“လူတယောက် အာဏာရရေးအတွက် သူတို့အသေခံတိုက်ပေးနေရတယ်ဆိုတာကို ရှေ့တန်းက စစ်သားတွေ သဘောပေါက်လာတယ်ထင်ပါတယ်”
- မာဝီ (ဒု စစ်ဦးစီးချုပ် - ကရင်နီအမျိုးသားများကာကွယ်ရေးတပ်)
(၂၈- ၄-၂၀၂၃)
“တိုင်းပြည်ကာကွယ်ရေးအတွက်မဟုတ်ပဲ လူတယောက် အာဏာရရေးအတွက် သူတို့အသေခံတိုက်ပေးနေရတယ်ဆိုတာကို ရှေ့တန်းက စစ်သားတွေ သဘောပေါက်လာပြီး စိတ်ဓာတ်ကျလာတယ်၊ ဒါကြောင့် တပ်ရင်းအလိုက်ပြုတ်တာ၊ အုပ်စုလိုက်ဖမ်းမိတာ၊ အုပ်စုလိုက် ထွက်ပြေးတာတွေဖြစ်လာနေတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒု စစ်ဦးစီးချုပ် မာဝီ ကပြောပါတယ်။
လက်ရှိ ရှမ်း-ကယားနယ်စပ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဒေါတမကြီးဖက်က တိုက်ပွဲမှာ စစ်ကောင်စီဖက်က တပ်ရင်းလိုက်ပြုတ်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- ရှမ်း-ကယယားနယ်စပ်က နောက်ဆုံးတိုက်ပွဲမှာ စကစ ဖက်က ဘယ်လောက် အထိနာနေသလဲ...
- ဒေါတမကြီး တိုက်ပွဲမှာ စကစ ဖက်က တရင်းအလိုက်ပြုတ်သွားတာ ဘာကြောင့်လဲ...
- အခုနှစ် ပထမ ၄-အတွင်း စစ်ရှိန်ဘယ်လောက်မြင့်လာသလဲ... တော်လှန်ရေးတပ်တွေ ဘယ်လောက် ဟန်ချက်ညီ လှုပ်ရှားနိုင်လာသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(လူထုတရပ်လုံးပါဝင်နေတဲ့တိုက်ပွဲမှာ လူထုအတွက်လုပ်နေပါတယ်ဆိုတဲ့ အဖွဲ့အချို့ မပါသေးပဲ ဟိုလိုလို ဒီလိုလိုလုပ်နေတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment