ထက်အောင်ကျော် (၀၁-၀၂-၂၀၁၃)
ယုံကြည်ချက်အတွက် ပေးဆပ်
နှစ် ၂၀ ကျော်ကို မတ်တတ်ရပ် ဖြတ်သန်းရင်း
သမိုင်း( ၀င်း) ထဲက လူတယောက်တော့ ဖြစ်ခဲ့ပါရဲ့။
ဒါပေမဲ့ ...
ဟောဒီ ခေတ်ပြောင်းချိန် နှစ် ၂၀ ကျော်မှာ
ဒီလူ့လက်ထဲမှာ ဘာမှမစုမိ
အသာပြာ
အတတ်ပညာ
အာဏာ
လူထင်ကြီးလောက်စရာ
တကွက်တရာထဲမှာ
တကွက်တလေပါအောင်တောင်
စုဆောင်းရကောင်းမှန်း မသိခဲ့သူ။
ခေတ်ပြောင်းတော်လှန်ရေးလုပ်ရင်း
ပြောင်းလဲသွားတဲ့ခေတ်ကို အမှီမလိုက်နိုင်ခဲ့ခြင်းဟာ
ဒီလူရဲ့ အားနဲချက်ပါလို့ ပြောမလား...။
ဟောဒီမှာ ကိုယ်လူ
ဒီနေ့ခေတ်မှာ လူလူသူသူ နေချင်တယ်ဆိုရင်
အာဏာရှင် (ဟောင်း) တွေနဲ့တွဲပြီး ချီတက်ရင်တက်
နိုင်ငံရေးသမား (ဟောင်း) တွေလို ရင့်ကျက်ရင်ကျက်
ခရိုနီခရိုပြာတွေကို မိတ်ဖွဲ့ရင်ဖွဲ့
ဒါမှမဟုတ်ရင် မင်းဘေးထွက်နေလိုက်ဖို့ပဲ့ရှိတော့တယ်...တဲ့။

0 comments:
Post a Comment