Monday, March 20, 2023

“စစ်ကောင်စီအားငွေပေးမှု ဆက်လုပ်နေပါက တရားစွဲဆိုခြင်းခံရမည်ဟု PTTEP အား N...


“စစ်ကောင်စီအားငွေပေးမှု ဆက်လုပ်နေပါက တရားစွဲဆိုခြင်းခံရမည်ဟု PTTEP အား NUG သတိပေး”
------------------
(၂၀-၃-၂၀၂၃)

မြန်မာနိုင်ငံတောင်ပိုင်းရှိ ရတနာဓာတ်ငွေ့ပိုက်လိုင်းကို တာဝန်ယူဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံက PTTEP ကုပဏီအနေနဲ့ စစ်ကောင်စီထံပေးအပ်နေတဲ့ ငွေကြေးတွေကို ချက်ခြင်းရပ်တန့်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

PTTEP ကုပဏီကနေ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဌာန MOGE ဆီပေးအပ်နေတဲ့ ငွေကြေးဟာ ပြီးခဲ့တဲ့ ၄ လပတ်အတွင်းမှာတင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိတယ်။ ဒီငွေတွေကို ရွာမီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်ဖို့စစ်ဆင်းရေးလုပ်တဲ့နေရာမှာ စစ်ကောင်စီက အသုံးချနေတဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးသူရထွန်းတို့ကပြောပါတယ်။

ဒီနေ့ ညနေ ၄ နာရီက အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း သူတို့က အဲဒီလိုပြောသွားတာပါ။ ဒီတောင်းဆိုချက်ကို ရက်ပေါင်း ၃၀ အတွင်း PTTEP ဖက်က အကြောင်းပြန်ရမှာဖြစ်ပြီး မလိုက်နာဘူးဆိုရင် စင်ကာပူမှာရှိတဲ့ International Court of Arbitration ရုံးမှာ တရားစွဲဆိုတာအထိ လုပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

အခု ဦးတင်ထွန်းနိုင်နဲ့ ဦးစိုးသူရထွန်းတို့ရဲ့ ပြောကြားချက်ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More