Monday, March 4, 2024

“ဆွေးနွေးမှုအားလုံးဟာ ရှမ်းမြောက်ဒေသနဲ့ပဲသက်ဆိုင်ပြီး ရခိုင်ပြည်နှင့် ဆက...


“ဆွေးနွေးမှုအားလုံးဟာ ရှမ်းမြောက်ဒေသနဲ့ပဲသက်ဆိုင်ပြီး ရခိုင်ပြည်နှင့် ဆက်စပ်ခြင်းမရှိပါ”

- ဒေါက်တာညိုထွန်းအောင် (ဒု စစ်ဦးစီးချုပ် - ရက္ခိုင့်တပ်တော် - AA)

(၄- ၃- ၂၀၂၄)

“ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲအဖြစ် ပြုလုပ်နေတဲ့ ဆွေးနွေးမှုအားလုံးဟာ ရှမ်းမြောက်ဒေသနဲ့ပဲသက်ဆိုင်ပြီး ရခိုင်ပြည်နယ်နှင့် ဆက်စပ်ခြင်းမရှိဘူး။ နယ်စပ်ဂိတ်ဖွင့်ရေးအတွက် အခွန်ငွေ အချိုးကျခွဲဝေရေးဆိုတာလည်း ဆွေးနွေးချက်ထဲမပါဘူး” လို့ ရက္ခိုင့်တပ်တော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲအဖြစ် မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ ထပ်မံဆွေးနွေးတယ်။ အပစ်ရပ်ရေးသဘောတူချက်အပြင် နယ်စပ်ဂိတ်ပြန်ဖွင့်ရေးအတွက်ပါ သဘောတူချက်ရတယ်... စသဖြင့် ဆိုရှယ်မီဒီယာမှာ သတင်းတွေပြန့်နေတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ဒေါက်တာညိုထွန်းအောင်ရဲ့ ပြောကြားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...

(AA အဖွဲ့ရဲ့ သတင်းစာရှင်းပွဲက ထူးခြားချက်တွေကို အပိုင်းလိုက် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, March 3, 2024

“ပုဏ္ဏားကျွန်းမှာ တိုက်ပွဲပြင်းထန်... မံစီနဲ့ ထားဝယ်မှာ စခန်းသိမ်း... နေ...


“ပုဏ္ဏားကျွန်းမှာ တိုက်ပွဲပြင်းထန်... မံစီနဲ့ ထားဝယ်မှာ စခန်းသိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၄- ၂- ၂၀၂၄)

ရက္ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီ စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် AA ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

ပုဏ္ဏားကျွန်းမြို့ရှိ "ခမရ (၅၅၀)” ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ် အရှိန်မြှင့်နေသလို မောင်တောမြို့နယ်မြောက်ပိုင်းရှိ “ရန်အောင်ပြင်စခန်း” ကိုလည်း ထိုးစစ်ဆင်နေတယ်။ စစ်ကောင်စီဖက်ကလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် စခန်းမကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ တမော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ မဂျီဂုံ ဗျုဟာကုန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းတပ်က မနေ့က မွန်းလွဲပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ The 74 Media က ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ဆီဆိုင်နဲ့ ဟိုပုံးမြို့တွေကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ဗုံးကြဲတာ၊ အတွဲလိုက်ဒုံးနဲ့ပစ်တာတွေကြောင့် ဘုန်ကြီးကျောင်းတွေ ပျက်စီးခဲ့ရ...

- ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၁၂ လက်ရရှိ...

- KNLA- အမှတ်(၅)တပ်မဟာနှင့်  စစ်ကောင်စီ(စကစ)အကြား ဖေဖေါ်ဝါရီလမှာ တိုက်ပွဲ (၈၆)ကြိမ်ဖြစ်ပြီး စစ်ကောင်စီဖက်က (၂၅)ဦးသေဆုံးကာ (၄၅)ဦးဒဏ်ရာရ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ပြိုင်မယ့်ပြိုင် ဘယ်သူက ကိုယ့်မြို့ကိုယ် အရင်သိမ်းနိုင်သလဲ ပြိုင်ရအောင်”


“ပြိုင်မယ့်ပြိုင် ဘယ်သူက ကိုယ့်မြို့ကိုယ် အရင်သိမ်းနိုင်သလဲ ပြိုင်ရအောင်”

- ဆလိုင်းယောမာန် ( ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၃- ၂- ၂၀၂၄)

“တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းအားပြိုင်ကြမယ့်အစား ပြိုင်မယ့်ပြိုင် ဘယ်သူက ကိုယ့်မြို့ကိုယ် အရင်သိမ်းနိုင်သလဲ၊ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် ဘယ်သူက အရင်ဆုံးလုပ်နိုင်သလဲဆိုတာကို ပြိုင်သင့်တယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းပြည်နယ်က အချို့နေရာတွေမှာဖြစ်ပေါ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြား ပွတ်တိုက်မှုကြီးမားလာနေတဲ့ ပြသာနာကို ဘယ်လိုဖြေရှင်းကြမလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ပလက်ဝဖက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်က ချင်းဖက်မှာ ပြန်လည်အားဖြည့်နေသလား...

- ရခိုင်ဒေသက AA ရဲ့ တိုက်ပွဲဝင်နိုင်မှု စွမ်းရည်အပေါ် အားလုံးက အတုယူလေ့လာနေကြသလား...

- ချင်းတောင်ပေါ်က တော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြားဖြစ်ပေါ်နေတဲ့ ပွတ်တိုက်မှုပြသာနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေကြသလဲ...

- ပြသာနာနဲ့အောင်မြင်မှုနှိုင်းယှဉ်ရင် ၃ နှစ်ကျော်ကာလအတွင်း တော်လှန်ရေးခရီး ရှေ့ကိုဘယ်လောက်အထိရောက်လာနေပြီလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, March 2, 2024

“ထိုင်းပါလီမန်တွင်းက မြန်မာ့အရေးဆွေးနွေးပွဲ ဘာတွေထူးခြားလာနိုင်သလဲ”


“ထိုင်းပါလီမန်တွင်းက မြန်မာ့အရေးဆွေးနွေးပွဲ ဘာတွေထူးခြားလာနိုင်သလဲ”

(၃- ၂- ၂၀၂၄)

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေဆိုးတွေကို ထိုင်းအပါဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲ... ဆွေးနွေးပွဲတရပ်ကို ထိုင်းပါလီမန်တွင်းမှာ မနေ့ကနဲ့ ဒီနေ့ ၂ ရက်ဆက်တိုက်ကျင်းပနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်အပါဝင် ဒီမိုကရေစီအင်အားစုကိုယ်စားလှယ်တွေ၊ ERO တိုင်းရင်းသားကိုယ်စားလှယ်တွေကိုပါ ပထမ ဆုံးအကြိမ် ဖိတ်ခေါ်ဆွေးနွေးတဲ့အတွက် ဒီပွဲအပေါ် အများက စိတ်ဝင်စားနေပါတယ်။

ဒီဆွေးနွေးပွဲကနေ မြန်မာ့အရေးအတွက် ဘယ်လိုနည်းလမ်းသစ်တွေရရှိလာနိုင်သလဲ၊ ထိုင်းကပြောထားတဲ့ စစ်ဘေးရှောင်ကူညီရေးအစီစဉ် ဘယ်လောက်အလုပ်ဖြစ်နိုင်သလဲ၊ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့လူငယ်တွေရဲ့ အနာဂတ် လယ်လိုဆက်ဖြစ်လာနိုင်သလဲ...

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ပါလီမန်ဆွေးနွေးပွဲမှာ ကိုယ်တိုင်ဝင်ရောက်ဆွေးနွေးနေသူ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်နဲ့ ထိုင်းတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်တို့ရဲ့ ပြောကြားချက်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, March 1, 2024

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်စေဖို့ ...


“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၂- ၂- ၂၀၂၄)

“ဒီနေ့ ထိုင်းပါလီမန်မှာပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံဆိုင်ရာမူဝါဒပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်စေဖို့မျှော်လင့်တယ်။ စစ်မှူထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုထွက်ပြေးလာကြတဲ့လူငယ်တွေကို အတင်းအကျပ်ပြန်ပို့တာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံထားတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ထိုင်းပါလီမန်မှာ (မကြာခင် နာရီပိုင်းအတွင်း) စနေ-တနင်္ဂနွေ ၂ ရက်တာဆွေးနွေးမယ့် မြန်မာ့အရေးဆွေးနွေးပွဲမှာ ဒီမိုကရေစီအင်အားစုတွေက ဘာတွေတင်ပြမှာလဲ၊ ထောင်-သောင်းချီထွက်ပြေးလာနေတဲ့ လူငယ်တွေကို ထိုင်းအစိုးရက ဘယ်လိုကိုင်တွယ်စေချင်သလဲ၊ NUG က ကော ဘာတွေကူညီပေးနိုင်မလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် နိုင်ငံခြားရေးဝန်ကြီးက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- မကြာသေးခင်ကသွားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပခရီးစဉ်၊ အမေရိကားခရီးစဉ်တွေမှာ ဘယ်လိုအောင်မြင်မှုတွေရရှိခဲ့သလဲ...

- ထိုင်းပါလီမန်ကနေ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ဖိတ်ခေါ်ဆွေးနွေးခြင်းဟာ ထိုင်းအစိုးရ မူဝါပြောင်းလဲလာခြင်းလား...

- စစ်မှူထမ်းဥပဒေကြောင့် ထောင်-သောင်းချီထွက်ပြေးလာနေတဲ့ မြန်မာလူငယ်တွေကို ထိုင်းအစိုးရက ဖမ်းဆီးပြန်ပို့တာမျိုးမလုပ်အောင် NUG က ဘာတွေဆောင်ရွက်ထားသလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာချိန်မှာ စစ်ကောင်စီအနေအထားက တကယ့်ကျဆုံးခန်းရောက်နေပြီလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီ သံချပ်ကာကား (၂) စီးကို AA တိုက်ခိုက်ဖျက်ဆီး ... စစ်လေယာဉ်ဆီတ...


“စစ်ကောင်စီ သံချပ်ကာကား (၂) စီးကို AA တိုက်ခိုက်ဖျက်ဆီး ... စစ်လေယာဉ်ဆီတင်သဘောၤကို ပကဖ ဖောက်ခွဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့ ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အထိနာခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ 

ဖေဖေါ်ဝါရီ ၂၈ ရက်၊ နေ့လည် ၂ နာရီခွဲခန့်မှာ အမြင့်ကျွန်း တံတားထိပ်အနီး အခုလို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သံချပ်ကာကား (၂) စီးကိုပါ မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းနဲ့တကွဖေါ်ပြထားပါတယ်။

ရန်ကုန်တိုင်းမှာတော့ စစ်တပ်ပိုင် စစ်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေမှာအသုံံးပြုမယ့် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ ဆီတင်သင်္ဘောကို ရန်ကုန်တိုင်း ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)  (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့လယ် ထီးတန်းဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ အဲဒီသဘောၤင်္ကို ဖေဖေါ်ဝါရီ ၂၉  ရက်ညပိုင်းမှာ အခုလို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၃၀) ခန့်ကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၉ ဦးသေပြီး ၁၂ ဦးဒဏ်ရာရ...

- ချင်းပြည်နယ် မင်းတပ်မြို့မ ရဲစခန်းက ရဲတပ်သားတဦးနဲ့ မကွေးတိုင်း ရေရစကြိုမြို့နယ် နံ့သာဟေဝန်ပန်းခြံက ရဲတပ်ကြပ်တဦး ပြည်သူ့ရင်ခွင်ထံခိုလှုံလာ...

- ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF တပ်နယ်အားလုံး စစ်ကောင်စီလက်အောက်ကနေ ခွဲထွက်ပြီး ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်တော့မယ်လို့ ကြေညာ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More