Wednesday, January 21, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၂)

သံဃာသရဏံ ဂန်းစာမိ

ရွှေဝါရောင်တော်လှန်ရေးစလို့ သိပ်မကြာခင်လေးမှာ တက်ကြွလှုပ်ရှားသူအတော်များများ အဖမ်းခံလိုက်ရပါတယ်။ အဲဒီထဲမှာ ကျနော်တို့အင်တာဗျုးလုပ်နေကြ လူရွှင်တော် ကိုဇာဂနာ၊ ၈၈ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်နဲ့ သံဃာအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် အရှင်ဂန်ဘီရတို့ လည်းပါသွားပါတယ်။ ဆန္ဒပြတဲ့သံဃာင်္တွေကို ဆွမ်းကမ်မှုနဲဖမ်းဆီး ခံရတဲ့ ကိုဇာဂနာဟာ အင်းစိန်ထောင်မှာ တလလောက်စစ်ဆေးခံရပြီးတဲ့နောက် ပြန်လွတ်လာပါတယ်။


အဲဒီအချိန်ဟာ ၂၀၀၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းလို့ထင်ပါတယ်။ ထုံးစံအတိုင်း သူလွတ်လာတော့ အားလုံးက သူ့ဆီဝိုင်းမေးကြတာပေါ့။ ဒီလိုနဲ့ သူ့တယ်လီဖုန်းလိုင်းအားတဲ့အချိန်ကိုစောင့်နေရင်းနဲ့ နာရီကျော်မှာ ဗျုးခွင့်ရပါ တယ်။ အသံလွှင့်မှာက   နာရီဆိုတော့ အတော်ကပ်နေပြီ။ BBC, VOA, RFA စတဲ့ စင်ပြိုင်ရေဒီယိုတွေကလဲ သူ့နဲ့ အင်တာဗျုးကို ဒီညလွှင့်မှာသေချာနေတော့ ကိုယ့်ရေဒီယိုမှာလည်း ဒီညပါအောင် ထည့်မှာဖြစ်မှာပေါ့။

‘’ထာင်ထဲမှာ အဆိုးဆုံးနေရာက စစ်ခွေးတိုက်ပဲ။ ပထမ တော့ ကျနော်က၀မ်းတွေသာသွားတာပေါ့ဗျာ။ ထောင် ထဲရောက်မယ်ဆိုတော့ ပေါ်ဦး (မင်းကိုနိုင်) တို့နဲ့ တွေ့မယ်။ သူငယ်ချင်းတွေနဲ့လည်း တွေ့မယ်၊ ဘယ်သူတို့နဲ့ တွေ့မယ်ဆိုပြိးတော့ပေါ့ ဘယ် သူငယ်ချင်းတွေနဲ့ မတွေ့ရဘဲနဲ့ တခါတည်း တန်းတွေ့ရတာက စစ်ခွေးတွေနဲ့ တွေ့ရတာပဲ။ အဲဒီမှာ အားပါးတရနဲ့ နှုတ်ဆက်မယ့် လူတွေများ အောက်မေ့တယ်။ ၀ူး၊၀ူး၊ ၀ုတ်ဝုတ်ဝုတ် ဆိုတဲ့ အသံတွေနဲ့ စပြီးတော့ အဲဒီ စစ်ခွေးတွေ ကြားထဲ ရောက်သွားတော့တာပဲ’’ လို့ ဇာဂနာက သူရဲ့ထောင်တွင်း ပထမ နေ့တွေ အကြောင်းပြောပြနေပါတယ်။

ဒီလိုနဲ့အင်တာဗျုးက နာရီထိုးဖို့ ၁၅ မီနစ်လိုတဲ့အထိမပြီးသေးဘူး။ ဒီနေ့တာဝန်ကျတဲ့ ပရီစန်တာက ဒီညလွှင့်မဲ့ အသံတွေ ကွန်ပြူတာပေါ်တင်ဖို့ စတူဒီယိုတခါးကို လာခေါက်နေပြီ။ ကျနော်တို့ DVB မှာက တခြားရေဒီယိုတွေလို စတိုဒီယိုနံပတ် ၁၅ တွေ၊ ၁၆ တွေမရှိပါ။ စုစုပေါင်းမှ ခုတည်း။ တခုက အမြဲတန်းလိုလို တခုခုယွင်းနေတဲ့အတွက် အသံလွှင့်တဲ့စတူဒီယို အားတဲ့အချိန်ကိုပဲ အားလုံးက ၀ိုင်းစောင့်နေကြတာ။

ဆရာဇာဂနာကလည်း အခုမှအရှိန်ကောင်းတုန်း။ `’ကျနော်တို့ မြန်မာလူမျိုးတွေက မွေးကတည်းကစပြီး သေသည် အထိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဆိုတဲ့ သရဏဂုံ သုံးပါးနဲ့နေရ တာလေ။  အခုတော့ နောက်ဘိတ်ဆုံး စကားလုံးက ပြောင်းရတော့မလို ဖြစ်နေတယ်။ သံဃံသရဏံ (Gun) ဂန်းစာမိ ဖြစ်ကုန်ကြပြီ့။ သံဃံသရဏံက ဂစ္ဆာမိ မဟုတ်ဘဲ (Gun) ဂန်းစာမိ ဖြစ်သွားပြီ´’ ဆိုပြီး သူကပြောပါ တယ်။

သူကပြော၊ ကျနော်ကရီ၊ ကျနော်ရီတာကို သူကပြန်ရီနဲ့   နာရီထိုးဖို့ မီနစ်အလိုမှာတော့ မဖြစ်မနေ အတင်းဖြတ် ချလိုက်ရပါတော့တယ်။ အသံလွှင့်နေစဉ်မှာ အမြန် အက်ဒစ်လုပ်၊ ၁၂ မီနစ်စာ အမြန်ဖြတ်ပြီး အဲဒီညမှာပဲ ပါအောင် ထည့်လိုက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ‘’သံဃံသရဏံ ဂန်းစာမိ’’ ဟာ ဇာဂနာရဲ့နောက်ဆုံးပေါ်ပျက်လုံးအဖြစ် အတော်နာမည် ကြီးသွားခဲ့ပါတယ်။

တချို့ပရိတ်သတ်တွေကတော့ သံဃာင်္တော်တွေအပေါ် ဒီလိုပျက်လုံးထုတ်တာကို မကြိုက်ကြဘူး၊ သံဃာင်္ကို ပျက် လုံးမလုပ်သင့်ဘူးဆိုပြီးပြောကြတယ်လို့ပြန်ကြားရပါတယ်။ ဒါပေမယ့် ဒီပျက်လုံးဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန် ရေးကာလအတွင်း တကယ်အဖြစ်ပျက်တွေကို ဗွင်းဗွင်းကြီးပေါ်လွင်စေတဲ့အတွက် အများစုကကြိုက်ကြတယ်။ သံ ဃာင်္ကိုတောင်သတ်မိတဲ့ စစ်အစိုးရအတွက်လည်း အတော်အရှက်ရစေခဲ့တယ်လို့သိရပါတယ်။

နာဂစ်မုန်တိုင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့သူတွေကို ထောက်လှမ်းရေးက ရှာဖွေဖမ်းဆီးထောင်ချလို့မပြီးခင် ၂၀၀၈ ခုနှစ် မေလ ရက်နေ့မှာ နာဂစ်မုန်တိုင်းကြီး မြန်မာနိုင်ငံကမ်းရိုးတန်းဆီဝင်လာပါတယ်။ ကံကဆိုးချင်တော့ နိုင်ငံရေး သတင်းကိုသာ ဇောင်းပေးလေ့ရှိတဲ့ DVB အပါဝင် ပြည်ပရေဒီယိုတွေဟာ နာဂစ်မုန်ုတိုင်းအကြောင်း ကြိုတင် တိပေးထုတ်လွှင့်ဖို့အရေးကို လုံလောက်စွာဆောင်ရွက်ဖို့ အားနည်းခဲ့ကြပါတယ်။


ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီ မေလ တရက်နေ့ညက ကျနော်တာဝန်ကျတဲ့နေ့။ မြန်မာ့အလင်းပါသတင်း ထုတ်ပြန်ချက်အရဆိုရင် တနာရီ ၆၄ ကီလိုမီတာ (၃၅ မိုင်ခန့်) ခန့်လေတိုက်နှုန်းရှိတဲ့ မုန်တိုင်းတခု ဧရာဝတီတိုင်းနဲ့ တနသာင်္ရီကမ်းရိုးတန်းဆီဝင်လာနိုင်တယ်။ ဒီရေလည်းအနည်းအကျဉ်းတက်နိုင်တယ်ဆိုတာ မပိုပါ။ ဒီလိုသိပ်မထူး တဲ့အတွက်လည်း ရေဒီယိုတွေက အရေးတကြီးမကြေငြာမိတာလို့ထင်ပါတယ်။

ဒါပေမယ့် မေလ ရက်နေ့မနက်လင်းအားကြီးအချိန်မှာ တကယ်တန်းမုန်တိုင်းဝင်လာတဲ့အခါမှာတော့ လေတိုက် နှုန်းက တနာရီကို ၂၄၀ ကီလိုမီတာကျော်ပါတယ်။ ပင်လယ်လှိုင်းလုံးတွေက တောင်တလုံးစာမကရှိပါတယ်။ ဒီ တော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်တလျောက်က ကမ်းခြေရွာငယ်တွေအားလုံး ရေထဲမျောပါသွားကြပါတယ်။ 

‘’လှိုင်းလုံးကြီးက ကျနော်အိမ်ခေါင်းမိုးထက်မြင့်တယ်ဗျာ။ လပွတ္တာမြို့နယ်ထဲကရွာတွေဆို ဘာမှမကျန်တော့ဘူး။ သေလိုက်တဲ့လူသောက်သောက်လဲ။ ရေထဲမှာအလောင်းတွေက မြင်မကောင်းအောင်ပဲ’’ လို့ လပွတ္တာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးကြူက မေလ ရက်နေ့ အင်တာဗျုးအတွင်း DVB ကိုပြောပြခဲ့ပါတယ်။

‘’ရေဘေး ဒုက္ခသည်တွေလား၊ ထောင်နဲ့ချီရှိမယ်ထင်တယ်။ အားလုံး ဘုန်းကြီးကျောင်းဇရပ်ပျက်တွေမှာဖြစ်သလို ပေါ့။ ဘာကယ်ဆယ်ရေးမှမရောက်သေးဘူး။ သောက်ရေနဲ့ အမိုးအကာအရေးပေါ်လိုနေတာပေါ့’’ လို့ သူက ဆက် ပြောပါတယ်။

အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ နာဂစ်မုန်တိုင်းကြောင့်သေဆုံးသူ ၈၄ ၅၀၀။ ပျောက်ဆုံးသူ ၅၃ ၈၀၀။ စုစုပေါင်း တသိန်းခွဲနီးပါးရှိပါတယ်။ မြို့နယ်ပေါင်း ၃၇ မှာ မုန်တိုင်းဒဏ်ကိုခဲ့ရပြီး လူဦးရေ သန်းခွဲအတွက် ကယ် ဆယ်ရေးပစ္စည်းလိုနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။ 

ဒီသတင်းဟာ နိုင်ငံတကာဆီဟိုးလေးတကျော်ဖြစ်သွားပြီး အရေးပေါ်ကယ်ဆယ်ရေးတွေပေးဖို့ ကုလသမဂနဲ့ အမေရိကန်အစိုးရဖက်က ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် မှုးကြီးသန်းရွှေဦးဆောင်တဲ့ စစ်အစိုးရက ဒါတွေကို လက်မခံခဲ့ပါဘူး။

‘’ပစ္စည်းပဲပေး။ လူမလာနဲ့’’ ဆိုတဲ့ပုံစံနဲ့ဆက်ဆံခဲ့လို့ စစ်အစိုးရနဲ့ အမေရိကန်အစိုးရကြား သံတမန်ဆက်ဆံရေး အလွန်တင်းမာခဲ့ပါတယ်။ ပင်လယ်ထဲကနေ အမေရိကန်စစ်သဘောင်္တွေဝင်ကပ်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေကို ကျေးရွာတွေဆီ တိုက်ရိုက်ဝင်ပေးဖို့ Humanitarian Intervention အထိစဉ်းစားခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ စစ်အစိုးရဖက်က နည်းနည်းလျော့ပေးပြီး ကုလသမဂအေဂျင်စီတွေကနေတဆင့် နည်းနည်းချင်းဆီလက်ခံဖို့ ဘောတူလိုက်ပါတယ်။

ကံကဆိုးချင်တော့ ဒီလို နာဂစ်မုန်တိုင်းဝင်တဲ့အချိန်ဟာ ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲလုပ်ဖို့ ပြင်ဆင်ထား ချိန်နဲ့ ကွက်တိဖြစ်နေပါတယ်။ မုန်တိုင်းဝင်တာက မေလ ရက်နေ့၊ ဆန္ဒခံယူပွဲလုပ်ဖို့ကြေညာထားတာက မေလ ၁၀ ရက်နေ့။ ဒါကြောင့် လူတွေသိန်းနဲ့ချီသေနေချိန်မှာ အရေးပေါ်ကယ်ဆယ်ရေးမလုပ်ပဲ ဆန္ဒခံယူပွဲလုပ်ဖို့ပြင်နေတဲ့ စစ်အစိုးရကို အားလုံးက ၀ိုင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ လက်မခံပါဘူး။ မူလစီစဉ်ထားတဲ့ အတိုင်း ဆက်လုပ်ပါတယ်။

အဲဒီဆန္ဒခံယူပွဲအတွင်း မဲပေးခွင့်ရှိသူ ၉၈.၁၂ ရာခိုင်နှုန်းမဲပေးခဲ့ပြီး ထောက်ခံမဲ ၉၂. ၄၈ ရခဲ့တယ်လို့ စစ်အစိုးရက ကြေညာပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းတွေအပေါ် ယုံကြည်သူနည်းလှတာကိုတွေ့ရပါတယ်။ မေလ ရက်နေ့ ကဖြစ်စဉ်တွေအပေါ် သတင်းသမားတဦးရဲ့အမြင်ကို ၂၀၀၈ ခုနှစ် မေလ ရက်နေ့ထုတ် ဘန်ကောက် The Nation သတင်းစာမှာ ‘’Mixed signals from Burma over disaster’’  ဆောင်းပါးတပုဒ် ကျနော်ရေးခဲ့တာကို အမှတ်ရ နေပါတယ်။

Burma VJ နှင့် DVB ရဲ့ ဆုလာဘ်များ

DVB ကရခဲ့သမျှဆုတွေထဲက ပထမဆုံးဆုဟာ နော်ဝေးနိုင်ငံ အော်စလိုမြို့ရှိ (Norwegian PEN) နော်ဝေး စာရေး ဆရာအသင်းက ပေးအပ်တဲ့ Ossietzky prize ဆုပါပဲ။ ပေးအပ်တဲ့အချိန်က ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့၊ အကျဉ်းခံနိုင်ငံတကာ စာရေးဆရာများနေ့မှာဖြစ်ပါတယ်။ 


လက်ခံဖူးသမျှဆုတွေထဲမှာ ဒီဆုကအတော်ထူးခြားပါတယ်။ နိုဗယ်စင်တာမှာ တရားဝင်ဆုပေးပွဲမလုပ်ခင် တညနေ မှာ သမိုင်းဝင်နာမည်ကြီးစာရေးဆရာတဦးရဲ့နေအိမ်ရှိရာ အော်စလိုမြို့ဟောင်းဆီ ကျနော်တို့ DVB ၀ိုင်းတော်သား တွေကိုဖိတ်ကြားပါတယ်။ အဲဒီမှာ ကလေးတွေပါ ပါတဲ့ စာပေစိတ်ဝင်စားတဲ့ အော်စလိုမြို့သား ရာနဲ့ချီရှိမယ်လို့ထင် ပါတယ်။ ခြံဝင်းတွင်းမှာရှိတဲ့ ၀က်ဖြူရုပ်လေးကို ၀ိုင်းမပြီး ခြံဝင်းအတွင်းလှည့်ပတ်၊ ရိုးရာသီချင်းတွေဆိုကြနဲ့ ကယ့်အမှတ်တရညပါပဲ။

ပြီးတော့ မြန်မာနိုင်ငံက ငါးပိအိုးလိုမျိုး မြေအိုးလေးတခုကိုလဲ အမှတ်တရပေးလိုက်ပါသေးတယ်။ နောက်တနေ့ နိုဗယ်စင်တာမှာပြုလုပ်တဲ့အခန်းနားတွင်းမှာတော့ ဂုဏ်ပြုလက်မှတ်နဲ့အတူ ငွေသား တသောင်းလက်ခံရရှိခဲ့ပါ တယ်။ ဒါဟာ DVB အတွက် ပွဲဦးထွက်ဆုဖြစ်ပြီး နောက်ထပ် ဆုတွေ ဆက်တိုက်ရတော့မယ်ဆိုတဲ့ လက္ခဏာ တခုလည်းဖြစ်ပါတယ်။

ဒုတိယ ရတဲ့ဆုကတော့ ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် (Reporters Without Borders) နယ်ခြားမဲ့သတင်းသမား များကာကွယ်ရေးအဖွဲ့ကချီးမြှင့်တဲ့ “Journalist of the Year 2007’’ ၂၀၀၇ ခုနှစ်အတွက် သတင်းသမားဆု ဖြစ် ပါတယ်။ ဒီဆုကို ညွန်ချုပ်ကိုအေးချမ်းနိုင်နဲ့ သတင်းအယ်ဒီတာ ကိုမိုးအေးတို့က သွားရောက်လက်ခံခဲ့ပါတယ်။ 

ဒီဆု ခုစလုံဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ကောင်းမွန်စွာသတင်းတက်ဆက်နိုင်မှုကြောင့်ပေးတဲ့ ဆု တွေဖြစ်ပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်ထဲမှာရတဲ့ (Orphans of the Storm) မုန်တိုင်းရဲ့ မိဘမဲ့ကလေးများဆုက တော့ ၂၀၀၈ နာဂစ်မုန်တိုင်းသတင်းတင်ပြပုံနဲ့ဆက်စပ်နေပါတယ်။ ဒါပေမယ့် အဲဒီကာလဟာ အဖမ်းအဆီးသိပ်များ တဲ့ အချိန်ဖြစ်နေတဲ့အတွက် အမည်ရင်းဖေါ်မထားတဲ့ DVB သတင်းထောက် Zor နဲ့ Sam တို့ကိုပေးအပ်ခဲ့တာပါ။

ဒီမှတ်တန်းရုပ်ရှင်ကို ထုတ်လွှင့်တဲ့သတင်းဌာနက ဗြိတိန်ရှိ Channel 4 သတင်းဌာနဖြစ်ပြီး အယ်ဒီတာက Evan Williams ဖြစ်ပါတယ်။ အဲဒီလိုဆုရတဲ့အချိန်ဟာ နောက်ပိုင်း အော်စကာဆုအထိ အဆိုပြုခံရမဲ့ Burma VJ မှတ် တန်းရုပ်ရှင် ရိုက်ကူးနေဆဲကာလလည်းဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ DVB အတွက် ပြည် တွင်း UG လုပ်ငန်းလုပ်ပေးနေတဲ့အဖွဲ့ဟာ DVB-UG အစား Burma VJ ဆိုတဲ့အမည်ကို ရွေးချယ်ဖို့ဆုံးဖြတ် လိုက်တဲ့ အချိန်ဖြစ်မယ်လို့ထင်ပါတယ်။

DVB က ရသမျှဆုအားလုံးနီးပါးဟာ Burma VJ အဖွဲ့ကပေးပို့တဲ့ Footage တွေအပေါ် အခြေခံပြီးရတာ ချည်း ဖြစ်နေလို့ ဒီအဖွဲက DVB မူလ အော်စလိုသတင်းခန်းထက်တောင် ပိုအရေးပါသလိုဖြစ်လာစေ ခဲ့ပါတယ်။ ညွန်မှုး တွေရဲ့ဦးစားပေးမှုကိုခံလာရတဲ့အပြင် နိုင်ငံတကာသတင်းဌာနတွေကလည်း အော်စလို သတင်းခန်းနဲ့မချိတ်တော့ပဲ Burma VJ အဖွဲ့နဲ့သာ တိုက်ရိုက်ချိတ်ဆက်ပြီး အလုပ်လုပ်ပါတော့တယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီအောင်မြင်မှုတွေ၊ ဆုလာဘ်တွေက Burma VJ နဲ့ DVB အော်စလိုသတင်း ခန်းတို့အကြား ဆက်ဆံရေး အဆင်မပြေမှုတွေစတင်ဖြစ်လာခဲ့ပါတယ်။ ညွန်မှုးတွေဖက်ကလည်း အခြေနေတစုံလုံး ကိုပြန်သုံးသပ်မှုအားနည်းပြီး လောလောဆယ်အောင်မြင်မှုအပေါ်သာ သာယာနေခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီ အောင်မြင်မှုတွေကနေစလိုက်တဲ့ဇတ်လမ်းဟာ နောက်ဆုံး အော်စလိုရုံးချုပ်အတွင်း ဖြုတ်-ထုတ်-ရှင်း ပွဲတွေဖြစ်။ တခါ ညွန်မှုးတွေနဲ့ Burma VJ ကြားမှာလဲ ဒေါ်လာ သိန်း လာဘ်စားမှုဖြစ်တယ်ဆိုတဲ့ ကိစ္စတွေနဲ့ တရားစွဲဆိုတဲ့ အဆင့်ထိဖြစ်ကုန်ပါတယ်။ 

‘’အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်’’ ဆိုသလို ကိုယ့်အချင်းချင်းကြား မိတ်ဖက်ပဋိပက္ခကနေ စတင်လိုက်တဲ့ ရန် စောင်မှုတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတွေ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေ နဲ့ပေါင်းလိုက်တဲ့အခါမှာတော့ DVB တခုလုံး အော်စလိုကနေ နေပြည်တော်ဆီ ဦးပြန်လှည့်သွားတဲ့အထိ ဖြစ်လာစေခဲ့တယ်လို့ ထင်မိပါ တယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More