Thursday, October 21, 2021

Interview with U Aung Myo Min of NUG.


“ပြန်လွတ်လာသူတွေထဲမှာ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ မပါသေးဘူး”
(ဦးအောင်မျိုးမင်း- လူ့အခွင့်အရေးဝန်ကြီး- NUG)
------------------------------------------
(၂၁/၁၀/၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်နယ်-တိုင်း ဝန်ကြီးချုပ်တွေလို NLD ထိပ်ပိုင်းခေါင်းဆောင်တွေ မပါသေးတဲ့အတွက် ဒါဟာ ပြုပြင်ပြောင်းလဲမှုလုပ်ချင်လာတဲ့သဘောလို့ လုံး၀ ယူဆလို့မရသေးတဲ့အကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖမ်းဆီးခံထားရသူ ၈၀၀၀ နီးပါးထဲက ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးနေပါပြီလို့ စစ်ကောင်စီက ကြေညာတဲ့အပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က NUG ရဲ့ သဘောထားကိုမေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ... စစ်ကောင်စီက ဘာကြောင့် နိုင်-ကျဉ်းတွေကို အခုလို ပြန်လွှတ်ပေးလိုက်တာလဲ၊ ဒီလိုလွှတ်ပေးမှုအပေါ် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကကြိုဆိုလေမလား၊ ဒီလိုလွှတ်ပေးမှုကြောင့် တိုက်ပွဲအရှိန်တွေ ပြန်ကျသွားနိုင်သလား၊ NUG ဖက်ကကော လွှတ်ပေးမှုကနေဖြစ်ပေါ်လာမယ့် နောက်တဆင့်အတွက် ဘာတွေပြင်ဆင်ထားသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Tuesday, October 19, 2021

Interview with U Myo Win of PPST- Part 2


“လူထုရွေးချယ်မှု Mandate တခုတည်းနဲ့မရဘူး၊ အားလုံး လက်တွဲဆောင်ရွက်နိုင်ဖို့လိုတယ်”

(ရဲဘော်မျိုးဝင်း- PPST ပြောခွင့်ရပုဂ္ဂိုလ်)
----------------------------------------------
(၁၉/၁၀/၂၀၂၁)

မြန်မာနိုင်ငံရဲ့ပြသာနာတွေကိုဖြေရှင်းတဲ့နေရာမှာ လူထုကရွေးချယ်ထားတဲ့ဆိုတဲ့ Mandate တခုတည်းနဲ့မလုံလောက်ဘူး။ အင်အားစုအားလုံး လက်တွဲဆောင်ရွက်နိုင်ဖို့လိုတယ်လို့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရသူ ရဲဘော်မျိုးဝင်းကပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် ရေးထိုးခြင်း (၆)နှစ်ပြည့်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေအပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...အာဆီယံအပါဝင် နိုင်ငံတကာရဲ့ ကြားဝင်ဖြန်ဖြေမှုအပေါ် အမြင်၊ ဒီအချိန်မှာ တွေ့ဆုံဆွေးနွေးရေးပြောနေတာ လက်တွေ့ကျရဲ့လား၊ လက်ရှိ ပြသာနာအားလုံးရဲ့ မူလအစဟာ အာဏာသိမ်း စစ်ကောင်းစီပဲ မဟုတ်ဘူးလား.... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Monday, October 18, 2021

Interview with U Myo Win of PPST- Part 1


“PPST က နွေဦးတော်လှန်ရေးကို ဝန်းရံပံ့ပိုးနေပါတယ်”
(ရဲဘော်မျိုးဝင်း- PPST ပြောခွင့်ရပုဂ္ဂိုလ်)
----------------------------------------------
(၁၈/၁၀/၂၀၂၁)

CDM လှုပ်ရှားမှုအပါဝင် နွေဦးတော်လှန်ရေးကို သူတို့အဖွဲ့က ဝန်းရံပံ့ပိုးနေပါတယ်လို့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရသူ ရဲဘော်မျိုးဝင်းကပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် ရေးထိုးခြင်း (၆)နှစ်ပြည့်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေအပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာတော့... NCA သဘောတူစာချုပ်က ဆက်ရှိနေဆဲလား၊ ပျက်သွားပြီလား။ အာဏာသိမ်းစစ်တပ်အပေါ် PPST က ဘယ်လိုသဘောထားသလဲ၊ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ဘာတွေ အခက်အခဲရှိနေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အာဆီယံအပါဝင် နိုင်ငံတကာရဲ့ ကြားဝင်ဆောင်ရွက်မှုအပေါ်အမြင်၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာဖြစ်နိုင်ခြေရှိသေးလား...စတဲ့ အကြောင်းရာတွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Friday, October 15, 2021

Interview with U Aung Thu Nyein


“စစ်ကောင်စီမှာ မဟာမိတ်သိပ်နည်းနေလို့ ဒီအတိုင်း ရပ်တည်ဖို့ ခက်ပါတယ်”
-------------------------------------------
(၁၅/၁၀/၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီဟာ အိမ်နီးချင်း အာဆီယံကိုတောင် မဟာမိတ်မဖွဲ့နိုင်ပဲ တရုတ်နဲ့ရုရှားကိုသာအားကိုးနေရတဲ့အတွက် ရေရှည်ရပ်တည်ရေးခက်ခဲနိုင်တယ်လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။

အာဏာသိမ်းပြီး ၈ လကြာ နိုင်ငံရေးအခြေအနေ၊ အာဆီယံ အထူးကိုယ်စားလှယ် လာခွင့်ရ မရအခြေနေ၊ နိုင်ငံတကာရဲ့ ဖိအားတိုးလာနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ... အာဆီယံ အထူးကိုယ်စားလှယ်ခရီးစဉ်ရဲ့ နောက်ဆုံးအခြေနေ၊ အာဆီယံကိုယ်စားလှယ်ကို လာခွင့်မပေးရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ၊ သံတမန်ရေးကြားဝင်စေ့စပ်မှု မအောင်မြင်ရင် လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလား၊ နွေဦးတော်လှန်ရေး ၈ လကျော်ကြာတဲ့အထိ ဒီမိုကရေစီ အင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတွေကြားမှာ တပ်ပေါင်းစု မဖွဲ့နိုင်သေးတာ ဘာကြောင့်လဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, October 14, 2021

Interview with Chairman of Myanmar Cycling.



2019 ခုနှစ်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်းနှင့် One News မေးမြန်းချက်ကို မှတ်တမ်းအဖြစ် ပြန်လည်ဖေါ်ပြအပ်ပါသည်။

Wednesday, October 13, 2021

Dr Tint Swe Part 3


ဒေါက်တာတင့်ဆွေနှင့် မေးမြန်းချက် (၃) ------------------------------------------- (၃/၉ /၂၀၂၁) စစ်အာဏာရှင်စနစ်ကို အပြတ်ရှင်းမယ်ဆိုရင် အာဏာရှင်တွေနဲ့ပေါင်းနေတဲ့ အခွင့် အရေးသမားတွေကိုလည်း အပြတ်ရှင်းသင့်တယ်လို့ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့် မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် နောက်ဆုံးအပိုင်းမှာတော့... အရင်တော်လှန်ရေးတွေထက် အခုတော်လှန်ရေးက အောင်မြင်မှုရနိုင်ခြေ ပိုများနေတယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ၊ ဘယ်အစိုးရတက်တက် ပေါင်းစား-ညာစားမယ်ဆိုတဲ့ လူတန်းစား ကို ဘယ်လိုသဘောထားသင့်သလဲ၊ ဒလန်တွေကို ရှင်းပစ်တာ ထိရောက်မှုရှိသလား၊ ပြည်တွင်း-ပြည်ပ အကူအညီတွေက နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ တွန်းအားဖြစ်စေသလဲ... စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ဒီတပတ် စနေ-တနင်္ဂနွေမှာတော့ လက်နက်ကိုင်တော်လှန်ရေးအကြောင်း စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးသွားဖို့ စီစဉ်ထားပါတယ်)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More