Tuesday, December 28, 2021

Interview with Karenni Human Rights Groups. Part-1


ဖရူဆိုမြို့နယ်အတွင်း လူ ၃၀ ခန့် အစုအပြုံလိုက် မီးရှို့သတ်ဖြတ်ခံမှုအကြောင်း မေးမြန်းချက် (၁)
--------------------------------------------------
(၂၈/၁၂/၂၀၂၁)

ကရင်နီဒေသ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အစုံအပြုံလိုက်မီးရှို့သတ်ဖြတ်ခံရမှုအတွင်း လူပေါင်း အနည်းဆုံး ၂၉ ဦးသေဆုံးခဲ့တယ်၊ အလောင်းတွေ ရထားပြီးဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်ကပြောပါတယ်။ ကရင်နီအမျိုးသမီးအဖွဲ့က မော်ဗျားမြာဦးကတော့ ဒီဖြစ်စဉ်ဟာ လူသားမဆန်စွာ ဆိုးလွန်းတဲ့အတွက် နိုင်ငံတကာဖက်က စစ်ကောင်စီကို အရေးယူဖို့လိုတယ်လို့ပြောပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ခရစ်စမတ်အကြိုနေ့က ဖရူဆိုမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ လူအစုအပြုံလိုက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူတို့ ၂ ဦးက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... မီးရှို့သတ်ဖြတ်ခံရသူတွေထဲက ၂၉ ဦးရဲ့အလောင်းကို ကောက်ယူရရှိထားမှု၊ ဒေသခံတွေအပြင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ဝန်ထမ်းတွေပါ သေဆုံးခဲ့မှု၊ စစ်ကောင်စီ ပြန်ကြားရေးဖက်က သတင်းထုတ်ပြန်ချက်နဲ့ လက်တွေ့ မြေပြင်က အခြေအနေ ကွာခြားနေမှု... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(ဒီလို အစုအပြုံလိုက်သတ်ဖြတ်ခံရမှုတွေ၊ သိန်းနဲ့ချီပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေအပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖက်က ဟန့်တားဖို့၊ ကူညီပေးဖို့ပျက်ကွက်နေတဲ့အပေါ် ဝေဖန်ချက်ပါဝင်တဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More