Monday, January 30, 2023

“လေယာဉ်ရှိတယ်၊ ဘတ်ဂျက်ရှိတယ်ဆိုပေမယ့် အရင်လိုမဟုတ်ဘူး။ ဒီပွဲမှာ စစ်ကောင်...


“လေယာဉ်ရှိတယ်၊ လက်နက်ရှိတယ်၊ ဘတ်ဂျက်ရှိတယ်ဆိုပေမယ့် အရင်လိုမဟုတ်ဘူး။ ဒီပွဲမှာ စစ်ကောင်စီရှုံးမှာ သေချာတယ်” (ဗိုလ်ကြီး ဇေသူအောင် - CDM - တပ်မတော် လေယာဉ်မှုး) (၁၅-၁-၂၀၂၃) “စစ်ကောင်စီတပ်မှာ တိုက်လေယာဉ်ရှိတယ်၊ လက်နက်ကြီးတွေရှိတယ်၊ အစိုးရဘတ်ဂျက်လည်းရှိတဲ့အတွက် အရင် အာဏာသိမ်းစဉ်ကလို စစ်တပ်က နိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင်တွေက ယူဆနေပါတယ်။ ဒါပေမယ့် ဒီပွဲက အရင်နဲ့မတူဘူး။ သေချာတာက ဒီပွဲမှာ စစ်ကောင်စီ ရှုံးမှာဖြစ်တယ်” လို့ တပ်မတော်လေ CDM တိုက်လေယာဉ်မှူး ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။ အခုလပိုင်းအတွင်း လေတပ်ကို အလွန်အကျွံသုံးလာတာ၊ စစ်စခန်းဌာနချုပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တာ၊ စကစ ဥက္ကဌ သား-သမီးတွေ မူးယစ်မှောင်ခိုနဲ့ ဆက်စပ် စွဲချက်တွေ ထွက်လာနေတဲ့ အခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ... - နောက်တန်းဌာနချုပ်မှာ အမျိုးသမီးတွေ ကင်းစောင့်နေရတာ ဘာကြောင့်လဲ... - စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းရေး ဘယ်လောက်အထိ ခက်ခဲနေသလဲ... - အရပ်သားတွေကို ဗုံးကျဲတဲ့ လေတပ်အရာရှိတွေ ဘာဆက်ဖြစ်နိုင်သလဲ... - ထိုင်းမှာ ဖမ်းမိထားတဲ့ မူးယစ်မှောင်ခိုအမှုမှာ စကစ ဥက္ကဌရဲ့ သား-သမီးတွေ ပါဝင်နေတဲ့အတွက် တပ်မတော်သားတဦးရဲ့ အမြင်က ဘယ်လိုရှိသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (စီးပွားရေးဝေဖန်သုံးသပ်သူ ဦးစိန်ဌေးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် မနက်မှာ ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More