Saturday, June 28, 2014

ဆယ်သိန်းပေးမဲ့ မီဒီယာသင်တန်းကို စိတ်ဝင်စားကြသလား။

ငြိမ်းချမ်းရေးအတွက် သတင်းမီဒီယာမြှင့်တင်ရေး

အသေးစားထောက်ပံ့ကြေးအစီအစဉ် (၂ )

အင်တာနယူးစ် (မြန်မာ) သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ပဋိပက္ခများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ပိုမိုကောင်းမွန်စွာ ပေါ်ထွက်လာစေရေး ရှေးရှု၍ သတင်းမီဒီယာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် သတင်းမီဒီယာသမားများနှင့် မီဒီယာအဖွဲ့အစည်းများအတွက် အသေးစားထောက်ပံ့ကြေးအစီအစဉ်လည်း ပါဝင်သည်။

အစီအစဉ် ဦးတည်ချက်များမှာ - ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာသတင်းများ ပိုမိုရေးသားလာစေရန်၊ သတင်း အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်၊ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခသတင်းများကို နားလည်သဘော ပေါက်စွာ ရေးသားတင်ပြမည့် သတင်းသမားများပေါ်ထွက်လာစေရန်နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပြည်သူလူထု၏ ပါဝင်နိုင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်။ သို့ဖြစ်၍ ထောက်ပံ့ကြေးရယူရန်အတွက် အကျုံးဝင်သည့် ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

1.    ပုံနှိပ်၊ အသံလွှင့် (ရေဒီယိုနှင့်ရုပ်သံ)၊ အွန်လိုင်းမီဒီယာတစ်ခုခုတွင် ဖော်ပြမည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာသတင်း၊ ဆောင်းပါး၊ ဓါတ်ပုံသတင်းစသည့် မီဒီယာရေးသားထုတ်လုပ်မှုများအတွက် ဆောင်ရွက်မှုများ (ဥပမာ- သွားလာရခက်ခဲသောဒေသများသို့ အရောက်သွား၍ သတင်းရယူတင်ပြခြင်း)၊ ရေးသားထုတ်လုပ်မှုများကို မိမိတို့လက်ရှိလုပ်ကိုင်နေသည့် မီဒီယာများမှတဆင့် ပရိသတ်ထံ တင်ပြရမည် ဖြစ်သည်။

2.    ငြိမ်းချမ်းရေးနှင့်ပဋိပက္ခသတင်းများကိုတိကျမှု၊ မျှတမှု၊ ခိုင်မာမှု၊ ဘက်မလိုက်မှု စသည့် သတင်း အရည်အသွေးများနှင့်အညီရေးသားတင်ပြမည့် သတင်းသမားများအတွက် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း(ဥပမာ-အကြီးတန်းသတင်းသမားများက အငယ်တန်းသတင်းထောက် များအား ပဋိပက္ခကိုဂရုပြုနားလည်စွာသင်တန်းများ ပြန်လည်ပို့ချခြင်း)။

3.    မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပြည်သူလူထု၏ ပါဝင်နိုင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးမည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများအကြား ချိတ်ဆက်မှု ပိုမိုကောင်းမွန်စေမည့် လုပ်ငန်းများ (ဥပမာ - အရပ်ဖက်အဖွဲ့အစည်းများ နှင့် မီဒီယာများတွေ့ဆုံပွဲ)။

အထက်ပါ လုပ်ငန်းများနှင့် ဘောင်ဝင်မည့် ဆောင်ရွက်မှုများအတွက် မီဒီယာသမားများ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ (နှစ်ဦးပေါင်း ဆောင်ရွက်လျှင်လည်းရပါသည်။)၊ အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ လျှောက်ထားနိုင်သည်။ ငွေကြေးအမြတ်အစွန်းအတွက် ဆောင်ရွက်ခြင်းမဟုတ်သည့် အဖွဲ့အစည်း (Non-profit making) ဖြစ်ရပါမည်။ အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် အခြေစိုက်ရမည်ဖြစ်ပြီး တစ်ဆင့်ခံမဟုတ်ဘဲ မိမိကိုယ်တိုင်အကောင်အထည်ဖော်သည့် အဖွဲ့အစည်း ဖြစ်ရပါမည်။

စိတ်ဝင်စားသူများအနေဖြင့်ပူးတွဲပါ(အဆိုပြုလွှာ) ပုံစံဖြည့်စွက်၍ အောက်ပါ E-Mail လိပ်စာသို့ပေးပို့ လျှောက်ထားနိုင်ပါသည်။

KoPyiTheinKhine (Assistant Grants Administrator) pkhine@internews.eu



လျှောက်ထားသူများသိရှိရန်နှင့် လိုက်နာရမည့် အချက်အလက်များ

အဆိုပြုလွှာတင်ပြီးသည့်နောက်ပိုင်းတွင် သိရှိလိုသောကိစ္စများကိုpkhine@internews.euသို့ စုံစမ်းနိုင် ပါသည်။

တင်ပြလာသောအဆိုပြုလွှာများအား အောက်ပါအချက်အလက်များနှင့်အညီရွေးချယ်စိစစ်ပြီး E-Mail ဖြင့် ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။

1.    အဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းစွမ်းရည်နှင့် ဘဏ္ဍာရေးနောက်ခံအခြေအနေ၊

2.    အဆိုပြုလွှာတွင်ပါဝင်သည့် ဆောင်ရွက်မည့်လုပ်ငန်းများမှ Grant အစီအစဉ် ဦးတည်ချက်ကို အကျိုးပြုနိုင်မှု၊

3.    ဆောင်ရွက်မည့် လုပ်ငန်း၏ အကျိုးသက်ရောက်မှု၊

4.    ကုန်ကျစရိတ်နှင့်ကာမိသော ထိရောက်မှု၊

တောင်းခံနိုင်သည့် ထောက်ပံ့ကြေးငွေ ပမာဏ

အနည်းဆုံး ကျပ်တစ်သိန်း(၁၀၀,၀၀၀/-)မှ အများဆုံး ကျပ်ဆယ်သိန်း (၁,၀၀၀,၀၀၀/-)။

လျှောက်ထားသူသည် တစ်ကြိမ်လျှင် အဆိုပြုလွှာတစ်ခုသာ လျှောက်ထားခွင့် ရှိသည်။

ရွေးချယ်ခံရသောသူများအနေဖြင့်Internews Europe နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး ပြီးသည့်အချိန်တွင် ထောက်ပံ့ကြေးငွေ၏ ၅၀% ရရှိမည်ဖြစ်ပြီး၊မိမိလုပ်ငန်း အစီရင်ခံစာများအား Internews Europe မှ လက်ခံရရှိအတည်ပြုပြီးမှသာ ကျန်ထောက်ပံ့ကြေးအား ရရှိမည်ဖြစ်သည်။

ထောက်ပံ့ကြေး အစီအစဉ်ဖြင့် သတင်းရယူရန် ခရီးစဉ်ရှိသော သူများအား တစ်နေ့တာအတွက် စားသောက်စရိတ်နှင့် မြို့တွင်းသွားလာစရိတ်မှာ ကျပ်တစ်သောင်း(၁၀,၀၀၀/-)ဖြစ်ပါသည်။ (ယင်း အတွက် မူရင်းဘောက်ချာအားပေးပို့ရန် မလိုပါ။)

အခြားသော ကားလက်မှတ်ခ၊ တည်းခိုခန်းခ အစရှိသည့် ကုန်ကျစရိတ်များအတွက် ပြန်လည်တင်ပြရာတွင် မူရင်းဘောက်ချာဖြတ်ပိုင်းများကို ပေးပို့ရမည်ဖြစ်သည်။

လုပ်ငန်းကာလ

အဆိုပြုသောလုပ်ငန်းကာလမှာသုံးလထက် မပိုရပါ။

အဆိုပြုလွှာပေးပို့ရန် နောက်ဆုံးရက်

ဂျူလိုင်လ ( ၂၅ ) ရက်နေ့ ၂၀၁၄ခုနှစ်။

(ပေးပို့လာသော လျှောက်လွှာများအား စိစစ်ရေးကော်မတီမှ ဦးရာလူအလိုက်အပတ်စဉ် စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More