Thursday, March 16, 2023

ပင်လောင်းဒေသ လူအစုံအပြုံလိုက်အသတ်ခံရမှု NUG သတင်းစာရှင်းပွဲလုပ်



ပင်လောင်းဒေသ လူအစုံအပြုံလိုက်အသတ်ခံရမှု NUG သတင်းစာရှင်းပွဲလုပ်
----------------------
(၁၆-၃-၂၀၂၃)

မတ်လ ၁၁ ရက်နေ့က ပင်လောင်းဒေသ နန်းနိန်ရွာ ဘုန်းကြီးကျောင်းမှာဖြစ်ခဲ့တဲ့ သံဃာၤတော်တွေအပါဝင် လူ ၂၂ ဦး အစုအပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီတပ်တွေက ပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီပြစ်မှုကို ဖုံးကွယ်ဖို့အတွက် ပအိုဝ်းနဲ့ ကရင်နီအကြား လူမျိုးရေးပြသာနာဖြစ်အောင် စစ်ကောင်စီတက တမင်ဖန်တီးနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC တာဝန်ရှိသူတွေ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တာဝန်ရှိသူတွေက ဒီနေ့မနက် ၁၀ နာရီက အွန်လိုင်းကကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စစ်ကောင်စီက ဒီလိုအစုအပြုံလိုက်သတ်ဖြတ်မှု ၆၄ ခုအထိကျုးလွန်ထားပြီး အသတ်ခံရသူ ၇၆၆ ဦးအထိရှိနေပြီဖြစ်တယ်လို့ လူ့အခွင့်အရေး ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဌ ခွန်မြင့်ထွန်းကတော့ ပအိုဝ်းနဲ့ ကရင်နီတိုင်းရင်းသားတွေကြား သွေးခွဲဖို့ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို အားလုံးသတိရှိဖို့လိုတယ်၊ အထူးသဖြင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးအောင်ခမ်းထီအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတာတွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အခု သတင်းစာရှင်းပွဲ အနှစ်ချုပ်ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More