Friday, December 3, 2021

Interview with Aung Myo Min of NUG on UN-Burma affair part-1


“သံတမန်ရေးတိုက်ပွဲမှာတော့ စစ်ကောင်စီဟာ တပွဲပြီးတပွဲ ဆက်တိုက်ရှုံးနေပါတယ်”

(ဦးအောင်မျိုးမင်း- လူ့အခွင့်အရေးဝန်ကြီး-NUG)
--------------------------------------------
(၃/၁၂/၂၀၂၁)

ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂ Credential Committee က ဆက်လက်အတည်ပြုလိုက်တာဟာ နွေဦးတော်လှန်ရေးအတွက် အောင်ပွဲဖြစ်ပြီး စစ်ကောင်စီအတွက်တော့ သံတမန်ရေးတိုက်ပွဲမှာ ဆက်တိုက်ကျဆုံးနေတဲ့ သင်္ကေတဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း မနေ့ကကြေညာတာအပါဝင် စစ်အာဏာသိမ်းမှု ၁၀ လ တာ ကာလအတွင်း တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း BNN သတင်းဌာနမှ ဦးထက်အောင်ကျော်ကမေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုလိုက်ခြင်းက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ၊ စစ်ကောင်စီဖက်က သံတမန်စစ်မျက်နှာမှာ ဆက်တိုက်ကျဆုံးနေပြီလား၊ နိုင်ငံတကာရောက် မြန်မာတွေရဲ့ ထောက်ခံမှုက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးပါသလဲ၊ ဒေါ်လာ ၁၀ သန်းအပါဝင် ပြည်ပ အလှူငွေတွေက PDF တွေကို ဘယ်လောက်အထိ အားပေးနိုင်မလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီဖက်က ဆွေးနွေးပွဲကိုလက်မခံရင် PDF တွေရဲ့လက်နက်ကိုင်တော်လှန်ရေးက အဆုံးသတ်တိုက်ပွဲအထိဖြစ်သွားနိုင်သလားဆိုတဲ့ ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More