“နည်းပညာသာတဲ့လူက အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ ကဏ္ဍအသီးသီးမှာ မြင်နေရပါတယ်”
(မာဝီ - ဒု စစ်ဦးစီး - ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF)
(၂၉-၁-၂၀၂၃)
“ဒီနေ့ ခေတ်သစ်စစ်ပွဲအပါဝင် ကဏ္ဍအသီးသီးမှာ နည်းပညာသာတဲ့လူက အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ အားလုံးမြင်တွေ့နေပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုကပေးမယ့် NDAA ဥပဒေပါ နည်းပညာအကူအညီဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -(KNDF) ဒု စစ်ဦးစီး မာဝီ ကပြောပါတယ်။
နွေဦးတော်လှန်ရေး ၂- နှစ်တာကာလအတွင်း တိုက်တိုက်ပွဲအနေအထား၊ တော်လှန်ရေးတပ်တွေဖက်က စုဖွဲ့မှုနဲ့ လက်နက်တပ်ဆင်နိုင်မှုအခြေအနေ၊ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုနဲ့ လူထုထောက်ခံမှုအနေအထားတွေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- တော်လှန်ရေးတပ်တွေဖက်က စစ်ကောင်စီကို အပြန်အလှန် ထိုးစစ်ဆင်နိုင်တဲ့အဆင့်အထိ ရောက်လာပြီလား...
- တပ် စုဖွဲ့မှု၊ အမိန့် စီးဆင်းမှုနဲ့ လက်နက် တပ်ဆင်နိုင်မှု ဘယ်လောက်ခရီးရောက်နေပြီလဲ...
- NDAA ဥပဒေအရ နည်းပညာအကူအညီပေးမှုက နွေဦးတော်လှန်ရေးကို ဘယ်လောက်ခွန်အားဖြစ်စေနိုင်သလဲ...
- ၂၀၂၃ အတွင်း နွေဦးတော်လှန်ရေး ဘယ်အဆင့်အထိ ခရီးရောက်နိုင်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment