Monday, April 9, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၅)

နိုင်ငံခြားဘာသာစကား သင်တန်းနဲ့ ခေတ်သစ်သဘောင်္သားများ

အုပ်ချုပ်မှုကိစ္စနည်းနည်း တည်ငြိမ်လာတဲ့အခါမှာတော့ တော်လှန်ရေးရဲ့ ပင်မသင်တန်းတွေဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ ဆက်သွယ်ရေး၊ကျန်းမာရေး၊ ထောက်လှမ်းရေး ပညာဆိုင်ရာ ရက်ရှည်သင်တန်းတွေအပြင် ဘာသာစကား ရက်တိုသင်တန်း အမျိုးမျိုးဖွင့်ဖို့ ကျနော်တို့ စီစဉ်ခဲ့ပါတယ်။ ပထမဆုံးဖွင်တဲ့ သင်တန်းက အင်္ဂလိပ်စာ အခြေခံသင်တန်းဖြစ်ပြီး အင်္ဂလန်မှ ကျောင်းသားတဦးက စေတနာ့ဝန်ထမ်းအဖြစ် လာသင်ပေးပါတယ်။ ဒါပေမယ့် ပထမ ၃-၄ ရက်လောက်ပဲ သင်တန်းသား ၂၀ လောက် တက်ပြီး တဖြည်းဖြည်းနဲ့ နည်းနည်း သွားတဲ့အတွက် သင်တန်းဆရာလည်း စိတ်ပျက်ပြီး ပြန်သွားပါတယ်။

၂၀၁ တပ်ရင်း ပင်လယ်ပြင်စစ်ကြောင်းမှ တပ်စိပ်တစိပ်ကို မြိတ်ကျွန်းစု ရေပြင်အတွင်း တွေ့ရစဉ်

ဒုတိယဖွင့်တဲ့သင်တန်းကတော့ ထီးထာက ကရင်အမျိုးသမီးနဲ့ လက်ထပ်ထားတဲ့ ထိုင်းကျောင်းဆရာတဦး ဖွင့်တဲ့ ထိုင်းစာသင်တန်းပါ။ A-B-C-D အပါဝင် စကားလုံး ၂၆ လုံးကို အခြေခံထားတဲ့ အင်္ဂလိပ်စာကို မြန်မာနိုင်ငံက ကျောင်းတွေမှာ ကျနော်တို့သင်ဖူးပြီးဖြစ်တဲ့အတွက် သိပ်အထူးအဆန်း မဟုတ်ပါ။ ဒါပေမယ့် ကောကိုင်၊ ခေါ်ခိုင်၊ ခေါခူးဝပ် အပါဝင် စကားလုံး ၄၄ လုံးကို အခြေခံထားတဲ့ ထိုင်းစာကတော့ မြန်မာနိုင်ငံမှာတုန်းက ကျနော် တခါမှမသင်ဖူးသလို ကြားလည်းမကြားဖူး၊ မြင်လည်းမမြင်ဖူးတဲ့အတွက် တကယ့်ကို အသစ်အဆန်း ဖြစ်နေပါတယ်။

Sunday, April 1, 2012

လောင်းလုံးမှာ NLD အမတ်လောင်း ဦးအောင်စိုး အနိုင်ရဟုဆို

၀၁-၀၄-၂၀၁၂-ညနေပိုင်း
လောင်းလုံး။

တနသာင်္ရီတိုင်း လာင်းလုံးမြိုနယ် NLD ပါတီအောင်နိုင်ရေးအဖွဲ့တာဝန်ရှိသူတဦးရဲ့ပြောဆိုချက် အရ မြိုနယ်အတွင်းရှိ မဲရုံ ၁၀၇-ရုံစလုံးမှာ NLD အမတ် ဦးအောင်စိုးက အနိုင်ရသွားတယ်လို့ သိရပါတယ်။
မြိုနယ်ကော်မရှင်ရဲ့စာရင်းထုတ်ပြန်ချက်အရ NLD အမတ်လောင်း ဦးအောင်စိုးက မဲအရေ တွက် ၃၆၈၆၃-မဲရပြီး ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဦးစိမ်းမောင်က မဲအရေတွက် ၇၉၁၆ -မဲရတယ်လို့သိရပါတယ်။

ဒါဟာမဲပေးခွင့်ရှိသူ ၅၇၇၉၈ ထဲက ၄၈၁၀၅-ဦးလာပေးတာဖြစ်တဲ့အတွက် ဦးအောင်စိုးက ၇၆-ရာခိုင်နှုံး။ ဦးစိမ်းမောင်က ၁၆-ရာခိုင်နှုံးရခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

လောင်းလုံးမြိုနယ်မှာ အနိုင်ရသွားတဲ့ NLD အမတ် ဦးအောင်စိုး လူထုကို လိုက်နှုတ်ဆက်နေစဉ်-

 ၄၅-နေရာမှာ ၄၃-နေရာနိုင်တယ်လို့ NLD ဗဟိုရဲ့ ထုတ်ပြန်ချက်

Saturday, March 31, 2012

ABSDF ရန်ကုန်ခရီးစဉ် ရွေ့ဆိုင်း

နောက်ဆုံးသတင်း....၁၈-၀၈-၂၀၁၂.

ABSDF မြောက်ပိုင်းနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်။
BBC -18-08-2012/




မြန်မာနိုင်ငံ မြောက်ပိုင်း KIA ကချင် လွတ်လပ်ရေး တပ်မတော် ဌာနချုပ်နားက လဂျားယန် တောင်ကုန်းမှာ စခန်းချထားတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြောက်ပိုင်း တပ်ဖွဲ့နဲ့ အစိုးရတပ်တွေ အကြား စနေနေ့ ညနေ ၅နာရီလောက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရရဲ့ ခလရ ၄၀ တပ်တွေ ABSDF တပ်စခန်း ရှိရာနေရာဆီ ရှေ့တိုး တက်လာရာကနေ ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ABSDF မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် တဦး ဖြစ်တဲ့ စိုင်းလ က ဘီဘီစီကို ပြောပါတယ်။ကျောင်းသား တပ်ဖွဲ့တွေ ဘယ်နေရာမှာ နေရာယူမှု အားပျော့သလဲ ဆိုတာကို သိရဖို့ အစိုးရတပ်ဘက်က သွေးတိုးစမ်းတဲ့ အနေနဲ့ ရှေ့တိုးတက်လာတာလို့ ယူဆရကြောင်း ပြောပါတယ်။

ABSDF ကျောင်းသား ခေါင်းဆောင်တခိျု့နဲ့ သမ0x081မတ ဦးသိန်းစိန် အစိုးရအကြား တွေ့ဆုံမှုတွေ ရှိခဲ့အပြီးမှာပဲ အခုလို နှစ်ဘက်အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ဒီတိုက်ခိုက်မှုတွေကြောင့် ABSDF နဲ့ အစိုးရကြား တွေ့ဆုံပြောဆိုနေမှုတွေကို ထိခိုက်စေနိုင်ကြောင်း၊ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လိုလားတယ်လို့ အစိုးရက ပြောနေပေမယ့် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေ ရှိနေပြီး အစိုးရက သပ်သပ်၊ စစ်တပ်က သပ်သပ် ဖြစ်နေကြောင်း စိုင်းလက ပြောပါတယ်။

တိုက်ခိုက်မှုတွေ အတွင်း ထိခိုက် သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

 ..............................................................................................................
၃၁-၀၃-၂၀၁၂

ဧပြီလ ၈-ရက်နဲ့ ၉-ရက်နေ့တွေမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ABSDF နဲ့ အစိုးရဖက်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို ၂-ဖက်သဘောတူညီချက်အရ ရက်ရွေ့ဆိုင်းလိုက်တယ်လို့ ABSDF က ဒီနေ့ သတင်းထုတ်ပြန် ပါတယ်။


ဘာကြောင့်အခုလို ရက်ရွေ့ဆိုင်းရသလဲဆိုတာကိုတော့ ကြေငြာမှာရှင်းပြထားခြင်းမရှိပါဘူး။ ၂-ဖက်ထပ်မံ ညှိနှိုင်းမှုတွေအရ တိုးတက်မှုတွေကို ဆက်လက်သတင်းထုတ်ပြန်မယ်လို့သာ အဲဒီကြေငြာချက်မှာ ဖေါ်ပြ ထားပါတယ်။

Thursday, March 29, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၄)

on March 29, 2012 6:12 pm
အောက်မေ့ဖွယ် / ဧရာဝတီ။


တပ်ရင်းညီလာခံနဲ့ ကော်မီတီသစ်၊ တပ်မှူးအသစ်များ ရွေးချယ်ခြင်း

တပတ်လောက်သာ ကြာမယ်ထင်ပြီး ခေါ်လိုက်တဲ့ တပ်ရင်းညီလာခံဟာ ၁၀ ရက်ကျော်တဲ့အထိ ဆွေးနွေးစရာ မကုန်သေးဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာလည်း ကျောင်းသားတွေနဲ့ တခြားအဖွဲ့စည်းတွေ မတူတဲ့အချက်ကို တင်ပြလိုပါတယ်။ ပြည်တွင်းမှာပဲဖြစ်ဖြစ် နယ်စပ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့စည်းတွေ အစည်းဝေးလုပ်တဲ့အခါ ဘယ်နှရက်လုပ်မယ်၊ ဆွေးနွေးမယ့်အကြောင်းအရာက ဘာတွေဖြစ်တယ် စသဖြင့် အတိအကျ သတ်မှတ်ပြီး ၂ ရက် ၃ ရက်နဲ့ ပြတ်အောင်လုပ်လေ့ရှိပေမယ့် ကျနော်တို့ကျိုးဖိုးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီလို ကြိုတင်ကန့်သတ် ထားတာကို မကြိုက်ဘူး။ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးရမယ်ဆိုပြီး ငြင်းလိုက်ခုန်လိုက်နဲ့ ၁၅ ရက်တိတိ ကြာသွားပါတယ်။

မင်းသမီးစခန်း အတွင်းရေးမှူး ကိုမျိုးဝင်း တပ်ရင်းညီလာခံမှာ သဘာပတိအဖြစ် တာဝန်ယူနေစဉ်

ညီလာခံအတွင်း ဆွေးနွေးတဲ့ အချက်တွေထဲက အရေးကြီးတဲ့အချက်တွေအဖြစ် ကျနော် မှတ်မိ သလောက်ကတော့ ရွေးကောက်ပွဲမှာ NLD က နိုင်သွားတဲ့အတွက် NLD အစိုးရအသစ် ပေါ်လာရင် ABSDF ဘယ်လို ဆက်လက်ရပ်တည်မလဲဆိုတဲ့ နိုင်ငံရေးကိစ္စ ပါပါတယ်။ နောက်တခါ ရှေ့တန်းမှာ KNU နဲ့ ပူးတွဲလှုပ်ရှားတဲ့အခါ ကျောင်းသားတွေက ရွာရှေ့မှာ လူထုတရားဟောပွဲလုပ်။ KNU က နောက်မှာ ရွာအုပ်ချုပ်ရေးချပြီး အခွန်ကောက်နေတဲ့ကိစ္စ ကော်မတီက ဖြေရှင်းပေးပါဆိုတဲ့ မဟာမိတ် ဆက်ဆံရေးကိစ္စ ပါပါတယ်။ နောက်တခါ ပင်လယ်ပြင်ဆီ တိုးချဲ့ထိုးဖောက်ရေးကိစ္စ ပါတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီလို အရေးကြီးတဲ့ကိစ္စတွေအတွက် အချိန်သိပ်ကုန်တာ မဟုတ်ဘဲ အစည်းအဝေးဆုံးဖြတ်ချက်၊ မှတ်တမ်းတင်ချက် တကြောင်းချင်းစီကို စကားလုံး စီတာကအစ သတ်ပုံ အမှားအမှန်အထိအဆုံး ညီလာခံမှာ ဆွေးနွေး ငြင်းခုန်နေတဲ့အတွက် အခုလို အချိန် ၁၅ ရက် ကြာသွားတာဖြစ်မလားလို့ ကျနော် ပြန်စဉ်းစားနေမိပါတယ်။

Sunday, March 25, 2012

ကြံခိုင်ရေးပါတီက ကြိုတင်မဲကောက်တာ။ မဲဝယ်တာတွေလုပ်နေဟု NLD ကပြော။

လောင်းလုံး။ ၂၆-၀၃-၂၀၁၂

ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြံခိုင်ရေးပါတီနဲ့ လက်ရှိ အာဏာပိုင်တွေ က  ကြိုတင်မဲကောက်ယူမှုနဲ့ မဲဝယ်မှုတွေလုပ်နေတယ်လို့ NLD ပါတီ လောင်းလုံးမြိုနယ် ရွေးကောက် ပွဲအောင်နိုင်ရေး တာဝန် ရှိသူတဦးကပြောပါတယ်။

လောင်းလုံးမြိုနယ် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ကိုက် ၅၀-မကွာတဲ့နေရာမှာ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေးပါတီ မဲဆွယ်မှု ပိုစတာ။

ကြိုတင်မဲကောက်ယူမှု ၂-ခုဖြစ်ပွါးခဲ့ပြီး ပထမ-တခုကတော့ မတ်လ ၁၇-ရက်နေ့က လောင်း လုံးမြို ပညာရေးမှုး ရုံးမှာဖြစ်ပွါးခဲ့တာလို့ အဲဒီပုဂိုလ်ကပြောပါတယ်။ မတ်လ ၂၄-ရက်နေ့ ကျရင် ထားဝယ်ကောလိပ် မှာစတင်ဖွင့်လှစ်မဲ့ ပညာရေးသင်တန်းတက်ရမဲ့ လောင်းလုံးမြို နယ်မှ ဆရာ။ ဆရာမ ၇၀-ခန့်ကို ပညာရေးမှုး ရုံးခန်းဆီခေါ်ယူပြီး အခုလိုကြိုတင်မဲပေးခိုင်းခဲ့တာလို့ NLD အရာရှိကပြောပါတယ်။

Thursday, March 22, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃)

on March 22, 2012 6:45 pm
အောက်မေ့ဖွယ် / ဧရာဝတီ။

တပ်ရင်းညီလာခံ ခေါ်ယူခြင်းနဲ့ ရှေ့တန်းခရီးစဉ်

ဒီလိုမလွယ်တာတွေ အတော်များများကို ကြုံရပြီးတဲ့အခါမှာတော့ ရှေ့တန်း၊ နောက်တန်းက တပ်မှူးအားလုံးနဲ့ စခန်းကော်မတီဝင်တွေတွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ် ဆွေးနွေးမှဖြစ်မယ်လို့ စခန်းကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတွက် တပ်မှူးတွေ အစုံအညီတက်နိုင်မဲ့ တပ်ရင်းညီလာခံ ခေါ်လိုက်ပါတယ်။ အဲဒီညီလာခံ မတိုင်မီလေးမှာ ရှေ့တန်းတခါမှ မရောက်ဖူးဘဲ ဗိုလ်ဖြစ်နေတဲ့ ကျနော့်အတွက် ရှေ့တန်းသွားရေး ရှားရှားပါးပါး အခွင့်ရေးတခု ပေါ်လာပါတယ်။

ညီလာခံခေါ်ရခြင်းကိစ္စ ရှင်းပြဖို့၊ ကျည်ဆံပို့ရေး၊ မိုးကာပို့ရေး စသည်ဖြင့် အကြောင်းပြပေမယ့် တကယ်ကတော့ အထူးစစ်ကြောင်းကနေ နောက်တန်း ခဏပြန်လာပြီး ရှေ့တန်းပြန်သွားဖို့ပြင်နေတဲ့ တပ်ရေးဗိုလ်ကြီး ကိုအေးသော်နဲ့အတူ လူကြုံ၊ လှေကြုံရှိတုန်း အလည်သဘော လိုက်သွားခြင်းသာ ဖြစ်ပါတယ်။


၂၀၁ တပ်ရင်း တပ်ခွဲ ၁ နယ်မြေ ရှေ့တန်းစစ်ကြောင်းတခုကို တွေ့ရစဉ်

တော်လှန်ရေးသက်တမ်း တနှစ်ကျော်ကြာလာပြီဆိုတော့ ကျနော်တို့ ကျိုးဖိုးတွေလည်း တောခိုခါစကလို ကုန်းကြောင်းချည်း လျှောက်စရာ မလိုတော့ပါ။ တခြားတော်လှန်ရေး အဖွဲ့တွေလို ကားတွေ၊ စက်လှေကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်မှု မရှိသေးပေမယ့် လူ ၇ ယောက်လောက် စီးနိုင်တဲ့ စက်လှေငယ်တစီးတော့ ကျနော်တို့တပ်ရင်းက ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီလှေကိုစီးပြီး ကျနော်တို့ ခစန်းကနေ တနင်္သာရီမြစ်အတိုင်း စုန်ဆင်းလာတော့ ပထမဆုံး တွေရတဲ့နေရာက အမရာရွာပဲဖြစ်ပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More