Wednesday, October 13, 2021

Dr Tint Swe Part 2


ဒေါက်တာတင့်ဆွေနှင့် မေးမြန်းချက် (၂) ------------------------------------------- (၂/၉ /၂၀၂၁) “စစ်အာရှင်စနစ် အလိုမရှိ” ကနေ “အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းကြ” ဆိုပြီး ရရာ လက်နက်ဆွဲကိုင်တော်လှန်တဲ့အထိ ဖြစ်လာနေတဲ့ PDF တွေရဲ့ လမ်းစဉ်ဟာ မြန်မာ့သမိုင်းမှာ လုံးဝအသစ်ပေါ်လာတဲ့ စိတ်ကူးအသစ်ဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့် မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... “စစ်အာဏာရှင်စနစ် အလိုမရှိ” ကနေ “အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းကြ” ဆိုတဲ့အထိ ဖြစ်လာပြီး လူတွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေကြတာလဲ၊ ၁၉၈၈ ဝန်းကျင်လူငယ်တွေနဲ့ ဒီနေ့ GZ လူငယ်တွေရဲ့ စဉ်းစားပုံ ဘယ်လိုကွာသလဲ၊ ၁၉၈၈ ဝန်းကျင် မြန်မာစစ်တပ်နဲ့ ဒီနေ့ စကစ စစ်တပ် အခြေအနေ ဘယ်လိုကွာသလဲ... စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။ (မေးမြန်းချက် နောက်ဆုံး အပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

Dr Tint Swe Part 1


ဒေါက်တာတင့်ဆွေနှင့် မေးမြန်းချက် (၁) ------------------------------------------- (၁/၉ /၂၀၂၁) အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထူးခြားချက်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေကိုပါ ပါဝင်ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ၁၉၉၀ ခုနှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့် မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလနဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလတွေရဲ့ တူညီချက်နဲ့ မတူညီချက်တွေ၊ NCG ဖြစ်ပေါ်လာပုံနဲ့ NUG ဖြစ်ပေါ်လာပုံ တူညီချက်-မတူညီချက်တွေ၊ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစိုးရတွေအပေါ် သဘောထား၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖက်က အသိမှတ်ပြုမှု အခြေအနေတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

MMS Part 2


“လက်နက်ကိုင်တိုက်ပွဲ အရှိန်မြင့်လာမှုကို ဘယ်သူကမှ တားနိုင်မယ် မထင်ဘူး” ------------------------------------------- (၆/၉ /၂၀၂၁) စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်လို့ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်မှုကို ဘယ်သူကမှ တားဆီးနိုင်မယ်မထင်ဘူးလို့ လက်နက်ကိုင်တပ်ဖွဲ့များအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်းသူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် နောက်ဆုံးပိုင်းမှာတော့... နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ PDF တပ်တွေကြား ပူးတွဲ တိုက်ပွဲဝင်နိုင်မှု အားနည်းနေတာ ဘာကြောင့်လဲ၊ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် NCA စာချုပ်က အခုထိ ရှိနေဆဲလား၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ အရင် ဘယ်တုန်းကနဲ့မှမတူအောင် ထူးခြားနေတယ်ဆိုတာ ဘယ်အချက်တွေကို ပြောတာလဲ၊ မြန်မာနိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်က ဘာဖြစ်မလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

MMS Part 1


နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးမောင်မောင်စိုနှင့် မေးမြန်းချက် (၁) ------------------------- (၅/၉ /၂၀၂၁) အသစ်ဖြစ်ပေါ်လာတဲ့ PDF တပ်တွေနဲ့ အရင်ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ပူးတွဲတိုက်ပွဲဝင်နိုင်အောင်ရေးအတွက် အရေးကြီးတဲ့ ဦးဆောင်မှုတခု လိုအပ် နေတယ်လို့ လက်နက်ကိုင်တပ်ဖွဲ့အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်းသူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်း ဘယ်လောက်များများရှိနေပြီး ဘာတွေလုပ်နေကြသလဲ၊ စစ်အုပ်စု နဲ့ အဲဒီအဖွဲ့တွေကြားက အပစ်ခတ်ရပ်စဲရေးသဘောတူချက်က ဆက်ရှိနေဆဲလား၊ စစ်အစိုးရ အဆက်ဆက်ကိုတော်လှန်နေတဲ့ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေက အခု အသစ်ဖြစ်ပေါ်လာတဲ့ PDF နဲ့လက်တွဲပြီး စစ်အုပ်စုကို တော်လှန်ဖို့အရေးမှာ ဘာကြောင့် အဆင်သင့်မဖြစ်သေးတာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (လက်နက်ကိုင်တိုက်ပွဲ ရှေ့အလားအလာ ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ ဆိုတဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

Interview with Min Ko Naing part 1


၂၀၁၉ ခုနှစ် ၈ လေးလုံးအရေးတော်ပုံကာလ အခြေအနေနဲ့ပတ်သက်ပြီး မင်းကိုနိုင်နှင့် One News တွေ့ဆုံမေးမြန်းချက်ကို မှတ်တမ်းအနေဖြင့် ပြန်လည်ဖေါ်ပြထားပါသည်။

Interview with Aung la Nsang


2019 က ပြုလုပ်ခဲ့တဲ့ လက်ဝှေ့ချန်ပီယံ အောင်လနဲ့ အင်တာဗျုး...(One News အတွက် ဗျုးတာကို မှတ်တမ်းအဖြစ် ပြန်တင်ထားတာဖြစ်ပါတယ်)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More