Thursday, September 10, 2026

“အာဆီယံကတောင် အသိအမှတ်မပြုတဲ့အဖွဲ့ကို UN က အသိအမှတ်ပြုပါ့မလား”

 https://youtu.be/3vLr0wWH0lI?si=qbJB6kBdMCreO0JQ

“အာဆီယံကတောင် အသိအမှတ်မပြုတဲ့အဖွဲ့ကို UN က အသိအမှတ်ပြုပါ့မလား” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၁၀ စက်တင်ဘာ ၂၀၂၆) “အာဆီယံကတောင် အသိအမှတ်မပြုတဲ့ မင်းအောင်လှိုင်အဖွဲ့ကို UN က အသိအမှတ်ပြုပါ့မလား၊ ဒါပေမယ့် အမေရိကန်နဲ့ တရုတ်ကြားမှာ ဘာတွေအပေးအယူရှိသလဲ ဆိုတာကိုတော့ ကျနော်တို့ မသိနိုင်ဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ လက်ရှိကျင်းပနေတဲ့ ကုလ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနေရာကို လုယူဖို့ စစ်ကောင်စီဖက်က ဘယ်လိုကြိုးပန်းနေသလဲ၊ ရွေးချယ်ရေး ၉ နိုင်ငံအဖွဲ့က ဘယ်လိုဆုံးဖြတ်နိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - အာဆီယံ မူ ကိုလက်မခံတဲ့ မင်းအောင်လှိုင်က အာဆီယံ နိုင်ငံတခုချင်းဆီ ခရီးသွားနေတာ ဘာသဘောလဲ... - အာဆီယံကတောင် လက်မခံတဲ့ မင်းအောင်လှိုင်တို့အဖွဲ့ကို ကုလသမဂ္ဂ စီစစ်ရေးကော်မီတီ လက်ခံနိုင်လား... နောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲ... - စီစစ်ရေးကော်မီတီမှာပါတဲ့ အမြဲတန်းအဖွဲ့ဝင် တရုတ်-ရုရှား-အမေရိကန်ကြားမှာ မြန်မာ့အရေးပေါ် ဘယ်လိုသဘောထားရှိနေသလဲ... - စစ်ပွဲဖြစ်နေ၊ ဘသာဝေဘေးဒဏ်တွေကြုံနေရတဲ့ မြန်မာ့အခြေနေ တိုးတက်လာအောင် ဘယ်လို ဆောင်ရွက်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More