Tuesday, August 26, 2025

စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဟု KNU ပြော... နောက်ဆုံးရ တို...


မြောက်ဦးကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားသေဆုံးမှုများ... စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဟု KNU ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၇ - သြဂုတ် - ၂၀၂၅)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါဝင် အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် (၂၅)၊ ည (၁၁) နာရီခွဲခန့်မှာ ဂျက်ဖိုက်တာက  ဗုံး (၂) လုံး ကြဲသွားတာဖြစ်ပြီး ဒိုင်းကျီရပ်ကွက်မှာ အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် အခုလို သေဆုံးမှုများရတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က Y 12 လေယောဉ်နဲ့ ဆက်တိုက်ဗုံးကြဲတဲ့အပြင် ဒရုန်းတွေနဲ့ပါ အဆက်မပြတ် ပစ်ခတ်နေ...

- ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ‌‌ယာဉ်နဲ့ ဗုံး ၄ ကြိမ်ကြဲသွား...

- ဒီးမော့ဆို - ဖရူဆို လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၁၀ ဦးခန့်သေဆုံး...

- သံတောင်ကြီးမြို့နယ်ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့-တိုက်ဒုံ-၉ လုံးနဲ့ တိုက်ခိုက်ရာမှာ ၉ လုံးစလုံး ပစ်မှတ်ကို ထိမှန်...

- ဒီဇင်ဘာမှာ စစ်တပ်က ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ဥပဒေအရ တရား မဝင်တဲ့အပြင် လူထုဆန္ဖ္ဒနဲ့လည်း မကိုက်ညီဘူး။ “စစ်တပ်အတွက် အကျိုးရှိမယ့် လူ နဲ့ ပါတီရွေးချယ်ပွဲ” သာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး၊ ဆန့်ကျင် သွားမယ်လို့ KNU ဗဟိုက သဘောထား ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More