ထက်အောင်ကျော် (၁၇-၀၁-၂၀၁၄)
ထားဝယ်။
တောင်ခြေက ကင်ပွန်းစခန်းဆီရောက်တော့ မနက် ၉ နာရီကျော်ရုံပဲရှိပါသေးတယ်။ ရန်ကုန်ဖက်သွားတဲ့ ဘုရားဖူးကားတွေက နေ့လည် ၁၂ နာရီကျော်မှထွက်မှာတဲ့။ နီးတဲ့စားသောက်ဆိုင်တခုရဲ့အပေါ်ထပ် ဆီတက်ပြီး ခဏနားပါတယ်။ ဒီလိုနားတဲ့နေရာကို တည်းခိုခန်းလို့ခေါ်ကြပါတယ်။ ဒါပေမဲ့ အခန်းထဲမှာ ကုတင်၊ စောင်၊ ခေါင်းအုံး စသဖြင့် ဘာမှမရှိ။
ကင်ပွန်းစခန်း-ရန်ကုန် ဘုရားဖူးကားတွေရဲ့ ဈေးနှုံးတွေကတော့ ၅၀၀၀ ကနေ ၇၀၀၀ အထိရှိပါတယ်။ ကျနော်လာတုန်းက ၆၀၀၀ တန်ကားစီးပြီး အပြန်မှာတော့ ၅၀၀၀ နဲ့ဈေးတည့်သွားပါတယ်။ မြို့ထဲအထိ ဒီကားတွေကသွားတဲ့အတွက် အဝေးပြေးကားဂိတ်ဆီသွားရတဲ့စရိတ် မကုန်တော့ပါ။ တခါတလေဆိုရင် တခြားမြို့ဆီသွားတဲ့ အဝေးပြေးဘတ်စ်ကားခထက် မြို့ထဲကနေ အဝေးပြေးကားဂိတ်ဆီလာတဲ့ တက္ကစီခက ပိုများနေတတ်ပါတယ်။ ဥပမာ ရန်ကုန်-နေပြည်တော် အဝေးပြေးအကောင်းစားကားခက ၆၀၀၀-တည်း။ ဒါပေမဲ့ ကိုယ်တည်းတဲ့မြို့လယ်ဟိုတယ်ကနေ မြောက်ဥက္ကလာရှိ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ဆီ တက္ကစီခက ၇၀၀၀ ပေးရပါတယ်။
အစိုးရအာဏာပိုင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုခရီးသွားနေကြသလဲတော့ မသိပါ။ အားလုံး ကိုယ်ပိုင်ကားတွေနဲ့ချည်းသွားနေလို့ သာမန်ပြည်သူတွေရဲ့ဘ၀ကို မသိတာလဲ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို လွတ်တော်ထဲမှာ ဆွေးနွေးတာမကြားမိသေးပါ။ ရန်ကုန်မြို့ရဲ့ အများပြည်သူ ခရီးသွားဝန်ဆောင်မှု Public Transportation က အခြေနေ အတော်ဆိုးပါတယ်။ ရန်ကုန်လေဆိပ်ကနေ မြို့ထဲသွားဖို့ လေဆိပ်ရထား။ လေဆိပ်ဘတ်စ်ကား မရှိသေးပါ။ အလားတူ အဝေးပြေးကားဂိတ်တွေကနေ မြို့ထဲသွားဖို့ ရထားလဲမရှိ၊ ဘတ်စ်ကားလဲမရှိသေးပါ။ ဒီလို Public Transportation မရှိတဲ့မြို့မျိုး ကမ္ဘာမှာ သိပ်မကျန်တော့ဘူးလို့ ထင်ပါတယ်။
လောလောဆယ်တော့ ဘာမှမတတ်နိုင်။ သာမန်အများပြည်သူဘ၀နဲ့ တထပ်တည်းဖြစ်ချင်လှပါတယ် ဆိုတဲ့သတင်းသမားကျနော် ၇၀၀၀ ပေးရတဲ့ တက္ကစီကားကိုဈေးကြီးပေးပြီးမစီးချင်ရင် ၂၀၀ ကျပ်တန် ဘတ်စ်ကားကို တိုးစီးဖို့ပဲရှိပါတယ်။ ဒါပေမဲ့ ဒီကဘတ်စ်တွေက နော်ဝေးကဘတ်စ်တွေလို ကျယ်ကျယ် ၀န်းဝန်းမဟုတ်။ အထုတ် အပိုးများစွာနဲ့ဆိုရင် ဘယ်လိုမှတိုးစီးဖို့မလွယ်။ ပိုဆိုးတာက မြန်မာနိုင်ငံမှာ လက်ယာကပ်မောင်းစနစ်ကိုကျင့်သုံးနေတာကြာပြီဖြစ်ပေမဲ့ လက်ဝဲဖက်မှာ တံခါးပေါက်ပါတဲ့ ဘတ်စ်ကား တွေရှိနေဆဲ။ ခရီးသည်တွေအတွက် အန္တရယ်များလွန်းလှပါတယ်။
ဒီတော့ အဝေးပြေးကားခထက် ပိုဈေးများတဲ့ တက္ကစီကိုပဲ မလွဲမရှောင်သာစီးခဲ့ရပြန်ပေါ့။ တက္ကစီခ ဈေးများ လွန်းတယ်လို့ ညီးနေတဲ့ကျနော် ဆူးလေ၀န်းကျင်က ဟိုတယ်ခနဲ့တွေ့မှ ''လေ'' သွားပါတယ်။ ''Local (မြန်မာနိုင်ငံသား) ဆိုရင် လေးသောင်း၊ နိုင်ငံခြားသားဆိုရင်တော့ ဒေါ်လာ ၈၀ ယူတယ်အကို။ ဒါတောင် အကိုမို့လို့ Discount (ဈေးလျော့) ပေးထားတာ'' တဲ့။ အဲဒါ ဆူးလေးဝန်းကျင်ရှိ ဟိုတယ်ကြီးကြီးတွေဘေးနား က ဟိုတယ်ခပ်သေးသေးလေးတခုရဲ့ ကောင်တာဝန်ထမ်းကပြောတာပါ။ သေပြီဆရာပေါ့။ အရင်ခရီးစဉ် တုန်းက သုံးသောင်းပေးရတာကိုတောင် အသည်းအသန်ညီးဖူးတဲ့ ကျနော် ဒီတခေါက်မှာ ကောင်းကောင်း သင်ခန်းစာပေး ခံလိုက်ရပါတယ်။
သာမန်နေ့စားလုပ်သားတဦးရဲ့ဝင်ငွေက တနေ့ ၃၀၀၀ ကျပ်။ တရက်မှမနားပဲ တလလုံးလုံး အလုပ်ဆင်း ရင်တောင် လစာ ၉ သောင်းပဲရမဲ့ကိန်း။ အဲဒီလောက်ပဲအခြေခံဝင်ငွေရှိတဲ့တိုင်းပြည်မှာ ဟောဒီဟိုတယ်ခက တညတည်းအတွက် ၈ သောင်းတဲ့။ ဘယ်ကရတဲ့ဝင်ငွေနဲ့ ဘယ်လိုလူတွေတည်းနေကြမှန်း မသိပေမဲ့ ကြိုတင် booking လုပ်မထားရင် အခန်းမရနိုင်တဲ့အထိ ဟိုတယ်ခန်းတွေက ပြည့်နှက်လို့။
''ဟိုတယ်ဆိုတာ နေ့စားလုပ်သားတွေအတွက် ဖွင့်ထားတာမှမဟုတ်ပဲ'' ဆိုပြီး ဆင်ခြေပေးကြမလား။ ''သူ့ကံတရားနဲ့သူလာတာ၊ လူတိုင်းတော့ ဘယ်ချမ်းသာနေပါ့မလဲ'' ဆိုပြီးပြောကြမလား။ ဘယ်လိုပဲ ပြောပြော ကျနော့်ရွာက အလုပ်သမားတဦးက ကျပ်ငွေ ၃၀၀၀ ရဖို့ တနေကုန်အသည်းအသန်အလုပ် လုပ်နေရစဉ်မှာ အဲဒီရွာသားတွေဘ၀တိုးတက်ရေးအတွက် တိုက်ပွဲဝင်မယ်ဆိုပြီး တချိန်ကကြွေးကြော် ခဲ့ဖူးတဲ့ကျနော်က တညတာအိပ်ဖို့အတွက် ကျပ်ငွေ ၈ သောင်းပေးပြီး တည်းသင့်ပါသလား။
ထားတော့။ လောလောဆယ်တော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်သေး။ အောင်ပွဲနဲ့အတူ ပြန်လာနိုင်တဲ့အခြေနေ မဟုတ်သေးတော့လဲ မပြောင်းလဲနိုင်သေးတဲ့စနစ်ဆိုးထဲမှာ သို့မဟုတ် အများ ပြောနေကြစကားလုံးအတိုင်းဆိုရင် လက်ရှိစနစ်ကိုခွာမတိုက်ပဲ ပူးတိုက်တဲ့နည်းထဲမှာ ဆက်လက် စခန်းသွားရဦးမှာပေါ့။ ဒါမေပဲ့ အာဏာရှိသူ၊ ချမ်းသာသူတွေနဲ့ အာဏာမရှိသူ သာမန်အရပ်သားတွေကြား ဒီလောက်အထိ လူနေမှုအဆင့်တန်း ကွာခြားသွားကတော့ တခုခုလွဲနေတယ်လို့ထင်ပါတယ်။ နော်ဝေးမှာ ဒီလိုကွာခြားမှုမရှိပါ။ ထိုင်းမှာလဲ ဒီလောက်အထိ မကွာကြပါဘူး။ ဒါဆို မြန်မာနိုင်ငံမှာ ဘာတွေလွဲနေလို့လဲ။
တကယ်တော့ ဒီလောက်ဈေးကြီးတဲ့ဟိုတယ်မှာ ကျနော်တည်းဖို့အစီစဉ်မရှိပါ။ နှစ်ပေါင်းများစွာခွဲခွါနေရတဲ့ ကျောင်းနေဖက်သူငယ်ချင်းလဲဖြစ်၊ တောပြန်သူငယ်ချင်းလဲဖြစ်တဲ့ အခြားပြည်တော်ပြန်တဦးနဲ့ တွေ့ချင်လို့ သူတည်းတဲ့ဟိုတယ်မှာ တညတာတည်းမယ်ဆိုပြီး ကျိုက်ထီးရိုးကအပြန် တန်းပြီးရောက်လာခြင်းသာဖြစ်ပါ တယ်။ ဘာကြောင့်များ ပြည်တော်ပြန်တွေကို ခွဲခြားဆက်ဆံဖို့၊ ဈေးနှစ်ဆယူဖို့ အမိန့်ထုတ်ထားပါလိမ့်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ဒါမျိုးခွဲခြားဆက်ဆံတာမရှိ။ ဘယ်သူလာတည်းတည်း အားလုံးတဈေး တည်း။
ဟိုတယ်ကောင်တာဝန်ထမ်းကို ကျနော်မေးဖို့မေ့ကျန်ခဲ့တာကတော့ ကျနော်တို့ပြည်တော်ပြန်တွေကို ဒီလိုနှစ်ဆယူရမယ်လို့ အစိုးရက အတိအကျ အမိန့်ထုတ်ထားသလား။ ဒီကကောက်လို့ရတဲ့ အပိုငွေ တ၀က်ကို အစိုးရဆီ အခွန်ဆောင်ရတာလား။ အဲဒီငွေတွေကို အစိုးရက ဘယ်မှာသုံးတာလဲဆိုတဲ့အချက် တွေပါ။
မေးခွန်းတွေသာများလာပြီး အဖြေမရတဲ့ရန်ကုန်ညကို မွန်းကျပ်စွာဖြတ်သန်းပြီးတဲ့နောက် ထားဝယ်မြို ဆီသွားဖို့ လေယဉ်ကွင်းဆီကျနော်ထွက်လာပါတယ်။ အရင်တခေါက်က ပေါင်ချိန်စက်မှာ ၅၀၀ ပေးရ တာကို လာဘ်စားတယ်ဆိုပြီးသတင်းရေးမိတဲ့ကျနော် ဒီတခေါက်မှာ ၂၀၀၀ ပေးလိုက်ရပါတယ်။ ဖြစ်ပုံက ဒီလို။ ကွင်းထဲဝင်တာနဲ့ အပြာရောင်ယူနီဖောင်းဝတ်ပုဂ္ဂိုလ်တဦးက ကျနော်ရဲ့ခရီးဆောင်အိတ်တွေကို ကူသယ်ပေးပါတယ်။ သယ်ပေါ့၊ မြန်မာတွေ စေတနာကောင်းတယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မှာပေါ့။
''စေတနာရှိသလောက်ပဲ ပေးပါအကို'' ဆိုတော့မှ ငါတော့ ထိပြီဆိုတာကိုသိလိုက်ပါတယ်။ ၅၀၀ တန် ကလဲမရှိတော့ တထောင်ပေးလိုက်ရပါတယ်။ ပြီးတော့ အရင်တခေါက်ကထိပြီးသားဖြစ်တဲ့ ပေါင်ချိန်စက်။ ၅၀၀ တန်မရှိတော့ တထောင်ထပ်ထွက်သွားပြန်ပေါ့။ ''တနေ့တနေ့ ဒီလိုတောင်းတာ ဘယ်လောက်ရလဲ'' ဆိုပြီး ကျနော်ကမေးမိတော့ အဲဒီလူတွေ သိပ်ကြိုက်ပုံမရ။ ပြန်ဖြေစရာမလိုတဲ့မေးခွန်းကို မေးတယ်လို့ သဘောထားလားမသိပါ။ ဘယ်သူမှ ဘာမှပြန်မဖြေကြ။
ထားတော့။ လခနဲ့ မလောက်လို့ ဒီလိုတောင်းနေကြတာဖြစ်မှာပေါ့။ ဒါကို လာဒ်စားတယ်လို့မခေါ်ရင် ဘယ်လိုခေါ်မလဲ။ နိုင်ငံခြားသားတွေအမြင်မှာ ဘယ်လိုရှိမလဲ။ တခြားနိုင်ငံကလေဆိပ်တွေမှာ ဒါမျိုး မရှိတော့ပါ။ ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်ဆိုတဲ့ ဆရာ့ဆရာတွေ ဒါလေးတွေကိုလဲ ပြုပြင်ပေးကြ ပါဦးလို့ အော်ပြောရတော့မလား။
Professional မဖြစ်တာက အထမ်းသမားနဲ့ ပေါင်ချိန်စက်သမားတင်မက။ လေယဉ်လုံခြုံရေးအတွက် သိပ်အရေးကြီးလှတဲ့ Check in ကောင်တာက စစ်ဆေးရေးအရာရှိတွေကလဲ နမော်နမဲ့ပါပဲ။ ကျနော့် ကွန်ပြူတာအိတ်ထဲ ရေပုလင်းပါလာတာကို ပြန်မထုတ်ခိုင်းပါ။ တီ-တီ-တီ- မည်နေပေမဲ့ သော့တွဲတွေ၊ ပစ်ဆံအိတ်တွေ၊ လက်ကိုင်ဖုန်းတွေ၊ ဘောင်းဘီခါးပတ်တွေကို ပြန်မထုတ်ခိုင်းပါ။ အင်း... ဒီ ၀န်ထမ်း တွေကိုယ်တိုင် နိုင်ငံတကာဆီ ခရီးမသွားဖူးဘူး။ နိုင်ငံတကာလေဆိပ်တွေမှာ တခါမှအစစ်မခံရ ဖူးဘူးနဲ့ တူပါရဲ့။
အကျန်းဖက်သမားတွေသာ ဖေါက်ခွဲရေးပစ္စည်းတွေကို ယူသွားမယ်ဆိုရင် ဒီလိုစစ်ဆေးရေးဝန်ထမ်း တွေနဲ့တော့ ခက်ရချည်ရဲ့။ လေယဉ်အမြဲတန်းစီးနေတဲ့ အစိုးရအရာရှိတွေ၊ လွတ်တော်ကိုယ်စားလှယ် တွေကကော ဒီကိစ္စကိုဘာမှမပြောကြဘူးလား။ နိုင်ငံတကာလေ့လာရေးလွတ်တဲ့အထဲ အစိုးရအရာရှိနဲ့ လွှတ်တော်ကိုယ်စားလှယ်အပြင် ဒီလို အောက်ခြေ၀န်ထမ်းတွေကိုလဲ ပို့ပေးဖို့လိုမယ်ထင်ပါတယ်။
အဲဒီလိုစဉ်းစားပြီး လေယဉ်စောင့်နေတုန်း လွတ်တော်အမတ်နှစ်ဦးနဲ့တည့်တည့်လာတိုးပါတယ်။ ပထမ တဦးက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေ။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အစောပိုင်းက လွတ်တော်ဥက္ကဌဦးရွှေမန်းတို့နဲ့အတူ နော်ဝေးနိုင်ငံအော်စလိုမြို့ဆီရောက်ခဲ့ဖူးသူ။ ''စစ်တွေကိုလေယဉ်နဲ့သွားပြီး အဲဒီကတဆင့်မှ ရသေ့တောင်ကိုသွားရမှာလေ။ ဟိုမှာ သိန်း ၁၀၀၀ တန် ဖွံဖြိုးရေးကိစ္စတွေ သွားလုပ်ရဦးမယ်'' လို့ သူကရှင်းပြပါတယ်။
မဲဆန္ဒနယ်တခုအတွက် သိန်း ၁၀၀၀ စီ လွှတ်တော်ကနေချပေးလိုက်ပြီး အဲဒီအတွက် ဒေသတွင်းရှိ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွတ်တော်၊ ပြည်နယ်လွှတ်တော်က လွတ်တော်အမတ် ၄ ဦး ပူးပေါင်း ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ အရင်ခေတ်နဲ့စာရင် အစစအရာရာတိုးတက်စပြုနေပြီလို့ သူကထင် မြင်ယူဆနေပြီး လွှတ်တော်ဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့ပြောပါတယ်။
''အစိုးရဖက်ကတင်သွင်းတဲ့ နေပြည်တော်ရေကန် ရောင်စုံမီးပြုပြင်ရေး၊ စစ်မှုထမ်းဟောင်းအဆောင် အသစ်ဆောက်လုပ်ရေးတွေကို လွှတ်တော်ကနေကန့်ကွက်နိုင်ခဲ့တယ်။ ပြီးတော့ ကျေးလက်က အများ ပြည်သူဘ၀ ဖွံ့ဖြိးရေးအတွက် ဘတ်ဂျက်ချပေးနိုင်ခဲ့တယ်'' လို့ ရခိုင်အမတ်ကပြောပါတယ်။
စစ်တွေလေယဉ် ထွက်ခါနီးမှရောက်လာတဲ့ နောက်ထပ်အမတ်တဦးကတော့ ကြံ့ခိုင်ရေးပါတီမှ မလှိုင် မြို့နယ်ကိုယ်စားလှယ် ဦးအေးမောက်ဖြစ်ပါတယ်။ သူကတော့ နေပြည်တော်ကနေတဆင့် မန္တလေးတိုင်း မလှိုင်မြို့ဆီ ကားနဲ့သွားပြီး ရှေ့မှာဒေါ်ခင်စောဝေပြောခဲ့တဲ့ သိန်း ၁၀၀၀ ဖွံဖြိုးရေးကိစ္စကို သွားလုပ် မယ်လို့သိရပါတယ်။ နေပြည်တော်မှာကျင်းပဖို့ပြင်နေတဲ့ အရှေ့တောင်အားကစားပွဲကို မတက်ကြဘူး လားမေးတော့ ကျေးလက်က မဲဆန္ဒနယ်အထိပြန်ပြီး လူထုနဲ့တွေ့ဖို့က ပိုအရေးကြီးတယ်လို့ သူတို့ နှစ်ဦး စလုံးကပြောပါတယ်။
တကယ်ဆိုရင် ဦးအေးမောက်ကို အရင်ကကျနော်မတွေ့ဖူးပါ။ ဒါပေမဲ့ ဗွီအိုအေ-က ကိုကျော်ဇံသာရဲ့ တိုက်ရိုက်လေလှိုင်းအပါဝင် ဥပဒေဆိုင်ရာကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ရေးကိစ္စတွေမှာ အချက် လက်အခိုင်မာ၊ ယုံကြည်ချက်အပြည့်အ၀နဲ့ပြောလေ့ရှိတဲ့ သူလေသံကိုကျနော်မှတ်မိနေပါတယ်။ သူကလဲ ကျနော်အသံနဲ့ ရုပ်ကိုမှတ်မိနေတယ်လို့ဆိုပါတယ်။
''ခင်ဗျားတို့အကဲခတ်တွေပြောနေတဲ့ အစိုးရနဲ့လွှတ်တော် နှစ်သင်းခွဲပြီးကစားနေတယ်ဆိုတာ မဟုတ် ပါဘူးဗျာ။ တကယ့်ကို ယုံကြည်တဲ့အတိုင်း ကျနော်တို့ပြောနေကြတာပါ'' လို့နီဒါန်းချီပြီး ကြံ့ခိုင်ရေးပါတီ ကလဲ လူထုအကျိုးလုပ်နေပါတယ်လို့ သူကဆိုပါတယ်။ ပြီးတော့ အစိုးရအဖွဲ့ထဲကလူတချို့ဟာ အရင် ခေတ်ဟောင်းကအတိုင်း အာဏာပြနေဆဲဖြစ်ပေမဲ့ လွှတ်တော်ကတော့ ပြည်သူလူထုဖက်မှာရပ်နေတယ်၊ ပြည့်သူ့အသံကိုနားထောင်နေတယ်လို့ သူကပြောပါတယ်။
''ကျနော်ပြောတာကိုမယုံရင် ဟောဒီမှာကြည့်'' ဆိုပြီး Messenger ဂျာနယ်မှာပါတဲ့ သူရဲ့ အင်တာဗျုးကို ထုတ်ပြပါတယ်။ ''ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အများဆန္ဒနဲ့မညီရင် ပြင်ရမှာပေါ့ဗျာ။ ကျနော်ကတော့ ကျနော်ယုံတဲ့အတိုင်းပြောမှာပဲ'' လို့လဲ သူကအခိုင်အမာပြောနေပါတယ်။
အမတ်မင်းနှစ်ပါးနဲ့ အဲဒီ လိုပြောလို့ကောင်းတုန်း လူတွေထရပ်တာတွေ့လို့လှမ်းကြည့်လိုက်တော့ နာမယ်ကြီးမော်ဒယ် ''မိုးစက်ဝိုင်'' ကိုမြင်လိုက်ရပါတယ်။ သူကလဲ နေပြည်တော်မှာကျင်းပမဲ့ Sea Game ဖွင့်ပွဲဆီ သွားမယ်ထင်ပါတယ်။ လေယဉ်တွေတစီးပြီးတစီးထွက်သွားကြပေမဲ့ ထားဝယ်သွားမဲ့လေယဉ်က ရာသီဥတုအခြေနေအရဆိုပြီး မီနစ် ၃၀ နောက်ကျမယ်လို့ဆိုပါတယ်။
အဲဒီလိုနောက်ကျမယ်ဆိုတာကို တီဗွီ စခရင်တွေနဲ့ ထိုးပြနိုင်ခြင်းမရှိသေး။ Information ပေးတဲ့စနစ် အတော်အားနဲနေဆဲဖြစ်ပါတယ်။ ဘယ်လေယဉ် ဘယ်အချိန်ထွက်မယ်ဆိုတာကိုပြသတဲ့ တီဗွီ စခရင်တွေ ပြည်တွင်းလေကြောင်းဖက်မှာ မရှိသေးပါ။ လျှပ်စစ်မီးမနိုင်လို့ တီဗွီ စခရင်နဲ့မပြန်နိုင်ရင်လဲ ကျောက်သင် ပုန်းဖြစ်ဖြစ်၊ White board ဖြစ်ဖြစ်မှာ ရေးပြထားသင့်ပါတယ်။ အခုတော့ ဘာမှရေးမထားတဲ့အတွက် Information ကောင်တာက အမျိုးသမီးလေးအော်ပြောနေတဲ့ အသံကို မနဲအာရုံစိုက်နား ထောင်နေရပါ တယ်။
ထူးခြားတာကတော့ မြန်မာနိုင်ငံကပြည်တွင်းလေကြောင်းလိုင်းတွေဟာလဲ အဝေးပြေးဘတ်စ်ကားတွေ လိုပါပဲ။ အားလုံး မနက်ပိုင်းမှာ ရန်ကုန်ကနေထွက်ပြီး ညနေပိုင်းမှာ ရန်ကုန်မြို့ဆီပြန်ဝင်ကြပါတယ်။ ဒါကြောင့်မနက်အစောကြီး ၅ နာရီလောက်ကတည်းက ဟိုတယ်ကနေထွက်ပြီး လာစောင့်နေရတာပါ။ ဈေးနှုံးတွေကလဲ ဘတ်စ်ကားထက် ၅ ဆလောက်များပါတယ်။ ဥပမာ ထားဝယ်ကို ၆ သောင်းခွဲပေးရပြီး ဘတ်စ်ကားနဲ့ဆို တသောင်းကျော်လောက်ပဲပေးရပါတယ်။ ဒါပေမဲ့ လေယဉ်ကတနာရီနဲ့ရောက်ပြီး ကားနဲ့ဆို တညအိပ်ခရီးပေါ့။
၆ သောင်းခွဲပေးရတာကိုဈေးများတယ်ဆိုပြီညီးနေတဲ့ကျနော် ထားဝယ်ရောက်မှ ပက်လက်လန်သွားပါ တယ်။ ပြီးခဲ့တဲ့အခေါက်ကရော၊ အခုအခေါက်ပါ ရန်ကုန်ကအသိတယောက်က တယ်လီဖုန်းဆက်ပြီး လက်မှတ်ဝယ်ပေးတဲ့အတွက် ကျနော်ကဘာမှလုပ်စရာ၊ ပြောစရာမလိုပါ။ ဒါပေမဲ့ အခု ထားဝယ်ရောက်ပြီး ရန်ကုန်ပြန်လက်မှတ် ကြိုဝယ်မှ ပြသာနာတက်ပါလေရော။ ''အကိုက နိုင်ငံခြားသားဆိုရင် ၂ ဆပေးရမယ် အကို။ ၁၂၇ ဒေါ်လာကျပါတယ်'' တဲ့။ သေပြီဆရာပေါ့။
တကယ်က ကျနော်ကို နိုင်ငံခြားသားမှန်း ဘယ်သူမှမသိ။ ထားဝယ်က ၈၈ ကျောင်းသားတွေနဲ့ ကျောင်းနေ ဖက် သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ၀ိုင်းကျပ်ရာကနေ လေယဉ်လက်မှတ်ရောင်းဌာနက သိသွား တာပါ။ နိုင်ငံခြားသားဖြစ်ရတဲ့ဒုက္ခကလဲ မလွယ်ပါလားနော်။ ၁၂၇ ဒေါ်လာဆိုတာ ဘယ်နဲမလဲ။ တသိန်း ၃ သောင်းနီးပါးကျတာပေါ့။ တရက်မှ ၃၀၀၀ ရတဲ့လူတဦးရဲ့ တလစာဝင်ငွေထက် ပိုများသွားပြီလေ။ ဘန်ကောက်-ရန်ကုန် လေယဉ်ခထက်တောင် ပိုများသွားတဲ့သဘော။
နိုင်ငံခြားသားဖြစ်ရတဲ့ ဒုက္ခက ဟိုတယ်ခနဲ့ လေယဉ်ခ နှစ်ဆယူရုံနဲ့တင်မပြီးသေး။ ရွာက ကျနော့်အိမ် ရောက်တော့ ထုံးစံအတိုင်း နယ်ထိမ်းရဲအရာရှိက အိမ်ကိုလာပြီး နိုင်ငံခြားသားစာအုပ်အမှတ်၊ ဗီဇာ အမှတ်တွေမေးပါတယ်။ ဒီလောက်ကတော့ ကိစ္စမရှိ။ ပြီးခဲ့တဲ့အခေါက်ကလဲ ဒါမျိုးဟန်ရေးပြခံရဖူးပြီးသား ဆိုတော့ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ် (အာဏာပိုင်တွေ ဒီလိုမျိုးလိုတာထက်ပိုလုပ်ပြနေ တယ်ဆိုတာကို ပရိသတ်အား အသိပေးတာကိုဆိုလို) ရုံပေါ့။
ဒါပေမဲ့ ဟန်ရေးပြမှုက ဒီလောက်နဲ့မပြီး။ ညဖက်မှာ ရဲ အရာရှိတဦးရောက်လာပြီး လောင်းလုံးမြို့နယ် လ.၀.က ရုံးဆီ အိမ်ရှင်နဲ့အတူလာကာ သတ်မှတ်ဖောင်တွေ ဖြည့်ဖို့လိုတယ်။ နိုင်ငံခြားသားတွေလုံခြုံရေး အတွက် ဒါတွေလုပ်ဖို့ သူတို့ဖက်က ကူညီပေးနေတယ်လို့ ပြောပါတယ်။ ။
ထားဝယ်။
တောင်ခြေက ကင်ပွန်းစခန်းဆီရောက်တော့ မနက် ၉ နာရီကျော်ရုံပဲရှိပါသေးတယ်။ ရန်ကုန်ဖက်သွားတဲ့ ဘုရားဖူးကားတွေက နေ့လည် ၁၂ နာရီကျော်မှထွက်မှာတဲ့။ နီးတဲ့စားသောက်ဆိုင်တခုရဲ့အပေါ်ထပ် ဆီတက်ပြီး ခဏနားပါတယ်။ ဒီလိုနားတဲ့နေရာကို တည်းခိုခန်းလို့ခေါ်ကြပါတယ်။ ဒါပေမဲ့ အခန်းထဲမှာ ကုတင်၊ စောင်၊ ခေါင်းအုံး စသဖြင့် ဘာမှမရှိ။
(ခရီးသွားများလာတဲ့ ထားဝယ်လေယဉ်ကွင်း)
အစိုးရအာဏာပိုင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုခရီးသွားနေကြသလဲတော့ မသိပါ။ အားလုံး ကိုယ်ပိုင်ကားတွေနဲ့ချည်းသွားနေလို့ သာမန်ပြည်သူတွေရဲ့ဘ၀ကို မသိတာလဲ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို လွတ်တော်ထဲမှာ ဆွေးနွေးတာမကြားမိသေးပါ။ ရန်ကုန်မြို့ရဲ့ အများပြည်သူ ခရီးသွားဝန်ဆောင်မှု Public Transportation က အခြေနေ အတော်ဆိုးပါတယ်။ ရန်ကုန်လေဆိပ်ကနေ မြို့ထဲသွားဖို့ လေဆိပ်ရထား။ လေဆိပ်ဘတ်စ်ကား မရှိသေးပါ။ အလားတူ အဝေးပြေးကားဂိတ်တွေကနေ မြို့ထဲသွားဖို့ ရထားလဲမရှိ၊ ဘတ်စ်ကားလဲမရှိသေးပါ။ ဒီလို Public Transportation မရှိတဲ့မြို့မျိုး ကမ္ဘာမှာ သိပ်မကျန်တော့ဘူးလို့ ထင်ပါတယ်။
လောလောဆယ်တော့ ဘာမှမတတ်နိုင်။ သာမန်အများပြည်သူဘ၀နဲ့ တထပ်တည်းဖြစ်ချင်လှပါတယ် ဆိုတဲ့သတင်းသမားကျနော် ၇၀၀၀ ပေးရတဲ့ တက္ကစီကားကိုဈေးကြီးပေးပြီးမစီးချင်ရင် ၂၀၀ ကျပ်တန် ဘတ်စ်ကားကို တိုးစီးဖို့ပဲရှိပါတယ်။ ဒါပေမဲ့ ဒီကဘတ်စ်တွေက နော်ဝေးကဘတ်စ်တွေလို ကျယ်ကျယ် ၀န်းဝန်းမဟုတ်။ အထုတ် အပိုးများစွာနဲ့ဆိုရင် ဘယ်လိုမှတိုးစီးဖို့မလွယ်။ ပိုဆိုးတာက မြန်မာနိုင်ငံမှာ လက်ယာကပ်မောင်းစနစ်ကိုကျင့်သုံးနေတာကြာပြီဖြစ်ပေမဲ့ လက်ဝဲဖက်မှာ တံခါးပေါက်ပါတဲ့ ဘတ်စ်ကား တွေရှိနေဆဲ။ ခရီးသည်တွေအတွက် အန္တရယ်များလွန်းလှပါတယ်။
ဒီတော့ အဝေးပြေးကားခထက် ပိုဈေးများတဲ့ တက္ကစီကိုပဲ မလွဲမရှောင်သာစီးခဲ့ရပြန်ပေါ့။ တက္ကစီခ ဈေးများ လွန်းတယ်လို့ ညီးနေတဲ့ကျနော် ဆူးလေ၀န်းကျင်က ဟိုတယ်ခနဲ့တွေ့မှ ''လေ'' သွားပါတယ်။ ''Local (မြန်မာနိုင်ငံသား) ဆိုရင် လေးသောင်း၊ နိုင်ငံခြားသားဆိုရင်တော့ ဒေါ်လာ ၈၀ ယူတယ်အကို။ ဒါတောင် အကိုမို့လို့ Discount (ဈေးလျော့) ပေးထားတာ'' တဲ့။ အဲဒါ ဆူးလေးဝန်းကျင်ရှိ ဟိုတယ်ကြီးကြီးတွေဘေးနား က ဟိုတယ်ခပ်သေးသေးလေးတခုရဲ့ ကောင်တာဝန်ထမ်းကပြောတာပါ။ သေပြီဆရာပေါ့။ အရင်ခရီးစဉ် တုန်းက သုံးသောင်းပေးရတာကိုတောင် အသည်းအသန်ညီးဖူးတဲ့ ကျနော် ဒီတခေါက်မှာ ကောင်းကောင်း သင်ခန်းစာပေး ခံလိုက်ရပါတယ်။
သာမန်နေ့စားလုပ်သားတဦးရဲ့ဝင်ငွေက တနေ့ ၃၀၀၀ ကျပ်။ တရက်မှမနားပဲ တလလုံးလုံး အလုပ်ဆင်း ရင်တောင် လစာ ၉ သောင်းပဲရမဲ့ကိန်း။ အဲဒီလောက်ပဲအခြေခံဝင်ငွေရှိတဲ့တိုင်းပြည်မှာ ဟောဒီဟိုတယ်ခက တညတည်းအတွက် ၈ သောင်းတဲ့။ ဘယ်ကရတဲ့ဝင်ငွေနဲ့ ဘယ်လိုလူတွေတည်းနေကြမှန်း မသိပေမဲ့ ကြိုတင် booking လုပ်မထားရင် အခန်းမရနိုင်တဲ့အထိ ဟိုတယ်ခန်းတွေက ပြည့်နှက်လို့။
(ရန်ကုန်မြို့လယ် ဗိုလ်ချုပ်ဈေးနဲ့ ကုန်သည်ကြီးများဟိုတယ်)
''ဟိုတယ်ဆိုတာ နေ့စားလုပ်သားတွေအတွက် ဖွင့်ထားတာမှမဟုတ်ပဲ'' ဆိုပြီး ဆင်ခြေပေးကြမလား။ ''သူ့ကံတရားနဲ့သူလာတာ၊ လူတိုင်းတော့ ဘယ်ချမ်းသာနေပါ့မလဲ'' ဆိုပြီးပြောကြမလား။ ဘယ်လိုပဲ ပြောပြော ကျနော့်ရွာက အလုပ်သမားတဦးက ကျပ်ငွေ ၃၀၀၀ ရဖို့ တနေကုန်အသည်းအသန်အလုပ် လုပ်နေရစဉ်မှာ အဲဒီရွာသားတွေဘ၀တိုးတက်ရေးအတွက် တိုက်ပွဲဝင်မယ်ဆိုပြီး တချိန်ကကြွေးကြော် ခဲ့ဖူးတဲ့ကျနော်က တညတာအိပ်ဖို့အတွက် ကျပ်ငွေ ၈ သောင်းပေးပြီး တည်းသင့်ပါသလား။
ထားတော့။ လောလောဆယ်တော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်သေး။ အောင်ပွဲနဲ့အတူ ပြန်လာနိုင်တဲ့အခြေနေ မဟုတ်သေးတော့လဲ မပြောင်းလဲနိုင်သေးတဲ့စနစ်ဆိုးထဲမှာ သို့မဟုတ် အများ ပြောနေကြစကားလုံးအတိုင်းဆိုရင် လက်ရှိစနစ်ကိုခွာမတိုက်ပဲ ပူးတိုက်တဲ့နည်းထဲမှာ ဆက်လက် စခန်းသွားရဦးမှာပေါ့။ ဒါမေပဲ့ အာဏာရှိသူ၊ ချမ်းသာသူတွေနဲ့ အာဏာမရှိသူ သာမန်အရပ်သားတွေကြား ဒီလောက်အထိ လူနေမှုအဆင့်တန်း ကွာခြားသွားကတော့ တခုခုလွဲနေတယ်လို့ထင်ပါတယ်။ နော်ဝေးမှာ ဒီလိုကွာခြားမှုမရှိပါ။ ထိုင်းမှာလဲ ဒီလောက်အထိ မကွာကြပါဘူး။ ဒါဆို မြန်မာနိုင်ငံမှာ ဘာတွေလွဲနေလို့လဲ။
တကယ်တော့ ဒီလောက်ဈေးကြီးတဲ့ဟိုတယ်မှာ ကျနော်တည်းဖို့အစီစဉ်မရှိပါ။ နှစ်ပေါင်းများစွာခွဲခွါနေရတဲ့ ကျောင်းနေဖက်သူငယ်ချင်းလဲဖြစ်၊ တောပြန်သူငယ်ချင်းလဲဖြစ်တဲ့ အခြားပြည်တော်ပြန်တဦးနဲ့ တွေ့ချင်လို့ သူတည်းတဲ့ဟိုတယ်မှာ တညတာတည်းမယ်ဆိုပြီး ကျိုက်ထီးရိုးကအပြန် တန်းပြီးရောက်လာခြင်းသာဖြစ်ပါ တယ်။ ဘာကြောင့်များ ပြည်တော်ပြန်တွေကို ခွဲခြားဆက်ဆံဖို့၊ ဈေးနှစ်ဆယူဖို့ အမိန့်ထုတ်ထားပါလိမ့်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ဒါမျိုးခွဲခြားဆက်ဆံတာမရှိ။ ဘယ်သူလာတည်းတည်း အားလုံးတဈေး တည်း။
ဟိုတယ်ကောင်တာဝန်ထမ်းကို ကျနော်မေးဖို့မေ့ကျန်ခဲ့တာကတော့ ကျနော်တို့ပြည်တော်ပြန်တွေကို ဒီလိုနှစ်ဆယူရမယ်လို့ အစိုးရက အတိအကျ အမိန့်ထုတ်ထားသလား။ ဒီကကောက်လို့ရတဲ့ အပိုငွေ တ၀က်ကို အစိုးရဆီ အခွန်ဆောင်ရတာလား။ အဲဒီငွေတွေကို အစိုးရက ဘယ်မှာသုံးတာလဲဆိုတဲ့အချက် တွေပါ။
မေးခွန်းတွေသာများလာပြီး အဖြေမရတဲ့ရန်ကုန်ညကို မွန်းကျပ်စွာဖြတ်သန်းပြီးတဲ့နောက် ထားဝယ်မြို ဆီသွားဖို့ လေယဉ်ကွင်းဆီကျနော်ထွက်လာပါတယ်။ အရင်တခေါက်က ပေါင်ချိန်စက်မှာ ၅၀၀ ပေးရ တာကို လာဘ်စားတယ်ဆိုပြီးသတင်းရေးမိတဲ့ကျနော် ဒီတခေါက်မှာ ၂၀၀၀ ပေးလိုက်ရပါတယ်။ ဖြစ်ပုံက ဒီလို။ ကွင်းထဲဝင်တာနဲ့ အပြာရောင်ယူနီဖောင်းဝတ်ပုဂ္ဂိုလ်တဦးက ကျနော်ရဲ့ခရီးဆောင်အိတ်တွေကို ကူသယ်ပေးပါတယ်။ သယ်ပေါ့၊ မြန်မာတွေ စေတနာကောင်းတယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မှာပေါ့။
''စေတနာရှိသလောက်ပဲ ပေးပါအကို'' ဆိုတော့မှ ငါတော့ ထိပြီဆိုတာကိုသိလိုက်ပါတယ်။ ၅၀၀ တန် ကလဲမရှိတော့ တထောင်ပေးလိုက်ရပါတယ်။ ပြီးတော့ အရင်တခေါက်ကထိပြီးသားဖြစ်တဲ့ ပေါင်ချိန်စက်။ ၅၀၀ တန်မရှိတော့ တထောင်ထပ်ထွက်သွားပြန်ပေါ့။ ''တနေ့တနေ့ ဒီလိုတောင်းတာ ဘယ်လောက်ရလဲ'' ဆိုပြီး ကျနော်ကမေးမိတော့ အဲဒီလူတွေ သိပ်ကြိုက်ပုံမရ။ ပြန်ဖြေစရာမလိုတဲ့မေးခွန်းကို မေးတယ်လို့ သဘောထားလားမသိပါ။ ဘယ်သူမှ ဘာမှပြန်မဖြေကြ။
ထားတော့။ လခနဲ့ မလောက်လို့ ဒီလိုတောင်းနေကြတာဖြစ်မှာပေါ့။ ဒါကို လာဒ်စားတယ်လို့မခေါ်ရင် ဘယ်လိုခေါ်မလဲ။ နိုင်ငံခြားသားတွေအမြင်မှာ ဘယ်လိုရှိမလဲ။ တခြားနိုင်ငံကလေဆိပ်တွေမှာ ဒါမျိုး မရှိတော့ပါ။ ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်ဆိုတဲ့ ဆရာ့ဆရာတွေ ဒါလေးတွေကိုလဲ ပြုပြင်ပေးကြ ပါဦးလို့ အော်ပြောရတော့မလား။
အကျန်းဖက်သမားတွေသာ ဖေါက်ခွဲရေးပစ္စည်းတွေကို ယူသွားမယ်ဆိုရင် ဒီလိုစစ်ဆေးရေးဝန်ထမ်း တွေနဲ့တော့ ခက်ရချည်ရဲ့။ လေယဉ်အမြဲတန်းစီးနေတဲ့ အစိုးရအရာရှိတွေ၊ လွတ်တော်ကိုယ်စားလှယ် တွေကကော ဒီကိစ္စကိုဘာမှမပြောကြဘူးလား။ နိုင်ငံတကာလေ့လာရေးလွတ်တဲ့အထဲ အစိုးရအရာရှိနဲ့ လွှတ်တော်ကိုယ်စားလှယ်အပြင် ဒီလို အောက်ခြေ၀န်ထမ်းတွေကိုလဲ ပို့ပေးဖို့လိုမယ်ထင်ပါတယ်။
အဲဒီလိုစဉ်းစားပြီး လေယဉ်စောင့်နေတုန်း လွတ်တော်အမတ်နှစ်ဦးနဲ့တည့်တည့်လာတိုးပါတယ်။ ပထမ တဦးက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေ။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အစောပိုင်းက လွတ်တော်ဥက္ကဌဦးရွှေမန်းတို့နဲ့အတူ နော်ဝေးနိုင်ငံအော်စလိုမြို့ဆီရောက်ခဲ့ဖူးသူ။ ''စစ်တွေကိုလေယဉ်နဲ့သွားပြီး အဲဒီကတဆင့်မှ ရသေ့တောင်ကိုသွားရမှာလေ။ ဟိုမှာ သိန်း ၁၀၀၀ တန် ဖွံဖြိုးရေးကိစ္စတွေ သွားလုပ်ရဦးမယ်'' လို့ သူကရှင်းပြပါတယ်။
မဲဆန္ဒနယ်တခုအတွက် သိန်း ၁၀၀၀ စီ လွှတ်တော်ကနေချပေးလိုက်ပြီး အဲဒီအတွက် ဒေသတွင်းရှိ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွတ်တော်၊ ပြည်နယ်လွှတ်တော်က လွတ်တော်အမတ် ၄ ဦး ပူးပေါင်း ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ အရင်ခေတ်နဲ့စာရင် အစစအရာရာတိုးတက်စပြုနေပြီလို့ သူကထင် မြင်ယူဆနေပြီး လွှတ်တော်ဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့ပြောပါတယ်။
''အစိုးရဖက်ကတင်သွင်းတဲ့ နေပြည်တော်ရေကန် ရောင်စုံမီးပြုပြင်ရေး၊ စစ်မှုထမ်းဟောင်းအဆောင် အသစ်ဆောက်လုပ်ရေးတွေကို လွှတ်တော်ကနေကန့်ကွက်နိုင်ခဲ့တယ်။ ပြီးတော့ ကျေးလက်က အများ ပြည်သူဘ၀ ဖွံ့ဖြိးရေးအတွက် ဘတ်ဂျက်ချပေးနိုင်ခဲ့တယ်'' လို့ ရခိုင်အမတ်ကပြောပါတယ်။
စစ်တွေလေယဉ် ထွက်ခါနီးမှရောက်လာတဲ့ နောက်ထပ်အမတ်တဦးကတော့ ကြံ့ခိုင်ရေးပါတီမှ မလှိုင် မြို့နယ်ကိုယ်စားလှယ် ဦးအေးမောက်ဖြစ်ပါတယ်။ သူကတော့ နေပြည်တော်ကနေတဆင့် မန္တလေးတိုင်း မလှိုင်မြို့ဆီ ကားနဲ့သွားပြီး ရှေ့မှာဒေါ်ခင်စောဝေပြောခဲ့တဲ့ သိန်း ၁၀၀၀ ဖွံဖြိုးရေးကိစ္စကို သွားလုပ် မယ်လို့သိရပါတယ်။ နေပြည်တော်မှာကျင်းပဖို့ပြင်နေတဲ့ အရှေ့တောင်အားကစားပွဲကို မတက်ကြဘူး လားမေးတော့ ကျေးလက်က မဲဆန္ဒနယ်အထိပြန်ပြီး လူထုနဲ့တွေ့ဖို့က ပိုအရေးကြီးတယ်လို့ သူတို့ နှစ်ဦး စလုံးကပြောပါတယ်။
တကယ်ဆိုရင် ဦးအေးမောက်ကို အရင်ကကျနော်မတွေ့ဖူးပါ။ ဒါပေမဲ့ ဗွီအိုအေ-က ကိုကျော်ဇံသာရဲ့ တိုက်ရိုက်လေလှိုင်းအပါဝင် ဥပဒေဆိုင်ရာကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ရေးကိစ္စတွေမှာ အချက် လက်အခိုင်မာ၊ ယုံကြည်ချက်အပြည့်အ၀နဲ့ပြောလေ့ရှိတဲ့ သူလေသံကိုကျနော်မှတ်မိနေပါတယ်။ သူကလဲ ကျနော်အသံနဲ့ ရုပ်ကိုမှတ်မိနေတယ်လို့ဆိုပါတယ်။
''ခင်ဗျားတို့အကဲခတ်တွေပြောနေတဲ့ အစိုးရနဲ့လွှတ်တော် နှစ်သင်းခွဲပြီးကစားနေတယ်ဆိုတာ မဟုတ် ပါဘူးဗျာ။ တကယ့်ကို ယုံကြည်တဲ့အတိုင်း ကျနော်တို့ပြောနေကြတာပါ'' လို့နီဒါန်းချီပြီး ကြံ့ခိုင်ရေးပါတီ ကလဲ လူထုအကျိုးလုပ်နေပါတယ်လို့ သူကဆိုပါတယ်။ ပြီးတော့ အစိုးရအဖွဲ့ထဲကလူတချို့ဟာ အရင် ခေတ်ဟောင်းကအတိုင်း အာဏာပြနေဆဲဖြစ်ပေမဲ့ လွှတ်တော်ကတော့ ပြည်သူလူထုဖက်မှာရပ်နေတယ်၊ ပြည့်သူ့အသံကိုနားထောင်နေတယ်လို့ သူကပြောပါတယ်။
''ကျနော်ပြောတာကိုမယုံရင် ဟောဒီမှာကြည့်'' ဆိုပြီး Messenger ဂျာနယ်မှာပါတဲ့ သူရဲ့ အင်တာဗျုးကို ထုတ်ပြပါတယ်။ ''ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အများဆန္ဒနဲ့မညီရင် ပြင်ရမှာပေါ့ဗျာ။ ကျနော်ကတော့ ကျနော်ယုံတဲ့အတိုင်းပြောမှာပဲ'' လို့လဲ သူကအခိုင်အမာပြောနေပါတယ်။
အမတ်မင်းနှစ်ပါးနဲ့ အဲဒီ လိုပြောလို့ကောင်းတုန်း လူတွေထရပ်တာတွေ့လို့လှမ်းကြည့်လိုက်တော့ နာမယ်ကြီးမော်ဒယ် ''မိုးစက်ဝိုင်'' ကိုမြင်လိုက်ရပါတယ်။ သူကလဲ နေပြည်တော်မှာကျင်းပမဲ့ Sea Game ဖွင့်ပွဲဆီ သွားမယ်ထင်ပါတယ်။ လေယဉ်တွေတစီးပြီးတစီးထွက်သွားကြပေမဲ့ ထားဝယ်သွားမဲ့လေယဉ်က ရာသီဥတုအခြေနေအရဆိုပြီး မီနစ် ၃၀ နောက်ကျမယ်လို့ဆိုပါတယ်။
အဲဒီလိုနောက်ကျမယ်ဆိုတာကို တီဗွီ စခရင်တွေနဲ့ ထိုးပြနိုင်ခြင်းမရှိသေး။ Information ပေးတဲ့စနစ် အတော်အားနဲနေဆဲဖြစ်ပါတယ်။ ဘယ်လေယဉ် ဘယ်အချိန်ထွက်မယ်ဆိုတာကိုပြသတဲ့ တီဗွီ စခရင်တွေ ပြည်တွင်းလေကြောင်းဖက်မှာ မရှိသေးပါ။ လျှပ်စစ်မီးမနိုင်လို့ တီဗွီ စခရင်နဲ့မပြန်နိုင်ရင်လဲ ကျောက်သင် ပုန်းဖြစ်ဖြစ်၊ White board ဖြစ်ဖြစ်မှာ ရေးပြထားသင့်ပါတယ်။ အခုတော့ ဘာမှရေးမထားတဲ့အတွက် Information ကောင်တာက အမျိုးသမီးလေးအော်ပြောနေတဲ့ အသံကို မနဲအာရုံစိုက်နား ထောင်နေရပါ တယ်။
ထူးခြားတာကတော့ မြန်မာနိုင်ငံကပြည်တွင်းလေကြောင်းလိုင်းတွေဟာလဲ အဝေးပြေးဘတ်စ်ကားတွေ လိုပါပဲ။ အားလုံး မနက်ပိုင်းမှာ ရန်ကုန်ကနေထွက်ပြီး ညနေပိုင်းမှာ ရန်ကုန်မြို့ဆီပြန်ဝင်ကြပါတယ်။ ဒါကြောင့်မနက်အစောကြီး ၅ နာရီလောက်ကတည်းက ဟိုတယ်ကနေထွက်ပြီး လာစောင့်နေရတာပါ။ ဈေးနှုံးတွေကလဲ ဘတ်စ်ကားထက် ၅ ဆလောက်များပါတယ်။ ဥပမာ ထားဝယ်ကို ၆ သောင်းခွဲပေးရပြီး ဘတ်စ်ကားနဲ့ဆို တသောင်းကျော်လောက်ပဲပေးရပါတယ်။ ဒါပေမဲ့ လေယဉ်ကတနာရီနဲ့ရောက်ပြီး ကားနဲ့ဆို တညအိပ်ခရီးပေါ့။
၆ သောင်းခွဲပေးရတာကိုဈေးများတယ်ဆိုပြီညီးနေတဲ့ကျနော် ထားဝယ်ရောက်မှ ပက်လက်လန်သွားပါ တယ်။ ပြီးခဲ့တဲ့အခေါက်ကရော၊ အခုအခေါက်ပါ ရန်ကုန်ကအသိတယောက်က တယ်လီဖုန်းဆက်ပြီး လက်မှတ်ဝယ်ပေးတဲ့အတွက် ကျနော်ကဘာမှလုပ်စရာ၊ ပြောစရာမလိုပါ။ ဒါပေမဲ့ အခု ထားဝယ်ရောက်ပြီး ရန်ကုန်ပြန်လက်မှတ် ကြိုဝယ်မှ ပြသာနာတက်ပါလေရော။ ''အကိုက နိုင်ငံခြားသားဆိုရင် ၂ ဆပေးရမယ် အကို။ ၁၂၇ ဒေါ်လာကျပါတယ်'' တဲ့။ သေပြီဆရာပေါ့။
တကယ်က ကျနော်ကို နိုင်ငံခြားသားမှန်း ဘယ်သူမှမသိ။ ထားဝယ်က ၈၈ ကျောင်းသားတွေနဲ့ ကျောင်းနေ ဖက် သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ၀ိုင်းကျပ်ရာကနေ လေယဉ်လက်မှတ်ရောင်းဌာနက သိသွား တာပါ။ နိုင်ငံခြားသားဖြစ်ရတဲ့ဒုက္ခကလဲ မလွယ်ပါလားနော်။ ၁၂၇ ဒေါ်လာဆိုတာ ဘယ်နဲမလဲ။ တသိန်း ၃ သောင်းနီးပါးကျတာပေါ့။ တရက်မှ ၃၀၀၀ ရတဲ့လူတဦးရဲ့ တလစာဝင်ငွေထက် ပိုများသွားပြီလေ။ ဘန်ကောက်-ရန်ကုန် လေယဉ်ခထက်တောင် ပိုများသွားတဲ့သဘော။
နိုင်ငံခြားသားဖြစ်ရတဲ့ ဒုက္ခက ဟိုတယ်ခနဲ့ လေယဉ်ခ နှစ်ဆယူရုံနဲ့တင်မပြီးသေး။ ရွာက ကျနော့်အိမ် ရောက်တော့ ထုံးစံအတိုင်း နယ်ထိမ်းရဲအရာရှိက အိမ်ကိုလာပြီး နိုင်ငံခြားသားစာအုပ်အမှတ်၊ ဗီဇာ အမှတ်တွေမေးပါတယ်။ ဒီလောက်ကတော့ ကိစ္စမရှိ။ ပြီးခဲ့တဲ့အခေါက်ကလဲ ဒါမျိုးဟန်ရေးပြခံရဖူးပြီးသား ဆိုတော့ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ် (အာဏာပိုင်တွေ ဒီလိုမျိုးလိုတာထက်ပိုလုပ်ပြနေ တယ်ဆိုတာကို ပရိသတ်အား အသိပေးတာကိုဆိုလို) ရုံပေါ့။
ဒါပေမဲ့ ဟန်ရေးပြမှုက ဒီလောက်နဲ့မပြီး။ ညဖက်မှာ ရဲ အရာရှိတဦးရောက်လာပြီး လောင်းလုံးမြို့နယ် လ.၀.က ရုံးဆီ အိမ်ရှင်နဲ့အတူလာကာ သတ်မှတ်ဖောင်တွေ ဖြည့်ဖို့လိုတယ်။ နိုင်ငံခြားသားတွေလုံခြုံရေး အတွက် ဒါတွေလုပ်ဖို့ သူတို့ဖက်က ကူညီပေးနေတယ်လို့ ပြောပါတယ်။ ။
1 comments:
ကိုထက်အောင်ကျော်ရဲ့ ပြည်တော်ပြန်ခရီး ခရီးသွားဆောင်းပါးများအား လာရောက်ဖတ်ရှုခဲ့ပါတယ်..။ အထူးလည်းနှစ်သက်မိပါတယ်..။
လေးစားစွာ
ဒီမိုဝေယံ
Post a Comment