“အချိန်ကိုအဓိကမထားပဲ အရှိန်အဟုန်ကိုပဲအဓိကထားပြီး ဆက်မြှင့်တင်သွားဖို့လိုပါတယ်”
- ဗိုလ်ကြီးညီသုတ (CDM - တပ်မတော်အရာရှိ)
(၁၅- ၄- ၂၀၂၃)
“တော်လှန်ရေး ဘယ်နေ့ပြီးမလဲဆိုတဲ့ အချိန်သတ်မှတ်ချက်တွေပေါ် အဓိကမထားပဲ တော်လှန်ရေးအရှိန်အဟုန် ဘယ်လောက်ကောင်းနေပြီလဲဆိုတဲ့ အချက်ကိုသာ အလေးထားစေချင်တယ်” လို့ (CDM) တပ်မတော်အရာရှိ ဗိုလ်ကြီးညီသုတကပြောပါတယ်။
ကန့်ဘလူမြိုနယ်၊ ပဇီကြီးရွာ တိုက်ခိုက်မှုမျိုး နောက်ထပ်မကြုံရအောင် ဘယ်လိုကာကွယ်ကြမလဲ၊ နွေဦးတော်လှန်ရေး ဒီနှစ်အတွင်း ဘယ်လောက်အထိ အရှိန်အဟုန်ကောင်းလာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- လွတ်မြောက်နယ်မြေမဖြစ်သေးခင်မှာ အရာရာကို လုံခြုံရေးသတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ...
- စစ်သားတွေက မြဝတီ TV နဲ့ ဗိုလ်ချုပ်တွေရဲ့စကားကိုပဲအမှန်ထင်ပြီး လူထုအသံ လုံး၀ မကြားနိုင်တော့ဘူးလား...
- လာမယ့် ၈ လတာအတွင်း တော်လှန်ရေးအင်အားစုတွေဖက်က စစ်ရေးအရှိန် ဘယ်လောက်အထိ မြှင့်တင်နိုင်ခြေရှိသလဲ...
- တော်လှန်ရေးသမိုင်းတလျောက်မှာ အခုချိန်ဟာ အရှိန်အဟုန်အကောင်းဆုံးလို့ ဘာကြောင့်ပြောနိုင်တာလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment