Sunday, March 25, 2012

ကြံခိုင်ရေးပါတီက ကြိုတင်မဲကောက်တာ။ မဲဝယ်တာတွေလုပ်နေဟု NLD ကပြော။

လောင်းလုံး။ ၂၆-၀၃-၂၀၁၂

ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြံခိုင်ရေးပါတီနဲ့ လက်ရှိ အာဏာပိုင်တွေ က  ကြိုတင်မဲကောက်ယူမှုနဲ့ မဲဝယ်မှုတွေလုပ်နေတယ်လို့ NLD ပါတီ လောင်းလုံးမြိုနယ် ရွေးကောက် ပွဲအောင်နိုင်ရေး တာဝန် ရှိသူတဦးကပြောပါတယ်။

လောင်းလုံးမြိုနယ် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ကိုက် ၅၀-မကွာတဲ့နေရာမှာ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေးပါတီ မဲဆွယ်မှု ပိုစတာ။

ကြိုတင်မဲကောက်ယူမှု ၂-ခုဖြစ်ပွါးခဲ့ပြီး ပထမ-တခုကတော့ မတ်လ ၁၇-ရက်နေ့က လောင်း လုံးမြို ပညာရေးမှုး ရုံးမှာဖြစ်ပွါးခဲ့တာလို့ အဲဒီပုဂိုလ်ကပြောပါတယ်။ မတ်လ ၂၄-ရက်နေ့ ကျရင် ထားဝယ်ကောလိပ် မှာစတင်ဖွင့်လှစ်မဲ့ ပညာရေးသင်တန်းတက်ရမဲ့ လောင်းလုံးမြို နယ်မှ ဆရာ။ ဆရာမ ၇၀-ခန့်ကို ပညာရေးမှုး ရုံးခန်းဆီခေါ်ယူပြီး အခုလိုကြိုတင်မဲပေးခိုင်းခဲ့တာလို့ NLD အရာရှိကပြောပါတယ်။


ကြိုတင်မဲစာအိတ်ပေါ်မှာ နေရပ်လိပ်စာရေးခိုင်းပြီး လူကြီးတွေရှေ့မှာ ပေါ်တင်ထည့်ခိုင်းခဲ့တဲ့ အတွက် ကြံခိုင် ရေးပါတီကိုဘဲ့ပေးခဲ့ရတယ်လို့ ဆရာတဦးက သူကိုပြန်ပြောပြတယ်လို့ NLD တာဝန်ရှိသူကဆိုပါတယ်။

ဒုတိယ-အကြိမ်ဖြစ်ပွါးတာကတော့ မတ်လ တတိယ-ပါတ်အတွင်းကဖြစ်ပီး ထားဝယ်ပညာရေး ကောလိပ် မှာ ပညာသင်နေတဲ့ လောင်းလုံးနဲ့ကျွန်းစုမြိုနယ်က ကျောင်းသားတွေကို မော်ကွန်းထိမ်းရုံးခန်းဆီခေါ်ယူပြီး အလားတူ မဲထည့်ခိုင်းခဲ့တာဖြစ်တယ်လို့ အဆိုပါ NLD ပါတီဝင်ကပြောပါတယ်။

နောက်တခါ မဲဝယ်မှုဆန်ဆန်ဖြစ်ရပ်တခုကိုလဲ တနသာရီတိုင်းဒေသကြီးဝန်ကြီးချုပ်သစ် ဦးမြတ်ကိုနှင့် အဖွဲက မတ်လ ၂၁-ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့ NLD ပါတီ-ဖက်ကပြောပါတယ်။ လောင်းလုံးမြိုနယ်အတွက် အရေးပါတဲ့မဲဆန်ဒနယ် မင်းရပ်ကျေးရွာ ထိန်လယ်ပိုင်း မူလွန်ကျောင်းမှာပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း အခုလို မဲဝယ်မှုဆန်ဆန်လုပ်သွားတာဖြစ်တယ်လို့ အဲဒီပုဂိုလ်ကပြောပါတယ်။

မဲဆွယ်တာမဟုတ်ပါဘူးလို့ပြောဆိုပြီး ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးစိမ်းမောင်ကို မဲပေးကြဖို့ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့အဖွဲ့က ပြောသွားတယ်လို့ဆိုပါတယ်။ အဲဒီနောက်မှာတော့  ကျောင်းအတွက်လိုအပ်တဲ့ သွပ်ပြား ၈၀။ သစ် ၅-တန်။ လိပ်မြေ အိတ် ၁၀၀-နဲ့ ကျပ်ငွေ ၈၅-သိန်း လှုသွားတယ်လို့ NLD ဖက်ကပြောပါတယ်။

ဒါအပြင် ကြံခိုင်ရေးပါတီဟာ ရွေးကောက်ပွဲစည်းမျဉ်းတွေကိုမလိုက်နာဘဲ့ ပါတီဆိုင်းဘုတ်ကို မြိုနယ်ကော် မရှင်ရုံးနဲ့  ကိုက် ၅၀-မကွာတဲ့နေရာမှာ ၀င်ရောက်စိုက်ထူထားတယ်။ ဒီကိစ္စကို ကော်မရှင်က မမြင်ချင် ယောင်ဆောင်နေတယ်လို့လဲ NLD ပါတီဖက်ကပြောပါတယ်။

ဒီဖြစ်စဉ် ၄-ခုစလုံးကို ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဆီ တင်ပြထားတယ်လို့လဲ အဆိုပါပုဂိုလ် ကပြောပါတယ်။ NLD ဖက်က အခုလို ပြောဆိုချက်တွေနဲ့ပါတ်သက်ပြီး ကြံခိုင်ရေးပါတီနဲ့ တိုင်းဝန်ကြီးချုပ် တို့ကိုတော့ ဆက်သွယ်မေးမြန်းခွင့်မရသေးပါဘူး။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More