Wednesday, September 9, 2026

“ဒီမိုကရေစီ နိုင်ငံတွေဆီ သွားခွင့်မရလို့ အာဏာရှင်နိုင်ငံတွေဆီ လှည့်ပတ်သွားနေရတဲ့သဘောပါပဲ”

 https://youtu.be/OT0_XFp9c2w?si=QmtBCL_pKG4Jc2Aj

“ဒီမိုကရေစီ နိုင်ငံတွေဆီ သွားခွင့်မရလို့ အာဏာရှင်နိုင်ငံတွေဆီ လှည့်ပတ်သွားနေရတဲ့သဘောပါပဲ”

- ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ) (၉ စက်တင်ဘာ ၂၀၂၆) “အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့အဖွဲ့ ဗိယက်နမ်ကိုသွားတယ်၊ ပြီးရင် ကမ္ဘောဒီယားကိုသွားမယ်ဆိုတာတွေဟာ ဒီမိုကရေစီ နိုင်ငံတွေကို သွားခွင့်မရလို့ အာဏာရှင်နိုင်ငံတွေဆီ လှည့်ပတ်သွားနေရတဲ့သဘောပါပဲ၊ တကယ်ဆို အိမ်ဖြူတော်ကို သူ သွားချင်မှာပေါ့” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်တယောက် သမ္မတနေရာကို အတင်းအဓ္မမရအောင် ယူပြီးတဲ့နောက် အာဏာရှင်နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေဆီ လှည့်ပတ်သွားနေတဲ့ အခြေနေ၊ နိုင်ငံတကာဆက်ဆံရေးအခြေနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - မင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်က ဘာတွေ ထူးခြားသလဲ... - တရုတ်နဲ့ ရုရှားအပြင် ဗီယက်နမ်စစ်တပ်ကိုပါ စစ်ကောင်စီဖက်က အားကိုးလာနေတဲ့ သဘောလား... - လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယားနိုင်ငံတွေဆီသွားခွင့်ရပြီး ဒီမိုကရေစီရှိတဲ့ အခြား အာဆီယံနိုင်ငံတွေဆီ သွားခွင့်မရသေးတာ ဘာကြောင့်လဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အာဆီယံက လက်မခံရင် UN ကလည်း လက်မခံဘူးလား၊ ကုလသံအမတ် ဦးကျော်မိုးထွန်းနေရာကို ပြန်လုဖို့ မင်းအောင်လှိုင်တို့ဖက်က ဘယ်လိုကြိုးစားနေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More