“တူမီးကိုင်ပြီး တိုက်ပွဲဝင်စဉ်မှာ အားလုံးက အားကျခဲ့ရတဲ့ အညာမှာ အခု ဘာမှားနေမှန်းမသိအောင်ကို အားနည်းနေတယ်”
- ဗိုလ်နဂါး (မြန်မာ့တော်ဝင် နဂါးတပ်တော် - MRDA)
(၇- ၉ -၂၀၂၃)
“တော်လှန်ရေးအစောပိုင်းကာလ တူမီကိုင်ပြီးတိုက်ပွဲဝင်စဉ်မှာ အားလုံးကအားကျခဲ့ရတဲ့ အညာဒေသမှာ အခု မောင်းပြန်တွေရခါမှ ဘယ်ဟာကမှားလို့ မှားနေတယ်ဆိုတာတောင် မသိနိုင်အောင် အားနည်းနေတယ်။ အပေါ်ထပ်အဆောက်ဦက တာဝန်ရှိသူတွေနဲ့ မြေပြင်တပ်တွေကြားမှာ စနစ်တကျပူးတွဲဆောင်ရွက်မှု အမြန်ဆောင်ရွက်ဖို့လိုနေတယ်” လို့ စစ်ကိုင်းတိုင်း ပုလဲဒေသအခြေစိုက် မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း အညာဒေသ စစ်ရေးအခြေအနေ ဘယ်လောက်အထိတိုးတက်လာသလဲ၊ ERO ဆက်စပ်ဒေသတွေနဲ့စာရင် ဘာကြောင့် အားနည်းချက်များနေတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- မြန်မာ့တော်ဝင်နဂါးတပ်တော် ဘယ်လိုပုံစံနဲ့ ဆက်လက်လှုပ်ရှားမှာလဲ...
- သီးခြားတပ်အဖြစ်မရပ်တည်ပဲ NUG အောက်မှာ အားလုံးပူးပေါင်းပါဝင်လို့မရဘူးလား...
- တူမီးကိုင်ပြီး တိုက်ပွဲဝင်စဉ် အားလုံးက အားကျခဲ့ရတဲ့ အညာမှာ အခု ဘာမှားနေမှန်းမသိအောင်ကို အားနည်းနေတယ်- လို့ ဘာကြောင့်ပြောတာလဲ...
- စစ်ကောင်စီ မြန်မြန်ပြုတ်ကျအောင် တော်လှန်ရေးအဖွဲ့တွေအားလုံး ဘယ်လို လက်တွဲဆောင်ရွက်ကြမလဲ...
- ၂၀၂၃ ရဲ့ လက်ကျန် ၄ လခန့်အတွင်း စစ်ရေးအရွေ့ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ဗိုလ်နဂါးရဲ့ပြောဆိုချက်အပေါ် MoD တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်ကိုတော့ မေးမြန်းလို့ရတဲ့အချိန်မှာ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment