Saturday, January 12, 2013

ကျဆုံးသွားတဲ့ ရဲဘော်သူငယ်ချင်းတွေကို ဘယ်လိုဂုဏ်ပြုမလဲ။

ကယန်းပြည်သစ်ပါတီရဲ့ အာဇာနည်ဗိမာန်ပါ။ (ကျနော်ရဲ့စဉ်းစားချက်ကို အောက်မှာဖတ်ပါ)







...........................................................................

.....................................နှစ် ၂၀-ကျော် တိုက်ပွဲအတွင်း ကျဆုံး၊ သေဆုံး၊ ထိခိုက်ဒဏ်ရာသူတွေအတွက် သက်ဆိုင်ရာအဖွဲ့စည်းတွေက ဘာတွေလုပ်ပေးဖို့ ဆွေးနွေးစီစဉ်ထားသလဲ။ နဲနဲထပ်ဖြည့်ပြောရမယ် ဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းကဖြစ်နေတဲ့ ပြည်တွင်း စစ်ရဲ့သားကောင်တွေအတွက် နိုင်ငံတော်က ဘာတွေဆောင်ရွက်ပေးဖို့ စီစဉ်ထား သလဲ။ ပြည်သူ့လွတ်တော်ကကော ဘာတွေစဉ်း စားထားတာရှိပါသလဲ။ ....................

နှစ် ၂၀-ကျော်သာသက်တန်းရှိသေးတဲ့ ABSDF မှာတောင် ထိခိုက်ကျဆုံးဦးရေ ၁၀၀၀-ကျော်နေပြီ ဆို ရင် နှစ် ၆၀-ကျော်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာဆိုရင် ဘယ်လောက်များ ရှိနေ ပြီလဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂-ဒါဇင်ကျော်ရဲ့ ထိခိုက်ဒဏ်ရာစာရင်းကို ချုပ်လိုက်မယ် ဆိုရင် သောင်းဂဏန်းကျော်ပြီး သိန်းဂဏန်းတောင်ရှိနေလေမလား။

.........စနစ်တကျဖွဲ့စည်းထားတဲ့ မြန်မာ့တပ်မတော်မှာ သူပုန်တပ်တွေထက် စာရင်းဇယား ပိုပြည့်စုံမယ်ဆို တာ သံသယရှိစရာမလိုပါဘူး။  ဒါပေမဲ့ နှစ် ၆၀ ပြည်တွင်းစစ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်စာရင်း အားလုံးကိုထုတ်ပြန်ခြင်းရှိ မရှိနဲ့ ထိခိုက်ဒဏ်ရာရစစ်သည်တွေအတွက် ဘာတွေဆောင်ရွက်ပေးနေသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိလှပါဘူး။....................

.....................ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း အစိုးရဖက်ကတော့ သူတို့ရဲ့ကျဆုံးရဲဘော်တွေအတွက် သူရဲကောင်းဗိမာန် ဆောက်ပြီး ဂုဏ်ပြုထားပြီးပါပြီ။ သူပုန်တွေဖက်ကကော နှစ် ၆၀ ပြည်တွင်းစစ်အတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ဘယ်လိုဂုဏ်ပြုမှတ်တန်းတင်ကြမလဲ။ .......

တလောတုန်းကတော့ ငြိမ်းအဖွဲ့တခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီကကျင်းပတဲ့ အာဇာနည်ဗိမာန်နဲ့ ဂုဏ်ပြုအခန်းနား ဗွီဒီယိုတခုကို Youtube မှာတွေ့လိုက်ရပါတယ်။ ကယားပြည်နယ်၊ ဒီမောဆိုမြိုနယ်၊ ဆီးဖူးတိုက်နယ်မှာ ကျင်းပတဲ့ အဲဒီအခန်းနားဟာ နှစ် ၄၀ ပြည့် ကယန်းအာဇာနည်နေ့အခန်းနား ဖြစ်ပြီး ၂၀၁၁ ဒီဇင်ဘာလမှာကျင်းပတာလို့ အဲဒီ ဗွီဒီယိုထဲမှာဖေါ်ပြထားပါတယ်။ သံဖြူဇရပ်က မဟာမိတ် စစ်သချိုင်းလို အုတ်ဂူဖြူဖြူလေးတွေကို စနစ်တကျဆောက်လုပ်ထားတွေ့ရတဲ့အတွက် ကယန်းပြည် သစ်က တာဝန်ရှိသူတွေကို ကျနော်ချီးကျုးမိပါတယ်။............

အခုလို နိုင်ငံရေးပွင့်လင်းလာချိန်၊ သူပုန်ခေါင်းဆောင်တွေကိုယ်တိုင် ရန်ကုန်အထိသွားပြီး အစိုးရတာ ၀န်ရှိသူတွေနဲ့ဆွေးနွေးခွင့်ရနေချိန်မှာ ဒီကိစ္စတွေကို ထည်သွင်းဆွေးနွေးသင့်တယ်လို့ ကျနော်ထင်ပါ တယ်။ ......................

(မကြာခင်မှာ ဆောင်းပါး အပြည့်အစုံကို တင်ပြပေးပါမည်)



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More