Thursday, January 20, 2022

Interview with Pado Mhan Mhan of KNU. Part-2


“၂၀၂၃ ရွေးကောက်ပွဲဆိုတာကို ခေါင်းထဲမထည့်ပါနဲ့၊ လက်ရှိတော်လှန်ရေးကိုသာ အရှိန်မြှင့်ပါ”

(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
----------------------------------------------
(၂၀ /၁/၂၀၂)

စစ်ကောင်စီက ကျင်းပပေးမယ့် ၂၀၂၃ ရွေးကောက်ပွဲဆိုတာကို ခေါင်းထဲထည့်လိုက်တာနဲ့ တော်လှန်ရေးတခုလုံး နောက်ပြန်ဆုတ်သွားနိုင်တာကြောင့် စစ်အုပ်စု အစီစဉ်ကို ခေါင်းထဲမှာမထားပဲ လက်ရှိတော်လှန်ရေး အရှိန်မြှင့်တင်ရေးကိုသာ ဆောင်ရွက်သင့်တယ်လို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။

၂၀၂၃ မှာ ရွေးကောက်ပွဲရှိနေတဲ့အတွက် နွေဦးတော်လှန်ရေးကို ၂၀၂၂ အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရမယ်ဆိုတဲ့ ပြောဆိုချက်၊ ထင်မြင်ယူဆချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- PDF တွေ လက်နက်ရရှိရေးအတွက် ဘယ်လိုဆောင်ရွက်ပေးနေသလဲ...
- EAO အဖွဲ့တွေရဲ့ ရပ်တည်အလိုက် အကန့်အသတ်နဲ့ဖြစ်နေတဲ့ စစ်ပွဲကနေ တနိုင်ငံလုံး စစ်ပွဲဆီ ဦးတည်လာနိုင်သလား...
- EAO အဖွဲ့တွေရဲ့ လက်ရှိရပ်တည်ချက် ၃ မျိုးဟာ မကြာခင်မှာ တမျိုးတည်းပေါင်းသွားနိုင်ခြေရှိသလား..
- ၂၀၂၂ အတွင်း တော်လှန်ရေးအောင်မယ်လို့ပြောနေကြတာတွေက ဘယ်လိုအထောက်ထားတွေ ရှိနေလို့လဲ...
- ၂၀၂၃ ရွေးကောက်ပွဲဆိုတာကို စဉ်းစားသင့် မသင့်...စတဲ့ အကြောင်းအရာတွေကို ... ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, January 19, 2022

Interview with Pado Mhan Mhan of KNU. part-1



“လေးကေကော်တိုက်ပွဲနောက်ပိုင်း KNLA တပ်မဟာ ၇ ခုစလုံး တိုက်ပွဲထဲ ပါလာတယ်”

(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
----------------------------------------------
(၁၉ /၁/၂၀၂)

ပြီးခဲ့တဲ့လအတွင်းက စတင်ခဲ့တဲ့ လေးကေကော် တိုက်ပွဲနောက်ပိုင်း KNLA တပ်မဟာ ၇ ခုစလုံး နွေဦးတော်လှန်ရေးတိုက်ပွဲစဉ်ထဲ ပါဝင်လာတယ်လို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာကာလအတွင်း KNU အပါဝင် EAO တွေနဲ့ PDF, NUG အစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ၂၀၂၂ အတွင်း တိုက်ပွဲအရှိန်မြှင့်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- တပ်မဟာ ၅ အပါဝင် KNU ထိမ်းချုပ်နယ်မြေတွေအပေါ် စကစ တပ်တွေရဲ့ ထိုးစစ်ဆင်မှု နောက်ဆုံးအခြေအနေ...
- နယ်ခြားစောင့်တပ်စခန်းသိမ်းပိုက်မှုအပါဝင် KNU, PDF တပ်တွေရဲ့ တန်ပြန် ထိုးစစ်ဆင်နိုင်မှု အနေအထား...
- လေးကေကော်တိုက်ပွဲက နွေဦးတော်လှန်ရေးအင်အားစုတွေအတွက် ဘယ်လို သင်္ခန်းစာတွေ ပေးလိုက်သလဲ...
- ၂၀၂၂ အတွင်းမှာ လက်နက်ကိုင်တိုက်ပွဲ အရှိန်အဟုန် ပိုမြင့်လာနိုင်သလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ယုံကြည်တယ်ဆိုရင်... စကစ ကကျင်းပပေးမယ့် ၂၀၂၃ ရွေးကောက်ပွဲကို ခေါင်းထဲကထုတ်ထားဖို့လိုတဲ့အကြောင်း ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။)

Sunday, January 16, 2022

Interview with Capt Nyi Thuta. Part-2



“PDF လှုပ်ရှားမှများတဲ့ဒေသတွေကို စစ်ကောင်စီဖက်က ထိန်းချုပ်နိုင်ဖို့ အရမ်းခက်လာနေပါတယ်”

(ဗိုလ်ကြီးညီသုတ- People Soldiers' Defense Force- PSDF)
-------------------------------------------------
(၁၆/၁/၂၀၂၂)

ပြည်သူ့ကာကွယ်ရေးတပ် PDF လှုပ်ရှားမှုများတဲ့ ဒေသအချို့ကို စစ်ကောင်စီတပ်ဖက်က ထိန်းချုပ်နိုင်ဖို့ခက်ခဲလာနေတဲ့အတွက် ၂၀၂၂ အတွင်းမှာ လက်ရှိအခြေအနေထက် ၃ ဆလောက်အထိ ရလာဒ်ကောင်းတွေကို PDF ဖက်က ရလာနိုင်တယ်လို့ စကစ ဖက်ကနေ နွေဦးတော်လှန်ရေးဖက် ကူးပြောင်းလာသူ ဗိုလ်ကြီးညီသုတ ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာအခြေအနေပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- စစ်ကောင်စီက လေကြောင်းစစ်ဆင်ရေးကို ဘာကြောင့်  အဓိကထားလာတာလဲ...
- PDF နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် အားရသလား...
- CDM တပ်မတော်သားတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘာကြောင့် တာဝန်မပေးသေးတာလဲ...
- CDM တပ်မတော်သားတွေ ကြိုဆိုရေးအတွက် ဘယ်လိုဆက်လုပ်သင့်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Saturday, January 15, 2022

Interview with Capt Nyi Thuta. Part-1 Edit



“စစ်ကောင်စီဖက်ကမှာက အစားထိုးဖို့ လူမရှိတော့ဘူး။ PDF တွေဖက်မှာက လူအင်အား၊ စိတ်ဓတ်အင်အား အရမ်းကောင်းနေပါတယ်”

(ဗိုလ်ကြီးညီသုတ- People Soldiers' Defense Force- PSDF)
-------------------------------------------------
(၁၅/၁/၂၀၂၂)

မြန်မာနိုင်ငံမြို့နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ အင်အားသိန်းနဲ့ချီရှိနေပြီး စိတ်ဓတ်အင်အားကလည်းကောင်း၊ စစ်ရေးအတွေ့အကြုံကလည်း တစုံတရာရှိလာနေပြီဖြစ်တဲ့အတွက် လက်နက်ပံ့ပိုးမှုသာ ပိုအားကောင်းလာမယ်ဆိုရင် အချိန်တိုအတွင်း စစ်ကောင်စီကို အလဲထိုးနိုင်မှာဖြစ်တယ်လို့ စကစ ဖက်ကနေ နွေဦးတော်လှန်ရေးဖက် ကူးပြောင်းလာသူ ဗိုလ်ကြီးညီသုတ ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာအခြေအနေပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- တနှစ်နီးပါးကာလအတွင်း စကစ ဖက်ကနေ တော်လှန်ရေးဖက် ကူးပြောင်းလာတဲ့ CDM တပ်မတော်သား ဘယ်လောက်ရှိနေပြီလဲ...
- ပြည့်သူ့စစ်သားအဖွဲ့နဲ့ LPDF တွေရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုတွေက အားရစရာရှိရဲ့လား...
- PDF အင်အားနဲ့ စကစ တပ်အင်အား နှိုင်းယှဉ်ရင် ဘယ်တပ်ဖွဲ့က ပိုများနေသလဲ...
- စိတ်ဓတ်ကျနေတဲ့ စကစ တပ်မှာ စုဖွဲ့မှုပါ ပျက်နေပြီလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(CDM ပြည်သူ့စစ်သားတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘယ်လိုတာဝန်တွေပေးထားသလဲ... ဆိုတဲ့အကြောင်းအပါဝင် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Thursday, January 13, 2022

Interview with U Than Soe Naing on 2022. Part-2



“PDF က ထိုးစစ်လုပ်နိုင်ရင် ၂၀၂၂ အတွင်းမှာ အလှည့်အပြောင်းရဲ့ ရောင်ချည်ကို မြင်လာရနိုင်ပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေးလေ့လာသုံးသပ်သူ)
---------------------------------------------------
(၁၃/၁/၂၀၂၂)

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ EAO တပ်တွေပူးပေါင်းပြီး ၂၀၂၂ ရဲ့ ပထမ ၆ လမှာ ခုခံစစစ်ကနေ ထိုးစစ်ဖက်ကို ဗျုဟာပြောင်းနိုင်မယ်ဆိုရင် နှစ်မကုန်ခင်မှာ ကြီးမားတဲ့ အလှည့်အပြောင်းတွေကို မြင်လာရဖွယ်ရှိတယ်လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်နီးပါးကြာလာတဲ့အချိန်၊ ၂၀၂၂ ခုနှစ်ရဲ့ နွေဦးတော်လှန်ရေး အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- အာဏာသိမ်းပြီး တနှစ်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်အထိကျသွားသလဲ...
- စစ်လက်နက် တင်ပို့ခွင့် ပိတ်ဆို့ရေးကို ဘာကြောင့် မလုပ်နိုင်သေးတာလဲ...
- ၂၀၂၂ အတွင်းမှာ PDF က ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းနိုင်တဲ့ အခြေအနေရှိရဲ့လား...
- တော်လှန်ရေးကိုဦးဆောင်နေသူတွေရဲ့ စီမံခန့်ခွဲမှုစွမ်းရည်အပေါ် ဝေဖန်သင့် မသင့်...
- ၂၀၂၂ မကုန်ခင်မှာ အောင်ပွဲရဲ့ရောင်ချည်ကို မြင်လာရနိုင်သလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လာမယ့် စနေ၊ တနင်္ဂနွေမှာတော့ စစ်ကောင်စီတပ်ထဲကနေ ပြည်သူ့တော်လှန်ရေးဆီ ဘက်ပြောင်းလာတဲ့တပ်မတော်သား (၂၀၀၀) ကျော်ထဲက တဦးဖြစ်သူ ဗိုလ်ကြီး ညီသုတနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)။

Wednesday, January 12, 2022

Interview with Than Soe Naing on 2022. Part-1



“စစ်ကြောင်းတွေကို EAO က တာဝန်ယူပြီး စီမံခန့်ခွဲမှုကို NUG က တာဝန်ယူတဲ့ လုပ်ငန်းစဉ်တွေ အားကောင်းလာပါလိမ့်မယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေးလေ့လာသုံးသပ်သူ)
--------------------------------------------------
(၁၂/၁/၂၀၂၂)

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ဝါရင့် တပ်မှူးတွေကဦးဆောင်ပြီး စစ်ကြောင်းတွေထွက်ဖို့ပြင်နေတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စီမံခန့်ခွဲမှုနဲ့ ထောက်ပို့ရေးကိုတာဝန်ယူပေးလိမ့်လို့ သူနားလည်ထားကြောင်း နိုင်ငံရေး-စစ်ရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်နီးပါးကြာလာတဲ့အချိန်၊ ၂၀၂၂ ခုနှစ်ရဲ့ နွေဦးတော်လှန်ရေး အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- တနှစ်အတွင်း ဘာတွေ တိုးတက်လာသလဲ...
- CDM လှုပ်ရှားမှုတွေ၊ လူထုဆန္ဒပြပွဲတွေ အားနည်းသွားသလား...
- PDF တွေရဲ့ လက်နက်ကိုင်တိုက်ပွဲ အရှိန်ပိုကောင်းလာသလား...
- PDF နဲ့ EAO တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှုက အားရစရာရှိရဲ့လား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ် ရဟတ်ယာဉ်တွေကို ဘယ်လိုတားဆီးမလဲ၊ ခုခံစစ်ကနေ ထိုးစစ်ကို ဘယ်လိုကူးပြောင်းနိုင်မလဲ... စတဲ့ဆွေးနွေးချက်တွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More