”ရှေ့တန်းမှာအကျအဆုံးများတဲ့အပြင် နေပြည်တော်မှာလည်း အဖမ်းအဆီးတွေများနေတယ်”
- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)
(၁၈- ၉- ၂၀၂၃)
“စစ်ကောင်စီတပ်အခြေအနေဟာ ရှေ့တန်းမှာအကျအဆုံးများနေတဲ့အပြင် နေပြည်တော်မှာလည်း အဖမ်းအဆီးတွေများနေတာ တွေ့ရတယ်။ ဒါဟာ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူကို ရန်သူလို သဘောထားဆက်ဆံရာကနေ စတင်လာတဲ့ပြသာနာဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
KNLA မှာ တပ်မဟာမှုးအသစ်ခန့်အပ်တာ၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးလာနေတာ၊ နေပြည်တော်က အဖမ်းအဆီးတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- KNLA တပ်မဟာ ၃ ခုမှာ တပ်မဟာမှုးအသစ်ခန့်အပ်ခြင်းက ဘာတွေထူးခြားမှုရှိလာနိုင်သလဲ...
- တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများပြီး ထိုင်းနယ်မြေထဲအထိ ရာနဲ့ချီ ထွက်ပြေးနေရတာ ဘာကြောင့်လဲ...
- ပဲခူးရိုမနဲ့ စစ်တောင်းမြစ်ဝှမ်းကို ထိန်းချုပ်နိုင်ခြင်းက နေပြည်တော်ကို ဘယ်လောက်အထိ ခြိမ်းခြောက်နိုင်မလဲ...
- နေပြည်တော်ကအဖမ်းအဆီးတွေ၊ နေရာပြောင်းမှူတွေက စစ်ကောင်စီဥက္ကဌကိုယ်တိုင်င မလုံခြုံတော့တဲ့ သဘောလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အညာစစ်မျက်နှာအတွက် အကြံပြုချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment