Sunday, April 1, 2012

လောင်းလုံးမှာ NLD အမတ်လောင်း ဦးအောင်စိုး အနိုင်ရဟုဆို

၀၁-၀၄-၂၀၁၂-ညနေပိုင်း
လောင်းလုံး။

တနသာင်္ရီတိုင်း လာင်းလုံးမြိုနယ် NLD ပါတီအောင်နိုင်ရေးအဖွဲ့တာဝန်ရှိသူတဦးရဲ့ပြောဆိုချက် အရ မြိုနယ်အတွင်းရှိ မဲရုံ ၁၀၇-ရုံစလုံးမှာ NLD အမတ် ဦးအောင်စိုးက အနိုင်ရသွားတယ်လို့ သိရပါတယ်။
မြိုနယ်ကော်မရှင်ရဲ့စာရင်းထုတ်ပြန်ချက်အရ NLD အမတ်လောင်း ဦးအောင်စိုးက မဲအရေ တွက် ၃၆၈၆၃-မဲရပြီး ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဦးစိမ်းမောင်က မဲအရေတွက် ၇၉၁၆ -မဲရတယ်လို့သိရပါတယ်။

ဒါဟာမဲပေးခွင့်ရှိသူ ၅၇၇၉၈ ထဲက ၄၈၁၀၅-ဦးလာပေးတာဖြစ်တဲ့အတွက် ဦးအောင်စိုးက ၇၆-ရာခိုင်နှုံး။ ဦးစိမ်းမောင်က ၁၆-ရာခိုင်နှုံးရခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

လောင်းလုံးမြိုနယ်မှာ အနိုင်ရသွားတဲ့ NLD အမတ် ဦးအောင်စိုး လူထုကို လိုက်နှုတ်ဆက်နေစဉ်-

 ၄၅-နေရာမှာ ၄၃-နေရာနိုင်တယ်လို့ NLD ဗဟိုရဲ့ ထုတ်ပြန်ချက်
ပယ်မဲနဲ့နောက်ဆက်တွဲအခြေနေကိုတော့ ကော်မရှင်ကထုတ်ပြန်ခြင်းမရှိသေးဘူးလိုဆို ပါတယ်။ ဒါပေမဲ့ အခုရထားတဲ့စာရင်းဟာ လုံလောက်နေပြီဖြစ်တဲ့အတွက် NLD အမတ် ဦးအောင်စိုး နိုင်တာ သေချာ သွား ပြီလို့ လောင်းလုံးမြိုနယ် NLD အောင်နိုင်ရေးတာဝန်ရှိသူ တဦး က ပြောဆိုသွားပါတယ်။ 


 လောင်းလုံးနဲ့ ကျွန်းစုမှာဝင်ပြိုင်တဲ့ NLD အမတ်လောင်း ဦးအောင်စိုးနဲ့ ဒေါ်တင်တင်ရီ   
ကျွန်းစုမြိုနယ်ဖက်က အခြေနေကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ရန်ကုန် ရွေဂုံတိုင်လမ်းရှိ NLD ဌာနချုပ်ရုံး သတင်းထုတ်ပြန်ချက်တွေအရဆိုရင် လောင်းလုံးနဲ့ကျွန်းစုအပါဝင် NLD ပါတီက ၀င်ပြိုင်တဲ့ ၄၄-နေရာစလုံးမှာ သူတို့ပါတီက ရှေ့ကနေဦးဆောင်နေပြီး အနဲဆုံး နေရာ ၂၀-ကျော် ၃၀-နီးပါးမှာ အနိုင်ရခဲပြီးဖြစ်တယ်လို့ သိရကြောင်း ပါတီတာဝန်ရှိသူတဦးကပြောကြားခဲ့ပါတယ်။

နောက်ဆုံးရ The Voice Weekly သတင်းမှာတော့ မဲဆန္ဒနယ် ၄၅ နေရာအနက် ၃၉ နေရာတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီ ဖြစ်ကြောင်း ယနေ့ည ၁၁ နာရီခန့်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါ တီ ပြောခွင့်ရ ပုဂ္ဂိုလ်များထံက သိရသည်-ဟုဖေါ်ပြထားပါတယ်။

အခုနောက်ဆုံး NLD ဌာနချုပ်ရုံးကထုတ်ပြန်တဲ့ သတင်းတွေအရဆိုရင် ၄၄-နေရာစလုံးမှာ NLD ပါတီက နိုင်တယ်လို့သိရပါတယ်။ ဒါမေပဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ အခုချိန်ထိ အသေးစိပ်စာရင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။


အမတ်နေရာ ၆၆၄-နေရာမှာ ၄၀-၀န်းကျင် အနိုင်ရတာကို ရာနှုံးပြည့်နိုင်သလိုမျိုး အောင်ပွဲခံနေတဲ့ ပါတီဝင်တွေနဲ့ ပြည်သူလူထုဆီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်။
.............................................................................................................
  (အောက်ပါပုံတွေကတော့ The Voice သတင်းထောက် ကိုမျိုးအောင်ရဲ့ လောင်းလုံးပုံတွေကို ကူးယူတင်ပြထားခြင်းဖြစ်ပါတယ်)

 






The Voice ဂျာနယ်ပါ လောင်းလုံးမြိုနယ်မှ မဲပေးနေပုံတချို့ကို ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။ မဲစာရင်းကိုတော့ မသိရသေးပါ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More