Saturday, June 28, 2014

ထီးခီးမှာ အထူးစီမံကိန်းကြီးဆောက်မည်။

ထီးခီးစီမံကိန်း စက်တင်ဘာတွင် စဆောက်မည်
Dawei Watch ၊ ထားဝယ်၊ ဇွန် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအနီး၌
ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်းကို ယခုနှစ် စက်တင်ဘာမှစတင်၍
အကောင်အထည်ဖော်တည်ဆောက်ရန် လျာထားကြောင်း Co Co Light House ကုမ္ပဏီမှ
တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

(ထီးခီးနယ်စပ်ကို ၂၀၁၃ ဇွန်လကတွေ့ရစဉ်)

စီမံကိန်းစတင်ချိန်တွင် အဝေးပြေးကားကွင်း၊ ဓါတ်ဆီဆိုင်၊ ဈေးဆိုင်၊
စားသောက်ဆိုင်နှင့်
တည်ခိုမည့်အဆောက်အအုံ တို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

 “အခု စီမံကိန်းလုပ်မဲ့နေရာတွေမှာ မြေပြင်နေပါတယ်”ဟု အထက်ပါ တာဝန်ရှိသူကဆိုသည်။

အဆိုပါစီမံကိန်းကို မြေဧရိယာ ၅၀ ဧကအတွင်း ထိုင်းဘတ် သန်း ၅၀၀
ရင်းနှီးမြှုပ်နှံတည်ဆောက်သွားမည် ဖြစ်ကြောင်း ထိုင်းဘာသာဖြင့်
ရေးသားထားသော  ထိုင်းရတ်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းစီမံကိန်း တည်ဆောက်ရန် လိုင်စင်ရရှိသော Co Co Light House ကုမ္ပဏီ၊
ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားပြု Noble prince ကုမ္ပဏီ နှင့်
ထိုင်းနိုင်ငံအခြေစိုက် Siamvattanakit Group ကုမ္ပဏီတို့
ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်း နားလည်မှုနှင့်
ပူးပေါင်းဆောင်ရွက်မှုသဘောတူညီမှု လက်မှတ်ရေးသည့် အခမ်းအနားကို
ထီးခီးနယ်စပ်အနီးရှိ အလယ်စတိုကျေးရွာ တွင် ဇွန်လ ၁၃ ရက်နေ့တွင်
ပြုလုပ်ခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့သည်။


စီမံကိန်း တည်ဆောက်ရန် အချိန်တစ်နှစ်ကြာမည်ဖြစ်ပြီး ယခုအချိန်တွင်
ထိုင်းနှင့် မြန်မာ အလုပ်သမားများနှင့် စက်ကိရိယာများ စီမံကိန်းဒေသတွင်
စတင်နေရာယူနေပြီဖြစ်ကြောင်း Siamvattanakit Group ကုမ္ပဏီ၏ အမှုဆောင်
အရာရှိချုပ် မစ္စတာ ချိုင်ယုကို ကိုးကား၍ ထိုင်းရတ် သတင်းစာတွင်
ဖော်ပြထားသည်။

ယင်းစီမံကိန်း၌ ဗဟိုဈေးကြီး၊ ကားအရောင်းပြခန်း၊ အားကစားခန်းမ၊ ဒေသဈေး
(local market)၊ အစားအသောက်ဆိုင်၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းပြခန်း၊
ဈေးဝယ်စင်တာ၊ ဆီ(သို့)ဂက်စ် အရောင်းဆိုင်၊VIP နားနေအဆောက်အဦး၊ ရဲဌာန၊
ဟိုတယ်၊ ကားကွင်း၊ အစိုးရရုံးနှင့်
အကောက်အခွန်မဲ့ ပစ္စည်းရောင်းသည့် အဆောက်အအုံတို့ကို တည် ဆောက်မည်ဟု
စီမံကိန်းအချက်အလက်များအရသိရသည်။

ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်းကို အလယ်စတိုနှင့်
ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအကြားနေရာ၌ တည်ဆောက်မည်ဟု သိရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More