Monday, August 18, 2025

“အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်ဆိုတာကို ပြသတာဖြစ်တယ်”


“အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်ဆိုတာကို ပြသတာဖြစ်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ်- ချင်းညီနောင်)

(၁၈- သြဂုတ်- ၂၀၂၅)

“ဒီခရီးစဉ်က တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်ဆိုတာကို ပြသတာဖြစ်တယ်၊ အခုချိန်ဟာ တော်လှန်ရေးအတွက် အလွန်အရေးကြီးတဲ့အချိန်လည်းဖြစ်တယ်” လို့ ချင်းညီနောင်အဖွဲ့ (CB) ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လိုင်ဇာမှာပြုလုပ်ခဲ့တဲ့ KIA ခေါင်းဆောင်တွေ၊ NUG ခေါင်းဆောင်တွေနဲ့ ချင်းညီနောင်အဖွဲ့တွေ့ဆုံမှုက နိုင်ငံရေးအရ ဘယ်လောက်အရေးကြီးသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- KIA ခေါင်းဆောင်ပိုင်းနဲ့ ချင်းညီနောင်တွေ့ဆုံမှုက နိုင်ငံရေးအရ ဘယ်လို ထူးခြားမှုရှိသလဲ...

- NUG ခေါင်းဆောင်ပိုင်းနဲ့ မြေပြင်တပ်တွေကြားမှာ ဘယ်လို ကွာဟချက်တွေ ဆက်ရှိနေသေးသလဲ...

- လိုင်ဇာတွေ့ဆုံမှုက နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

( ချင်းညီနောင် ထိန်းချုပ်ဒေသအပါဝင် နေရာအတော်များများမှာ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လိုရင်ဆိုင်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More