Wednesday, December 29, 2021

Interview with Karenni Human Rights Groups. Part 2



“စစ်ကောင်စီက လူသတ်မီးရှို့နေတာကို ကုလသမဂ္ဂက ဘာမှဝင်ရောက်မတားဆီးပဲနေခြင်းနေခြင်းဟာ ကျနော်တို့ကို သေချင်သေပစေဆိုပြီး စွန့်ပစ်ထားသလိုဖြစ်နေပါတယ်”

(ဗညားခွန်အောင်- Karenni Human Rights Group)
--------------------------------------------------------
(၂၉ /၁၂/၂၀၂၁)

စစ်ကောင်စီတပ်တွေက အရပ်သားတွေကို အစုအပြုံလိုက်ဖမ်းဆီ မီးရှို့သတ်ဖြတ်နေတာကိုသိရဲ့နဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက ဘာမှကြားဝင်တားဆီးခြင်းမရှိပဲ လွှတ်ပေးထားတာဟာ စစ်ပြေးဒုက္ခသည်တွေကို သေချင်သေပါစေဆိုပြီး တာဝန်မဲ့ စွန့်ပစ်ထားသလိုဖြစ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်က ဝေဖန်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့၊ ခရစ်စမတ်အကြိုနေ့က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဖိုဆိုရွာမှာဖြစ်ပွားခဲ့တဲ့ အရပ်သား ၃၀ ကျော်ဖမ်းဆီး၊ မီးရှို့သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုပြောခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... 
- မီးရှို့သတ်ဖြတ်ခံရသူတွေထဲမှာ ဒေသခံအရပ်သားတွေအပြင်  Save the Children နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့က ဝန်ထမ်း ၂ ဦးပါ ပါသွားတဲ့အကြောင်း...
- ကရင်နီဒေသမှာ စစ်ပြေးဒုက္ခသည် တသိန်းကျော်၊ တနည်းအားဖြင့် ပြည်နယ်လူဦးရေ သုံးပုံတပုံရှိနေချိန်အထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖက်က ဘာမှအကူအညီမပေးနိုင် သေးတဲ့အကြောင်း...
- ကနီဖက်က အစုအပြုံလိုက်သတ်ဖြတ်မှု၊ အခု ဖရူဆိုဖက်က အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို ကုလသမဂ္ဂက အရေးမယူပဲ ဒီတိုင်းလွှတ်ပေးထားတာ ဒေသခံတွေကို သေချင်သေပါစေဆိုပြီး တာဝန်မဲ့စွန့်ပစ်ထားသလိုဖြစ်နေပြီလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC အဖွဲ့ဝင်တဦးဖြစ်သူ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကိုနန္ဒာစစ်အောင်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More