင်းထဲဆင်းပြီး ရေကူး၊ ရေချိုးလုပ်နေတာကိုလည်း ဒီသတင်းထောက်က အလွတ်မပေး။ ဒီရေကိုချိုး၊ ဒီရေထဲမှာပဲ အဝတ်လျှော်၊ ဒီရေကိုပဲ သောက်လာခဲ့တာ နှစ်ပေါင်း ဘယ်နည်းတော့မလဲ။ ဒါ ပေမယ့် နိုင်ငံခြားသားတဦးရဲ့အမြင်မှာတော့ သောက်ရေနဲ့သုံးရေ တနေရာတည်းဖြစ်နေတာဟာ အထူး အဆန်းပေါ့။

သူပုန်မှာလည်း နလုံးသားနဲ့ပါ

သူ့အတွက် ပိုထူးဆန်းနေတာက ကျနော်တို့ထဲက ဆေးမှူးတဦးဖြစ်တဲ့ ကိုချိုတူး (ပုသိမ်ကောလိပ်မှ) နဲ့ ဒေသခံ ကရင်ရွာသူတဦးတို့ရဲ့ မင်္ဂလာပွဲပါ။ ကျနော်တို့ရဲဘော်တွေ ဒေသခံအမျိုးသမီးတွေနဲ့ ဒီလိုပဲ မင်္ဂ လာဆောင်လာတာ ဘယ်နည်းတော့မလဲ၊ ဘာထူးလို့လဲပေါ့။ ဒါပေမယ့် နိုင်ငံခြားသားတဦးအမြင်မှာ တော့ ကျနော်တို့ဟာ တောထဲကလက်နက်ကိုင်သူပုန်တွေ။ တိုက်မယ်ခိုက်မယ်ဆိုပြီး စိတ်ကြမ်းဝင်နေ သူတွေဆိုတော့ ဒီလို နှလုံးသားကိစ္စတွေ၊ အချစ်ကိစ္စတွေကို အရေးပေးလိမ့်မယ်လု့ိ သူ ထင်ထားပုံ မရပါ။ ဒီမင်္ဂလာပွဲကို သူက အသေချာမှတ်တမ်းတင်ချင်ပေမယ့် လုံခြုံရေးအခြေနေအရ သူ့ကို ရိုက်ခွင့် မပြုနိုင်ခဲ့ပါ။

လုံခြုံရေးအခြေနေဆိုတာက ဒီပွဲကိုမှတ်တမ်းရိုက်ခွင့် မပြုနိုင်တာမဟုတ်။ နိုင်ငံခြားသားတဦး ကျနော် တို့နဲ့အတူရှိနေတယ်ဆိုတာကို ဒေသခံတွေမြင်သွားမှာစိုးလို့၊ ကျနော်တို့စစ်ကြောင်း ရှေ့တန်းခရီး မထွက်ခင်မှာ သတင်းမပေါက်ကြားစေချင်လို့ ဖြစ်ပါတယ်။ ဒီတော့ မင်္ဂလာပွဲရှိတဲ့ရက်မှာ သူ့ကို တော တွင်းတနေရာမှာဝှက်ထားရပြီး ကျနော်က သူ့ကိုယ်စား ကင်မရာရိုက်ပေးရပါတယ်။ စစ်ကြောင်းမှူး တာဝန်ယူထားသူဆိုတော့ မင်္ဂလာပွဲမှာလည်း ရှေ့စားပွဲမှာထိုင်ပြီး သြဝါဒပေးရပါသေးတယ်။ အဲဒီလို သြဝါဒပေးရင်းနဲ့ ကင်မရာကိုင်ရိုက်နေတာဆိုတော့ သိပ်တော့ သဘာဝမကျလှပါ။

ထုံးစံအတိုင်း ဘာသင်တန်းမှ မရှိသေးဘူးဆိုတော့ အရပ် ၄ မျက်နှာလှည့်ပတ်ပြီး ကောင်းမယ်ထင်တာ တွေ ရိုက်ခဲ့ပေါ့။ အမှန်တိုင်းဝန်ခံရရင် ဗွီဒီယိုဆိုတာ ပုံတွေလှုပ်နေရမယ်လို့ပဲ အဲဒီအချိန်ထိ ကျနော်က ထင်ထားတာဆိုတော့ ကင်မရာကို တချက်မှငြိမ်ငြိမ်မထားပါ။ ဒီကြားထဲ Zoom ကိုလည်း ကစားလိုက် ပါသေးတယ်။ နောက်ပိုင်းကျမှ ပြန်သိရတာက ဗွီဒီယိုဆိုတာ ဒီလိုလျှောက်ရိုက်လို့သင့်တဲ့ အမျိုး မ ဟုတ်။ ပစ်မှတ်တခုကို အနည်းဆုံး ၁၀ စက္ကန့်ဝန်းကျင်ကြာအောင် ငြိမ်ရိုက်ဖု့ိလိုပါတယ်။ အဲဒီလိုရိုက် ထားမှ အက်ဒစ်လုပ်တာ၊ ဖြတ်တောက်တာ လွယ်တယ်လို့ ဆရာတွေက ဆိုပါတယ်။ ပြီးတော့ Zoom ကစားတာကို လုံးဝရှောင်ဖို့၊ ဖြစ်နိုင်ရင် သုံးချောင်းထောက်တိုင် (Tripod) ကို မပျက်မကွက်သုံးဖို့၊ Tripod မသုံးဘဲ Zoom ကစားတာတွေ့ရင် လက်ညှိုးဖြတ်ပစ်မယ်လို့တောင် သင်တန်းဆရာတယောက် က ပြောဖူးတာ ကျနော်အမှတ်ရနေပါတယ်။

နောက်တခါ စတိုရီတခုအတွက် အခြေခံရိုက်ကွက် ၅ ခုပါဖို့လိုကြောင်း၊ အဲဒါတွေကတော့ အနီးကပ် ရိုက်ချက် (Close up)၊ အလယ်အလတ် ရိုက်ချက် (Medium shot)၊ မြင်ကွင်းကျယ်ရိုက်ချက် (Wide shot)၊ သရုပ်ဖော်ရိုက်ချက် (Establishing shot) နဲ့ ပခုံးကျော် ရိုက်ချက် (Over the shoulder shot) တို့ ဖြစ်တယ်လို့ အဲဒီဆရာက ရှင်းပြပါတယ်။

အဲဒါက နောက်ပိုင်း ကင်မရာသင်တန်းတက်မှ သိလာတာတွေပါ။ လောလောဆယ်တော့ ဘာမှမသိရင် ဘာမှမဖြစ်ဘူးဆိုတဲ့အတိုင်း မသိသူအချင်းချင်းကြားမှာ ကင်မရာကိုင်ပြီး ဟန်ရေးပြခဲ့တယ်ဆိုပါတော့။ မင်္ဂလာပွဲနောက်တရက်မှာတော့ ရှေ့တန်းထွက်မိန့်ခွန်းပြောရင်းနဲ့ လက်ရှိနိုင်ငံရေးအခြေနေ ဆွေးနွေး ပွဲတခုကို အဲဒီစမ်းချောင်းလေးဘေးမှာ ကျနော်တို့ပြုလုပ်ခဲ့ပါတယ်။ သတိဆွဲပြီး အလေးပြုချိန်၊ သစ္စာ ၄ ချက်ဆိုချိန်တို့မှာ စနစ်ကျခဲ့သလောက် ဆွေးနွေးပွဲလည်းကျရော ရဲဘော်တွေက ဖောက်ပါလေရော။ တကယ်တော့ ဖောက်တာမဟုတ်ပါဘူး။ လူငယ်တွေရဲ့သဘာ၀ သို့မဟုတ် ကျောင်းသားတွေရဲ့သဘာ၀ အတိုင်း ကျောင်းကအကျင့်တွေက တောထဲကစစ်သားဘဝရောက်တဲ့အထိ မပျောက်သေးတဲ့ သဘော ပါ။

စည်းရုံးရေးမှူးကိုကျော်ကျော်က နဝတရဲ့ အမျိုးသားညီလာခံကို အဆင့်တိုင်း အဆင့်တိုင်းမှာ ဘယ်လို ဘယ်ပုံတိုက်ဖျက်ရမယ်ဆိုပြီး အားပါးတရ ဟောပြောနေစဉ်မှာ နောက်ဘက်နားက ရဲဘော်တွေက တယောက်နောက်ကျောမှာ တယောက်စာကပ်ပြီး အချင်းချင်း ဆော့နေကြပါတယ်။ ကျနော်ဆို ဒီရိုက် ကွက်မျိုးကို ဘယ်ထည့်ပါ့မလဲ။ ဒါပေမယ့် နိုင်ငံခြားသတင်းထောက်တဦးအတွက်ကတော့ ဒါဟာ ကျောင်းသားစစ်သည်တော်တွေရဲ့ သရုပ်မှန်ကို ဖော်နိုင်တဲ့ ပြကွက်တခုပေါ့။ 

နောက်တကွက်က ပစ်မထွက်တဲ့ လက်နက်ကြီးအကြောင်း။ အဲဒီ ဆွေးနွေးပွဲအပြီးမှာတော့ KNU ဆီက ငှားလာတဲ့ ၆၀ မမ လက်နက်ကြီးတလက်ကို ကျနော်တို့ စမ်းသပ်ပစ်ကြည့်ပါတယ်။ အိုဟောင်းနေတဲ့ ၆၀ မမ ဗုံးသီးက စိန်ပြောင်းထဲကနေ ပြန်ထွက်မလာပါဘူး။ အဲဒါမှ ဒုက္ခ။ အပြင်ကိုမထွက်ဘဲ အထဲမှာ ကွဲသွားရင် ဘေးမှာဝိုင်းအုံနေသူတွေ ထိလိမ့်မယ်။ ဘေးကိုဖယ်ကြလို့အော်ပြီး တယောက်က ၆၀ မမ ကိုကိုင်ကာ အသီးကို ပြန်ဆွဲထုတ်ရပါတယ်။ ပြီးတော့ နောက်တလုံးထည့်တော့လည်း ဒီလိုပဲ မကွဲပြန် ဘူး။ တပ်ရင်းကနေ ကျနော်တို့သယ်လာတဲ့ ဗုံးသီးအသစ်တလုံးကိုထည့်လိုက်မှပဲ 'ဖျူး'... ဆိုထွက် သွားပြီး တောင်တန်းပေါ်မှာ သွားကွဲတဲ့အသံ ကြားလိုက်ရပါတယ်။

ဒီဖြစ်စဉ်ကိုလည်း မောင်သြစီက အသေးစိတ်မှတ်တမ်းတင်ထားပါလေရဲ့။ ရှေ့တန်းထွက်မယ့် ကျောင်း သားတွေရဲ့ လက်နက်ကလည်း စိတ်မချရပါလား။ ဒီလူတွေနဲ့အတူလိုက်လို့ စိတ်ချရပါ့မလားလို့ သူ စိတ်ထဲ တွေးနေလေမလားတော့ မသိပါ။ ဒီလိုနဲ့ နောက်တရက်မှာတော့ ကျနော်တို့ရဲ့ အမျိုးသားညီ လာခံဆန့်ကျင်ရေး၊ လူထုစည်းရုံးရေး စစ်ကြောင်းခရီးစဉ်ကို စတင်ပါတော့တယ်။


မင်းသမီးစခန်းမှ အက်ဒမန်ပင်လယ်သို့

ကျနော်တို့နဲ့အတူ နိုင်ငံခြားသတင်းထောက်ပါလာတယ်ဆိုတာကို သတင်းပေါက်မှာစိုးတဲ့အတွက် ည နေစောင်းမှ ခရီးစထွက်ပါတယ်။ ညနေ ၄ နာရီမှာ တပ်ခွဲရုံးကနေ စခွာပြီး ငါးတက်ရွာဘောလုံးကွင်း ကို ဖြတ်၊ ရေပူရွာရောက်တဲ့အထိ မိုးကမချုပ်သေး။ သြစီသတင်းထောက်ပုံကို လူဖြူမှန်းမသိအောင် မျက် နှာကို အိုးမဲသုတ်၊ ခေါင်းကိုဦးထုပ် အနက်ဆောင်းထားပေမယ့် သူ့အရပ်က ကျနော်တို့အားလုံးထက် ၁ ပေလောက်မြင့်နေတော့ ဘယ်လိုမှ ဖုံးကွယ်ထားလို့မရ။ ''အဝေးကမြင်နိုင်သည်'' ဆိုသလို ဖြစ်နေပါ တယ်။

( ရှေ့တန်းရောက် ABSDF ရဲဘော်တချို့ DVB ရေဒီယို နားထောင်ဖို့ ကြိုးစားနေစဉ်)

ဒီတိုင်းဆိုရင်တော့ မဖြစ်ဘူး။ မိုးချုပ်တဲ့အထိ ဒီမှာ ခဏစောင့်မယ်လို့ဆုံးဖြတ်ပြီး စစ်ကြောင်းတခုလုံး ''အိုခေါ့'' (ခဏရပ်တာကို ကရင်စကားနဲ့ ခေါ်တာဖြစ်ပြီး ရှေ့တန်းမှာ ဒီစကားက အတော်ခေတ်စားပါ တယ်) လုပ်လိုက်ရပါတယ်။ ညနေ ၆ နာရီကျော်မှ ပြည်ခြားရွာထဲဝင်ပြီး ရွာစပ်က ချောင်းနံဘေးရှိ ကွမ်း သီးပင်တောထဲမှာ နေရာယူလိုက်ပါတယ်။ မှောင်နေလို့ နိုင်ငံခြားသားပါလာတာကို မမြင်နိုင်ဘူးဆိုပေ မယ့် ခွေးဟောင်လွန်းလို့ စိတ်ညစ်ရပါတယ်။ အရင်က ကျနော်တို့ကျောင်းသားတွေချည်းသွားတဲ့ အချိန် မှာ ခွေးက ဒီလောက်မဟောင်ဘဲ အခုမှပိုဟောင်နေတာ ထူးခြားတယ်လို့ ရဲဘော်တွေက ပြောပါတယ်။

သိပ်မှောင်နေလို့လား မသိ၊ ကွမ်းသီးပင်နှစ်ပင်ကြား စစ်ပုခက်ဆွဲပြီး အိပ်တဲ့ပုံတွေ၊ ရဲဘော်တွေ ကင်း စောင့်နေတဲ့ပုံတွေကိုတော့ ဒီသတင်းထောက်က သွားမရိုက်ပါဘူး။ နောက်တနေ့ မနက် ၄ နာရီခွဲ လောက်မှာ ပြည်ခြားကနေ ထားဝယ်-ပုလော ကားလမ်းမကိုဖြတ်ပြီး ပင်လယ်ဘက်က ရွာတခုဆီ ကျနော်တို့ ချီတက်ခဲ့ပါတယ်။ မှောင်မှောင်မဲမဲထဲမှာ ဘာမှသိပ်မသဲကွဲ။ ရှေ့က လျှောက်သွားတဲ့ ရဲ ဘော်ရဲ့ ဦးထုပ်က ရောင်ပြန်ကိုမှန်းပြီး နောက်ကလူကလိုက်။ တဦးနဲ့တဦး တလံထက် ပိုမပြတ်စေနဲ့။ ပိုပြတ်လို့ ကျန်ခဲ့ပြီး လမ်းမှားသွားရင်တော့ ဒုက္ခရောက်ပြီလို့သာ မှတ်ပေတော့။

ဒါတွေကို ဒီသတင်းထောက်က ကြိုသိထားပြီး ဖြစ်ပုံရပါတယ်။ နေရောင်မလာမချင်း လုံး၀ ဓာတ်ပုံ မရိုက်ပါ။ ကားလမ်းမကိုကျော်ပြီး တောတန်းတခုကိုဖြတ်အဆင်း အရုဏ်တက်စအချိန်မှာ သူက အသေချာ စောင့်ရိုက်ပါတော့တယ်။ နေလုံးကို နောက်ခံထားပြီး အဲဒီနေရောင်ရှေ့ကနေ စစ်ကြောင်း တခုလုံးဖြတ်သွားတဲ့ပုံက အတော်အသက်ဝင်ပါတယ်။ အဲဒီရိုက်ကွက်အပြီးမှာတွေ့ရတဲ့ရွာက ကမာအိုင် ရွာဖြစ်ပါတယ်။ ရွာလယ်စာသင်ကျောင်းဘေးက အဘွားအိုတဦးရဲ့ အိမ်ဘေးမှာ စခန်းချပြီး မနက်စာ အတွက် ကျနော်တို့ပြင်ပါတယ်။

ရဲဘော်တချို့ ဆန်ကြိုး (ရှေ့တန်းသွားတဲ့အခါ ဆန်ကိုအထုပ်အပိုးနဲ့ သယ်ရခက်လို့ အချင်း ၃ လက် မ။ အရှည် ၃ ပေလောက်ရှိတဲ့ ပိတ်စနဲ့ချုပ်ထားတဲ့ သိုင်းကြိုးထဲ ဆန်ထည့်ပြီး ရဲဘော်တဦးစီက တကြိုး စီ သယ်သွားရပါတယ်) ထဲက ဆန်တွေကို အိုးထဲလောင်းချနေတဲ့ပုံ၊ တွေ့သမျှ သစ်ကိုင်းသစ်ခက်တွေ ကောက်ယူမီးမွှေးနေတဲ့ပုံ၊ ငရုပ်သီးထောင်း၊ ကြက်သွန်နွှာလုပ်နေတဲ့ပုံ၊ အဲဒီအချိန်မှာ ကျနော်တို့ တာ ဝန်ရှိသူတွေက မြေပုံကြည့်၊ ရေဒီယို နားထောင်နေပုံ၊ ဘီဘီစီ မြန်မာပိုင်းကနေ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘုထရို့ ဘုထရို့ ဂါလီက မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘာပြောတဲ့ဆိုတဲ့ အသံတွေကို မောင်သတင်းထောက်က မှတ်တမ်းတင် ထားပါတယ်။    

မနက်စာစားပြီး ခရီးဆက်ထွက်လာတော့ လယ်ထဲကုန်းဆိုတဲ့ ရွာငယ်လေးတခုကို တွေ့ရပါတယ်။ အဲဒီ ရွာအပြင်က လယ်ကွင်းပြင်ကြီးတခုကိုဖြတ်ရပြီး စပါးကို သဘာဝလေနဲ့ သန့်စင်အောင်လုပ်နေကြတဲ့ လယ်သူမတစုကိုတွေ့ရပါတယ်။ အဲဒီစပါးပုံရှေ့ကနေ ကျောင်းသားရဲဘော်တွေဖြတ်သွားတဲ့ပုံနဲ့ စပါး လွင့်နေပုံ၊ လယ်တောနောက်ခံပုံတွေ ပါအောင်ရိုက်နိုင်တဲ့ သတင်းထောက်အမြင်ကို ကျနော်ချီးကျူးမိ ပါတယ်။ အဲဒီလယ်ကွင်းအကျော်မှာတော့ ပင်လယ်ရေတက်ချိန်မို့ ဗွက်အိုင်ကြီးဖြစ်နေတဲ့ လမုတောလို နေရာတခုကိုဖြတ်၊ နောက်ထပ်ရိုးပြတ်လယ်ကွင်းတခုကို ကျော်ပြီးတဲ့အခါမှာတော့ ကျနော်တို့ခရီးစဉ်ရဲ့ ဒီနေ့အတွက် ဦးတည်ချက် အက်ဒမန်ပင်လယ်ဘေးက လိပ်ဥသောင်ကျေးရွာကို ရောက်လာပါတယ်။    ။
...................................................................................



ကျနော်တို့နဲ့အတူ ခရီးထွက်ခဲ့သူ သြစတေလျ  ဗွီဒီယို-ဂျာနယ်လစ် ရိုက်ထားတဲ့ ရုပ်-သံ မှတ်တန်းကို ဟောဒီမှာ ကြည့်နိုင်ပါတယ်...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More