“အာဆီယံက အရင်အာဆီယံ မဟုတ်တော့ဘူးဆိုတာကို စစ်ကောင်စီ သဘောပေါက်ဖို့ လိုပါတယ်”
(ဒေါ်ခင်ဥမ္မာ - Progressive Voice)
(၁၆-၁-၂၀၂၃)
“အာဆီယံအဖွဲ့ဟာ အရင်ကလိုမျိုး စစ်ကောင်စီလုပ်သမျှ ကာကွယ်ပေးမယ့်အဖွဲ့မဟုတ်တော့ဘူးဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ NUG, NUCC, ERO တွေနဲ့ မတွေ့ပါနဲ့ဆိုပြီး စစ်ကောင်စီကတောင်းဆိုပေမယ့် အာဆီယံက သူလုပ်စရာရှိတာ ဆက်လုပ်သွားမှာသာဖြစ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က စစ်ကောင်စီအပြင် အခြားအင်အားစုတွေနဲ့ပါတွေ့ဆုံဆွေးနွေးမယ်ဆိုပြီးပြောတဲ့အပေါ် စစ်ကောင်စီက ကန့်ကွက်နေတဲ့အခြေအနေနဲပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး ဘယ်လိုကိုင်တွယ်ဖို့ ပြင်ဆင်နေသလဲ...
- စစ်ကောင်စီရဲ့ကန့်ကွက်မှုကို အာဆီယံက ဘယ်လိုတုန့်ပြန်မလဲ...
- အာဆီယံ၊ ထိုင်းနိုင်ငံနဲ့ စစ်ကောင်စီတို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
( NDAA ဥပဒေနှင့် နိုင်ငံတကာကူညီမှုက PDF လူငယ်တွေအတွက် ဘယ်လိုခွန်အားဖြစ်စေနိုင်သလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment