Saturday, March 31, 2012

ABSDF ရန်ကုန်ခရီးစဉ် ရွေ့ဆိုင်း

နောက်ဆုံးသတင်း....၁၈-၀၈-၂၀၁၂.

ABSDF မြောက်ပိုင်းနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်။
BBC -18-08-2012/




မြန်မာနိုင်ငံ မြောက်ပိုင်း KIA ကချင် လွတ်လပ်ရေး တပ်မတော် ဌာနချုပ်နားက လဂျားယန် တောင်ကုန်းမှာ စခန်းချထားတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြောက်ပိုင်း တပ်ဖွဲ့နဲ့ အစိုးရတပ်တွေ အကြား စနေနေ့ ညနေ ၅နာရီလောက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရရဲ့ ခလရ ၄၀ တပ်တွေ ABSDF တပ်စခန်း ရှိရာနေရာဆီ ရှေ့တိုး တက်လာရာကနေ ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ABSDF မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် တဦး ဖြစ်တဲ့ စိုင်းလ က ဘီဘီစီကို ပြောပါတယ်။ကျောင်းသား တပ်ဖွဲ့တွေ ဘယ်နေရာမှာ နေရာယူမှု အားပျော့သလဲ ဆိုတာကို သိရဖို့ အစိုးရတပ်ဘက်က သွေးတိုးစမ်းတဲ့ အနေနဲ့ ရှေ့တိုးတက်လာတာလို့ ယူဆရကြောင်း ပြောပါတယ်။

ABSDF ကျောင်းသား ခေါင်းဆောင်တခိျု့နဲ့ သမ0x081မတ ဦးသိန်းစိန် အစိုးရအကြား တွေ့ဆုံမှုတွေ ရှိခဲ့အပြီးမှာပဲ အခုလို နှစ်ဘက်အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ဒီတိုက်ခိုက်မှုတွေကြောင့် ABSDF နဲ့ အစိုးရကြား တွေ့ဆုံပြောဆိုနေမှုတွေကို ထိခိုက်စေနိုင်ကြောင်း၊ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လိုလားတယ်လို့ အစိုးရက ပြောနေပေမယ့် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေ ရှိနေပြီး အစိုးရက သပ်သပ်၊ စစ်တပ်က သပ်သပ် ဖြစ်နေကြောင်း စိုင်းလက ပြောပါတယ်။

တိုက်ခိုက်မှုတွေ အတွင်း ထိခိုက် သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

 ..............................................................................................................
၃၁-၀၃-၂၀၁၂

ဧပြီလ ၈-ရက်နဲ့ ၉-ရက်နေ့တွေမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ABSDF နဲ့ အစိုးရဖက်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို ၂-ဖက်သဘောတူညီချက်အရ ရက်ရွေ့ဆိုင်းလိုက်တယ်လို့ ABSDF က ဒီနေ့ သတင်းထုတ်ပြန် ပါတယ်။


ဘာကြောင့်အခုလို ရက်ရွေ့ဆိုင်းရသလဲဆိုတာကိုတော့ ကြေငြာမှာရှင်းပြထားခြင်းမရှိပါဘူး။ ၂-ဖက်ထပ်မံ ညှိနှိုင်းမှုတွေအရ တိုးတက်မှုတွေကို ဆက်လက်သတင်းထုတ်ပြန်မယ်လို့သာ အဲဒီကြေငြာချက်မှာ ဖေါ်ပြ ထားပါတယ်။


..................................................................................

ဧပြီ ၇-ရက်နေ့မှာ ABSDF အဖွဲ့ ရန်ကုန်ရောက်မည်

မဲဆောက်။ ၂၆-၀၃-၂၀၁၂

ABSDF ဒု-ဥက္ကဌ ကိုမျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦး ပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တခုဟာ လာမဲ့ ဧပြီလ ၇- ရက်နေ့ကနေ  ၁၂- ရက်နေ့အထိ ရန်ကုန်မြို့ဆီသွားပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ နယ်စပ်သတင်းတွေအရသိရပါတယ်။  တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဆွေးနွေး မယ်လို့ သိရပေမဲ့ ဘာတွေ ဆွေးနွေးမလဲဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။


ABSDF ကိုယ်စားလှယ်တွေဟာ နေရာ ၄-ခုကနေ ရန်ကုန်မြိုဆီ ထွက်ခွါကြမှာဖြစ်ပြီး မဲဆောက်ကနေ ထွက်ခွါမဲ့အဖွဲ့။ မယ်ဟောင်ဆောင်ဖက်ကနေ ထွက်ခွါမဲ့အဖွဲ့။ တရုတ်နယ်စပ်ကနေ ထွက်ခွါမဲ့အဖွဲ့နဲ့ အိန္ဒိယ နယ်စပ်နေထွက်ခွါမဲ့အဖွဲ့တွေဖြစ်တယ်လို့ မဲဆောက်ရှိ အတိုက်ခံသတင်းရပ်ကွက်တွေကပြောပါတယ်။

အစိုးရနဲ့ဆွေးနွေးတာအပြင် NLD ပါတီတာဝန်ရှိသူတွေ။ ၀ါရင့်နိုင်ငံရေးသမားတွေ။ တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ။ မင်းကိုနိုင်အပါဝင် ၈၈-မျိုးဆက်ကျောင်းသားတွေ။ ဗကသ-အဖွဲ့ဝင်တွေ။ Generation Wave အဖွဲ့ဝင်တွေ။ ABSDF အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့လဲ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။


အများကစိတ်ဝင်စားနေတဲ့ ဒီခရီးစဉ်အကြောင်း အသေးစိပ်ကိုတော့ ဧပြီလဆန်းမှာ သတင်းထုတ်ပြန် မယ်လို့ ABSDF တာဝန်ရှိသူတွေကပြောဆိုထားကြောင်း မဲဆောက်ကလာတဲ့ သတင်းတွေအရ သိရပါ တယ်။
................................................................................................
  
အားလုံးပါဝင်နိုင်မယ့် အခင်းအကျင်းမျိုး ဖော်ဆောင်ပေးဖို့လိုတယ်


အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် စေလွှတ်လိုက်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရှေ့ပြေးအဖွဲ့သည် ရန်ကုန်မြို့တွင် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံပြီးနောက် ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လည်ရောက်ရှိလာသည်။

မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့မှ ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာသော ABSDF ရှေ့ပြေးကိုယ်စားလှယ် အဖွဲ့ (ဓာတ်ပုံ - ABSDF)
ရှေ့ပြေးအဖွဲ့တွင် ABSDF တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးမြင့်ဦး ဦးဆောင်သော ၆ ဦးအဖွဲ့ ပါဝင်ပြီး ယခုလ ၇ ရက်နေ့က ရန်ကုန်မြို့သို့ သွားရောက်ခဲ့သည်။ ဦးအောင်သောင်း ခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး ဆွေးနွေးရေးအဖွဲ့မှ ဗိုလ်မှူးကြီးဟောင်း ဦးစောခင်စိုးနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ဧပြီလဆန်းပိုင်းတွင် ဆွေးနွေးကြရန် ရက်သတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ABSDF ကို စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၂၃ နှစ် ကျော် ရှိပြီဖြစ်သည်။
ဆွေးနွေးပွဲပြုလုပ်ရန် သွားရောက်ပြင်ဆင်ခဲ့သည့် ABSDF ရှေ့ပြေးအဖွဲ့၏ ရန်ကုန်ခရီးစဉ် အတွေ့အကြုံ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် သဘောထား၊ အစိုးရအာဏာပိုင်များနှင့် တွေ့ဆုံမည့်အချိန်တွင် ဆွေးနွေးမည့် အကြောင်းအရာများကို ဧရာဝတီ သတင်းထောက် ကျော်ခ က ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။    ။ ABSDF ရှေ့ပြေးအဖွဲ့တွေ ရန်ကုန်သွားတဲ့အခါမှာ အစိုးရဖက်က ဘယ်သူတွေနဲ့ တွေ့ဖြစ်ခဲ့ပြီး ဘာတွေပြင်ဆင် ဖြစ်ခဲ့ကြသလဲ။

ဖြေ ။    ။ ကျနော်တို့ အခုတွေ့တာကတော့ နှစ်ဖက်ဆက်ဆံရေး ကိုယ်စားလှယ်တွေ ပြင်ဆင်ဖို့အတွက်ကို ဆွေးနွေးတဲ့အဆင့်ပါ။ ကျနော်တို့ဖက်က ဆက်ဆံရေး ကိုယ်စားလှယ်ဖြစ်တဲ့ တွဲဘက်အတွင်းရေးမှူး (၁) ကိုမြင့်ဦး ဦးဆောင်တဲ့အဖွဲ့နဲ့ ဟိုဘက်ကတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် တာဝန်ပေးထားတဲ့ ဗိုလ်မှူးကြီး စောခင်စိုးတို့ နှစ်ဖက်ဆွေးနွေးခဲ့ကြတာပါ။
အဓိက ကတော့ မူလသတ်မှတ်ထားတဲ့ တွေ့ဆုံဆွေးနွေးမယ့်ရက်ပေါ့နော်၊ အဲဒါကို သေချာအောင်လုပ်တယ်။ ဆွေးနွေးမယ့်ရက်ကို ဒေသအသီးသီးမှာရှိတဲ့ ကျနော်တို့ ကျောင်းသားတပ်မတော် ကိုယ်စားလှယ်တွေ သွားဖို့အတွက် ပြင်ဆင်တာတွေအတွက် ညှိနှိုင်းဆွေးနွေးတာပေါ့နော်။
နှစ်ဖက်ဆွေးနွေးမယ့်ရက်ကတော့ ဧပြီလဆန်းပိုင်းကို သတ်မှတ်ပါတယ်။ ရန်ကုန်မှာဆွေးနွေးမှာပါ။

မေး ။    ။ ABSDF ဆိုတာလည်း ၈၈ မျိုးဆက်တခုဖြစ်တော့ တချိန်တုန်းက အရေးအခင်းကာလမှာ တချိန်တည်း လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတဲ့သူတွေ၊ အခုပြည်တွင်းမှာရှိနေတဲ့ ၈၈ အဖွဲ့တွေနဲ့ရော တွေ့ဖြစ်ခဲ့သေးလား။

ဖြေ ။    ။ လောလောဆယ် ဒီခရီးစဉ်မှာတော့ ဘယ်အဖွဲ့အစည်းနဲ့မှ တွေ့ဆုံခြင်း မရှိသေးပါဘူး။ ဘာလိုလဲဆိုတော့ လတ်တလော လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ အတွက်လောက်ပဲ သွားတာဆိုတော့လေ။ နောက်လာမယ့် တွေ့ဆုံဆွေးနွေးပွဲတွေမှာတော့ တွေ့ဖြစ်ကြဖို့ ရှိပါတယ်။

မေး ။    ။ ပြည်တွင်းက ၈၈ အဖွဲ့တွေနဲ့ ABSDF တို့ရဲ့ဆက်ဆံရေးကရော ဘယ်လိုရှိလဲ။ သူတို့ကိုရော ဘယ်လိုမြင်လဲ။

ဖြေ ။    ။ ပြည်တွင်းက ၈၈ အဖွဲ့တွေနဲ့ အမြင်သဘောထားခြင်း ဖလှယ်နိုင်ဖို့ ကျနော်တို့အနေနဲ့ ကြိုးပမ်းသွားမှာပါ။ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေ အပါအဝင် ပြည်တွင်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနဲ့ တခြားနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။

မေး ။    ။ ကျနော်တို့ ကြားသိထားသလောက်ကတော့ ABSDF နဲ့ဆက်နွယ်ပြီး အကျဉ်းကျနေတဲ့ အကျဉ်းသား ၃၀ ကျော်လောက် ရှိတယ်လို့ သိရတယ်။ အစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့အတွက် ဘယ်လိုစဉ်းစားထားလဲ။

ဖြေ ။    ။ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်ငန်း ဖော်ဆောင်တဲ့ နေရာမှာပဲဖြစ်ဖြစ် နိုင်ငံရေးအင်အားစု အားလုံး ပါဝင်ခွင့်ရဖို့ ဝိုင်းဝန်းဆွေးနွေး အဖြေရှာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးအဖြေရှာမှုမျိုး၊ လုပ်ငန်းစဉ်ဖော်ဆောင်မှုမျိုး ဖြစ်ဖို့အတွက်ဆိုရင် အားလုံးပါဝင်နိုင်မယ့် အခင်းအကျင်းမျိုး ဖော်ဆောင်ပေးဖို့လိုတယ်။ ဒါကြောင့် ABSDF အကျဉ်းသားများအပါအဝင် ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ဖို့ အတွက်ကိုလည်း ကျနော်တို့အနေနဲ့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။

မေး ။    ။ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ အစိုးရနဲ့ဆွေးနွေးတဲ့အခါ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နယ်မြေပိုင်းခြားရေးတွေကို အဓိကဆွေးနွေးတာကို တွေ့ရတယ်။ ABSDF ကကျတော့ ဘယ်အကြောင်းအရာတွေကို ဦးတည်ဆွေးနွေးကြမလဲ။

ဖြေ ။    ။ ဆွေးနွေးနေကြတဲ့ အဖွဲ့တွေကတော့ တဖွဲ့နဲ့တဖွဲ့ ပုံသဏ္ဍာန်ချင်းတော့ တူမှာမဟုတ်ပါဘူး။ တဖွဲ့ချင်းစီရဲ့ မတူကွဲပြားမှုအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်သွားရမယ့် အနေအထားတော့ ရှိပါလိမ့်မယ်။ အရာအားလုံးတော့ တထပ်တည်း ဖြစ်လိမ့်မယ်လို့တော့ ကျနော်တို့ မမျှော်လင့်ပါဘူး။
ကျနော်တို့ဟာ ပုံသဏ္ဍာန်ချင်း မတူညီတာတွေရှိနိုင်ပေမယ့် နိုင်ငံရေးအရ၊ ဦးတည်ချက်နဲ့ ရည်မှန်းချက်ကတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အတူတူပါပဲ။ စစ်မှန်တဲ့ ပြည်ထောင်စု ဖော်ဆောင်ချင်တယ်။ ဒီမိုကရေစီနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ရရှိစေချင်တယ်။ အဲဒီရည်မှန်းချက်တွေ အားလုံးတော့ တူကြပါတယ်။

မေး ။    ။ ဒါဆိုရင် ဧပြီလဆန်းပိုင်းမှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံတဲ့အခါကြရင် ABSDF ဘက်က ဘယ်အရာတွေကို အဓိကထား တောင်းဆိုဆွေးနွေးကြမလဲ။

ဖြေ ။    ။ ခုချိန်မှာတော့ ကျနော်တို့ ဆွေးနွေးမယ့်အချက်တွေကို ပြောပြဖို့ စောပါသေးတယ်။ အဓိက အခြေခံအားဖြင့် အနှစ်ချုပ် ကျနော်တို့ သဘောထားပြောရမယ်ဆိုရင်တော့ ကျနော်တို့ တင်ပြဆွေးနွေးမယ့် နိုင်ငံရေးကိစ္စကတော့ ယနေ့ကာလ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာမယ်ဆိုရင် တဖွဲ့ချင်းစီနဲ့ တွေ့ဆုံဆွေးနွေးနေရုံနဲ့ မလုံလောက်ဘူး။ ABSDF နဲ့ လက်ရှိအစိုးရနဲ့ ကြားမှာ ပြေလည်ရုံနဲ့ မလုံလောက်ဘူး။ တိုင်းရင်းသား တဖွဲ့ချင်းနဲ့ပြေလည်ရုံနဲ့ မလုံလောက်ဘူး။
အဓိက ကျနော်တို့ ရည်ရွယ်ထားတာ၊ ရည်မှန်းထားတာကတော့ နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ဖို့အတွက်ဆိုရင် ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ နိုင်ငံရေးအင်အားစု အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှု၊ နိုင်ငံရေးဆွေးနွေးပွဲ လိုအပ်တယ်လို့မြင်ပါတယ်။ အဲဒါကို ဦးတည် ရည်ရွယ်ပြီး ကျနော်တို့အနေနဲ့ တင်ပြ ဆွေးနွေးသွားမှာပါ။

မေး ။    ။ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လတ်မှတ်ထိုးကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ရော အချိတ်ဆက်ရှိလား။ သူတို့တွေ အပစ်ရပ်ရေး လက်မှတ်ထိုးကြတဲ့အပေါ်မှာရော ABSDF ရဲ့ အမြင်က ဘယ်လိုရှိလဲ။

ဖြေ ။    ။ ကျနော်တို့ ဒီကနေ့အချိန်အထိ အတူတကွ တိုက်ပွဲဝင်ခဲ့ကြတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့မှု ရှိပါတယ်။ ပြီးခဲ့တဲ့ကာလမှာပဲ အဖွဲ့အစည်းအားလုံးနဲ့ တဖွဲ့ချင်းစီနဲ့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ဆောင်ရွက်နေတဲ့ အခြေအနေတွေ။ သူတို့ဆီက ဆောင်ရွက်နေတဲ့ အတွေ့အကြုံတွေကို အပြင်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖြစ်တယ်ပေါ့နော်။
နောက်တခုကတော့ ကျနော်တို့အမြင်ကတော့ ဒီနေ့ကာလမှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက်ဆိုရင် စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေးကို မလုပ်နိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာမယ်ဆိုရင် တကယ်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်တဲ့ အမျိုးသားရေး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်မယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး ။    ။ လတ်တလောကာလမှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေနဲ့ လူမှုဆက်သွယ်ရေးကွန်ယက် Face Book လို စာမျက်နှာတွေပေါ်မှာ ABSDF မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရဲဘော်ချင်း စွပ်စွဲသတ်ဖြတ်မှုဆိုတဲ့ကိစ္စမျိုးဟာ အစိုးရနဲ့ ဆွေးနွေးမယ့်အခါမှာ အဟန့်အတားများဖြစ်စေမလား။

ဖြေ ။    ။ ကျနော်တို့အနေနဲ့ကတော့ ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ အခုလည်း ဒီမြောက်ပိုင်းကိစ္စကို စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အတွက်ကိုလည်း ကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်နေတယ်။ ကော်မရှင်ကလည်း သူတို့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်ကိုလည်း ကျနော်တို့ကို တင်ပြထားပြီးဖြစ်ပါတယ်။

မေး ။    ။ အစိုးရက တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးသလို ABSDF ကို တန်းတူ ဆွေးနွေးမယ့်သဘောရှိလား။

ဖြေ ။    ။ ရှိပါတယ်။ ကျနော်တို့နဲ့ စပြီး ဆွေးနွေးဖို့ ကမ်းလှမ်းစဉ်ကတည်းက သူတို့ရဲ့ မူလသဘောထားကို ဖော်ပြထားတာရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် ငြိမ်းချမ်းရေးစားပွဲမှာ တန်းတူရည်တူ ဆွေးနွေးမယ်ဆိုတဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှု အပေါ်မှာမူတည်ပြီးတော့ ကျနော်တို့လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် ရည်ရွယ်ပြီးမှ ဒီတွေ့ဆုံဆွေးနွေးပွဲကို လက်ခံခဲ့တာပါ။

............................................................................................................

ABSDF ၏ ဒုတိယ အကြိမ် ပဏာမ ဆွေးနွေးပွဲ

Monday, 12 March 2012 19:13, by ဖြူဖြူကို

ရွှေဟင်္သာ သတင်းဌာန


မန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကိုယ်စားလှယ် အဖွဲ့သည် ၊ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့မှ တာဝန်ပေးထားသော ကိုယ်စားလှယ်နှင့် သတ်မှတ်ထားသော ခရီးစဉ်ကိစ္စကို ပဏာ မဆွေးနွေးပြီး ယနေ့ မွန်းလွဲပိုင်းတွင် မဲဆောက်မြို့သို့ ပြန်လည် ရောက်ရှိ ခဲ့ပါသည်။ 

 

မတ်လ (၈) ရက်နေ့က ထွက်ခွာသွားသော ကိုယ်စားလှယ် အဖွဲ့တွင် ဦးမြင့်ဦး တွဲဖက် အတွင်းရေးမှူး (၁) က ဦးဆောင်ပြီး ကိုယ်စားလှယ် (၆) ဦး ပါပါသည်။ ဆွေးနွေးချက်မှားမှာ-

- ဖေဖေါ်ဝါရီလ (၉) ရက်နေ့က ယာယီ သဘောတူထားသည့် တွေ့ဆုံဆွေးနွေးရန် သတ်မှတ်ထားရက်ကို အတည် ပြုကြောင်း ဆွေးနွေးခဲ့ပါသည်။
- မြန်မာဒေသ အသီးသီးမှာ ရှိနေသော ဆွေးနွေးပွဲ တက်ရောက်မည့် ကိုယ်စားလှယ်များ၏ ခရီးစဉ်ကို ညှိနှိုင်းခဲ့သော ခရီးစဉ်ဖြစ်ပါသည်။


အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ABSDF တို့သည် လာမည့် ဧပြီလဆန်းပိုင်းတွင် နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးရန် ရန်ကုန်မြို့တွင် ချိန်းဆိုထားပါသည်။ ဤနေရာသို့ ကချင်ပြည်နယ်၊ စစ်ကိုင်းဖက်၌ ရှိနေသော ABSDF ကိုယ်စား လှယ်များ၏ ခရီးစဉ်ကို ညှိနှိုင်းခဲ့ခြင်းဖြစ်ပါသည်။

“အခုသွားရောက်ခဲ့တာကတော့ ကျနော်တို့ အဖွဲ့က ကျနော်တို့နဲ့ ဆက်သွယ်ဖို့  ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က တာဝန်ပေးထားတဲ့ ဆက်သွယ်ရေး ကိုယ်စားလှယ် သီရိပျံချီ ဦးစောခင်စိုး ပြည်နယ် ဗိုလ်မှူးကြီးဟောင်း ပေါ့ဗျာ  သူနဲ့ သွားတွေ့တာပါ။

အဓိကကတော့ ရှေ့ဆက်နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်တဲ့ခရီးစဉ်ပါ ။ ဒီအထဲမှာ နှစ်ဖက်ကိုယ်စား လှယ်တွေ ဆွေးနွေးရမဲ့ အချက်အချို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အချိန်စောသေးလို့ ထုတ်မပြောသေးပါဘူး။” ABSDF ဒုဥက္ကဌ ဖြစ်သူ ဦးမျိုးဝင်းက ပြောပါသည်။
ထို့အပြင် နှစ်ဖက်ဆွေးနွေးပွဲ ယနေ့ဖြစ်ပေါ်နေသော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းဖို့ အဓိက ဆွေးနွေးသွား မည်ဟု ဦးမျိုးဝင်းက ဆိုပါသည်။

ABSDF သည်၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၉)ရက်နေ့ကလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပထမအကြိမ် ပဏာမတွေ့ဆုံခဲ့ပါ သည်။ အဆိုပါဆွေးနွေးပွဲ၌ အောက်ပါအချက် (၃) ချက် အတိုင်း ပဏာမ သဘောတူ ထားပါသည်။

၁။ နှစ်ဖက် ကိုယ်စားလှယ်များ အနေဖြင့် ယခုတွေ့ဆုံမှုအား ပဏာမ တွေ့ဆုံဆွေးနွေးပွဲဟု သတ်မှတ်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက် သွားနိုင်ရေးအတွက် ငြိမ်းချမ်းရေး စားပွဲတွင် တန်းတူညီတူ  တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်ကို ဆက်လက်ပြုလုပ်သွားကြမည် ဖြစ်ပါသည်။

၂။ ဆက်လက် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကို ပြည်သူတရပ်လုံးသိရှိစေရန် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ABSDF သည်၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးကို အဖွဲ့တခုလုံး၏ သဘော ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် အပစ်အခတ် ရပ်စဲရေးကို အစိုးရ လက်ခံသော်လည်း တပ်နေရာချထားရေးမှာ အစိုးရက အကြပ်ကိုင်မည့် အခြေအနေရှိနေ သည်ဟု န်ာစပ်ရှိ စစ်ရေး အကဲခတ်များက သုံးသပ်နေကြပါသည်။

 .....................................................................................................................

 (ဒေါက်တာလွဏ်းဆွေ-ဘလော့မှ)

ကျောင်းသားတပ်မတော် (ABSDF) ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ထွက်ခွာ
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း(အင်းစိန်)
မတ်လ ၇ ရက်၊ ၂၀၁၂ ခုနှစ်

ဦးအောင်သောင်း ခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မကြာမီ တွေ့ဆုံ ဆွေးနွေးနိုင်ရန်အတွက် အစီအစဉ်များ ချမှတ်ရေးဆွဲနိုင်ရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့မှ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။

ABSDF အဖွဲ့၏ အတွင်းရေးမှူး (၁) ကိုမြင့်ဦး ဦးဆောင်သည့် ၆ ဦးပါ ရှေ့ပြေးအဖွဲ့ကို
ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်သည့် စောထယ်နဆင်က မော်တော်ယာဉ် ၂ စီးဖြင့် လာရောက်ကြိုဆိုခြင်းဖြစ်ပြီး ဘားအံမြို့တွင် ၂ ရက် ရပ်နားပြီးနောက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဟု စောထယ်နဆင်က သတင်းထောက်များကို ပြောသည်။



.........................................................................................................

အစိုးရနှင့် ABSDF ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမည်

မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဘက် ကိုယ်စားလှယ်များ ပဏာမအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ပြုလုပ်သည်။


ယနေ့ဆွေးနွေးပွဲတွင်တွေ့ရသော ABSDF ခေါင်းဆောင်များ(ဓာတ်ပုံ - ABSDF)
အစိုးရဘက်မှ ဗိုလ်မှူးကြီးစောခင်စိုး (ငြိမ်း) ဦးဆောင်ပြီး ABSDF ဘက် မှ ဒု ဥက္ကဌ ဦးမျိုးဝင်း အပါအ၀င် ခေါင်းဆောင်တချို့တို့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုဆွေးနွေးပွဲမှ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် နှင့် ငြိမ်းချမ်းရေး အတွက် တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
“ရှေ့ဆက် တန်းတူ ညီတူ ဆွေးနွေးသွားဖို့ အတွက် သဘောတူညီမှုရခဲ့တဲ့ အပေါ်မှာတော့ ဘာပဲပြောပြော အပြန်အလှန် လေးစား မှု ရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်”ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။
ပြီးခဲ့သည့်လဆန်းပိုင်းတွင် အစိုးရကိုယ်စားလှယ်များက ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူများကို တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး နောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီ အ ရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၂၃ နှစ် ကျော် ရှိပြီ ဖြစ်သည်။
အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုက သဘောတူ လက်မှတ်ရေးထိုးထား ကြသည်။
ယင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ငြိမ်းချမ်းရေး ယူထားကြသော်လည်း  မြန်မာပြည် မြောက်ပိုင်းရှိ ကချင်ပြည် လွတ် လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်သည့် ဒေသများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသေးကြောင်း သိရသည်။
................................................................................................................

ကိုမိုးသီးဇွန်နဲ့ ဝန်ကြီး ဦးအောင်မင်းတွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2012 - 01:44 GMT။ BBC

၈ လေးလုံး လူထုဆန0x081ဒပြကြီး ဖြစ်တုန်းက ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့တဲ့ ကိုမိုးသီးဇွန် ဟာ မြန်မာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ ဘန်ကောက်မြို့မှာ အဂင်0x081ါနေ့ကတွေ့ဆုံခဲ့ပါတယ်။

 
အမေရိကန်မှာ နေထိုင်နေတဲ့ ကိုမိုးသီးဇွန်တို့ မြန်မြာ
ပည် ပြန်မယ်ဆိုရင် ဘယ်လို အနေအထားတွေ ရှိမလဲဆိုတာကို ဆွေးနွေး မေးမြန်းခဲ့တယ်လို့ ကိုမိုးသီးဇွန်က ဘီဘီစီကို ပြောပါတယ်။ဒါပေမယ့် ကိုမိုးသီးဇွန်တို့ကို အစိုးရအနေနဲ့ တရားဝင် ခေါ်တာမျိုးတော့ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

''အစိုးရက ဖွင့်ပေးတယ်ဆိုရင် ကျွန်တော်တို့က ပြန်သွားမှာပါ။ ပြန်လုပ်မှာပါ'' လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ တွေကို ပဏာမ အနေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ သဘော ဖြစ်တယ်လို့ သူက ပြောပါတယ်။ပြည်ပရောက် မြန်မာ အတိုက်အခံတွေက အစိုးရကို အယုံအကြည် မရှိသေးဘူး ဆိုတဲ့ အကြောင်း ကိုလည်း သူက ဦးအောင်မင်းကို ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

ကိုမိုးသီးဇွန်တို့ ပြောတဲ့ အခြေအနေတွေကို ဦးအောင်မင်းကလည်း သမ0x081မတကြီးဆီကို တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း ကိုမိုးသီးဇွန်က ပြန်ပြော ပြပါတယ်။ကိုမိုးသီးဇွန်ဟာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို ထူထောင်ခဲ့ သူလည်းဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရကိုလက်နက်ကိုင်ပြီး တော်လှန်ခဲ့တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဥက0x081ကဌ အဖြစ်လည်း တာဝန် ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

ဦးအောင်မင်းဟာ အရင်နေ့တွေကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ပရောက် မြန်မာအတိုက်အခံတွေ၊ တိုင်းရင်းသား အင်အားစု တခိျု့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
..................................................................................................

ပြည်တော်ပြန်ဖို့ ဦးအောင်မင်း ဖိတ်ခေါ်


ချင်းမိုင် (မဇ္ဈိမ)။        ။ ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း
ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် တနင်္လာနေ့က ဖိတ်ခေါ်လိုက်သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်ဟု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။

"အပြင်မှာ ရောက်နေတဲ့လူတွေ တိုင်းပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းလည်း ရောက်နေပြီ၊ နိုင်ငံရေး ပွင့်လင်းမှုလည်း ရှိနေပြီ အဲဒီတော့ ပြည်တွင်းထဲမှာ ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ သမ္မတကြီးလည်း ဖိတ်ခေါ်ထားတယ်ပေါ့။
ပြန်ပြီးလုပ်ကြဖို့ ပြောတယ်" ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
uaungmin
ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် ဖိတ်ခေါ် (ဓါတ်ပုံ မဇ္ဈိမ)

ထိုသို့ ဖိတ်ခေါ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေသည်သာ အဓိကကျပြီး ထိုအခြေအနေမျိုးကို အစိုးရအနေဖြင့် ပထမဆုံး ဖန်တီးပေးသင့်ကြောင်း ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သို့ တိုက်တွန်းခဲ့သည်ဟု
ဒေါက်တာအောင်နိုင်က ဆက်ပြောသည်။

"အပြင်မှာ ရောက်နေတဲ့သူတွေကော၊ တောထဲမှာ ရောက်နေတဲ့သူတွေကော ပြည်တွင်းထဲကလူတွေကော စိတ်ချမ်းသာ ကြည်ကြည်နူးနူးနဲ့ နေနိုင်မယ့် အခြခံအုတ်မြစ်တွေကို ချဖို့လိုတယ်။ အဲဒါတွေ ရှိပြီဆိုရင် ဘယ်သူမှလည်း လက်နက်ကိုင် တိုက်မနေတော့ဘူး။ အဲဒါမျိုးဖြစ်ဖို့ အဓိက ကျတယ်ပေါ့။ အဲဒါမျိုး ဆောင်ရွက်စေချင်တယ်"
ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ရပ်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်ပေးရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် FDB က တင်ပြတောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ အတည်ပြုပြီး စာရင်းအရ လက်ရှိ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၁၅ ယောက်ရှိသည်။

အထက်ပါ နိုင်ငံရေးအကျဉ်းသားများ အရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အပေါ်တွင် တည်မှီနေ
ကြောင်းကို "သူတို့ ပြောတာကတော့ အထူးသဖြင့် မတရားသင်းနဲ့ ပတ်သက်တဲ့ လူတွေဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေးတွေ အောင်မြင်တာနဲ့အမျှ မတရားသင်းတွေ ပျက်ပြယ်သွားလို့ရှိရင် မတရားသင်းအမှုနဲ့ လွတ်သွားမှာပဲပေါ့" ဟု ဦးအောင်မင်းက ပြောကြောင်း ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြန်လည်ပြောပြသည်။

FDB ၏ တင်ပြတောင်းဆိုချက်များကို ဦးအောင်မင်း က ဦးသိန်းစိန် အစိုးရထံသို့ ပြန်လည်တင်ပြပေးမည်ဖြစ်ပြီး ကတိကဝတ်များ သဘောတူညီချက်များ မရရှိသေးဟုလည်း သိရသည်။ နောက်ထပ်တွေ့ဆုံမှုကို ကြားဖြတ်
ရွေးကောက်ပွဲ ပြီးမှသာ ဖြစ်နိုင်သည်ဟု FDB အဖွဲ့ဝင်များက ခန့်မှန်းထားသည်။

တနင်္လာနေ့ FDB နှင့် ဆွေးနွေးပွဲတွင် ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း တို့လည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ FDB အဖွဲ့မှလည်း ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ မနိုးနိုးထက်စံ၊ ကိုသွင်လင်းအောင်၊ ကိုမင်းနိုင် တို့ တက်ရောက်ခဲ့ကြသည်။

FDB ၏ အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗကသများ အဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD၊ People’s Defence Force (PDF)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ (YCOWA) တို့ ပါဝင်သည်။

ဦးအောင်မင်းသည် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ)၊ မဇ္ဈိမသတင်းဌာန နှင့် ဧရာဝတီသတင်းဌာန တို့မှ တာဝန်ရှိသူများနှင့်လည်း တနင်္လာနေ့က လက်ခံ တွေ့ဆုံခဲ့သေး သည်။ တနင်္ဂနွေနေ့ကလည်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်သီးခြား တွေ့ဆုံ ဆွေးခဲ့ကြသေးသည်။
.......................................................................................................................

 အစိုးရနဲ့ လူ့ဘောင်သစ်ပါတီ၊ ပအို့ဝ် လွတ်မြောက်ရေး အဖွဲ့တို့ တွေ့

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2012 - 16:56 GMT။ BBC

ထိုင်းမြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)နဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) က ခေါင်းဆောင် တွေကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနဂင်0x081နွေနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်တယ်လို့ အဲဒီ အဖွဲ့ နှစ်ဖွဲ့စလုံးက ပြောပါတယ်။





မြန်မာနိုင်ငံတွင်းမှာ လူ့ဘောင်သစ် ပါတီ တရားဝင် ပြန်လည် ရပ်တည်ဖို့ ဆိုတာ ကာလ တခုအထိ အချိန်ယူရအုံးမှာ ဖြစ်ပြီး တဖက်နဲ့ တဖက် အပြန်အလှန် ထိတွေ့ ဆက်ဆံ အကြံပြုတာတွေ လုပ်ဖို့ လိုအုံးမှာ ဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက0x081ကဌ ကိုအောင်မိုးဇော်က ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ တကယ်တမ်း ဒီမိုကရေစီနည်းကျ ဖြစ်အောင် ပြင်ဆင်ဖို့ အများကြီး လိုနေသေးဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော အခြေအနေမှာ ပြင်ဆင်လို့ မရသေးတာမို့ ပြင်ဆင်နိုင်ဖို့ နည်းလမ်းတွေ ရှာနိုင်အောင် အခုလို တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်နေတာ ဖြစ်တယ်လို့ ကိုအောင်မိုးဇော်က ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ ခုနှစ် လူထု လုပ်ရှားမှု အပြီး ပြည်တွင်းမှာ ကျောင်းသားတွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တခါ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ သီးခြား တွေ့ဆုံခဲ့တဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ကလည်း အခု တွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်ပြီး ပြည်ထောင်စု အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူချက် ရအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အစိုးရဖက်က တရားဝင် ကြေညာ ပေးဖို့နဲ့ အဲဒီလို ရပ်စဲအပြီး ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံမှုတွေ လုပ်ဖို့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ဖက်က တင်ပြ တောင်းဆိုခဲ့တယ်လို့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

သူတို့ တောင်းဆိုခဲ့ချက်တွေထဲမှာ တခိျု့အချက်တွေကို သမ0x081မတထံ ပြန်လည် တင်ပြ ပြီးမှ ဆက်လက် ဆွေးနွေးမယ်လို့ ဦးအောင်မင်းက တုန့်ပြန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် အကြေအလည် ဆွေးနွေး ပြောဆိုမှုတွေ ထပ်လုပ်ပြီးရင်တော့ သဘောတူချက် ထွက်လာနိုင်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ကို ပအို့ဝ် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပအို့ဝ် အတိုက်အခံ နိုင်ငံရေး သမားတွေ စုစည်းပြီး ဒီနှစ်ထဲမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More