Thursday, December 23, 2021

Interview with Tom Andrews of UN. Part.1



“ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး လွတ်မြောက်သွားတာမျိုးမဖြစ်အောင် အရေးယူဖို့ လိုပါတယ်”

(Tom Andrews- UN Special Rapporteur on the human rights in Myanmar)
-----------------------------------------------------
(၂၃/၁၂/၂၀၂၁)

မြန်မာစစ်တပ်က နေအိမ်တွေကို မီးရှို့၊ လူတွေကိုသတ်ဖြတ်တဲ့အတွက် တသန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နယ်စပ်ထဲ ထွက်ပြေးလာရတဲ့ ၂၀၁၇ ဖြစ်စဉ်အတွက် အပြစ်ရှိသူတွေကို အရေးယူနိုင်ဖို့လိုတယ်၊ တာဝန်ခံမှု ရှိအောင်လုပ်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews ကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူသွားရောက်လေ့လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းက ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေ၊ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ကူညီ ဆောင်ရွက်ပေးနေမှု၊ အိမ်ပြန်နိုင်မယ့် အလားအလာ၊ သူတို့ အိမ်ကိုမီးရှို့ပြီး သူတို့ကိုမောင်းထုတ်ခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာဖက်က ဘယ်လိုအရေးယူနိုင်မလဲ... စတဲအကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂ ဖက်က ဘယ်လိုအရေးယူနိုင်မလဲ...ဆိုတဲ့ အကြောင်းအရာတွေပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖြန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

=========================================

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းသူ Tom Andrews နှင့်  မေးမြန်းချက် (၁)
------------------------------------------------------
၂၃/ ၁၂/ ၂၀၂၁

မင်္ဂလာပါ။ BNN ပရိသတ်များခင်ဗျား... ဒီနေ့ ဆွေးနွေခန်းအတွက် ကျနော်ဖိတ်ခေါ်ထားသူကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews ဖြစ်ပါတယ်။ မေးမြန်းမယ့် အဓိကအကြောင်းအရာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က သွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအခြေအနေအပါဝင် မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေးနောက်ဆုံး အခြေအနေ၊ နောက် ကုလသမဂ္ဂက ဘာတွေ ဆောင်ရွက်ပေးနိုင်မလဲ...ဆိုတဲ့အကြောင်းတွေ ဖြစ်ပါတယ်။

၁- (BNN) မင်္ဂလာပါ- Tom Andrews ...ပထမဆုံးကတော့ ခုနက နိဒါန်းမှာပါတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေဖြစ်ပါတယ်။ သူတို့ အိမ်ပြန်နိုင်မယ့်အခြေအနေကိုမပြောခင် အဲဒီက မြင်ကွင်းကို အရင်ဆုံးပြောပြပေးပါဗျ...။

(Tom Andrews) ... ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာ လေယာဉ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးရဲ့ အခြေအနေကို လေ့လာကြည့်ရှုဖို့ ကျနော် စိတ်အားထက်သန်နေပါတယ်။ သူတို့ထဲက အများစုဟာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြသူတွေပါ။

ဒါက ကျွန်တော့်တာဝန်ပါပဲ။ သတင်းအချက်အလက်တွေကို အခြေခံတဲ့  စိစစ်တွေ့ရှိချက် နောက်ဆုံးအခြေအနေနဲ့အတူ အကြံပြုချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံ တင်ပြဖို့ပါ။ ဒီခရီးစဉ်ကာလက တိုတိုလေးပါ။ တပတ်ကျော်ကျော်လေးဆိုတော့ အားသွန်ကြိုးပမ်းရပါတယ်။ Cox's Bazaar ခရိုင်ထဲက စခန်းတွေကို ခရီးထွက်ခဲ့ပါတယ်။

Bhasan Char ကျွန်း ခရီးက အသွားသုံးနာရီ၊ အပြန် သုံးနာရီဆိုတော့ ဒီကျွန်းဟာ ဘယ်လောက် ခေါင်တဲ့နေရာလဲဆိုတာ သဘောပေါက်နိုင်ပါတယ်။  အဲဒီကလူတွေ ဘယ်ကလာပြီး သူတို့ရည်မှန်းချက်ဆန္ဒက ဘာလဲဆိုတာ အတိအကျ နားလည်ဖို့ ကြိုးစားရင်း အချိန်ကုန်ခဲ့ပါတယ်။ သိပ်ကောင်းတဲ့ ခရီးစဉ်ပါ။ အသိအမြင်လဲ တိုးပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေအခြေအနေကို သိချင်တယ်ဆိုရင်တော့ အသေးစိတ်အချက်တချို့ကို ပြောပြနိုင်ပါတယ်၊ ကျနော်တို့ ဘယ်ကိုသွားပြီး ဘာတွေ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကျဉ်းချုပ်သုံးသပ်ချက်မျိုးပေါ့။

(ဖြေကြားချက် အသေးစိပ် စာသားတွေကို https://burmanewsnetwork.com ထဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်) 
==========================================

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More