DVB စတင္ေပၚေပါက္လာျခင္း
မွတ္တန္းေတြအရ DVB ဒီမုိကရက္တစ္ျမန္မာ့အသံ စတင္အသံလႊင့္တဲ့ေန႔ဟာ ၁၉၉၂ ခုနွစ္ ဇူလုိင္လ ၁၉ ရက္ေန႔ (အာဇာနည္ေန႔) ျဖစ္ပါတယ္။ သူပုန္ဌာနခ်ဳပ္တည္ရွိရာ မာနယ္ပေလာ ေတာတြင္း စတူဒီ ယုိကေန ထုတ္လုပ္ၿပီး အသံသြင္းတိတ္ေခြနဲ႔ ႀကဳိတင္ေပးပုိ႔ထားတဲ့ မိနစ္ ၃၀ စာ သတင္းနဲ႔ေဆာင္းပါး ေတြ ကို ေနာ္ေ၀းႏုိင္ငံ ေအာ္စလုိရံုးကတဆင့္ ငွားရမ္းထားတဲ့ အသံလႊင့္ဌာန (Kvitsøy ကြ်န္း။ ေနာ္ေ၀း ေတာင္ ပုိင္း Stavanger ၿမိဳ့ျပင္ ပင္လယ္ျပင္ထဲ) ဆီေပးပုိ႔ၿပီး အဲဒီညမွာ စတင္ထုတ္လႊင့္ခဲ့တာလုိ႔ ၀န္ ထမ္းေဟာင္းေတြ ရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။
( From left:
Francis Sejersted, Chairman of the Norwegian Nobel Committee, Alexander
and Kim Aris, sons of Aung San Suu Kyi, with her Nobel Medal and
Diploma, and Aung San Suu Kyi's husband, Michael Aris, at the 1991 Nobel
Peace Prize Ceremony. Copyright © Norsk Rikskringkasting AS 2012)။
ဒါေပမယ့္ အသံလႈိင္းအားမေကာင္းတဲ့အတြက္ ပထမဆုံး အသံလႊင့္ခ်က္ကုိ ဖမ္းယူနားဆင္ႏုိင္သူ အေတာ္နည္းခဲ့တယ္လုိ႔ အဲဒီအသံလႊင့္ခ်က္ကုိ မာနယ္ပေလာကေန အေသခ်ာဖမ္းယူနားဆင္ဖုိ႔ ႀကိဳးစားခဲ့ သူ DVB ၀န္ထမ္းေဟာင္း ကုိစုိး၀င္းညိဳ (၂၀၀၇ မွာ ကြယ္လြန္) ေျပာဖူးတာကုိ က်ေနာ္အမွတ္ရေနပါ တယ္။ က်ေနာ္အပါ၀င္ ABSDF ရဲေဘာ္အေတာ္မ်ားမ်ားကေတာ့ ပထမ ဆုံး အသံလႊင့္ခ်က္ကုိ ဖမ္းယူ နားဆင္ႏုိင္ျခင္းမရွိပါဘူး။ အဲဒီကာလဟာ ABSDF တြင္း အကြဲအၿပဲေတြ ျပင္းထန္ေနဆဲျဖစ္တဲ့အတြက္ DVB ကုိ ေတာတြင္းကေက်ာင္းသားေတြ သိပ္စိတ္၀င္စားမႈ မရွိေသးဘူးလုိ႔ ထင္ပါတယ္။
က်ေနာ္ ေနာ္ေ၀းကိုေရာက္ၿပီးေနာက္ သိရတဲ့အခ်က္လက္ေတြအရဆုိရင္ DVB ျဖစ္ေပၚလာျခင္းဟာ ႏုိဘယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆက္စပ္ေနပါတယ္။
အဲဒီကာလက အက်ယ္ ခ်ဳပ္က်ခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၁၉၉၁ မွာ ေနာ္ေ၀းႏုိင္ငံကခ်ီးျမႇင့္တဲ့ နုိဘယ္လ္ၿငိမ္းခ်မ္း ေရးဆု ရရွိသြားပါတယ္။ အဲဒီဆုေပးပြဲဆီ တက္ေရာက္လာတဲ့ စင္ၿပဳိင္အစိုးရ ၀န္ႀကီးခ်ဳပ္ ေဒါက္တာ စိန္၀င္းတုိ႔အဖြဲ႔၊ ေနာက္တခါ ျမန္မာ့ဒီမုိကေရစီအေရး ကူညီအားေပးေနတဲ့ NBC ေခၚ ေနာ္ေ၀း-ျမန္မာ ေကာ္မတီမွ မစၥတာဂူလႊိဳင္း (Havard Kåre Kuløy) နဲ႔ ေနာ္ေ၀းႏုိင္ငံေရး အသိုင္းအ၀ုိင္းက ပုဂၢိဳလ္ေတြ ေဆြးေႏြးမိရာကေန ျမန္မာ့ဒီမုိကေရစီအင္အားစုေတြအတြက္ အသံလႊင့္ဌာနတခု လုပ္ေပးရင္ေကာင္း မယ္ဆုိၿပီး ေနာ္ေ၀းအစိုးရက သေဘာတူလုိက္တာလုိ႔ ဆုိပါတယ္။
က်ေနာ္လက္လွမ္းမီသမွ် သိရွိရသေလာက္ကေတာ့ DVB ဟာ ပထမဆုံးေပၚေပါက္လာတဲ့ သူပုန္ အသံလႊင့္ဌာနမဟုတ္ပါဘူး။ ဒါေပမယ့္ ပထမဆုံးေပၚေပါက္လာတဲ့ ႏုိင္ငံျခားအေျခစိုက္ သူပုန္အသံ လႊင့္ဌာနလုိ႔ေတာ့ ေျပာႏုိင္မယ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ သူ႔အရင္ေပၚခဲ့တဲ့ သူပုန္အသံလႊင့္ဌာ နအားလုံးဟာ ျပည္တြင္းမွာအေျခစိုက္ျပီး DVB တခုပဲ ထူးထူးျခားျခား ျပည္ပမွာ၊ ျမန္မာႏုိင္ငံနဲ႔ မုိင္ ေပါင္းမ်ားစြာေ၀းတဲ့အရပ္မွာမွာ အေျခစုိက္ခဲ့တာျဖစ္ပါတယ္။
ျမန္မာႏုိင္ငံရဲ့ အေစာဆုံးနဲ႔ အင္အားအႀကီးဆုံး သူပုန္အဖဲြ႔ျဖစ္တဲ့ ဗမာျပည္ကြန္ျမဴနစ္ပါတီဟာ ၁၉၇၁ ခု နွစ္ မတ္လက ''ျပည္သူ႔အသံ'' People’s Voice of Burma ကုိ တရုတ္-ျမန္မာနယ္စပ္ ''၀'' ေတာင္တန္းကေန စတင္အသံလႊင့္ခဲ့တယ္လုိ႔ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ တခါ ၀န္ႀကီးခ်ဳပ္ ေဟာင္း ဦးႏု ဦးေဆာင္တဲ့ ျပည္သူ႔ျပည္ခ်စ္ပါတီနဲ႔ မဟာမိတ္အဖြဲ႔ေတြကလည္း သူတုိ႔ရဲ့ၾသဇာအႀကီးဆုံး ကာလ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာ ''ျပည္ခ်စ္အသံ'' ကုိ ထုိင္း-ျမန္မာနယ္စပ္ ေတာင္တန္းေပၚကေန ထုတ္လႊင့္ခဲ့ပါတယ္။ အလားတူ KNU ကရင့္အမ်ဳိးသားအစည္းရံုးကလည္း ၁၉၈၀ ျပည့္လြန္ႏွစ္ေတြမွာ ''ေကာ္သူးေလအသံ'' အျဖစ္ ထုတ္လႊင့္ခဲ့ဖူးတယ္လုိ႔ သိရပါတယ္။
ဒါေပမယ့္ ဒီအသံလႊင့္ဌာနအားလုံးဟာ သူပုန္အဖြဲ႔ေတြရဲ့ အင္အားနဲ႔ နယ္ေျမထိန္္းခ်ဳပ္ႏုိိင္မႈေပၚလည္း မူ တည္ေနၿပီး အသံလႊင့္ဌာနရွိရာအရပ္ဆီ အစိုးရတပ္ဘက္က ထုိးစစ္ဆင္လာတဲ့အခ်ိန္မွာ အသံလႊင့္ လုပ္ငန္းေတြ ရပ္ဆုိင္းသြားခဲ့ရတယ္လုိ႔ မွတ္တမ္းေတြက ဆုိပါတယ္။ ဒါေပမယ့္ DVB ကေတာ့ သူပုန္ နယ္မွာ အေျခစုိက္တာမဟုတ္ဘဲ ေနာ္ေ၀းမွာအေျခစိုက္ၿပီး ဥေရာပနဲ႔ အာဖရိကရွိ အသံလႊင့္ရံုေတြက ေနတဆင့္ ထုတ္လႊင့္တာေၾကာင့္ မာနယ္ပေလာအပါ၀င္ နယ္စပ္က သူပုန္စခန္းေတြ က်သြားေပမယ့္ DVB အသံလႊင့္မႈကေတာ့ အခုခ်ိန္ထိ ပုံမွန္အတုိင္း ဆက္သြားေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။
(မွတ္ခ်က္- ၂၀၁၃ ခုနွစ္ ႏုိ၀င္ဘာလမွာေတာ့ ေျပာင္းလဲလာေနတဲ့နုိင္ငံေရးအေျခေနအရ DVB ဟာ ေနာ္ေ၀းႏုိင္ငံကေန ျမန္မာနုိင္ငံဆီအျပီးပုိင္ ထြက္ခြာသြားၿပီ ျဖစ္ပါတယ္)။
ဆြဲခန္႔ သတင္းေထာက္ရဲ့ ပထမဆုံး သတင္းေပးပုိ႔ခ်က္
အမွန္တုိင္း၀န္ခံရရင္ သတင္းေထာက္ျဖစ္တဲ့အခ်ိန္ထိ သတင္းစာပညာအေၾကာင္း နကန္းတလုံးမွ် မသိ ေသးပါ။ သတင္းအေျခခံ ဘ ၆ လုံး (ဘယ္သူ၊ ဘယ္မွာ၊ ဘယ္လုိ၊ ဘာေၾကာင့္၊ ဘာျဖစ္၊ ဘယ္အခ်ိန္) ကုိေတာင္ ေကာင္းေကာင္းမသိေသးပါဘူး။ အဲဒီကာလက က်ေနာ္တုိ႔ၾကား ေခတ္အစားဆုံး သတင္း အမ်ဳိးစားက လူ႔အခြင့္ေရးခ်ဳိးေဖာက္မႈသတင္း။ ABSDF ဗဟုိကထုတ္တဲ့ ေဒါင္းအုိးေ၀စာေစာင္ အပါ၀င္ နယ္စပ္တေၾကာမွာထုတ္တဲ့ စာေစာင္မွန္သမွ် ဦးစားေပးသတင္းက စစ္အစိုးရရဲ့ လူ႔အခြင့္အေရး ခ်ဳိး ေဖာက္မႈသတင္းျဖစ္ၿပီး အဲဒါေတြကို ဓာတ္ပုံမွတ္တမ္းေတြနဲ႔တကြ လအလုိက္၊ ႏွစ္အလုိက္ ျမန္မာ-အဂၤလိပ္ႏွစ္ဘာသာနဲ႔ အစီရင္ခံစာေတြ၊ စာအုပ္ေတြ ထုတ္ေ၀မႈ ေခတ္စားဆုံးအခ်ိန္လည္း ျဖစ္ပါတယ္။ ဒီေတာ့ အဲဒီစာေစာင္ေတြထဲက အေရးအသားကုိ အတုခုိးၿပီး သတင္းေရးတယ္ဆုိပါေတာ့။
ေရွ႕တန္းရဲေဘာ္ေတြဆီက လာတဲ့သတင္းကုိ ျပန္ေရးတာအျပင္ က်ေနာ္ကုိယ္တုိင္ မ်က္ျမင္ကုိယ္ေတြ႔ ပုိ႔တဲ့ ပထမဆုံးသတင္းက စစ္ေျပးဒုကၡသည္ေတြ နယ္စပ္ဆီထြက္ေျပးလာတဲ့သတင္းပါ။ ၁၉၉၅ ေႏွာင္း ပုိင္းမွာလုိ႔ ထင္ပါတယ္။ က်ေနာ္တုိ႔ ပထမဆုံးေတာခုိခဲ့တဲ့ေနရာ ဘန္းေခ်ာင္းေဒသဆီ န၀တက ထုိးစစ္ ဆင္လာတဲ့အတြက္ ကေထာင္းနီ၊ ေက်ာက္ထူ၊ သျပဳေခ်ာင္းဘက္က ေဒသခံလူထု ၅၀၀ နီးပါး က်ေနာ္ တုိ႔ ေက်ာင္းသားစခန္း ေအာက္ဘက္နားရွိ အမရာေက်းရြာဆီ ထြက္ေျပးလာၾကပါတယ္။ သျပဳေခ်ာင္း ကေန အမရာကုိေရာက္ဖုိ႔ တညအိပ္ ၂ ရက္ခရီးႏွင္လာရၿပီး ကေလးကေလာက္ေတြ၊ သက္ႀကီးရြယ္ အုိေတြနဲ႔ဆုိေတာ့ သူတုိ႔ေျပးရတာ သိပ္မလြယ္လွ။
အမရာေက်းရြာရွိ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း၊ ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ သူတုိ႔ကုိ သင့္ သလုိ ေနရာခ်ေပးထားေပမယ့္ ႏုိင္ငံတကာကယ္ဆယ္ေရးက ဘာမွေရာက္မလာေသးတဲ့ အေျခေနပါ။ မေရာက္ဆုိ သူတုိ႔ေျပးတဲ့ေနရာက ထုိင္းနယ္စပ္ထဲအထိ မဟုတ္ဘဲဲ KNU ေရွ႕တန္းနယ္ေျမကေန ေနာက္တန္းနယ္ေျမကုိေျပးလာတဲ့ သေဘာသာျဖစ္တဲ့အတြက္ နုိင္ငံတကာအလွဴရွင္ေတြက သိပ္မသိ ေသးပါ။ ဒီေတာ့ KNU နဲ႔ ABSDF ေပးထားတဲ့ ဆန္အိတ္အပါ၀င္ တႏုိင္တပုိင္ကယ္ဆယ္ေရးနဲ႔ပဲ ျဖစ္ သလုိ ေနေနရပါတယ္။ အဲဒီထဲက အဘုိးအုိတဦးဟာ အရုိးေပၚအေရတင္ဆုိသလုိ ပိန္လီလြန္းလွၿပီး အဲဒီပုံကုိ က်ေနာ္က ဗီြဒီယုိ မွတ္တမ္းရုိက္ခဲ့ပါတယ္။
ဒါဟာ က်ေနာ္သတင္းေထာက္ဘ၀မွာ ပထမဆုံးရုိက္တဲ့ သတင္းမွတ္တမ္းျဖစ္ၿပီး အဲဒီအခ်ိန္ထိ ဗီြဒီယုိ သင္တန္း တခါမွမတက္ဖူးေသးပါ။ မင္းသမီးစခန္း သတင္း-ျပန္ၾကားေရးတာ၀န္ခံ ဆရာဦးဟန္လင္း (၂၀၀၈ မွာ ကြယ္လြန္) ရဲ့ ေကာင္းမႈေၾကာင့္ က်ေနာ္တုိ႔စခန္းမွာ ဗီြဒီယုိကင္မရာ အႀကီးစားတလုံးနဲ႔ ဗီြဒီ ယုိျပစက္ေတြ၊ တီဗီြေတြရွိပါတယ္။ ဒါေပမယ့္ ဗီြဒီယုိ အက္ဒစ္လုပ္မယ့္ ပစၥည္းက ဘာမွမရွိ။ အက္ဒစ္ လုပ္တတ္သူလည္း တဦးမွမရွိတဲ့အတြက္ ရုိက္ထားတဲ့အေခြကုိ စက္ထဲ ဒီတုိင္းျပန္ထည့္ျပီး ၀ုိင္းၾကည့္ ၾကတာကုိ အမွတ္ရေနပါတယ္။
အဲဒီဒုကၡသည္ေတြ ထြက္ေျပးလာတဲ့အေၾကာင္း၊ စစ္အစိုးရတပ္ေတြက နယ္ေျမရွင္းလင္းေရးအတြင္း လူ႔အခြင့္ေရးခ်ဳိးေဖာက္မႈေတြ ဆက္တုိက္လုပ္ေဆာင္ခဲ့တဲ့အေၾကာင္း စသျဖင့္ ဒုကၡသည္ေတြ ေျပာဆုိမႈ အေပၚ အေျခခံၿပီး DVB ဆီ ေရးပုိ႔လုိက္တဲ့သတင္းဟာ က်ေနာ္ရဲ့ ပထမဆုံး ကိုယ္တုိင္ပုိ႔ သတင္းျဖစ္ပါ တယ္။
စစ္ေၾကာင္းမွဴ း သတင္းေထာက္
ေခါင္းစဥ္ကုိဖတ္ၿပီး ထက္ေအာင္ေက်ာ္တုိ႔ ထြင္လုိက္ျပန္ၿပီလုိ႔ မထင္ပါနဲ႔။ သတင္းေထာက္တာ၀န္ယူ ထားတဲ့ က်ေနာ္ စစ္ေၾကာင္းမွဴးတာ၀န္နဲ႔ ေရွ႕တန္းကေန သတင္းပုိ႔တဲ့အေတြ႔အႀကံဳကုိ ေျပာမလုိ႔ပါ။ ၁၉၉၅ ခုနွစ္ ဒီဇင္ဘာလမွာလုိ႔ ထင္ပါတယ္။ သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီးမွာ ေဖာ္ျပၿပီးျဖစ္ တဲ့အတုိင္း ၾသစေၾတးလ် ဗီြဒီယုိသတင္းေထာက္ (Video journalist) တဦးနဲ႔အတူ ပုေလာၿမိဳ႕နယ္ အတြင္း စည္းရံုးေရးဆင္းတဲ့ခရီးစဥ္ဟာ က်ေနာ္ရဲ့ပထမဆုံး ေရွ႕တန္းသတင္းေထာက္ ခရီးစဥ္ျဖစ္ပါ တယ္။
(ABSDF ေတာင္ပုိင္းေဒသ သတင္းေတြကုိ စုစည္းေပးပုိ႔ခဲ့တဲ့ေနရာ မင္းသမီးစခန္း အမွတ္ ၁ တပ္ရင္း ဆုိင္းဘုတ္ကို ေတြ႔ရစဥ္။)
အဲဒီကာလ က်ေနာ္တို႔ ABSDF ရဲ့ ဖြဲ႔စည္းပုံကုိ ေျပာရမယ္ဆုိရင္ ေတာင္ပုိင္းေဒသရွိ (ေဒါက္တာ နုိင္ ေအာင္ဘက္) တပ္ရင္း ၃ ခုျဖစ္တဲ့ ၁၀၁၊ ၂၀၁ နဲ႔ ၂၀၃ တုိ႔ကုိ ေပါင္းၿပီး တပ္ရင္း ၁ အျဖစ္ ျပန္လည္စုဖြဲ႔ ထားခ်ိန္ျဖစ္ပါတယ္။ အဲဒီတပ္ရင္းေပၚမွာ ေတာင္ပုိင္းစစ္ေဒသအဖြဲ႔က တာ၀န္ယူထားၿပီး အဖြဲ႔ေခါင္း ေဆာင္အျဖစ္ ဗဟုိအတြင္းေရးမွဴး ကုိမ်ဳိး၀င္း (အခု ဗဟုိ ဒုဥကၠ႒)၊ အဖြဲ႔၀င္ေတြအျဖစ္ ကုိသိန္းေဆာင္၊ ကုိေသာင္းထြန္း၊ ကုိမင္းေအာင္နဲ႔ က်ေနာ္တုိ႔ျဖစ္ပါတယ္။ တပ္ရင္းမွဴးအျဖစ္ ခ်စ္ကုိကို (၁၉၉၇ မွာ က် ဆုံး) ဒုရင္းမွဴးအျဖစ္ ဆရာေအာင္ျမင့္ (အခု ထား၀ယ္ ABSDF ရဲေဘာ္ေဟာင္းမ်ားအဖြဲ႔) နဲ႔ ေရး-ေထာက္အရာရွိအျဖစ္ ကုိ၀င္းေအာင္တို႔ ျဖစ္္ပါတယ္။ တပ္ရင္းလူအင္အားက ၃၀၀ ၀န္းက်င္ေလာက္ ရွိဦးမယ္လို႔ ထင္ပါတယ္။
စစ္ေဒသတာ၀န္ခံကုိမ်ဳိး၀င္းက က်ေနာ့္ကုိ စစ္ေၾကာင္းမွဴးအျဖစ္တာ၀န္ေပးလုိက္ၿပီး ဗဟုိကေနေရာက္ ေနတဲ့ ကိုေက်ာ္ေက်ာ္ (ကခ်င္) (အခုထိ ကခ်င္ျပည္နယ္ ABSDF ေျမာက္ပုိင္းမွာ တုိက္ပဲြ၀င္ေနဆဲ) က စစ္ေၾကာင္းစည္းရံုးေရးမွဴးျဖစ္ပါတယ္။ က်ေနာ့္ရံုးအဖြဲ႔၀င္ေတြထဲမွာေတာ့ ျပန္ၾကားေရးဌာနက ကုိမင္း ေဇာ္ေရႊ၊ ကုိသက္ေဇာ္ေထြး။ ေဆးဌာနက ေဆးမွဴးေမာင္မ်ဳိး၊ ဆက္သြယ္ေရးက မ်ဳိဳးမ်ဳိးဦး။ လုံျခံဳေရးက ကုိေဌး၀င္းနဲ႔ ကုိျမင့္ေအာင္တုိ႔ ပါ၀င္တယ္လို႔ က်ေနာ္အမွတ္ရေနပါတယ္။ ဒါက ရံုးအဖြဲ႔သာျဖစ္ၿပီး အဓိ က တုိက္ခုိက္ေရးအင္အားက ျပည္ျခား-ငါးတက္ရြာမွာ အေျခစုိက္ထားတဲ့ တပ္ခြဲမွဴးဗိုလ္လွဦးရဲ့ အင္ အား ၃၀ ၀န္းက်င္ရွိ ရဲေဘာ္ေတြျဖစ္ပါတယ္။
မင္းသမီးစခန္းကေန ျပည္ျခားရြာအထိ ၂ ညအိပ္၊ ၄ ရက္ခရီးသြားရပါတယ္။ မင္းသမီးကေန ကစီထာ ေခၚ ျပည္ခ်ားေခ်ာင္းလက္တက္ရွိရာအထိ တနသၤာရီျမစ္အတုိင္း ေလွစီးတာ တေနကုန္ၾကာပါတယ္။ တနသၤာရီျမစ္ဟာ ေရတိမ္ၿပီးေက်ာက္ေဆာင္မ်ားတဲ့အတြက္ ေလွေပၚကဆင္း၊ ႀကိဳးနဲ႔ဆဲြေနရတာနဲ႔ တင္ အခ်ိန္အေတာ္ကုန္ပါတယ္။ ၿပီးေတာ့ ဒီေဒသမွာသုံးတဲ့ေလွက ေသာင္းရင္းတုိ႔၊ သံလြင္တုိ႔ဘက္က လုိ ေလွႀကီးေတြမဟုတ္။ သစ္လုံးကုိထြင္းထားတဲ့ ေလာင္းေလွငယ္ေတြသာျဖစ္ၿပီး လူ ၇ ဦးထက္ပုိ မတင္သင့္ပါ။ ဒါေပမယ့္ ေက်ာင္းသားေတြရဲ့ထုံးစံအတုိင္း စုစုေပါင္းမွ ေလွတစီးတည္းသာ ပုိင္တဲ့ အတြက္ လူ ၁၂ ေယာက္အထိ တက္စီးၾကပါတယ္။
ဒီလမ္းေၾကာင္းမွာ ေလွေမွာက္ၿပီေဟ့လုိ႔ သတင္းၾကားရင္ အဲဒါေက်ာင္းသားေလွပါပဲ။ ''တုိက္ပဲြမွာ ရန္ သူ႔ က်ည္မွန္ၿပီးက်သြားတယ္ဆုိရင္ အာဇာနည္စာရင္း၀င္ဦးမယ္။ ေလွေမွာက္လုိ႔ ေသသြားတယ္ဆုိရင္ ေတာ့ ရာဇ၀င္က သိပ္မမုိက္ဘူး'' ဆုိုၿပီး က်ေနာ္တုိ႔ၾကား ေျပာဆုိေလ့ရွိပါတယ္။ ဒါေၾကာင့္ ေရစီးၾကမ္း ၿပီး ေက်ာက္ေဆာင္ေပါတဲ့ေနရာတုိင္း ေလွေပၚကေနဆင္း လမ္းေလွ်ာက္ၾကပါတယ္။ ဒါေပမယ့္ ကိုေရႊ သတင္းေထာက္က က်ေနာ္တုိ႔နဲ႔အတူ မဆင္းဘူးခင္ဗ်ာ့။ ဒီလုိခဲရာခဲဆစ္ပုံံကုိ ရေအာင္ရုိက္ခ်င္လို႔ဆုိ ၿပီး ေလွေပၚမွာဆက္ထုိင္ကာ မနားတမ္းရုိက္ယူေနပါတယ္။
ေလွသမားေတြကေတာ့ စိတ္ညစ္ေနမလားပဲ။ သူ႔ကိုယ္လုံးႀကီးက က်ေနာ္တုိ႔ရဲေဘာ္ ၂ ဦးစာေလာက္ ေလးမယ္ထင္ပါတယ္။ ဒါေပမယ့္ ေလွျမဳပ္ရင္ သူပါ ပါသြားႏုိင္တယ္ဆုိတာကိုသိလ်က္နဲ႔ မေၾကာက္မရြံ႕ ဘဲ လုိခ်င္တဲ့ပုံကုိရေအာင္ရုိက္ယူတဲ့ သတင္းေထာက္တဦးရဲ့ သတိၱကိုေတာ့ က်ေနာ္ခ်ီးက်ဴးမိပါတယ္။ တခ်ိန္တည္းမွာပဲ ေနာ္ေ၀းကိုေရာက္ၿပီးကတည္းက နယ္စပ္ကေတာထဲကုိ မျပန္ရဲျဖစ္ေနတဲ့ ကုိယ့္ဘာ သာေ၀ဖန္ရင္း က်ေနာ္သာ သူ႔လုိ ႏုိင္ငံျခားသတင္းေထာက္တဦးဆုိရင္ ကိုယ္တခါမွမသိဖူးတဲ့ ဒီသူပုန္ ေတြနဲ႔အတူ တခါမွမေရာက္ဖူးတဲ့ ေတာေတာင္ေတြထဲ ဒီလုိသက္စြန္႔ဆံဖ်ားခရီးမ်ဳိး သြားရဲပါ့မလားလုိ႔ စဥ္းစားေနမိပါတယ္။ ။

============================================================
DVB စတင်ပေါ်ပေါက်လာခြင်း
မှတ်တန်းတွေအရ DVB ဒီမိုကရက်တစ်မြန်မာ့အသံ စတင်အသံလွှင့်တဲ့နေ့ဟာ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) ဖြစ်ပါတယ်။ သူပုန်ဌာနချုပ်တည်ရှိရာ မာနယ်ပလော တောတွင်း စတူဒီ ယိုကနေ ထုတ်လုပ်ပြီး အသံသွင်းတိတ်ခွေနဲ့ ကြိုတင်ပေးပို့ထားတဲ့ မိနစ် ၃၀ စာ သတင်းနဲ့ဆောင်းပါး တွေ ကို နော်ဝေးနိုင်ငံ အော်စလိုရုံးကတဆင့် ငှားရမ်းထားတဲ့ အသံလွှင့်ဌာန (Kvitsøy ကျွန်း။ နော်ဝေး တောင် ပိုင်း Stavanger မြို့ပြင် ပင်လယ်ပြင်ထဲ) ဆီပေးပို့ပြီး အဲဒီညမှာ စတင်ထုတ်လွှင့်ခဲ့တာလို့ ဝန် ထမ်းဟောင်းတွေ ရဲ့ ပြောကြားချက်အရ သိရပါတယ်။
( From left: Francis Sejersted, Chairman of the Norwegian Nobel Committee, Alexander and Kim Aris, sons of Aung San Suu Kyi, with her Nobel Medal and Diploma, and Aung San Suu Kyi's husband, Michael Aris, at the 1991 Nobel Peace Prize Ceremony. Copyright © Norsk Rikskringkasting AS 2012)။
ဒါပေမယ့် အသံလှိုင်းအားမကောင်းတဲ့အတွက် ပထမဆုံး အသံလွှင့်ချက်ကို ဖမ်းယူနားဆင်နိုင်သူ အတော်နည်းခဲ့တယ်လို့ အဲဒီအသံလွှင့်ချက်ကို မာနယ်ပလောကနေ အသေချာဖမ်းယူနားဆင်ဖို့ ကြိုးစားခဲ့ သူ DVB ဝန်ထမ်းဟောင်း ကိုစိုးဝင်းညို (၂၀၀၇ မှာ ကွယ်လွန်) ပြောဖူးတာကို ကျနော်အမှတ်ရနေပါ တယ်။ ကျနော်အပါဝင် ABSDF ရဲဘော်အတော်များများကတော့ ပထမ ဆုံး အသံလွှင့်ချက်ကို ဖမ်းယူ နားဆင်နိုင်ခြင်းမရှိပါဘူး။ အဲဒီကာလဟာ ABSDF တွင်း အကွဲအပြဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့အတွက် DVB ကို တောတွင်းကကျောင်းသားတွေ သိပ်စိတ်ဝင်စားမှု မရှိသေးဘူးလို့ ထင်ပါတယ်။
ကျနော် နော်ဝေးကိုရောက်ပြီးနောက် သိရတဲ့အချက်လက်တွေအရဆိုရင် DVB ဖြစ်ပေါ်လာခြင်းဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်နေပါတယ်။
အဲဒီကာလက အကျယ် ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ မှာ နော်ဝေးနိုင်ငံကချီးမြှင့်တဲ့ နိုဘယ်လ်ငြိမ်းချမ်း ရေးဆု ရရှိသွားပါတယ်။ အဲဒီဆုပေးပွဲဆီ တက်ရောက်လာတဲ့ စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းတို့အဖွဲ့၊ နောက်တခါ မြန်မာ့ဒီမိုကရေစီအရေး ကူညီအားပေးနေတဲ့ NBC ခေါ် နော်ဝေး-မြန်မာ ကော်မတီမှ မစ္စတာဂူလွှိုင်း (Havard Kåre Kuløy) နဲ့ နော်ဝေးနိုင်ငံရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ ဆွေးနွေးမိရာကနေ မြန်မာ့ဒီမိုကရေစီအင်အားစုတွေအတွက် အသံလွှင့်ဌာနတခု လုပ်ပေးရင်ကောင်း မယ်ဆိုပြီး နော်ဝေးအစိုးရက သဘောတူလိုက်တာလို့ ဆိုပါတယ်။
ကျနော်လက်လှမ်းမီသမျှ သိရှိရသလောက်ကတော့ DVB ဟာ ပထမဆုံးပေါ်ပေါက်လာတဲ့ သူပုန် အသံလွှင့်ဌာနမဟုတ်ပါဘူး။ ဒါပေမယ့် ပထမဆုံးပေါ်ပေါက်လာတဲ့ နိုင်ငံခြားအခြေစိုက် သူပုန်အသံ လွှင့်ဌာနလို့တော့ ပြောနိုင်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့အရင်ပေါ်ခဲ့တဲ့ သူပုန်အသံလွှင့်ဌာ နအားလုံးဟာ ပြည်တွင်းမှာအခြေစိုက်ပြီး DVB တခုပဲ ထူးထူးခြားခြား ပြည်ပမှာ၊ မြန်မာနိုင်ငံနဲ့ မိုင် ပေါင်းများစွာဝေးတဲ့အရပ်မှာမှာ အခြေစိုက်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အစောဆုံးနဲ့ အင်အားအကြီးဆုံး သူပုန်အဖွဲ့ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၇၁ ခု နှစ် မတ်လက ''ပြည်သူ့အသံ'' People’s Voice of Burma ကို တရုတ်-မြန်မာနယ်စပ် ''ဝ'' တောင်တန်းကနေ စတင်အသံလွှင့်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ တခါ ဝန်ကြီးချုပ် ဟောင်း ဦးနု ဦးဆောင်တဲ့ ပြည်သူ့ပြည်ချစ်ပါတီနဲ့ မဟာမိတ်အဖွဲ့တွေကလည်း သူတို့ရဲ့သြဇာအကြီးဆုံး ကာလ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ''ပြည်ချစ်အသံ'' ကို ထိုင်း-မြန်မာနယ်စပ် တောင်တန်းပေါ်ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ အလားတူ KNU ကရင့်အမျိုးသားအစည်းရုံးကလည်း ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ''ကော်သူးလေအသံ'' အဖြစ် ထုတ်လွှင့်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီအသံလွှင့်ဌာနအားလုံးဟာ သူပုန်အဖွဲ့တွေရဲ့ အင်အားနဲ့ နယ်မြေထိန်းချုပ်နိုင်မှုပေါ်လည်း မူ တည်နေပြီး အသံလွှင့်ဌာနရှိရာအရပ်ဆီ အစိုးရတပ်ဘက်က ထိုးစစ်ဆင်လာတဲ့အချိန်မှာ အသံလွှင့် လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ရတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒါပေမယ့် DVB ကတော့ သူပုန် နယ်မှာ အခြေစိုက်တာမဟုတ်ဘဲ နော်ဝေးမှာအခြေစိုက်ပြီး ဥရောပနဲ့ အာဖရိကရှိ အသံလွှင့်ရုံတွေက နေတဆင့် ထုတ်လွှင့်တာကြောင့် မာနယ်ပလောအပါဝင် နယ်စပ်က သူပုန်စခန်းတွေ ကျသွားပေမယ့် DVB အသံလွှင့်မှုကတော့ အခုချိန်ထိ ပုံမှန်အတိုင်း ဆက်သွားနေတာကို တွေ့ရမှာဖြစ်ပါတယ်။
(မှတ်ချက်- ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာတော့ ပြောင်းလဲလာနေတဲ့နိုင်ငံရေးအခြေနေအရ DVB ဟာ နော်ဝေးနိုင်ငံကနေ မြန်မာနိုင်ငံဆီအပြီးပိုင် ထွက်ခွာသွားပြီ ဖြစ်ပါတယ်)။
ဆွဲခန့် သတင်းထောက်ရဲ့ ပထမဆုံး သတင်းပေးပို့ချက်
အမှန်တိုင်းဝန်ခံရရင် သတင်းထောက်ဖြစ်တဲ့အချိန်ထိ သတင်းစာပညာအကြောင်း နကန်းတလုံးမျှ မသိ သေးပါ။ သတင်းအခြေခံ ဘ ၆ လုံး (ဘယ်သူ၊ ဘယ်မှာ၊ ဘယ်လို၊ ဘာကြောင့်၊ ဘာဖြစ်၊ ဘယ်အချိန်) ကိုတောင် ကောင်းကောင်းမသိသေးပါဘူး။ အဲဒီကာလက ကျနော်တို့ကြား ခေတ်အစားဆုံး သတင်း အမျိုးစားက လူ့အခွင့်ရေးချိုးဖောက်မှုသတင်း။ ABSDF ဗဟိုကထုတ်တဲ့ ဒေါင်းအိုးဝေစာစောင် အပါဝင် နယ်စပ်တကြောမှာထုတ်တဲ့ စာစောင်မှန်သမျှ ဦးစားပေးသတင်းက စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုသတင်းဖြစ်ပြီး အဲဒါတွေကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ လအလိုက်၊ နှစ်အလိုက် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ အစီရင်ခံစာတွေ၊ စာအုပ်တွေ ထုတ်ဝေမှု ခေတ်စားဆုံးအချိန်လည်း ဖြစ်ပါတယ်။ ဒီတော့ အဲဒီစာစောင်တွေထဲက အရေးအသားကို အတုခိုးပြီး သတင်းရေးတယ်ဆိုပါတော့။
ရှေ့တန်းရဲဘော်တွေဆီက လာတဲ့သတင်းကို ပြန်ရေးတာအပြင် ကျနော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ပို့တဲ့ ပထမဆုံးသတင်းက စစ်ပြေးဒုက္ခသည်တွေ နယ်စပ်ဆီထွက်ပြေးလာတဲ့သတင်းပါ။ ၁၉၉၅ နှောင်း ပိုင်းမှာလို့ ထင်ပါတယ်။ ကျနော်တို့ ပထမဆုံးတောခိုခဲ့တဲ့နေရာ ဘန်းချောင်းဒေသဆီ နဝတက ထိုးစစ် ဆင်လာတဲ့အတွက် ကထောင်းနီ၊ ကျောက်ထူ၊ သပြုချောင်းဘက်က ဒေသခံလူထု ၅၀၀ နီးပါး ကျနော် တို့ ကျောင်းသားစခန်း အောက်ဘက်နားရှိ အမရာကျေးရွာဆီ ထွက်ပြေးလာကြပါတယ်။ သပြုချောင်း ကနေ အမရာကိုရောက်ဖို့ တညအိပ် ၂ ရက်ခရီးနှင်လာရပြီး ကလေးကလောက်တွေ၊ သက်ကြီးရွယ် အိုတွေနဲ့ဆိုတော့ သူတို့ပြေးရတာ သိပ်မလွယ်လှ။
အမရာကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေမှာ သူတို့ကို သင့် သလို နေရာချပေးထားပေမယ့် နိုင်ငံတကာကယ်ဆယ်ရေးက ဘာမှရောက်မလာသေးတဲ့ အခြေနေပါ။ မရောက်ဆို သူတို့ပြေးတဲ့နေရာက ထိုင်းနယ်စပ်ထဲအထိ မဟုတ်ဘဲ KNU ရှေ့တန်းနယ်မြေကနေ နောက်တန်းနယ်မြေကိုပြေးလာတဲ့ သဘောသာဖြစ်တဲ့အတွက် နိုင်ငံတကာအလှူရှင်တွေက သိပ်မသိ သေးပါ။ ဒီတော့ KNU နဲ့ ABSDF ပေးထားတဲ့ ဆန်အိတ်အပါဝင် တနိုင်တပိုင်ကယ်ဆယ်ရေးနဲ့ပဲ ဖြစ် သလို နေနေရပါတယ်။ အဲဒီထဲက အဘိုးအိုတဦးဟာ အရိုးပေါ်အရေတင်ဆိုသလို ပိန်လီလွန်းလှပြီး အဲဒီပုံကို ကျနော်က ဗွီဒီယို မှတ်တမ်းရိုက်ခဲ့ပါတယ်။
ဒါဟာ ကျနော်သတင်းထောက်ဘဝမှာ ပထမဆုံးရိုက်တဲ့ သတင်းမှတ်တမ်းဖြစ်ပြီး အဲဒီအချိန်ထိ ဗွီဒီယို သင်တန်း တခါမှမတက်ဖူးသေးပါ။ မင်းသမီးစခန်း သတင်း-ပြန်ကြားရေးတာဝန်ခံ ဆရာဦးဟန်လင်း (၂၀၀၈ မှာ ကွယ်လွန်) ရဲ့ ကောင်းမှုကြောင့် ကျနော်တို့စခန်းမှာ ဗွီဒီယိုကင်မရာ အကြီးစားတလုံးနဲ့ ဗွီဒီ ယိုပြစက်တွေ၊ တီဗွီတွေရှိပါတယ်။ ဒါပေမယ့် ဗွီဒီယို အက်ဒစ်လုပ်မယ့် ပစ္စည်းက ဘာမှမရှိ။ အက်ဒစ် လုပ်တတ်သူလည်း တဦးမှမရှိတဲ့အတွက် ရိုက်ထားတဲ့အခွေကို စက်ထဲ ဒီတိုင်းပြန်ထည့်ပြီး ဝိုင်းကြည့် ကြတာကို အမှတ်ရနေပါတယ်။
အဲဒီဒုက္ခသည်တွေ ထွက်ပြေးလာတဲ့အကြောင်း၊ စစ်အစိုးရတပ်တွေက နယ်မြေရှင်းလင်းရေးအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့အကြောင်း စသဖြင့် ဒုက္ခသည်တွေ ပြောဆိုမှု အပေါ် အခြေခံပြီး DVB ဆီ ရေးပို့လိုက်တဲ့သတင်းဟာ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်ပို့ သတင်းဖြစ်ပါ တယ်။
စစ်ကြောင်းမှူ း သတင်းထောက်
ခေါင်းစဉ်ကိုဖတ်ပြီး ထက်အောင်ကျော်တို့ ထွင်လိုက်ပြန်ပြီလို့ မထင်ပါနဲ့။ သတင်းထောက်တာဝန်ယူ ထားတဲ့ ကျနော် စစ်ကြောင်းမှူးတာဝန်နဲ့ ရှေ့တန်းကနေ သတင်းပို့တဲ့အတွေ့အကြုံကို ပြောမလို့ပါ။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှာလို့ ထင်ပါတယ်။ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီးမှာ ဖော်ပြပြီးဖြစ် တဲ့အတိုင်း သြစတြေးလျ ဗွီဒီယိုသတင်းထောက် (Video journalist) တဦးနဲ့အတူ ပုလောမြို့နယ် အတွင်း စည်းရုံးရေးဆင်းတဲ့ခရီးစဉ်ဟာ ကျနော်ရဲ့ပထမဆုံး ရှေ့တန်းသတင်းထောက် ခရီးစဉ်ဖြစ်ပါ တယ်။
(ABSDF တောင်ပိုင်းဒေသ သတင်းတွေကို စုစည်းပေးပို့ခဲ့တဲ့နေရာ မင်းသမီးစခန်း အမှတ် ၁ တပ်ရင်း ဆိုင်းဘုတ်ကို တွေ့ရစဉ်။)
အဲဒီကာလ ကျနော်တို့ ABSDF ရဲ့ ဖွဲ့စည်းပုံကို ပြောရမယ်ဆိုရင် တောင်ပိုင်းဒေသရှိ (ဒေါက်တာ နိုင် အောင်ဘက်) တပ်ရင်း ၃ ခုဖြစ်တဲ့ ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တို့ကို ပေါင်းပြီး တပ်ရင်း ၁ အဖြစ် ပြန်လည်စုဖွဲ့ ထားချိန်ဖြစ်ပါတယ်။ အဲဒီတပ်ရင်းပေါ်မှာ တောင်ပိုင်းစစ်ဒေသအဖွဲ့က တာဝန်ယူထားပြီး အဖွဲ့ခေါင်း ဆောင်အဖြစ် ဗဟိုအတွင်းရေးမှူး ကိုမျိုးဝင်း (အခု ဗဟို ဒုဥက္ကဋ္ဌ)၊ အဖွဲ့ဝင်တွေအဖြစ် ကိုသိန်းဆောင်၊ ကိုသောင်းထွန်း၊ ကိုမင်းအောင်နဲ့ ကျနော်တို့ဖြစ်ပါတယ်။ တပ်ရင်းမှူးအဖြစ် ချစ်ကိုကို (၁၉၉၇ မှာ ကျ ဆုံး) ဒုရင်းမှူးအဖြစ် ဆရာအောင်မြင့် (အခု ထားဝယ် ABSDF ရဲဘော်ဟောင်းများအဖွဲ့) နဲ့ ရေး-ထောက်အရာရှိအဖြစ် ကိုဝင်းအောင်တို့ ဖြစ်ပါတယ်။ တပ်ရင်းလူအင်အားက ၃၀၀ ဝန်းကျင်လောက် ရှိဦးမယ်လို့ ထင်ပါတယ်။
စစ်ဒေသတာဝန်ခံကိုမျိုးဝင်းက ကျနော့်ကို စစ်ကြောင်းမှူးအဖြစ်တာဝန်ပေးလိုက်ပြီး ဗဟိုကနေရောက် နေတဲ့ ကိုကျော်ကျော် (ကချင်) (အခုထိ ကချင်ပြည်နယ် ABSDF မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေဆဲ) က စစ်ကြောင်းစည်းရုံးရေးမှူးဖြစ်ပါတယ်။ ကျနော့်ရုံးအဖွဲ့ဝင်တွေထဲမှာတော့ ပြန်ကြားရေးဌာနက ကိုမင်း ဇော်ရွှေ၊ ကိုသက်ဇော်ထွေး။ ဆေးဌာနက ဆေးမှူးမောင်မျိုး၊ ဆက်သွယ်ရေးက မျိုးမျိုးဦး။ လုံခြုံရေးက ကိုဌေးဝင်းနဲ့ ကိုမြင့်အောင်တို့ ပါဝင်တယ်လို့ ကျနော်အမှတ်ရနေပါတယ်။ ဒါက ရုံးအဖွဲ့သာဖြစ်ပြီး အဓိ က တိုက်ခိုက်ရေးအင်အားက ပြည်ခြား-ငါးတက်ရွာမှာ အခြေစိုက်ထားတဲ့ တပ်ခွဲမှူးဗိုလ်လှဦးရဲ့ အင် အား ၃၀ ဝန်းကျင်ရှိ ရဲဘော်တွေဖြစ်ပါတယ်။
မင်းသမီးစခန်းကနေ ပြည်ခြားရွာအထိ ၂ ညအိပ်၊ ၄ ရက်ခရီးသွားရပါတယ်။ မင်းသမီးကနေ ကစီထာ ခေါ် ပြည်ချားချောင်းလက်တက်ရှိရာအထိ တနင်္သာရီမြစ်အတိုင်း လှေစီးတာ တနေကုန်ကြာပါတယ်။ တနင်္သာရီမြစ်ဟာ ရေတိမ်ပြီးကျောက်ဆောင်များတဲ့အတွက် လှေပေါ်ကဆင်း၊ ကြိုးနဲ့ဆွဲနေရတာနဲ့ တင် အချိန်အတော်ကုန်ပါတယ်။ ပြီးတော့ ဒီဒေသမှာသုံးတဲ့လှေက သောင်းရင်းတို့၊ သံလွင်တို့ဘက်က လို လှေကြီးတွေမဟုတ်။ သစ်လုံးကိုထွင်းထားတဲ့ လောင်းလှေငယ်တွေသာဖြစ်ပြီး လူ ၇ ဦးထက်ပို မတင်သင့်ပါ။ ဒါပေမယ့် ကျောင်းသားတွေရဲ့ထုံးစံအတိုင်း စုစုပေါင်းမှ လှေတစီးတည်းသာ ပိုင်တဲ့ အတွက် လူ ၁၂ ယောက်အထိ တက်စီးကြပါတယ်။
ဒီလမ်းကြောင်းမှာ လှေမှောက်ပြီဟေ့လို့ သတင်းကြားရင် အဲဒါကျောင်းသားလှေပါပဲ။ ''တိုက်ပွဲမှာ ရန် သူ့ ကျည်မှန်ပြီးကျသွားတယ်ဆိုရင် အာဇာနည်စာရင်းဝင်ဦးမယ်။ လှေမှောက်လို့ သေသွားတယ်ဆိုရင် တော့ ရာဇဝင်က သိပ်မမိုက်ဘူး'' ဆိုပြီး ကျနော်တို့ကြား ပြောဆိုလေ့ရှိပါတယ်။ ဒါကြောင့် ရေစီးကြမ်း ပြီး ကျောက်ဆောင်ပေါတဲ့နေရာတိုင်း လှေပေါ်ကနေဆင်း လမ်းလျှောက်ကြပါတယ်။ ဒါပေမယ့် ကိုရွှေ သတင်းထောက်က ကျနော်တို့နဲ့အတူ မဆင်းဘူးခင်ဗျာ့။ ဒီလိုခဲရာခဲဆစ်ပုံံကို ရအောင်ရိုက်ချင်လို့ဆို ပြီး လှေပေါ်မှာဆက်ထိုင်ကာ မနားတမ်းရိုက်ယူနေပါတယ်။
လှေသမားတွေကတော့ စိတ်ညစ်နေမလားပဲ။ သူ့ကိုယ်လုံးကြီးက ကျနော်တို့ရဲဘော် ၂ ဦးစာလောက် လေးမယ်ထင်ပါတယ်။ ဒါပေမယ့် လှေမြုပ်ရင် သူပါ ပါသွားနိုင်တယ်ဆိုတာကိုသိလျက်နဲ့ မကြောက်မရွံ့ ဘဲ လိုချင်တဲ့ပုံကိုရအောင်ရိုက်ယူတဲ့ သတင်းထောက်တဦးရဲ့ သတ္တိကိုတော့ ကျနော်ချီးကျူးမိပါတယ်။ တချိန်တည်းမှာပဲ နော်ဝေးကိုရောက်ပြီးကတည်းက နယ်စပ်ကတောထဲကို မပြန်ရဲဖြစ်နေတဲ့ ကိုယ့်ဘာ သာဝေဖန်ရင်း ကျနော်သာ သူ့လို နိုင်ငံခြားသတင်းထောက်တဦးဆိုရင် ကိုယ်တခါမှမသိဖူးတဲ့ ဒီသူပုန် တွေနဲ့အတူ တခါမှမရောက်ဖူးတဲ့ တောတောင်တွေထဲ ဒီလိုသက်စွန့်ဆံဖျားခရီးမျိုး သွားရဲပါ့မလားလို့ စဉ်းစားနေမိပါတယ်။ ။
0 comments:
Post a Comment