Monday, April 10, 2023

“စစ်ကောင်စီဥက္ကဌက မိုးလားကဲလားပြောနေပေမယ့် စစ်မြေပြင်ရှိ သူလူတွေကတော့ အလ...


“စစ်ကောင်စီဥက္ကဌက မိုးလားကဲလားပြောနေပေမယ့် စစ်မြေပြင်ရှိ သူလူတွေကတော့ အလဲလဲ အကွဲကွဲပဲ” - ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU) (၉ - ၄-၂၀၂၃) “စစ်ကောင်စီဥက္ကဌက PDF တွေ၊ NUG တွေကို ကူညီနေတဲ့ EAO တွေကို ပြတ်ပြတ်သားသားအရေးယူမယ်ဆိုပြီး မိုးလားကဲလားပြောနေပေမယ့် တကယ့်စစ်မြေပြင်မှာတော့ စစ်ကောင်စီတပ်သားတွေ အလဲလဲ အကွဲကွဲ ခံနေရတယ်။ အရှင်ဖမ်းမိသူတွေ၊ ထွက်ပြေးသူတွေ ပိုများလာနေတာကိုသာတွေ့နေရတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။ ကရင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီဥက္ကဌရဲ့ သတိပေးချက်တွေအပေါ် တုန့်ပြန်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့်မေးမြန်းချက် ပထမပိုင်းမှာ... - ရွှေကုက္ကိုလ်ဒေသ တိုက်ပွဲ နောက်ဆုံးအခြေအနေ... - KNLA တပ်မဟာအားလုံး PDF တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေမှု အနေအထား... - စကစ ဥက္ကဌ မိန့်ခွန်းနှင့် တကယ့်စစ်မြေပြင်အခြေအနေ ဘာတွေကွာနေသလဲ... - စစ်ကောင်စီဟာ နိုင်ငံရေးအပြင် စစ်ရေးမှာပါမှာ ရှုံးနိမ့်လာနေပြီလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ERO ဒေသနဲ့ အညာစစ်မျက်နှာရှိ PDF တွေ ဗျုဟာမြောက် ဘယ်လိုပူူးပေါင်း တိုက်ပွဲဝင်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်။ ဦးသန်းစိုးနိုင် ဒုတိယ ပိုင်းကိုတော့ KNU အင်တာဗျုးအပြီးမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More