Tuesday, October 13, 2026

စစ်တွေမြို့အဝင်က ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်... တရုတ်ပိုက်လိုင်းလုပ်သားကားကို စစ်တပ်က ဗုံးကြဲ...

 https://youtu.be/hx3NkX9OxuM?si=-p-wC4SoI8jUJFmO

စစ်တွေမြို့အဝင်က ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်... တရုတ်ပိုက်လိုင်းလုပ်သားကားကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၄ အောက်တိုဘာ ၂၀၂၆) - ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ပေါက်တောကြားရှိ ငပြိကျွန်းကို စစ်တပ်ဖက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေချိန်မှာ စစ်တွေဝင်ပေါက် ပုဏ္ဏားကျွန်းကားလမ်းပေါ်ရှိ အမြင့်ကျွန်းရွာအနီးက ကာကင်းစခန်း ၂ ခုကို AA သိမ်းပိုက်... - အမ်းမြို့နယ်အတွင်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစခန်းအတွက် တာဝန်ထမ်းနေသူ တရုတ်နိုင်ငံသား ဝန်ထမ်းစီးလာတဲ့ ကားကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်... - အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့အဖွဲ့ ထားဝယ်မြို့ကို ရောက်နေစဉ် မြို့ပေါ်မှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Monday, October 12, 2026

ပုလောတိုက်ပွဲ စစ်တပ်သေဆုံးသူများ... စစ်ကောင်စီဖက်က ညှိ-ကွပ် ရာထူးအပြောင်းအလဲလုပ်...

 https://youtu.be/Ijxbr-OBBbo?si=1nZie4MXUJVz7TLq

ပုလောတိုက်ပွဲ စစ်တပ်သေဆုံးသူများ... စစ်ကောင်စီဖက်က ညှိ-ကွပ် ရာထူးအပြောင်းအလဲလုပ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၃ အောက်တိုဘာ ၂၀၂၆)


- တနသာင်္ရီတိုင်း၊ ပုလောမြို့နယ်၊ မကျည်းကုန်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်တပ်ဖက်က ၈ ဦးသေပြီး သေနတ် ၅ လက် သိမ်းမိ... - ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တလိုင်းတောင်နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ်၊ သဖန်ရောင်ကြားရှိ ရခိုင်ရိုးမပေါ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) တို့ကြားတိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးကို လက်ရဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါ သိမ်းမိ... - ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ကာကွယ်ရေးဝန်ကြီးသစ်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ကို ညှိ-ကွပ် သစ်အဖြစ် စစ်ကောင်စီက ခန့်အပ်ဟု သတင်းထွက်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“ဒီမိုကရေစီစံနှုန်းကို အလေးမထားတဲ့ မူဝါဒအောက်မှာ မင်းအောင်လှိုင်တို့လို အာဏာရှင်တွေ ကြားက အမြတ်ထွက်တယ်”

 https://youtu.be/OGglcRYazhk?si=-5BmkofMMYNHYryf

“ဒီမိုကရေစီစံနှုန်းကို အလေးမထားတဲ့ မူဝါဒအောက်မှာ မင်းအောင်လှိုင်တို့လို အာဏာရှင်တွေ ကြားက အမြတ်ထွက်တယ်” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၁၂ အောက်တိုဘာ ၂၀၂၆) “ဒီမိုကရေစီစံချိန်စံညွှန်းတွေကို အလေးမထားတဲ့ ထရမ့်အစိုးရရဲ့ မူဝါဒအပြောင်းအလဲအောက်မှာ မင်းအောင်လှိုင်တို့လို စစ်အာဏာရှင်တွေ ကြားက အမြတ်ထွက်သွားတယ်၊ ဒါပေမယ့် ယူကရိန်းတောင် လုပ်စရာရှိတာ ဆက်လုပ်နေတာပဲ၊ မြန်မာတွေလည်း လုပ်စရာရှိတာ ဆက်လုပ်ရမှာဖြစ်တယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ ရွေးကောက်ခံ အမေရိကန်အစိုးရတို့ကြား တိုက်ရိုက်ထိတွေ့ဆက်ဆံတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာနေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဘယ်အခြေခံ မူ-ဘောင်တွေပေါ်မှာ စဉ်းစားပြီး စစ်ကောင်စီနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမယ်လို့ အမေရိကန်ဖက်က ပြောလာတာလဲ... - စစ်ကောင်စီနဲ့ တိုက်ရိုက်ဆက်သွယ်ခြင်းဟာ နွေဦးတော်လှန်ရေးကို ဘေးဖယ်ထားခြင်းလို့ အဓိပါယ်ရသလား... - အမေရိကန် လွတ်တော်အမတ်တွေ၊ အမေရိကားရောက် မြန်မာတွေကကော ဒီမူဝါဒသစ်အပေါ် ဘယ်လိုသဘောထားကြသလဲ... - ကျားဖြန့်နဲ့ မြေရှားအပြင် အခြေား ဘယ်နေရာတွေမှာ မြန်မာစစ်တပ်နဲ့ ထရမ့်အစိုးရ ပူးပေါင်းဆောင်ရွက်နိုင်သေးလဲ... - ထရမ့်အစိုးရရဲ့ မူဝါဒအပြောင်းလဲအောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး- စစ်ရေး အခင်းအကျင်းသစ်တွေအတွက် နွေဦးတော်လှန်ရေးအင်အားစုတွေ ဘာတွေ ပြင်ထားသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Sunday, October 11, 2026

ငပြိကျွန်းတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ... ရွှေကူမှာ တိုက်ပွဲပြန်ဖြစ်နေ...နောက်ဆုံးရ တိုက်ပွဲသတင်း

 https://youtu.be/fc_4Dj9mlQ4?si=UiwBtO_vodU7nQS0

ငပြိကျွန်းတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ... ရွှေကူမှာ တိုက်ပွဲပြန်ဖြစ်နေ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၂ အောက်တိုဘာ ၂၀၂၆) - စစ်တွေနဲ့ ပေါက်တောကြားက ကုလားတန်မြစ်ကြောင်းထဲရှိ ငပြီကျွန်းကို စစ်တပ်ဖက်က ကမ်းတက်စစ်ဆင်ရေး ၃ ရက် ဆက်တိုက်လုပ်ပေမယ့် အောင်မြင်မှုမရပဲ စစ်သား ၄၀ ခန့်သေဆုံးပြီးနောက် ပြန်ဆုတ်သွား... - ရွှေကူမြို့နယ်ဖက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းပြန်ထိုးလာတဲ့အတွက် KIA နဲ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က သေဆုံးသူများ၊ လက်နက်ခဲယမ်းအချိုု့ကိုပါ သိမ်းမိ... - စစ်တပ်ရဲ့ အကြမ်းဖက်ဗုံးကြဲမှုရပ်တန့်ရေး၊ လူသားစာနာ အကူအညီတိုးပေးရေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေတွေကို နိုင်ငံတကာပါလီမန်များအဖွဲ့ အထွေထွေညီလာခံဆီ CRPH က တင်ပြ... ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, October 9, 2026

“INTERPOL က သတင်းသမားတွေကို မဖမ်းဘူး၊ စစ်ရာဇဝတ်ကောင်တွေကိုသာ ဖမ်းမှာဖြစ်တယ်”

 https://youtu.be/APi6RQ5LWlg?si=vy_DhcIIHRexb9AJ

“INTERPOL က သတင်းသမားတွေကို မဖမ်းဘူး၊ စစ်ရာဇဝတ်ကောင်တွေကိုသာ ဖမ်းမှာဖြစ်တယ်” - ဦးတိုးဇော်လတ် - (Independent Press Council Myanmar)

(၁၀ အောက်တိုဘာ ၂၀၂၆) “နိုင်ငံတကာရဲတပ်ဖွဲ့ - INTERPOL- ဆိုတာ သတင်းသမားတွေကို ဖမ်းဖို့မဟုတ်ဘူး၊ စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဖို့သာဖြစ်တယ်။ ဒါကြောင့် သတင်းသမားတွေကို ခြိမ်းခြောက်နေတဲ့ စစ်ရာဝတ်ကောင်တွေ နိုင်ငံခြားသွားရင်သာ သတိထားသင့်တယ်” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။ ဧရာဝတီ၊ မဇ္ဈိမ၊ DVB၊ Myanmar Now နဲ့ ရန်ကုန်ခေတ်သစ်က နိုင်ငံခြားမှာရောက်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးပြန်ပို့ပေးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ - INTERPOL- ထံ တောင်းဆိုထားတယ်ဆိုတဲ့ စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူရဲ့ လွှတ်တော်အတွင်း ပြောကြားချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - INTERPOL အဖွဲ့က ပြည်ပရောက်သတင်းသမားတွေကို ဖမ်းဆီးပြန်ပို့ရေးဆိုတာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ... - INTERPOL အဖွဲ့ကို “ကူညီပါရစေ” ဆိုတဲ့ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့လိုများ မြန်မာစစ်ဗိုလ်ချုပ်တွေက ယူဆနေသလား... - မြန်မာဗိုလ်ချုပ်တွေ မီဒီယာ စာတ်မြောက်မှု ဘယ်အဆင့်မှာရှိ နေသလဲ... - အသွင်ပြောင်း ဦးသိန်းစိန်အစိုးရနဲ့ အသွင်ပြောင်း မင်းအောင်လှိုင်အစိုးရ ဆီနဲ့ ရေလို ကွာနေတာ ဘာကြောင့်လဲ... - INTERPOL က သတင်းသမားတွေကို ဖမ်းမှာလား... စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဖို့စောင့်နေတာမျိုးလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, October 8, 2026

ရွှေမင်းဂံ ရေတပ်အနီးက AA သိမ်းထားတဲ့ကျွန်းကို စစ်တပ်က ကမ်းတက်စစ်ဆင်ရေးလုပ်...

 https://youtu.be/9VZt0FAMZOY?si=iuaDyWtFCRUXizlI

ရွှေမင်းဂံ ရေတပ်အနီးက AA သိမ်းထားတဲ့ကျွန်းကို စစ်တပ်က ကမ်းတက်စစ်ဆင်ရေးလုပ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၉ အောက်တိုဘာ ၂၀၂၆)

- ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နဲ့ စစ်တွေမြို့နယ်ကြားရှိ ငပြီကျွန်းကို စစ်ကောင်စီတပ်က ကမ်းတက်တိုက်ပွဲဆင်နွဲဖု့ိကြိုးစားခဲ့ပေမယ့် အောင်မြင်မှုအရပဲ အကျအဆုံးများစွာနဲ့ နောက်ပြန်ဆုတ်သွားရ... - ဧရာဝတီတိုင်းထဲက ဘောမိချောင်း၊ သဲဖြူ၊ သာပေါင်းလေး၊ ကင်ပွန်းချဉ်ကုန်း စတဲ့ နေရာ ၄ ခုမှာလည်း စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တော်ကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဖက်က အထိနာနေ... - ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်နေပြီး ဗန်းမော်တက္ကသိုလ်ဝင်း တိုက်ပွဲအတွင်း စစ်တပ်ဖက်က အထိနာ၊ ရုပ်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေကို KIA နဲ့ မဟာမိတ်တွေဖက်က သိမ်းမိ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More