Saturday, April 29, 2023

“စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုစွန့်ပါ၊ လူထုတော်လှန်...


“စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုစွန့်ပါ၊ လူထုတော်လှန်ရေးထဲ ပါဝင်ပါ”

- မာဝီ (ဒု-စစ်ဦးစီးချုပ်၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်)

(၂၉ - ၄-၂၀၂၃)

“၂၀၂၁ မှာစတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ လူမျိုးစုတော်လှန်ရေးမဟုတ်ဘူး၊ လူတစု တော်လှန်ရေးလည်းမဟုတ်ဘူး၊ ဒါဟာ လူထုတော်လှန်ရေးဖြစ်တဲ့အတွက် လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံး လက်တွဲပါဝင်ဖို့လိုတယ်။ လက်နက်အင်အား၊ လူအင်အားကောင်းတဲ့ အဖွဲ့အချို့က စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို စွန့်လွှတ်ပြီး တော်လှန်ရေးထဲပါဝင်ဖို့လိုတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီ က ပြောပါတယ်။

ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်နဲ့ အချို့နေရာတွေမှာ တော်လှန်ရေးတပ်တွေဖက်က စခန်းသိမ်းတိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ကို တပ်ရင်းအလိုက်ပြုတ်တဲ့အထိ တိုက်နိုင်စွမ်းရှိလာနေပြီဖြစ်ပမယ့် စစ်တပွဲလုံး၊ တနိုင်ငံလုံးမှာ အနိုင်ရအောင် ဘာတွေဆောင်ရွက်ဖို့ လိုအပ်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- မြို့နယ်တခုအတွင်း၊ ပြည်နယ်-တိုင်း တခုအတွင်းရှိတဲ့ တော်လှန်ရေးတပ်တွေ အမိန့်တခုတည်းနဲ့ တိုက်နိုင်အောင် ဘယ်လိုဆေင်ရွက်သင့်သလဲ....

- ပွိုင့် ၅ လက်နက်တွေက စစ်ကောင်စီ ရဟတ်ယာဉ်တွေကို တကယ်ပစ်ချနိုင်မလား...

- လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ သက်တန်းရင့်အဖွဲ့အချို့ အခုချိန်အထိ လူထုတော်လှန်ရေးထဲ ပါမလာသေးတာ ဘာကြောင့်လဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More