တဆောင်းသစ်ပြန်ပြီ...။
၁၂ လကြာပြီးရင်ဖြစ်စေ၊ ၃၆၅ ရက်ကြာပြီးရင်ဖြစ်စေ တနှစ်ကုန်ပြီး နှစ်သစ်တခုကိုပြောင်းတာ သဘာဝတရားပါ။ ဘာမှ အထူးအခြားမပါ။ ဒါပေမဲ့ အဲဒီ ၃၆၅ ရက်အတွင်း ကိုယ်က ဘာတွေလုပ်ခဲ့သလဲ။ ဘာတွေလုပ်နိုင်ခဲ့သလဲ။ လုပ်ခဲ့တာတွေဟာ ကိုယ်လုပ်ချင်တာတွေ ဟုတ်ရဲ့လား။ မှန်းထားတဲ့အတိုင်း ခရီးပေါက်ရဲ့လား ဆိုတာကတော့ ပြန်သုံးသပ်သင့်တယ်ထင်ပါတယ်။
အမှန်တိုင်း ၀န်ခံရမယ်ဆိုရင် ၂၀၁၁ ဖေဖေါ်ဝါရီမှာ (အတွင်းရေးအဆင်မပြေမှုတွေကြောင့်) DVB ကနေ အလုပ်ထုတ်ခံရပြီးကတည်းက အခုချိန် အထိ ၀င်ငွေရတဲ့အလုပ် (စာမူခ၊ ဘာသာပြန်ခ မှအပ) ဘာမှမလုပ်သေးပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၀င်ငွေမရတဲ့ အလုပ်တွေနဲ့ ဘ၀ကိုဖြတ်သန်းနေရတယ်ဆိုပါတော့။
(၂၀၁၅ မေလ အီတလီ ၂၁ ၇က်ပွဲကစပြီး Cyclingnewsforburma.com page မှာ စက်ဘီးသတင်းနဲ့ဆောင်းပါးတွေ ဆက်တိုက်ရေးလာတာ ဒီနေ့အထိပါ)။
အရင်နှစ်တွေကိုထားလိုက်တော့။ လွန်ခဲ့တဲ့ ၂၀၁၆ ကိုပြန်သုံးသပ်တဲ့အခါ ဆောင်းပါး ၃၈ ပုဒ်ရေးနိုင်ခဲ့တယ်။ မြန်မာနိုင်ငံဆီ တခေါက်ပြန်နိင်ခဲ့ တယ်။ ကျန်းမာရေး (ခန္တာကိုယ်ကြံ့ခိုင်ရေး) အတွက် စက်ဘီးဝယ် စက်ဘီးစီးနိုင်ခဲ့တယ်။ (လက်ကျိုးတဲ့အထိ စီးမိတာကတော့ တပိုင်းပေါ့)။ ပိုနေ တဲ့အချိန်မှာ နောဝေစာနဲ့ တခြားဗဟုသုတတွေကို လေ့လာနိုင်ခဲ့တယ် စသဖြင့် အရှုံးမရှိအောင်တော့ နေနိုင်ခဲ့တယ် ဆိုပါတော့။
၂၀၁၇ မှာကော ဘာတွေ ဆက်လုပ်နိုင်မလဲ...။
၂၀၁၁ ကနေ ၂၀၁၆ အထိ ဌာနလက်ကိုင်မရှိဝန်ကြီးအဖြစ် တကိုယ်တော် လုပ်နိုင်တာ အတော်များများလုပ်ခဲ့ပါတယ်။ သူပုန်ကျောင်းသားတဦး ရဲ့မာရသွန်ခရီး စာအုပ်ထုတ်နိုင်ခဲ့ပါတယ်။ စာရေးသူ၊ သတင်းဝေဖန်သူအဖြစ် တာဝန်ထမ်းနိုင်ခဲ့ပါတယ်။ ၂၀၁၇ ထဲမှာတော့ တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ ကိုထုတ်နိုင်အောင်ကြိုးစားမှာဖြစ်ပါတယ်။
ဒါတွေက တကိုယ်တော်လုပ်နိုင်တာတွေကို တကိုယ်တော်ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ တကိုယ်တော်လုပ်နိုင်တဲ့နှုန်းနဲ့ အသင်းအဖွဲ့နဲ့စုပြီး လုပ်နိုင်တဲ့နှုန်းက သိပ်ကွာတဲ့အတွက် ၂၀၁၇ မှာ တကိုယ်တော်ကနေ အသင်းအဖွဲ့နဲ့လုပ်နိုင်တဲ့က်ဆီ သွားနိုင်ဖို့ကြိုးစားနေပါတယ်။ မီဒီယာ တာဝန်၊ နိုင်ငံ့တာဝန်များကို ၂၀၁၇ မှာ ပိုမိုပီပြင်စွာ ထမ်းရွက်နိုင်လိမ့်မယ်လို့မျှော်လင့်ထားပါကြောင်း စာဖတ်ပရိသတ်နှင့် ရဲဘော်ရဲဘက်များ အား ၂၀၁၇ နှစ်သစ်ကူးစကားအဖြစ် အသိပေးတင်ပြလိုက်ရပါတယ်။
၂၀၁၆ အတွင်း ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးတွေကတော့...
jan ... 5

feb ... 4
march... 2
april ...1 (လက်ကျိုးသွားလို့)
may ... 2
june... 3
july... 5
august... 5
sept... 2
oct ...2
nov... 3
dec... 4။ ။
0 comments:
Post a Comment