Sunday, January 13, 2013

အသံလွှင့်သတင်းထောက်များအတွက် လက်စွဲစာအုပ်

ဒီစာအုပ်ငယ် ကျနော်ရဲ့စာအုပ်စဉ်ပေါ်မှာရှိနေတာ ၁၅ နှစ်နီးပါးရှိသွားခဲ့ပါပြီ။ အတိအကျပြောရမယ်ဆိုရင် ၁၉၉၅ မှာ ကျနော် DVB သတင်းထောက်အဖြစ် စတင်တာဝန်ထမ်းကတည်းက ဒီစာအုပ်ငယ်နဲ့ ရင်းနှီးခဲ့၊ ဒီစာအုပ်ငယ်ကိုဖတ်ရှုခဲ့ပြီး DVB အတွက် သတင်းတွေပေးပို့ခဲ့တာပါ။

အခုချိန်မှာတော့ နိုင်ငံရေးအခြေနေ၊ မီဒီယာအခင်းအကျင်းတွေက လွန်ခဲ့တဲ့နှစ် ၂၀ ကာလ ကျနော်တို့ သင်းထောက်ဖြစ်စဘ၀နဲ့ ဘာမှ မတူအောင်ကိုပြောင်းလဲသွားခဲ့ပါပြီ။

ဒီစာအုပ်ကို တာဝန်ခံထုတ်ဝေခဲ့တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ဖျက်သိမ်းလိုက်ပြီဖြစ်သလို အဲဒီအစိုးရ က ဦးစီးတည်ထောင်ခဲ့တဲ့ DVB ဟာလဲ အခုချိန်မှာ မူလအခြေစိုက်ရာ နော်ဝေးနိုင်ငံကနေ ထိုင်းနိုင်ငံနဲ့ မြန်မာ နိုင်ငံဆီ တဖြေးဖြေးနဲ့ဝင်ရောက်သွားခဲ့ပါပြီ။

အခြေနေတွေ ဘယ်လိုပဲ့ပြောင်းပါစေ။ ဒီစာအုပ်ငယ်မှာဖေါ်ပြပါရှိတဲ့ရေးသားချက်တွေဟာ အသံလွှင့် မီဒီယာကိုလေ့လာချင်သူတွေ၊ အထူးသဖြင့် ပွင့်လင်းစပြုလာနေတဲ့ ဒီနေ့ နေပြည်တော်တခွင်က လူငယ် သတင်းသမားတွေ လေ့လာသင့်တယ်လို့ယူဆမိပါတယ်။ ဒါကြောင့် ဒီစာအုပ်ငယ်ကို စာအုပ်စင်ပေါ်မှာ ဒီတိုင်းဆက်ထားနေမဲ့အစား အသံလွှင့်သတင်းပညာကို စိတ်ဝင်းစားတဲ့ လူငယ်တွေအားလုံး ဖတ်နိုင်ရင် ပိုကောင်းမယ်လို့ယူဆတဲ့အတွက် အခုလို ကူးယူဖေါ်ပြ လိုက်ခြင်းဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်မဲ့ မျိုးဆက်သစ် သတင်းသမားတွေ ဆက်လက်ပေါ် ပေါက်လာပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More