Wednesday, March 29, 2023

“စစ်ကောင်စီက အစီး ၈၀ ကျော်ပါယာဉ်တန်းနဲ့ ကြီးကြီးကျယ်ကျယ်ချီတက်လာခဲ့ပေမယ့...



“စစ်ကောင်စီက အစီး ၈၀ ကျော်ပါယာဉ်တန်းနဲ့ ကြီးကြီးကျယ်ကျယ်ချီတက်လာခဲ့ပေမယ့် အခြေနေ မဟန်ဘူးပြောရမှာပေါ့”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၉ - ၃-၂၀၂၃)

“ချင်းပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ တပ်တွေကို ရိက္ခာနဲ့လက်နက်ပေးပို့ဖို့ တက်လာတဲ့ ၈၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို ယောနယ်ရှိ PDF တွေ၊ ချင်းပြည်နယ်ရှိ CDF တွေက မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ် အကြီးအကျယ်အထိနာပြီး နောက်ပြန်ဆုတ်သွားရတယ်” လို့ မင်းတပ်မြို့နယ် ပြညသူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခါင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကပြောပါတယ်။

အစီး ၈၀ ကျော်ပါ ယာဉ်တန်းဟာ မကွေးတိုင်းအတွင်းပိုင်းကနေ ပေါက်မြိုံ၊ အဲဒီကတဆင့် ကျောက်ထု၊ ကျောက်ထုကနေ မင်းတပ်နဲ့ ထီးလင်းဖက် အစီး ၄၀ ကျော်စီခွဲပြီး အထွက်မှာ အခုလိုအတိုက်ခံရတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေက မြို့ပေါ်ရပ်ကွက်တွေလောက်ပဲ ထိန်းထားနိုင်ပြီး ကျန် ၈၀% ကျော်ကို တော်လှန်ရေးတပ်တွေက အုပ်ချုပ်ရေးချထားနိုင်နေပြီလို့လည်း ဆလိုင်းယောမာန်က BNN သတင်းဌာနက ဦးထက်အောင်ကျော်ကို ပြောပါတယ်။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ....

- စစ်ကောင်စီယာဉ်တန်း ၈၀ ကျော် မိုင်းဆွဲအတိုက်ခံရမှု နောက်ဆုံးအခြေအနေ...

- ကျောက်ထု၊ ထီလင်း၊ မင်းတပ်နဲ့ မတူပီဖက်က တိုက်ပွဲအခြေအနေ...

- ချင်းပြည်နယ်တခုလုံးကို စစ်ရေးအုပ်ချုပ်ရေးကြေညာခြင်းက ဒီပြည်နယ်ဟာ လွတ်မြောက်ဒေသဖြစ်သွားတဲ့ သဘောလား...

- စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြားမှာ ဘယ်ဖက်က အသာစီးရလာနေသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တော်လှန်ရေးတပ်တွေဖက်က တိုက်ပွဲတပွဲချင်းစီးမှာ အနိုင်ရနေပြီဖြစ်ပေမယ့် စစ်ပွဲကြီး တခုလုံးအနိုင်ရဖို့အရေးမှာ ဘာတွေအားနည်းနေသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More