“တိုက်လေယာဉ်တွေကို ပျံနေတဲ့အချိန်မှာ ပစ်ဖို့မလွယ်တဲ့အတွက် မြေပြင်က မတက်ခင်မှာ တားဆီးနိုင်အောင် လုပ်ဖို့လိုအပ်ပါတယ်”
(ဗိုလ်ကြီးဇေသူအောင် - CDM - တပ်မတော် လေယာဉ်မှုး)
(၁၄-၁-၂၀၂၃)
“စစ်ကောင်စီတပ်ရဲ့ စစ်လေယာဉ်တွေကို လေထဲပျံနေစဉ် ပစ်ချဖို့ဆိုတာ မလွယ်ကူတဲ့အတွက် အဲဒီလေယာဉ်တွေကို မြေပြင်က မတက်ခင်မှာ တိုက်ခိုက်နိုင်အောင် ကြိုးစားဖို့လိုတယ်” လို့ တပ်မတော်လေ CDM တိုက်လေယာဉ်မှူး ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်စခန်း တိုက်ခိုက်ခံရမှုအပါဝင် အခုနောက်ပိုင်း စစ်ကောင်စီတပ်က လေကြာင်းနဲ့အနိုင်ကျင့်နေမှုအပေါ် တော်လှန်ရေးတပ်တွေဖက်က မခုခံ-မကာကွယ်နိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- လေတပ်ကို အဓိကသုံးလာခြင်းဟာ စစ်ကောင်စီရဲ့ အားသာချက်လား၊ အားနည်းချက်လား...
- ရုရှားလုပ်တိုက်လေယာဉ်တွေက ပစ်မှတ်ရွေးလို့ရရဲ့သားနဲ့ အရပ်သားတွေကို တမင်ပစ်နေတာလား....
- စကစ ရဲ့ လေကြောင်းကနေ အနိုင်ကျင့်နေမှုကို တော်လှန်ရေးတပ်တွေဖက်က ဘယ်လို ခုခံကာကွယ်သင့်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ရှေ့တန်းက ရဲဘော်တွေဆင်းရဲငတ်ပြတ်နေပြီး စကစ ဥက္ကဌရဲ့ သား-သမီးတွေ ကြီးပွားချမ်းသာနေတဲ့အပေါ် တပ်မတော်သားတဦးရဲ့ မေတ္တာပို့မှုအကြောင်း ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။
0 comments:
Post a Comment