Sunday, October 31, 2021

Interview with Saw Han Ngwe Oo (LGBT) Part 2


“လွတ်ငြိမ်းထဲပါပေမယ့် ထောင်ဖူးဝရောက်ပြီးမှ အထဲပြန်သွင်းခံရသူတွေလည်း အများကြီးပဲ”
(စောဟန်နွေဦး- LGBT အရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ)
-----------------------------------------------
(၃၀ /၁၀/၂၀၂၁)
လူသားချင်းစာနာမှုအရ နိုင်-ကျဉ်း ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာပေမယ့် ထောင်ဖူး၀ ရောက်ပြီးမှ ပြန်ဖမ်းခံရသူတွေလည်း အများကြီးရှိနေတယ်လို့ အောက်တိုဘာ ၁၉ ရက်ကမှ ပြန်လွတ်လာသူ၊ LGBT အရေးလှုပ်ရှားသူ စောဟန်နွေဦးကပြောပါတယ်။

မန္တလေးနန်းတွင်း စစ်ကြောရေးစခန်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် စောဟန်နွေဦးက အဲဒီလိုပြောခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... လွှတ်ပေးပြီးမှ ထောင်ဖူးဝမှာတင် ပြန်ဖမ်းတယ်ဆိုတာ တကယ်လား၊ နွေဦးတော်လှန်ရေးမှာ LGBT တွေအတော်များများပါဝင်နေတာ ဘာကြောင့်လဲ၊ လွတ်မြောက်နယ်မြေမှာ ဘာတွေဆက်လုပ်မှာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Friday, October 29, 2021

Interview with Saw Han Ngwe Oo (LGBT) Part-1


စစ်ကြောရေးစခန်းတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသူ LGBT တဦးနှင့် မေးမြန်းချက် (၁)
--------------------------------------------
(၂၉ /၁၀/၂၀၂၁)

နွေဦးတော်လှန်ရေးအတွင်း ပါဝင်မှုနဲ့ ဖမ်းဆီးခံခဲ့ရသူတွေကို စစ်ဆေးတဲ့အခါမှာ စစ်ကောင်စီ တာဝန်ရှိသူတွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာ ၁၉ ရက်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ၊ LGBT အရေးလှုပ်ရှားသူ စောဟန်နွေဦးကပြောပါတယ်။

သီတင်းကျွတ်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် လူသားချင်းစာနာမှုအရ နိုင်-ကျဉ်း ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် စောဟန်နွေဦးက အဲဒီလိုပြောခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ဘာကြောင့် အဖမ်းခံခဲ့ရတာလဲ၊ မန္တလေး နန်းတွင်းစစ်ကြောရေးစခန်းမှာ ဘယ်လို စော်ကားခံခဲ့ရတာလဲ၊ KIA ဒေသအထိသွားပြီး စစ်သင်တန်းတက်ခဲ့တယ်ဆိုတာ တကယ်လား၊ အိုးဘိုထောင်တွင်းမှာကော အခြေအနေတွေ ဘယ်လိုရှိသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေးမှာ LGBT အတော်များများပါဝင်နေတဲ့ ထူးခြားချက်၊ လွတ်မြောက်နယ်မြေမှာ ဘာတွေဆက်လုပ်ဖို့ရှိလဲ... စတဲ့ အချက်တွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်၊ စနေညမှာ ဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

Wednesday, October 27, 2021

Interview with U Bo Hla Tint (ASEAN- NUG) Part- 2


“မျိုးဆက်သစ်လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားမှုက လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းမှာ အမြင့်ဆုံး ဒီဂရီကို ရောက်နေပါပြီ”

(ဦးဘိုလှတင့်- အာဆီယံဆိုင်ရာ သံအမတ်ကြီး- NUG)
----------------------------
(၂၈/၁၀/၂၀၂၁)

ဒီနေ့  မျိုးဆက်သစ် GZ လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားမှုဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းမှာ အမြင်း့ဆုံး ဒီဂရီအထိ ရောက်နေပြီဖြစ်တဲ့အတွက် မကြာခင် အောင်ပွဲရမှာသေချာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံ ဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကပြောပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ သုံးရက်တာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... အာဆီယံ အစည်းအဝေးက ဘယ်လိုဆုံးဖြတ်ချက်တွေ ထွက်လာနိုင်သလဲ၊ စစ်ကောင်စီက အစည်းအဝေးမတက်တဲ့အတွက် အာဆီယံနဲ့ NUG ကြား ဆက်ဆံရေး ပိုတိုးတက်လာနိုင်သလား၊ အရင် ၁၉၉၀ ဝန်းကျင် NCG အစိုးရအောက်မှာ တာဝန်ယူရတာနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲအလွန် NUG အစိုးရအောက်မှာ တာဝန်ထမ်းရတာ အခြေအနေခြင်း ဘယ်လိုကွာခြားသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။


Tuesday, October 26, 2021

Interview with U Bo Hla Tint of (ASEAN-NUG) Part 1


“အာဆီယံ ခေါင်းဆောင်တွေရဲ့ ပြောင်းလဲလာနေတဲ့ ခြေလှမ်းသစ်ကို ကျနော်တို့ ကြိုဆိုတယ်”

(ဦးဘိုလှတင့်- အာဆီယံဆိုင်ရာ သံအမတ်ကြီး- NUG)
----------------------------
(၂၇/၁၀/၂၀၂၁)

အာဆီယံ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ စစ်ကောင်စီ ဥက္ကဌကို ထိပ်သီးအစည်းအဝေး ဆီ မဖိတ်ပဲချန်ထားတာအပါဝင် အာဆီယံ ခေါင်းဆောင်ပိုင်းရဲ့ ပြောင်းလဲလာနေတဲ့ ခြေလှမ်းသစ်တွေကို ကြိုဆိုပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံ ဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကပြောပါတယ်။

အောက်တိုဘာ ၂၆ ကစပြီး ၃ ရက်တာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... အာဆီယံ သံအမတ်ကြီးအဖြစ် တာဝန်ပေးခံရပုံ၊ စစ်ကောင်စီ ဥက္ကဌ မပါပဲ ကျင်းပတဲ့ အာဆီယံ အစည်းအဝေးက တကယ်ပဲ တိုးတက်တဲ့ ခြေလှမ်းသစ်တွေ လှမ်းလာနိုင်တော့မလား၊ ၃ ရက်တာ အစည်းအဝေးအပြီးမှာ မြန်မာ့အရေးအပေါ် အာဆီယံက ဘယ်လို အရေးယူမှုတွေ လုပ်လာနိုင်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလ တူညီချက်- ကွာခြားချက်အကြောင်းတွေပါဝင်တဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် မှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

Interview with Khin Omar of Progressive Voice- Part 2


“စစ်ကောင်စီရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ရပ်တန့်အောင် အရင်လုပ်ပြီးမှ ဆွေးနွေးရေးစကားကိုပြောပါ”

(မခင်ဥမ္မာ- Progressive Voice)
----------------------------
(၂၆/၁၀/၂၀၂၁)

အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ရပ်တန့်အောင် အရင်လုပ်ပြီးမှ တွေ့ဆုံဆွေးနွေးရေးဆိုတာကို ပြောသင့်တယ်လို့ Progressive Voice က မခင်ဥမ္မာကပြောပါတယ်။

ဒီနေ့စတင်ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး၊ အဲဒီအစည်းအဝေးအပြီးဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံတကာ ကြားဝင် ညှိနှိုင်းမှုအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... ၃ ရက်ကြာ အာဆီယံအစည်းအဝေးပြီးရင် နိုင်ငံတကာဖက်က ကြားဝင်ညှိနှိုင်းမှုဖြစ်လာနိုင်သလား၊ စစ်တပ်နဲ့ အာဏာခွဲဝေအုပ်ချုပ်ရေးဆိုတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ပုံစံကို ဒီနေ့ တော်လှန်ရေးမျိုးဆက်သစ်က လက်ခံနိုင်သေးရဲ့လား၊ တိုက်ပွဲပုံစံသစ်တွေနဲ့ နိုင်ငံသစ်ကို တည်ဆောက်နိုင်တော့မလား... .. စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Monday, October 25, 2021

Interview with Khin Omar of Progress Voice- part 1


“အာဆီယံ တခုတည်းမဖြေရှင်းနိုင်ဘူး။ လုံခြုံရေးကောင်စီက ထောက်ခံပေးဖို့ လိုနေပါတယ်”
(မခင်ဥမ္မာ- Progressive Voice)
----------------------------
(၂၅-၁၀-၂၀၂၁)

မြန်မာနိုင်ငံက စစ်ကောင်စီကို အရေးယူတဲ့အခါ အာဆီယံ တခုတည်းနဲ့ ဆောင်ရွက်နိုင်စွမ်းမရှိတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုကို အာဆီယံက ရယူဖို့လိုအပ်နေတယ်လို့ Progressive Voice အဖွဲ့ရဲ့ ဥက္ကဌ မခင်ဥမ္မာကပြောပါတယ်။

မနက်ဖန်စတင်တော့မယ် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ပြီးခဲ့တဲ့ သတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံ အရပ်ဖက်အဖွဲ့များရဲ့ အစည်းအဝေးတောင်းဆိုချက်၊ မနက်ဖန် အစည်းအဝေးကိုတက်မယ့် နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ဆိုတာ ဘယ်လိုမျိုးလဲ၊ ၃ ရက်တာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးပြီး ဘယ်လို ဆုံးဖြတ်ချက်တွေ ထွက်လာနိုင်သလဲ၊ အစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာ အာဆီယံဒေသဆီခရီးထွက်လာတဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်က ဘယ်လောက်အရေးပါသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဆွေးနွေးရေးအကြောင်း မပြောခင် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေ၊ လူသားမဆန် ရက်စက်မှုတွေကို အရင်ရပ်တန့်အောင်လုပ်ဖို့လိုကြောင်းဆွေးနွေးချက် ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More