ဖလမ်းတိုက်ပွဲ စစ်တပ်ဖက်က ၃၀ ကျော်သေဆုံး... ကိုးထောင်ဘိုစခန်းကို AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၄ ဖေဖေါ်ဝါရီ ၂၀၂၆)
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ဆီ ကလေး-သိုင်းငင်းဖက်ကနေ စစ်ကူတက်လာတဲ့ စစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃၀ ကျော်သေ၊ လက်နက် ၃၀ ကျော်သိမ်းမိတယ်လို့ The Voice of Chinland က ဖေါ်ပြပါတယ်။
ဖေဖေါ်ဝါရီ ၃ ရက်၊ မနက် ၉ နာရီခန့်မှာ စစ်ကောင်စီတပ် ယာယီစခန်းချထားတဲ့ ဇောင်လေးကျေးရွာအနီးက စခန်းကုန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်တာဖြစ်ပြီး မွန်းလွဲ ၁ နာရီအထိ တိုက်ပွဲကြာခဲ့တယ်လို့ ဆိုပါတယ်။
နယ်မြေရှင်းတဲ့အခါ ဆက်သွယ်ရေးမြောင်းအတွင်း သေဆုံးနေတဲ့ စစ်သားအလောင်း အလောင်း ၃၂ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်နဲ့ ခဲယမ်းများစွာပါဝင်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်ဒေသရှိ စစ်ကောင်စီရဲ့ ဗျုဟာမြောက်အထိုင်စခန်း ကိုးတောင်ဘို့ စခန်းကို အာရက္ခတပ်တော် (AA)နဲ့ မဟာမိတ်တွေက သိမ်းပိုက်...
- ဖားကန့်မြို့ မရှီကထောင် ဆုတောင်းကုန်း တိုက်ပွဲအတွင်း စစ်တပ်ဖက်က ခမရ (၃၈၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာနည်အောင် အပါအဝင် စစ်သား (၅၀) ခန့်အထိသေဆုံး...
- ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ(၅၉၁) တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ရာမှာ စစ်သား ၄ ဦးသေဆုံး...
- ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး အရပ်သား ၃ ဦး ဒဏ်ရာရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment