Tuesday, March 4, 2014

နောက်ပြန် ဆုတ်လာနေတဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်

သူ့အတွေး သူ့အမြင်

ဧရာဝတီ။
  
Freedom press, Human rights, Press Law, Media Law,
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့က စာနယ်ဇင်းသမားများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

၂၀၁၀ ရွေးကောက်ပွဲ ကနေ စတင်ခဲ့တယ်ပဲ ဆိုဆို၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှာမှ တကယ် ဖြစ်လာတာ လို့ပဲ ပြောပြော၊ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အမြင်သာဆုံး တိုးတက်မှုကို ပြပါ ဆိုရင် မီဒီယာလောက ကိုပဲ လက်ညှိုး ထိုးပြရပါလိမ့်မယ်။

ဖမ်းဆီးခံ သတင်းသမား အားလုံးကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တာ၊ စာပေဆင်ဆာ အဖွဲ့ကို လုံးဝ ဖျက်သိမ်း လိုက်တာ၊ ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့် ပေးလိုက်တာ၊ ပြည်ပကနေ ၀င်လာတဲ့ တချိန်က အတိုက်ခံဘက် ယိမ်း တဲ့ မီဒီယာတွေကို ပြည်တွင်းမှာ အခြေချခွင့်ပေးလိုက်တာ၊ နိုင်ငံတကာ မီဒီယာသမားတွေကို သတင်းထောက် ဗီဇာပေးပြီး ရန်ကုန်မှာ ရုံးခွဲတွေ ဖွင့်ခွင့် ပေးလိုက်တာတွေဟာ အခုနှစ်ပိုင်းအတွင်း မီဒီယာလောကရဲ့ မဟာ ခုန်ပြန်ကျော်လွှားမှုတွေ ပေါ့။

ဒါပေမယ့် အဲဒါတွေဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ စတင်ခါစ လွန်ခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ အစောပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ တိုးတက်မှု တွေသာ ဖြစ်ပြီး အခု ၂၀၁၃ နှောင်းပိုင်းနဲ့ ၂၀၁၄ အစောပိုင်းတွေမှာတော့ အခြေနေဟာ အရင်ကလောက် အရှိန် မကောင်းတော့ဘူးလို့ မီဒီယာ လွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ တွေက ထုတ်ပြောလာ ပါတယ်။

“မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ၂၀၁၄ အခြေအနေဟာ ၂၀၁၃ ထက်တော့ ၆ ဆင့် ပိုတိုးတက်လာပါတယ်၊ ဒါပေမယ့် ၂၀၁၃ တုန်းက ဆိုရင် ၂၀၁၂ အခြေနေထက် ၁၈ ဆင့်တောင် တက်လာတာ တွေ့ရတယ်” လို့ နယ်စည်းမခြား သတင်းသမား များအဖွဲ့(RSF) က ပြောပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ Index ခေါ် တမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၀ ရဲ့ အခြေနေ ကို အဆင့်လိုက်ဖော်ပြတဲ့ အစီရင်ခံစာ အညွှန်းကိန်းမှာ အခုလိုပါရှိတာ ဖြစ်ပါတယ်။

စာရင်း အတိအကျ ပြောရမယ်ဆိုရင် နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံ အခြေနေက ၁၄၅ နေရာမှာ ရှိပါတယ်။ မနှစ်က ၁၅၁ နေရာမှာ ရှိခဲ့တဲ့အတွက် ၆ ဆင့် တက်လာတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကတော့ ၁၆၉ နေရာကနေ ၂၀၁၃ မှာ ၁၅၁ အထိ တက်လာတဲ့ အတွက် ၁၈ ဆင့် အထိ ခုန်တက်လာတယ်။ ဒါကြောင့် ၂၀၁၃ နဲ့ ယှဉ်လိုက်ရင် ၂၀၁၄ ဟာ သတင်း လွတ်လပ်ခွင့် တိုးတက်မှုနှုန်းထား အရှိန်ပြန်ကျသွားတယ်။ ၁၈ ဆင့် တိုးရာကနေ ၆ ဆင့်သာ တိုးတော့တဲ့ အတွက် ရှေ့ ၃ လှမ်းတိုးပြီး နောက် ၂ လှမ်း ပြန်ဆုတ်သွားတယ်လို့ ဆိုရမှာ ဖြစ်တယ်။

၂၀၁၄ စာရင်းတွေအရ မြန်မာထက် နိမ့်တဲ့နိုင်ငံပေါင်း ၃၀ ခန့်ထဲမှာတော့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုနဲ့ ဗီယက်နမ်တို့ပါဝင်နေတာ အံ့သြဖွယ်ပါ။ တခါ တောင်အာရှဘက်က အိမ်နီးချင်း တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ ပါကစ္စတန် တို့ဟာလည်း မြန်မာရဲ့အောက်ကို ရောက်နေပါတယ်။ ပြီးတော့ မြန်မာရဲ့အဓိက မဟာမိတ် တရုတ်နိုင်ငံဟာ အောက်ဆုံးကနေ ပြန်ရေတွက်ရင် နံပါတ် ၆ နေရာမှာရှိနေပြီး မြောက်ကိုးရီးယား ကတော့ အောက် ဆုံးရဲ့ ဒုတိယ နေရာမှာ ရှိနေတာကို တွေ့ရပါတယ်။ အပေါ်ဆုံး ၃ နေရာကိုတော့ ဥရောပတိုက်က ဖင်လန်၊ နယ်သာလန်နဲ့ နော်ဝေ တို့က ၃ နှစ်ဆက်တိုက် ယူထားတာ တွေ့ရပါတယ်။

အပေါ်ဆုံးကို ရောက်ဖို့ ဒါမှမဟုတ် နော်ဝေနဲ့ ဥရောပတိုက်ရဲ့ မီဒီယာ အဆင့်တန်းကို မီဖို့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ် အဆင့် ၁၄၀ ကျော်လိုသေးတယ် ဆိုပေမယ့် ပြုပြင်ပြောင်းလဲရေး ကာလ ၃ နှစ် လောက်အတွင်း အောက်ဆုံးနီးပါး အဆင့် ကနေ အဆင့်ပေါင်း ၃၀ လောက် ခုန်တက်လာတယ် ဆိုတာဟာ နည်းတဲ့ နှုန်းထား မဟုတ်ပါ။ ဒါပေမယ့် ၂၀၁၄ မှာ ဘာကြောင့် တိုးတက်နှုန်း ကျသွားသလဲ ဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာနေ ပါတယ်။

အစိုးရနဲ့ လွှတ်တော်က ဆွေးနွေးနေတဲ့ မီဒီယာ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် တချို့ ဥပဒေတွေကို မီဒီယာသမားတွေနဲ့ ညှိနှိုင်းခြင်း မရှိဘဲ အစိုးရက တဖက်သတ် ဆောင်ရွက်နေတာတွေဟာ လက်ခံနိုင်ဖွယ် မရှိဘူးလို့ RSF က ပြောပါတယ်။ ပုံနှိပ်ထုတ်ဝေခြင်း ဆိုင်ရာ ဥပဒေမူကြမ်း နဲ့ အသံလွှင့်ခြင်း ဆိုင်ရာ ဥပဒေမူကြမ်းပါ အခြေခံ လွတ်လပ်ခွင့်တွေကို ပေးလိုက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးရလဒ် အပေါ် အစိုးရဘက်က ဒွိဟ ဖြစ်နေဆဲ ဖြစ်ပုံရတယ်လို့ ထောက်ပြထား ပါတယ်။

နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကို တန်းစီပြောတာ ဖြစ်တဲ့ အတွက် အသေးစိတ် အချက်လက်တွေတော့ အစီရင်ခံစာ ထဲမှာ မတွေ့ရပါ။

ဒါပေမယ့် အခုတလော ထွက်ပေါ်လာနေတဲ့ မီဒီယာလောက နောက်ပြန်ဆုတ်တဲ့ အချက်အလက် တချို့ကို စုစည်းတင်ပြ ရ မယ် ဆိုရင် Unity ဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းသမားတွေဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ရုံးအဖွဲ့မှုး ကိုအောင်နိုင်ထွန်းတို့ ၅ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ စွဲချက်တင်ပြီး အစိုးရက ဖမ်းဆီး စစ်ဆေးနေပါတယ်။

တခါ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလဲ Eleven ဂျာနယ်က သတင်းထောက် နော်ခိုင်ခိုင်အေးချိုကို အသရေ ဖျက်မှု၊ ပိုက်နက် ကျူးလွန် စတဲ့ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၃ လ ချခဲ့ပါတယ်။
နောက်တခါ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း မုံရွာဘက်က ကြေးနီစီမံကိန်း ဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်း ထောက် နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အတင်းအကြပ် ဖျက်ဆီးခိုင်းခဲ့တာမျိုးလည်း ရှိခဲ့ပါသေးတယ်။

ဖမ်းဆီး နှောင့်ယှက်မှုကနေ ကန့်သတ်ချုပ်ချယ်မှုတွေ အကြောင်းကို ဆက်ပြောရမယ် ဆိုရင် ရခိုင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံခြား သတင်းဌာနကြီး တခုရဲ့ သတင်းဖော်ပြချက်ဟာ မှားယွင်းတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ဘက်က ယူဆတဲ့အတွက် အဲဒီသတင်းဌာနက သတင်းထောက်တွေ အပါအ၀င် နိုင်ငံခြား သတင်းထောက်တွေကို ဂျာနယ်လစ် ဗီဇာ ထုတ်ပေးမှုကိုလည်း တင်းကျပ်လိုက်ပါသေးတယ်။

နောက် တချက်ကတော့ အစိုးရပိုင် မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေရဲ့ အားပြိုင်မှု ကြီးထွားလာခြင်းလို့ ပြောရမယ် ထင်ပါတယ်။ ပုဂ္ဂလိကပိုင် သတင်းစာနဲ့ ဂျာနယ်တွေက အစိုးရ သတင်းစာမှာ သွားထည့်တဲ့ ကြော်ငြာတွေကို အစိုးရ သတင်းစာက ဆင်ဆာ ဖြတ်လိုက် ပါတယ်။ ဒုတိယ အချက်ကတော့ အစိုးရအဖွဲ့ အတွင်းက အရေးကြီးသတင်းတွေကို ပုဂ္ဂလိက သတင်း လောက ဆီ မပေးဘဲ အစိုးရပိုင် မီဒီယာတွေကိုသာ ဦးစားပေး ထုတ်ပေးနေတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနဟာ နိုင်ငံတော် ဘဏ္ဍာကို အသုံးပြုးပြီး ပုဂ္ဂလိက မီဒီယာလောက အပေါ် အနိုင်ကျင့်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်လာနေပါတယ်။

ဒါက ပုဂ္ဂလိက မီဒီယာသမားတွေအပေါ် အစိုးရဘက်က ဖိနှိပ်လာမှု အပိုင်းပါ။ ဒီကြားထဲ ပုဂ္ဂလိကပိုင် မီဒီယာလောကမှ သတင်း သမားတွေဟာ သတင်းကျင့်ဝတ်ကို မသိဘူး၊ စံချိန်စံညွှန်း မမီဘူးဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်လာနေ ပါတယ်။

ရှေ့မှာတင်ပြခဲ့တဲ့ Unity ဂျာနယ်ရဲ့ သတင်း ဖော်ပြမှုကိုတောင် သတင်းကျင့်ဝတ်နဲ့မညီဘူး၊ စံချိန်စံညွှန်းကို မသိဘူးဆိုပြီး ဝေဖန်တဲ့ လူတွေလည်း ရှိနေပါတယ်။

တခါ အခုရက်ပိုင်း အတွင်းထုတ်ဝေတဲ့ နာမည်ကြီး ဂျာနယ်တခုမှ နာမည်ကြီး အဆိုတော် လူငယ်တဦးရဲ့ ဆောင်းပါးထဲမှာလည်း သူ့ကို အင်တာဗျုးလာလုပ်တဲ့ သတင်းသမားဟာ မူးရူးနေတဲ့ အပြင် အင်တာဗျုးမယ့် အကြောင်းအရာကိုလည်း ဘာမှ ကြိုတင် လေ့လာ မထားဘူး။ သူ့အမည်ကိုတောင် မှန်အောင် မခေါ်တတ်ဘူး။ မီဒီယာသမားတွေ ဟာ “ဖွ” ဖို့လောက်၊ “စောင် ရေ များအောင်လောက်ပဲ” စိတ်ဝင်စားနေတယ် ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတာ တွေ့ရပါတယ်။

ဒီလို နှစ်ဖက်အမြင်တွေ ငြင်းခုန်လို့ ကောင်းတုန်းမှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး မီဒီယာကျောင်းဖြစ်တဲ့ Myanmar Journalism School ကို ဒီနှစ်ထဲ ဖွင့်နိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်လာ ပါတယ်။ ပွင့်လင်းခါစ မြန်မာ့ မီဒီယာလောကမှာ အတွေ့အကြုံရှိသူ၊ နိုင်ငံတကာ အဆင့်မီသူ သတင်းသမားတွေ နည်းနေသေးလို့ ဒီလို ကျောင်းတွေ ဖွင့်တာကို မူအရ ကြိုဆိုရမှာ ဖြစ် တယ်။ ဒါပေမယ့် ဒီကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ အတွက် မီဒီယာသမားတွေက မကျေမလည် ဖြစ်နေတယ်လို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ် ရရင်တော့ မြန်မာ့ မီဒီယာလောက တိုးတက်မှု အခြေနေဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် တိုးတက်ခြင်းနဲ့ တိုက်ရိုက် ဆက်စပ်နေ ပါတယ်။ နိုင်ငံရေး အသွင်ကူးပြောင်းမှု တိုးတက်မှ မီဒီယာ လွတ်လပ်ခွင့်လည်း တိုးတက်သလို ဖြစ်နေပါတယ်။ ဆိုလိုတာကတော့ ဥပဒေတွေ၊ မူလ ရပိုင်ခွင့်တွေ၊ Institutions(အသင်းအဖွဲ့ ဆိုင်ရာ) တွေ အရ မီဒီယာ လွတ်လပ်ခွင့်ကို အသေအချာ ကာကွယ်ပေးထားတဲ့ အဆင့်ကို မရောက်သေးပါ။

နိုင်ငံရေး အခြေနေအရ ကြည့်ပျော်ရှုပျော် ဖြစ်အောင် ပေးထားတဲ့သဘော၊ သမ္မတက ဖြစ်ဖြစ်၊ လွှတ်တော် ဥက္ကဌက ဖြစ်ဖြစ်၊ ပြန်ကြားရေး ၀န်ကြီးက ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေး သြဇာအရ ပေးထားတဲ့ အဆင့်မှာသာ ရှိနေပြီး ဥပဒေအရ၊ Institutions အရ အာမခံထားတဲ့ အဆင့် မတွေ့ရသေးပါ။ ဒါကြောင့် နိုင်ငံရေး အခြေနေ မကောင်းတာနဲ့ ရထားတဲ့ မီဒီယာ လွတ်လပ်ခွင့်တွေလည်း ချက်ချင်း ပြန်ဆုံးရှုံးသွားနိုင်ပါတယ်။
တနည်းအားဖြင့် ပြောမယ်ဆိုရင် ရှေ့သုံးလှမ်းတိုးပြီး နောက်ကို နှစ်လှမ်း ပြန်ဆုတ်သွားတဲ့ အခြေနေမျိုး ထပ်မကြုံရ လေ အောင် စာနယ်ဇင်းကောင်စီ (ယာယီ) အပါဝင် မီဒီယာသမား အားလုံးက စည်းလုံးညီညွတ်စွာနဲ့ ရပ်တည် တိုက်ပွဲဝင်ဖို့ လိုပါတယ်။

စာနယ်ဇင်းဆိုတဲ့ ပုံနှိပ်မီဒီယာ အပြင် အသံလွှင့် မီဒီယာ ဖြစ်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဘက်က သတင်းသမားတွေ၊ အွန် လိုင်း မီဒီယာလို့ခေါ်တဲ့ အင်တာနက် အခြေခံ မီဒီယာသမားတွေပါ ပါဝင်တဲ့ မီဒီယာကောင်စီကို အခိုင်မာဖွဲ့ပြီး အာဏာပိုင် အဖွဲ့ မျိုးစုံရဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်ဖို့၊ မီဒီယာအခွင့်ရေး အပြည့်အ၀ ရအောင် လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ် နေပါကြောင်း တင်ပြလိုက်ရပါတယ်။     ။

4 comments:

ဧရာဝတီမှ...
Ye Naing Moe March 5, 2014 - 5:42 pm

Thanks for this story! Nice one, but I don’t think Myanmar Journalism School is the first media school in Myanmar.

မီဒီယာကို မီဒီယာနဲ့ တိုက်မယ်တဲ့ Eleven ဖေါ်ထုတ်

Saturday, 08 March 2014
Written by Eleven Media Group
ရွှေဟင်္သာ သတင်းဌာန

ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ထောင်စုနေ့စဉ် ပြီးတော့ Democracy Today အစိုးရနဲ့ ခရိုနီတို့ရဲ့ ကျပ် ၅၀ တန် သတင်းစာ စစ်ပွဲ မီဒီယာကို ကန့်သတ် ချုပ်ချယ်လို သူတွေရဲ့ မီဒီယာ ထောင်ချောက်တွေ နဲ့ ၂ဝ၁၅ ခုနှစ် အတွက် ကြိုတင်ပြင် ဆင်မှုတွေ ကို ပြီးခဲ့တဲ့ တစ်ပတ်မှာ ရေးခဲ့ပါတယ်။

သူတို့တွေဟာ ပုဂ္ဂလိက သတင်းစာ၊ မီဒီယာတွေကို ခေါင်းမထောင်နိုင်အောင် ရင်းနှီးမြုပ်နှံမှုနဲ့ ဖိနှိပ်ခြင်းကို လုပ်ဆောင် ထားတယ်။ ဒါဟာ ပထမခြေ လှမ်းပါပဲ။ ဒုတိ ယခြေလှမ်းက ယိုင်နဲ့လာတဲ့ သတင်းစာ၊ မီဒီယာတွေ ကို သူတို့နဲ့ ဆက်နွှယ်နေ တဲ့ ခရိုနီ လုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ လက်ဝေခံတွေ ကို ဝင်ပြီးနေရာ ယူစေပါ တယ်။ တတိယခြေလှမ်းက မီဒီယာလော ကကြီး တစ်ခုလုံး ကျင့်ဝတ် မရှိ၊ ပျက်စီးနေပြီး ထင်ရာစိုင်းနေ တယ်ဆိုတဲ့ အမြင်ေ ရာက်အောင် သူတို့ရဲ့ လက်ဝေခံတွေ ကတစ်ဆင့် ဝါဒဖြန့်ချီ လုပ်ဆောင်မယ်။ စတုထ္ထခြေ လှမ်းက ပုဂ္ဂလိက မီဒီယာတွေရဲ့ အမှားကို စောင့်ပြီး ဥပဒေထောင်ချောက် ထဲ ဆွဲသွင်းမယ်။ တရားရုံးရောက် တဲ့ အချိန်မှာ မျှတတဲ့ တရားစီ ရင်မှု မပေးဘဲ ထောင်ချ ပစ်လိုက်မယ်။

ဒီခြေ လှမ်းတွေဟာ ၂ဝ၁၅ ခုနှစ်ကို ဦး တည်နေတာပါ။ ၂ဝ၁၅ ခုနှစ် ရွေးကောက် ပွဲ မှန်ကန်မျှ တမှုအတွက် အထောက် အကူပေး မယ့် မီဒီယာတွေ ပါ ပါတယ်။ မီဒီယာ ကို ချုပ်ကိုင်ထားခြင်း အားဖြင့် ရွေးကောက်ပွဲ မသမာမှုတွေကို ဖုံးဖိဖို့ ကြိုးစားတာ ဖြစ်လာနိုင် ပါတယ်။

အခုဖြစ်နေ တဲ့ မြန်မာနိုင်ငံရဲ့ ပုံစံဟာ ကမ္ဘောဒီးယားနိုင်ငံမှာ လိုမျိုး သက်တမ်းရှည် အာဏာရှင် ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဆက်နွှယ်နေတဲ့ မိသားစုတွေက မီဒီယာကို ချုပ်ကိုင်ထားတာမျိုး မဟုတ် ပါဘူး။ ဒါပေမဲ့ မီဒီယာကို ကန့်သတ် ချုပ်ခြယ် လိုသူတွေ ရဲ့ လက်ဝေ ခံတွေ၊ ခရိုနီလုပ် ငန်းရှင်တွေ ကတစ် ဆင့် မီဒီယာကို ချုပ်ကိုင်ဖို့ လုပ်တာကို သိသိသာ သာ မြင်တွေ့နေရပါပြီ။

အစောပိုင်း မှာတော့ သူတို့တွေ ဟာ ရုပ်သံမီဒီ ယာကို ချုပ်ကိုင် ထားပါတယ်။ အခုချိန်မှာ ပုဂ္ဂလိက သတင်းစာတွေ ဖက်ကို ခြေဦးလှည့် လာပါတယ်။မီဒီယာကို ကန့်သတ် ချုပ်ခြယ် လိုသူတွေ ရဲ့ ပထမခြေလှမ်း ရင်းနှီးမြှုပ်နှံ မှုမှာ ခေါင်း မထောင်နိုင်အောင် ဖိနှိပ်ထား တာက သူတို့ အတွက် အကျိုး သက်ရောက်မှု ရှိစေ ပါတယ်။ အခုချိန်မှာ ရင်းနှီးမြှုပ်နှံမှု အခက်အခဲကြောင့် မရပ်တည်နိုင်တော့တဲ့ ပုဂ္ဂလိက သတင်းစာတွေ ရှိနေပါပြီ။ ဒီအဆင့်မှာတင် နောက်ထပ်ထိုးနှက်တဲ့ အချက်က ပုဂ္ဂလိက သတင်းစာတွေကို ဈေးနှုန်း(ရောင်းဈေး)နဲ့သတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

လက်ရှိ သတင်းစာဈေး ကွက်ထဲမှာ အစိုးရ သတင်းစာတွေ က ငွေကျပ် ၅ဝ နဲ့ဖြန့်ပြီး ပုဂ္ဂလိက သတင်းစာတွေရဲ့ ဖြန့်ဈေးကို ဖိနင်းထား ပါတယ်။ အခြေခံ အဆောက် အဦက အစ စက်ပိုင်း ဆိုင်ရာ၊ ဖြန့်ချိရေး လုပ်ငန်းတွေ အားလုံး ပြည်သူ့ ဘဏ္ဍာနဲ့ လည်ပတ်နေ တာကြောင့် သူတို့ရဲ့ အရှုံး အမြတ်က အဓိက မကျ ပါဘူး။ ဒါကြောင့် ကြေးမုံ၊ မြန်မာ့အလင်း စတဲ့အစိုး ရ သတင်း စာတွေဟာ အသွင်ပြောင်း ထုတ်ခဲ့ပေ မဲ့ ဈေးနှုန်းကို မပြောင်း ခဲ့ပါဘူး။

ပုဂ္ဂလိက သတင်းစာတွေ စထွက် လာချိန်မှာ ပြည်ထောင် စုနေ့စဉ် သတင်း စာက အစိုးရ သတင်း စာတွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစား ခဲ့ပါတယ် ။ ပြည်ထောင် စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ထုတ်ဝေနေ တဲ့ ပြည်ထောင်စုနေ့ စဉ်ကို အမှီ အခိုကင်းပြီး လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်း စာလို့ အပြည့်အဝ မသတ် မှတ်နိုင်ပါဘူး။ ပါတီသတင်း ဦးစားပေး သတင်းစာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း သူတို့ရဲ့ သတင်းစာကို အခြားပုဂ္ဂလိက သတင်းစာတွေ ရဲ့ ဖြန့်ဈေးအောက်ေ လျှာ့ ချ ပြီး ဖြန့်ခဲ့ ပါတယ်။

ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်)မှာပဲ ဖြန့်ဈေး ၅ဝ ကျပ်နဲ့ စမ်းသပ် ထုတ်ဝေလာတဲ့ သတင်းစာ တစ်စောင် ထွက်လာ ပါတယ်။ Democracy Today လို့ နာမည်ပေး ထားပါတယ်။ ဒီသတင်း စာကို ကိုယ်စား လှယ်ဖြန့် ဈေး ၅ဝ နဲ့ ရတယ်လို့ သတင်းစာ ကိုယ်စားလှယ် တစ်ချို့က ပြောပါတယ်။ သတင်းစာ အတွင်း ပိုင်းမှာပါတဲ့ သူ တို့ကြော်ငြာ မှာ ရောင်းဈေး ကျပ် ၁ဝဝ လို့ ရေးထား ပါတယ်။

Democracy Today ဟာ မကြာသေး မီက ထုတ်ဝေမှု ရပ်ဆိုင်းသွားတဲ့ ရန်ကုန် တိုင်းမ်သ တင်းစာကို အသွင်ပြောင်း၊ အမည်ပြောင်း ထုတ်ဝေခဲ့တာပါ။ ရန်ကုန် တိုင်းမ် သတင်းစာ ရပ်ဆိုင်း သွားတုန်းက အဲဒီသတင်း စာကို ရွှေသံလွင် Sky Net က ရှယ်ယာ ထည့်ပြီး ဆက်ထုတ်မယ် ဆိုတဲ့ သတင်း ထွက်ခဲ့ပါ တယ်။ ရွှေ သံလွင် Sky Net ဆိုတာ အစိုးရဆီ ကနေ အခွန်သက် သာခွင့်တွေ အပါအဝင် အထူးအခွင့် အရေးတွေ ရထားတဲ့ ခရိုနီ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

ရန်ကုန် တိုင်း(မ်)ဟာ (သတင်း စာဈေးကွက် အတွင်း)ကျပ် ၂ဝဝ ရောင်းဈေး ရှိတုန်း ကတောင် ရပ်တည်ဖို့ ခက်ခဲ ခဲ့ပါတယ်။ နောက်တော့ ထုတ်ဝေမှု ယာယီ ရပ်လိုက် ပါတယ်။ အခု ရန်ကုန် တိုင်းမ်ကို အသွင်ပြောင်း၊ အမည်ပြောင်း ပြီး ၃၂ မျက်နှာ နဲ့ ထုတ်ဝေမယ့် Democracy Today ကို ကျပ် ၁ဝဝ နဲ့ ရောင်း မှာဖြစ် ပါတယ်။ Democracy Today ရဲ့နောက်မှာ ရွှေသံလွင် Sky Net ရှိနေပြီလား။ ကာယကံ ရှင်တွေက ထုတ်မပြောသေး ပါဘူး။ (ပထမ ပိုင်း)

ဒါပေမဲ့ အစိုးရပိုင် ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ခိုင်ဖြိုး ပါတီပိုင် ပြည်ထောင် စုနေ့စဉ် သတင်းစာတွေ နဲ့အပြိုင် ဖြန့်ဈေးတူ ထုတ်ဝေ မယ့် သတင်း စာ တစ်ေ စာင် ပေါ် လာပြီလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရဲ့သား ပိုင်ဆိုင်တဲ့ မိုးဆမ်းပန်း မီဒီယာ က အခမဲ့ သတင်း စာတစ်စောင် ထုတ်ခဲ့ ပါသေးတယ်။ The Messenger အခမဲ့နေ့ စဉ်ထုတ် သတင်းစာဟာ အခမဲ့ ဆိုပေမဲ့ ပရိသတ်ကြား ထဲကို ကျယ်ကျယ်ပြန့် ပြန့် ရောက်မလာ ခဲ့ပါဘူး။

ပြန်ကြားရေး ဝန်ကြီးဌာ နက မီဒီယာ ကို မီဒီယာ နဲ့ တိုက်မယ် ဆိုတဲ့ ဆောင်ပုဒ် ကို လက်မ လွှတ်သေး ပါဘူး။ သူတို့ရဲ့ သတင်း စာတွေကို ရင်းနှီးမြှုပ်နှံ မှု၊ အခြေခံ အဆောက်အဦ အားကောင်းကောင်း နဲ့ အခိုင်အမာ တည်ဆောက်ထား ပါတယ်။ သူတို့ ကတော့ သူတို့ရဲ့ သတင်းစာ ထုတ်ဝေမှု မရှုံး ဘူးလို့ အမြဲပြောနေ ပါတယ်။ ဒါပေမဲ့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်ငွေ ၃၆ ဒသမ ၅၆၆ ဘီလျံ တောင်းထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းစာဆရာတွေနဲ့ ပြည်သူတွေက ဒီလိုတောင်းခံတာကို ဝေဖန်ပါတယ်။ ဒီမိုကရေစီအစိုးရ ဖြစ်နေတဲ့အချိန်မှာ အစိုးရပိုင် မီဒီယာကတစ်ဆင့် ဝါဒဖြန့်တာတွေကို လူထုချွေးနဲစာ ဘဏ္ဍာငွေတွေသုံးပြီး မလုပ်သင့်တော့ဘူးလို့ ဝေဖန်နေကြတာပါ။ သူတို့က နောက်ဆုတ်မယ့်ပုံ မရှိပါဘူး။

ဒီအချိန်မှာ မီဒီယာကို ကန့်သတ်ချုပ်ချုယ်လိုသူတွေရဲ့ လက်ဝေခံတွေ၊ ခရိုနီလုပ်ငန်းရှင်တွေက ပုဂ္ဂလိကသတင်းစာ ဈေးကွက်ထဲ ဝင်လာပါပြီ။ သိပ်မကြာခင်မှာ ထွက်လာမယ့် ပုဂ္ဂလိကသတင်းစာ တစ်စောင်မှာလည်း ခရိုနီလုပ်ငန်းရှင်တချို့ ငွေကြေးစိုက်ထည့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် ဆောင်းပါးမှာ ဖော်ပြထားသလိုပါပဲ။ နိုင်ငံခြားရေး ဝန်ကြီးဟောင်းရဲ့သား ထုတ်ဝေနေတဲ့ သတင်းစာ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့သား ထုတ်ဝေနေတဲ့ သတင်းစာ၊ အတိုက်အခံ မီဒီယာအဖြစ် ကာလရှည် ရပ်တည်နေခဲ့ရာက ပြည်တွင်းဝင်ပြီး သတင်းစာထုတ်၊ ဆက်မရပ်တည်နိုင်တော့လို့ FMI ကုမ္ပဏီ အပါအဝင် မြန်မာတိုင်းမ်ကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ဦးကို ရှယ်ယာဝင်ခိုင်းပြီး ဆက်ထုတ်နေရတဲ့ သတင်းစာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ သတင်းစာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သွယ်ဝိုက်အားဖြင့် ထောက်ပံ့ထားတဲ့ သတင်းစာ၊ ဂျာနယ်၊ သာသနာရေးဝန်ကြီးက ထောက်ပံ့နေတယ်ဆိုတဲ့ ဂျာနယ်၊ IGE ကုမ္ပဏီပိုင်ရှင် ထုတ်ဝေနေတဲ့ ဂျာနယ်၊ CB ဘဏ်က ကျောထောက်နောက်ခံပေးထားတဲ့ ဂျာနယ် စသဖြင့် ရှိနေပါပြီ။

Democracy Today ရဲ့ ခြေလှမ်းကို ကြည့်ခြင်းအားဖြင့် ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ထောင်စုနေ့စဉ်နဲ့ မီဒီယာကို ကန့်သတ်ချုပ်ကိုင် လိုသူတွေရဲ့ လက်ဝေခံတွေ၊ ခရိုနီလုပ်ငန်းရှင်တွေရဲ့ ငွေကြေးစိုက်ထည့်တဲ့ သတင်းစာတွေဟာ ဖြန့်ဈေး ကျပ် ၅ဝ တန် သတင်းစာစစ်ပွဲ ဆင်နွှဲတော့မယ့် အခြေအနေကို ဦးတည်နေပါတယ်။ ဒီစစ်ပွဲဟာ သတင်းစာဈေးကွက်ကိုဖျက်မယ့် ထောက်ချောက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ (ဒုတိယ ပိုင်း)

သတင်းစာတစ်စောင်ထုတ်ဖို့ လူသားအရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ စက်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ဝ သန်းရှိ မှ ကောင်းကောင်း လည် ပတ်နိုင်မှာ ပါ။ လက်ရှိသ တင်းစာဈေး ကွက်ထဲ ရောင်းဈေး ၂ဝဝ ကျပ်ဖြစ်နေ တဲ့ အရောင်းရ ဆုံး ပုဂ္ဂလိက သတင်းစာတွေ ဟာ ရပ်တည်မှု အတွက် ရုန်းကန်နေကြပါတယ်။

ပုဂ္ဂလိက သတင်းစာတွေ ရဲ့ခြေလှမ်း ယိုင်နဲ့ သွားတာနဲ့ သူတို့ နေရာကို အစားထိုး ဝင်မယ့် သူတွေက အဆင့်သင့် ရှိနေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် က ပြည် သူ လူထုအတွက်၊ ပြည်သူလူထုရဲ့ သတင်းသိပိုင် ခွင့်ကို ကာကွယ်စောင့်ရှောက် ဖို့အတွက်၊ ပြည်သူ ဘက်က ရပ်ပြီး ပြည်သူ့နစ် နာချက်တွေကို တင်ပြဖို့ထွက် လာမယ့် သတင်းစာတွေ ဖြစ်လာနိုင်ပါ့မလား။

ကြေးမုံ၊ မြန်မာ့ အလင်း၊ ပြည်ထောင် စုနေ့စဉ်၊ Democracy Today တိုရဲ့ ဖြန့်ဈေးကျပ် ၅ဝ တန် သတင်း စာစစ်ပွဲကို သာမန်ကိစ္စ တစ်ခုလို့ မမြင်ပါဘူး။ ၂ဝ၁၅ ခုနှစ်အတွက် စနစ်တကျ ပြင်ဆင်နေတဲ့ ကိစ္စတွေထဲက ခြေလှမ်းတစ်ရပ်လို့ ယူဆပါတယ်။

ရွေးကောက်ပွဲ တစ်ရပ်မှာ မီဒီယာရဲ့ အခန်းကဏ္ဍ အရေးကြီး ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက် ပွဲမှာ မီဒီယာတွေ လွတ်လပ် ခွင့်အပြည့် မရခဲ့ပါဘူး။ ဖိနှိပ်ခံ ခဲ့ရပါတယ်။ သတင်းစီး ဆင်းမှုတွေ ကန့်သတ်ခံခဲ့ ရပါတယ်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ေ ရွးကောက်ပွဲမှာ လွတ်လပ်မှု အထိုက် အလျောက် ရခဲ့ပါတယ်။ မှန်ကန် တိကျတဲ့ သတင်းဖော်ပြ မှုတွေနဲ့ မီဒီယာတွေ ရဲ့ အကျိုးသက်ရောက် မှု အားကောင်းခဲ့ ပါတယ်။ ၂ဝ၁၅ ခုနှစ်အ ကြို ၂ဝ၁၄ ခုနှစ်မှာ မီဒီယာကို ကန့်သတ် ချုပ်ခြယ် လိုသူတွေ ခေါင်းထောင် လာခဲ့ပါပြီ။ သူတို့ရဲ့ လက်ဝေ ခံတွေ၊ အစိုးရ ဆီကနေ သက်သာ ခွင့်တွေ အများကြီး ရထားတဲ့ ခရိုနီလုပ်ငန်း ရှင်တွေ ရုပ်သံ မီဒီယာမှာ တင် မကဘဲ ပုဂ္ဂလိက ပုံနှိပ် မီဒီယာမှာပါ နေရာယူ ထားပါပြီ။ ပြန်ကြားရေး က သူတို့ရဲ့ ဝါဒဖြန့် ချိရေး ပုံနှိပ်၊ ရုပ်သံမီ ဒီယာတွေ ကို အခိုင်အမာ တည်ဆောက် ထားပါတယ်။

၂ဝ၁၅ ခုနှစ်ဆိုတာ သိပ် မဝေးတော့တဲ့ ကာလ တစ်ခုပါ။ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း မှာ ရွေးကောက် ပွဲ လုပ်ပါတော့ မယ်။ ၂ဝ၁၅ ခုနှစ် မရောက် ခင်မှာ အမှီ အခို ကင်း ပြီး လွတ်လပ် တဲ့ မီဒီယာတွေ ကျဆုံးသွား မယ်ဆိုရင် ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အမှီအခို ကင်းပြီး လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းစာတွေ ဘယ်လောက် ကြာကြာ တောင့်ခံနိုင် မလဲဆိုတာ စောင့်ကြည့် ရမယ့် အချိန် ရောက်လာပါပြီ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More