Tuesday, January 9, 2024

“ရခိုင်၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလည်း ရှမ်းမြောက်မှာဖြစ်သလိုဖြ...


“ရခိုင်၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလည်း ရှမ်းမြောက်မှာဖြစ်သလို ဖြစ်လာနိုင်ပါတယ်” လင်းထက်အောင် (CDM - ဗိုလ်ကြီး) (၉ - ၁- ၂၀၂၄) “၂၀၂၄ ရဲ့ ပထမ ၄ လအတွင်း ရခိုင်၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလည်း ရှမ်းမြောက်မှာဖြစ်သလို မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။ လက်ရှိ တပ်မတော်အခြေအနေ ဘယ်လောက်အထိဆိုးနေသလဲ၊ ၂၀၂၄ ပထမ ၄ လပတ်မှာ စစ်ကောင်စီ ဘယ်လိုဖြစ်သွားနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ... - လက်ရှိစစ်တပ်အနေအထား ဘယ်လောက်အထိ အခြေအနေဆိုးနေသလဲ... - ရခိုင်၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရှမ်းမြောက်လို အခြေအနေတွေ မကြာခင် မြင်တွေ့လာရနိုင်သလား... - “ရွှေဘ နောက်ပိုင်းကြမ်းမည်” ဆိုတဲ့ခေတ် တကယ်ကုန်သွားပြီလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်

“ပလက်ဝက စစ်ကောင်စီစခန်းတွေကို AA တိုက်ခိုက်နှင့် တိုက်ပွဲသတင်းများ”


“ပလက်ဝက စစ်ကောင်စီစခန်းတွေကို AA တိုက်ခိုက်နှင့် တိုက်ပွဲသတင်းများ”

(၁၀- ၁- ၂၀၂၄)

ပလက်ဝဒေသမှာ စစ်ကောင်စီ ကင်းစင်ရေးအတွက် လက်ကျန်စခန်းတွေကို ရခိုင့်တပ်တော် AA အရှိန်မြင့်တိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA နှင့် ညီနောင် ၃ ဖွဲ့က ည ၁၂ နာရီမှာထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၇၅) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဇန်နဝါရီလ (၉) ရက်မှာ တနေကုန် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်ပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတယ်။ စစ်ကောင်စီ အလောင်းတွေ ရထားတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော်အစပ်ရှိ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က စစ်ရှိန်မြှင့်နေပြီး အဲဒီမှာလည်း စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ခုံခံနေတယ်လို့ ပြောပါတယ်။

တခါ မြောက်ဦးမြို့နယ်မှာလည်း ဒီနေ့ ရင်ဆိုင်တိုက်ပွဲတခုဖြစ်တယ်လို့ AA ကပြောပါတယ်။

ဒါ့အပြင်...

- ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာမှာ တိုက်ပွဲဆက်ဖြစ်နေပြီး တအာင်းတပ်မတော် PSLF/TNLA နှင့်အတူ  MDY-PDF တွေက ပူပေါင်းတိုက်နေ...

- ကိုးကန့်ဒေသ မူပန် (သိန္နီ) ခရိုင်၊ မိုင်းယော်အနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကြဲတဲ့အတွက် အရပ်သား ၄ ဦးသေဆုံး...

- စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့တယ်လို့ NUG ကပြော...

- ကရင်နီပြည် ဘောလခဲမြို့ နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်တိုမှာတော့ စစ်သား ၃ ဦးနဲ့ ရဲသားတဦး လက်နက်အပြည့်အစုံနဲ့ တော်လှန်ရေးတပ်တွေထံ လာရောက်ပူးပေါင်း...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, January 8, 2024

“မြောက်ဦး သင်းကျစ်တော်တောင်စခန်းကို AA သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...


“မြောက်ဦး သင်းကျစ်တော်တောင်စခန်းကို AA သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...”

(၉ -၁- ၂၀၂၄)

ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်တောင် စစ်ကောင်စီတပ် စခန်းကို ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီမှာ ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ AA နှင့် ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အင်အား (၂၀၀) ခန့် ပြီးခဲ့တဲ့ရက်က  AA ထံ လက်နက်ချခဲ့တယ်လို့လည်း  ဆိုပါတယ်။

ဒီနေ့မှာတော့ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်‌ကျေးရွာအနီးရှိ “ဓညဝတီရေတပ်စခန်း”ကို (AA) က ပထမဆုံးအကြိမ် စတင်တိုက်ခိုက်တယ်လို့ ပြောပါတယ်။ ရမ်းဗြဲမြို့မှာလည်း ဒီနေ့ တိုက်ပွဲဖြစ်ပါတယ်။

ပလက်ဝဒေသမှာလည်းတိုက်ပွဲဖြစ်နေပြီး  လက်ကျန်စခန်းကုန်းတွေ သိမ်းပိုက်နိုင်ရေး AA က ဆက်လုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရှမ်းမြောက်ဒေသမှာတော့ “ကွတ်ခိုင်နဲ့ သိန္နီမြို့တို့ကို ညီနောင်မဟာမိတ်တပ်တွေက မနေ့ ညနေက သိမ်းပိုက်လိုက်တယ်လို့ တအာင်းတပ်မတော် PSLF/ TNLA ပြောခွင့်ရက BNN ကို အတည်ပြုပြောကြား...

- မွန်ပြည်နယ် ရေးမြို့နယ်မှာတော့ ခေါဇာမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေက မီးရှိုဖျက်ဆီးလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့က ကြေညာ...

- တနသာင်္ရီတိုင်းမှာတော့ PDF မွမ်းမံသင်တန်းဆင်းရဲဘော်တွေကို လက်နက်တပ်ဆင်တဲ့အခမ်းအနား ဒီနေ့ ကျင်းပ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ကွတ်ခိုင်နှင့် သိန္နီမြို့တို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နှင့် တိ...


“ကွတ်ခိုင်နှင့် သိန္နီမြို့တို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ”

(၈- ၁- ၂၀၂၄)

ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်- စစ်ဗျုဟာအခြေချ ကွတ်ခိုင်မြို့ကို မနေ့ညက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ PSLF/ TNLA တအာင်းတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။

ဒီဇင်ဘာ ၃၁ မနက်မှာ စတင်ထိုးစစ်ဆင်ပြီး ဇန်နဝါရီ ၇ ရက် ည ၈ နာရီခန့်မှာ အလုံးစုံ သိမ်းပိုက်နိုင်လိုက်တာဖြစ်တယ်လို့ TNLA ပြောခွင့်ရက ပြောပါတယ်။ 

ဒေသတွင်းသတင်းအချီု့မှာတော့ စစ်ကောင်စီတပ်တွေဟာ အလံဖြူထောင်ပြီး လက်နက်ချတဲ့အတွက် လားရှိုးဖက်ကို TNLA က ထွက်ခွင့်ပေးလိုက်တယ်လို့ဖေါ်ပြနေပါတယ်။ 

သိန္ဒိမြို့နဲ့ စကခ ၁၆ ကိုတော့ MNDAA က ဦးဆောင်သိမ်းပိုက်တာလို့ ပြောပါတယ်။ ဒေသတွင်း သတင်းတွေမှာတော့ စကစ ၁၆ ဟာ ညီနောင် မဟာမိတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မခံနိုင်လို့ စခန်းကို စွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ဖေါ်ပြနေကြပါတယ်။

သံချပ်ကာကားတွေ၊ ဟောင်ဝစ်ဇာအမြောက်တွေ အပါအဝင် လက်နက် ခဲယမ်းအများအပြား သိမ်းမိတာကိုလည်း ဓာတ်ပုံမှတ်တမ်းတွေ တွေ့ရပါတယ်။

ဒါ့အပြင်... 

- နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာနဲ့ လားရိုးမြိုနယ်ရှိ မိုင်းယောင်းကျေးရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၅ ဦးသေဆုံး...

- မွန်ပြည်နယ် ရေးမြို့နယ်က ခေါဇာမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေက မီးရှိုဖျက်ဆီးလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ကပြော...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, January 7, 2024

“သိန္နီအခြေစိုက် “စကခ (၁၆) ဌာနချုပ် နှင့် “ကွတ်ခိုင်ဗျူဟာကုန်း” အား သိမ်...


“သိန္နီအခြေစိုက် “စကခ (၁၆) ဌာနချုပ် နှင့် “ကွတ်ခိုင်ဗျူဟာကုန်း” အား သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...

(၈- ၁- ၂၀၂၄)

ဇန်နဝါရီ ၇ ရက်နေ့ ည ၁၂ နာရီအထိ ရထားတဲ့သတင်းတွေထဲက “သိန္နီအခြေစိုက် “စကခ (၁၆) ဌာနချုပ် နှင့် “ကွတ်ခိုင်ဗျူဟာကုန်း” အား ညီနောင် ၃ ဖွဲ့က သိမ်းပိုက်လိုက်တဲ့သတင်း အရင်ဆုံးတင်ပြချင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး (၇၃) ရက်မြောက်နေ့၊ ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီမှာ သိန္နီအခြေစိုက် “စကခ (၁၆) နောက်တန်းဌာနချုပ်”ကို သိမ်းပိုက်ပြီး ည ၁၁ နာရီမှာ “ကွတ်ခိုင်ဗျူဟာကုန်း” ကို  အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့ရဲ့ ည ၁၂ နာရီ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ည ၁၀ နာရီမှ စခန်းသိမ်းနိုင်တာဖြစ်တဲ့တွက် အသေးစိပ်သတင်းကိုတော့ မနက်ဖန်မှ တင်ပြနိုင်မယ်လို့ ကြေညာချက်က ဆိုပါတယ်။

အစောပိုင်းထုတ်ပြန်ချက်ထဲမှာတော့ မိုးမိတ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီနှင့် TNLA တပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး နောင်ချိုမြို့နယ်၊ ကျောက်မဲလေး‌ ကျေးရွာတိုက်ပွဲမှာတော့ TNLA နဲ့အတူ MDY (မန်းလေး) PDF တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ပလက်ဝမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကြီးနှင့် တပ်မများအား အပြီးသတ်သိမ်းပိုက်နိုင်ရေး (AA) က ဆက်လုပ်နေ...

- စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ှရှိ ကနန်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ် ၃ ဦးအပါဝင် အရပ်သား ၁၁ ဦး သေဆုံး...

- စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF တွေက သိမ်းပိုက်...

- ထန်းတပင်မြို့နယ်၊ သောက်ရေခပ် အမှတ် (၂) ရေအားလျှပ်စစ်ထုတ်လုပ်ရေးခစန်းရှိ စစ်ကောင်စီစခန်းကို KNLA က ရှင်းလင်း...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“လောက်ကိုင်ကိုသိမ်းနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှု ၃ ပုံတပုံအထ...


“လောက်ကိုင်ကိုသိမ်းနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှု ၃ ပုံတပုံအထိ ရောက်လာပြီဆိုတဲ့အချက်ကို ကျနော်သဘောတူတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၇- ၁- ၂၀၂၄)

“ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက လောက်ကိုင်မြို့ကိုသိမ်းပိုက်နိုင်လိုက်ခြင်းဟာ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် သုံးပုံတပုံခရီးရောက်လာဆိုတဲ့ စစ်ဦးစီးချုပ်တယောက်ရဲ့ ပြောဆိုချက်ကို သူသဘောတူတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဗိုလ်မှူးချုပ် ၆ ဦးအပါဝင် စစ်ကောင်စီအင်အား ၄၀၀၀ ကျော် လောက်ကိုင်မှာ လက်နက်ချလိုက်တဲ့အခြေအနေ၊ ဟိုပန်ကို UWSA တပ်တွေ ဝင်လာတဲ့အခြေအနေ၊ လာရှိုးမြို့ ခပ်လှုပ်လှုပ် ဖြစ်လာနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- လောက်ကိုင်မြို့ကို သိမ်းနိုင်ခြင်းက စစ်ရေးအပြင် နိုင်ငံရေးအရပါ ဘယ်လောက်အထိ တာသွားသလဲ...

- ဟိုပန်နယ်ကို UWSA တပ်တွေဝင်လာခြင်းက ၁၀၂၇ စစ်ဆင်ရေးကို ပိုအားကောင်းစေနိုင်သလား...

- ရှမ်းမြောက်ဒေသတကို စစ်ကောင်စီက ပြန်တိုက်ဖို့ဆိုတာ ဖြစ်နိုင်ခြေရှိသေးရဲ့လား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ရခိုင်စစ်မျက်နှာအပါဝင် အခြားဒေသက တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း ပါဝင်တဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More