Monday, March 27, 2023

“တပ်မတော်အပေါ် ပြည်သူကမြင်တဲ့အမြင်က သမိုင်းတလျောက်မှာ အဆိုးဆုံးကာလကိုရော...



“တပ်မတော်အပေါ် ပြည်သူကမြင်တဲ့အမြင်က သမိုင်းတလျောက်မှာ အဆိုးဆုံးကာလကိုရောက်နေပြီ”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၂၇-၃-၂၀၂၃)

“အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ရွာမီးရှို့၊ လူသတ်မှုတွေကြောင့် ဒီနေ့တပ်မတော်အပေါ် အများပြည်သူရဲ့အမြင်ဟာ အဆိုးဆုံးကာလကိုရောက်နေပြီ။ တိုင်းရင်းသားတပ်တွေတင် မကပဲ တကယ်လူများစု ဗမာတွေကပါ တနိုင်ငံလုံးအနှံ့ လက်ရှိစစ်တပ်ကို တော်လှန်နေကြပြီဖြစ်တယ်။ ဒီလိုအချိန်မှာ တိုင်းပြည်ချစ်လို့ တပ်ထဲဝင်တယ်လို့ပြောနေတဲ့ စစ်ဗိုလ်တွေဟာ ဒီတပ်မတော်ကို သူတို့ကိုယ်တိုင် ပြန်တော်လှန်ရမယ့်အချိန်ရောက်နေပြီဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ သို့မဟုတ် မြန်မာစစ်တပ်အခေါ် တပ်မတော်နေ့မှာ မျိုးချစ်တပ်မတော်သားတွေကို ဘာပြောချင်လဲ၊ နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု ဘယ်လောက်အထိ တိုးတက် လာနေပြီလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် တွေ့ဆုံ မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

မတ်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတည်ရှိရာ ဖရိုလန်းမြို့မှာကျင်းပတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေပွဲနဲ့ NUG ဝန်ကြီးများနှင့် လူထု တွေ့ဆုံပွဲအပြီးမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံမေးမြန်းချက်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံမေးမြန်းချက်ထဲမှာ....

- NUG အပေါ် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု ဘယ်လောက် တိုးတက်လာသလဲ...

- တရုတ်၊ အာဆီယံတို့နဲ့ NUG ကြားမှာ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိသလဲ...

-  ၂ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေး ဘယ်လောက်ခရီးပေါက်နေပြီလဲ...

- NDAA ဥပဒေပါ အကူအညီတွေ ဘယ်တော့ရမလဲ...

- ဒီနေ့တပ်မတော်အပေါ် NUG ရဲ့ သဘောထား ဘယ်လိုရှိသလဲ...

- ၂၀၂၃ ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဆိုတာ ဘာကိုပြောတာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီတွေ့ဆုံမေးမြန်းခန်းကို ဗွီဒီယိုရိုက်ပေးသော Benjamin Tveit အား ကျေးဇူးအထူးတင်ပါသည်။ မနက်ဖန်မှာတော့ လူထုတွေ့ဆုံပွဲအတွင်း ဒေါ်ဇင်မာအောင်နှင့် ဦးအောင်မျိုးမင်းတို့ဆွေးနွေးချက်ထဲက ထူးခြားချက်တွေကို ကောက်နှုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More