“စစ်ရေးဖက်မှာ အောင်မြင်မှုရနေသလိုမျိုး အုပ်ချုပ်ရေးဖက်ကိုလည်း အလေးထားဆောင်ရွက်ဖို့လိုပါတယ်”
- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)
(၁၉ - ၉- ၂၀၂၃)
“နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း စစ်ရေးဖက်မှာအောင်မြင်မှုရနေသလို အုပ်ချုပ်ရေးဖက်ကိုလည်း အလေးထားဆောင်ရွက်ဖို့လိုတယ်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းအနေနဲ့ လူထုကြားထဲကိုဆင်းပြီး လူထုနဲ့အတူ၊ ရဲဘော်တွေနဲ့အတူနေကာ အုပ်ချုပ်ရေးကို စနစ်တကျ ဆောင်ရွက်ဖို့လိုနေတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
အညာဒေသမှာ တော်လှန်ရေးတပ်တွေ တစုတစည်းတည်းမဖြစ်သေးတာ၊ CoC အမိန့်စီးဆင်းမှု တခုတည်းမဖြစ်သေးတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- နွေဦးတော်လှန်ရေးဟာ “မဟာဗျုဟာအရ ခုခံစစ်” ကနေ “မဟာဗျုဟာ ထိုးစစ်အကြိုကာလ” ကို ရောက်နေပြီလို့ ဘာကြောင့်ပြောနိုင်တာလဲ...
- အညာဒေသစစ်မျက်နှာဖြစ်ပေါ်နေတဲ့ စည်းရုံးရေးပြသာနာ၊ CoC ပြသာနာတွေကို NUG က ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ...
- စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ဒဏ်ခတ်မှု ပိုပြင်းထန်လာအောင် ပြည်ပရောက်အင်အားစုတွေ ဘယ်လိုဆောင်ရွက်သင့်သလဲ...
- သားစဉ်မြေးဆက် စစ်ကျွန်ဘဝက လွတ်ချင်ရင် နွေဦးတော်လှန်ရေးထဲ နိုင်တဲ့နေရာက ပါဝင်ကူညီဖို့လိုတယ်...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment