Friday, August 22, 2025

ကျောက်မဲကို စစ်တပ်က ဗုံးကြဲ... မင်းတပ်မှာ စစ်တပ်မြှုပ်ထားတဲ့ လက်နက်တွေ တ...


ကျောက်မဲကို စစ်တပ်က ဗုံးကြဲ... မင်းတပ်မှာ စစ်တပ်မြှုပ်ထားတဲ့ လက်နက်တွေ တူးဖေါ်ရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၃- သြဂုတ် - ၂၀၂၅)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၁၈ ဦးအထိ သေဆုံးမှုရှိနိုင်တယ်လို့ Brave Warriors For Myanmar (BWM) က ဗီဒီယို သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂၀ မှာ ရှော့တိုက်ဒုံး ၁ဝ လုံးနဲ့ပစ်ခတ်တာဖြစ်ပြီး ၉ လုံးက ပစ်မှတ်ကိုထိတယ်၊ သင်တန်းအဆောင် ၄ ခု မီးလောင်ပြီး စစ်သားတွေ သေဆုံးတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- သပိတ်ကျင်းမြို့နယ် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃) အနီးကို သြဂုတ် ၂၁ ညပိုင်းမှာ စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်...

- TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို သြဂုတ် ၂၂ မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲတဲ့အတွက် နေအိမ် ၅ လုံး မီးလောင်ပျက်စီး...

- သရက်ချောင်းမြို့နယ်၊ မိုးရွှေကုန်းရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် နေအိမ်တွေကို မီးရှိ့ုနေလို့ ရွာသားတွေ ထွက်ပြေးနေရ...

- ပုလောဒေသရှိ KNDO တပ်ရင်း(၇)တပ်ခွဲ(၃) ထံ စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာ...

- KNLA တပ်မဟာ ၅ ထံ လက်နက်ချ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို တပ်မဟာ တာဝန်ရှိသူတွေကကြိုဆိုပြီး ဆုငွေ ချီးမြှင့်...

- မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေ မြေကြီးထဲ မြှုပ်နှံထားခဲ့တဲ့ လက်နက်တွေကို ရွာသားတွေကတွေ့ရှိပြီး မင်းတပ် CDF ထံ လာရောက်အပ်နှံ...

- မန္တလေးတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲ့ အခြေခံ စစ်ပညာ အပါတ်စဉ် ၅ သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More